10/20/16


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာ အထက်ဆိပ်ကမ်းနေရာအနီး တိမ်းမှောက် နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်(၂)အမြန်ရေယာဉ်ရဲ့ ဦးခေါင်းပိုင်းကို စက်တင်ဘာ(၁၉)ရက် ညနေ ၅ နာရီအချိန်မှာဆယ်ယူနိင် ခဲ့တယ်လို့သိရပါတယ်။

 ဆယ်ယူတဲ့အခါမှာ ကရိန်း ၃ စီး အခြားသဘောင်္ာ ၃ စီးနဲ့ဆယ်ယူတာ ဖြစ်ပြီးဆယ်ယူလို့ ရတဲ့ ဦးခေါင်းပိုင်းကနေအထူးခန်း အပေါ်ထပ် ၃ ခန်းရဲ့ မှန်တွေကိုခွဲပြီး သေဆုံးသူခဲ့သူတွေကို ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။

ယာဉ်မောင်းခန်းက တန်ဖိုးရှိပစ္စည်းတွေ ဖြစ်တဲ့ ရွေ၊ငွေ တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပိုင်ရှင်တွေ ရှေ့မှာ စီစစ်ပြီးသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

 ဆယ်ယူတဲ့အခါ တစ်စီးလုံး ဆယ်ယူရရှိနိုင်ဖို့ အမိုးကို အရင်ဆုံးဖွင့်ပြီး ဆယ်ယူလို့ရပေမယ့် အမြန်ရေယာဉ်ပေါ်မှာ တန်ဖိုးရှိပစ္စည်းတွေ ပါရှိတာကြောင့် အမြန်ယာဉ်ကို မပျက်စီးစေပဲ ဆယ်ယူရတဲ့ အတွက် ဆယ်ယူရတဲ့ အချိန်ကြန့်ကြာတာဖြစ်တယ်လို့ အမြန်ရေယာဉ်ကို ဦးဆောင်ဆယ်ယူသူ ကိုမျိုးဝင်းလေးက ပြောပါတယ်။

 ဆယ်ယူရရှိတဲ့ အမြန်ရေယာဉ်အတွင်းကနေ သေဆုံးသူ ကိုးဦးကို ဆယ်ယူရရှိပြီး ချင်းတွင်းမြစ်တလျောက် ရုပ်အလောင်းဆယ် ယူရရှိမှု ၆၀ ကျော်ရှိပြီလို့ သိရပါတယ်။

 ဆယ်ယူရရှိတဲ့ ရုပ်အလောင်းတွေကို သဂြိုလ်တဲ့အခါမှ နံပတ်အလိုက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ မှတ်တမ်းတွေ ယူထားတယ်လို့ သိရပါတယ်။

 အမြန်ရေယာဉ် ဆယ်ယူတဲ့ နေရာမှာ မီးသတ်အင်အား ၁၀၀ကျော်၊ ဆယ်ယူရေး အဖွဲ့ ၈၀ ကျော်၊ လူမှုကူညီရေး အဖွဲ့ဝင်အင်အား ၂၀၀ကျော်နဲ့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 နစ်မြုပ် အမြန်ရေယာဉ်ကို ဆယ်ယူတာ ၃ရက်မြောက်နေ့ဖြစ်ပြီး အမြန်ရေယာဉ်မောင်းသူဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင်က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb




ချင်းတွင်းမြစ်ကြောင်းအတွင်း တိမ်းမှောက်နစ်မြုတ်ရေယာဉ်အား အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီး ရေယာဉ်ပေါ်ပါ ပစ္စည်းများကို စာရင်းဇယားများ ရေးသွင်း

အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းအတွင်း အောက်တိုဘာ ၁၅ ရက် မနက် ၅ နာရီက တိမ်းမှောက်နစ်မြုတ်သွားခဲ့သည့် ရေယာဉ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုများအရ အောက်တိုဘာ ၁၆ ရက်နေ့မှစတင်၍ သုံးရက်ကြာ ပြန်လည်ဆယ်ယူရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီး ရေယာဉ်ပေါ်ပါ ပစ္စည်းများကို စာရင်းဇယားများရေးသွင်းလျက်ရှိသည်။


အဆိုပါ တိမ်းမှောက်နစ်မြုတ်ရေယာဉ်၏ အထူးတန်း လူစီးအခန်းများအား သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များက စနစ်တကျ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အလတ်တလော တွေ့ရှိရသည့် ပစ္စည်းများတွင် ရွှေ (၁)ပိသာနှင့်ရွှေထည်ပစ္စည်းများ၊ ပိုက်ဆံသိန်းတစ်ရာကျော်အား ပြန်လည်တွေ့ရှိခဲ့ရသည်။ ကျန်ရှိ အခန်းများအား ဆက်လက်၍ ဖွင့်ဖောက်စစ်ဆေးလျက်ရှိသည်။

အဆိုပါ လူစီးခန်းများတွင် စီးနင်းလိုက်ပါရင်း သေဆုံးခဲံရသည့် ရေယာဉ်စီးခရီးသည် ရုပ်အလောင်း (၆)လောင်းအား ထပ်မံတွေ့ရှိရပြီး ရေယာဉ်တိမ်းမှောက်နစ်မြုတ်မှုကြောင့် သေဆုံးသူရြုပ်အလောင်း ၅၉ လောင်းတွေရှိရပြီးဖြစ်ကြောင်း သိရှိရသည်။

ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9



အောက်တိုဘာ ၂၀

ချင်းတွင်းမြစ်ကြောင်းအတွင်း တိမ်းမှေက်ြနစ်မြုတ်ခဲ့သည့် အောင်စိုးမိုးကျော် ခရီးသည်တင်အမြန်ရေယာဉ်အား အောက်တိုဘာ ၁၉ ရက် ညနေ ပိုင်းက ရေယာဉ်အား အပြီးသတ် ဆယ်ယုနိုင်ပြီဖြစ်သော်လည်း ဆယ်ယူရေးလုပ်ငန်းများကို ရပ်နားသွားခြင်းမရှိဘဲ ဆက်လက်၍ရှာဖွေဆယ်ယူလျက်ရှိရာ အောက်တိုဘာ ၂၀ ရက် မနက် ၉ နာရီအချိန်က ဆိုင်ကယ်တစ်စီး၊ ရုပ်အလောင်း ၅ လောင်းအား ထပ်မံ၍ ဆယ်ယူရရှိခဲ့သည်။

ရေယာဉ်တိမ်းမှေက်ြနစ်မြုတ်မှုကြောင့် ဆယ်ယူရရှိသော ရုပ်အလောင်းမှာ ၆၄ လောင်းဖြစ်ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9



အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့မှာရှိတဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ အခြေစိုက် စခန်းအနီးမှာ ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှု ဖြစ်သွားခဲ့တာမှာ အမေရိကန်တပ်ဖွဲ့ဝင်တဦးနဲ့ အမေရိကန်အရပ်သားတဦး သေဆုံးသွားတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် တခြား မေရိကန်တပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သား ၂ ဦးလည်း ထိခိုက် ဒဏ်ရာရသွားကြောင်း၊ ဒဏ်ရာရသူတွေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိကြောင်း တရားထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

အာဖဂန်စစ်တပ်ဝတ်စုံ ၀င်ဆင်ထားတဲ့ သေနတ်သမားကိုတော့ နိုင်ငံတကာ တပ်ဖွဲ့တွေက ပြန်လည် ပစ်ခတ်တာမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံး၊ ထိခိုက် ဒဏ်ရာရသူတွေဟာ အာဖဂန်လုံခြုံရေး အဖွဲ့ဝင်တွေကို နေတိုးတပ်ဖွဲ့ကိုယ်စား သင်တန်းပို့ချတာ၊ အကြံဉာဏ်နဲ့ အကူအညီပေးတာတွေ လုပ်ဆောင်နေသူတွေဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားလိုက်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အသေးစိတ် အခြေအနေတွေကို သိရှိနိုင်ဖို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Kabul မြို့မှာရှိတဲ့ အာဖဂန်အမျိုးသားတပ်ဖွဲ့ စခန်းရှိရာကို သွားရောက် လေ့လာနေတဲ့အချိန် နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Dawlat Waziri က ဗွီအိုအေကို အစောပိုင်းက ပြောကြားခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 နိုင်ငံရပ်ခြား က ရောက်ရှိ လာတဲ့ အကြမ်းဖက် သမားတွေ မြို့တွင်းမှာ ကျန်နေနိုင်
အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဟာ အဓိက ခြေကုပ်စခန်း ဖြစ်တဲ့ အီရတ် နိုင်ငံ မိုဆူးလ် မြို့ကနေ ထွက်ခွာ သွားကြပြီလို့ ယူဆ ကြောင်း အမေရိကန် စစ်တပ် တာဝန် ရှိသူက ပြောပါတယ်။

မိုဆူးလ် မြို့ ကို IS တွေ ရဲ့ လက်ထဲကနေ ပြန်လည် သိမ်းယူ ဖို့ နီးစပ် နေပြီ လို့လည်း အီရတ် စစ်တပ် တာဝန် ရှိသူက ပြောပါတယ်။

အီရတ်စစ်တပ်က အရှိန်မြှင့် တင် တိုက်ခိုက် ပြီး မိုဆူးလ် မြို့ကို ပြန်လည် ရယူဖို့ အတွက် အလွန် တက်ကြွ နေတယ် လို့ အမေရိကန် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂယ်ရီ ဗိုလက်စ်စကီး က ပြောပါတယ်။

ဒါပေမယ့် ဒေသခံ အကြမ်းဖက် သမားတွေ နဲ့ ရုပ်သွင် မတူညီ တာကြောင့် ထွက်ခွာ မရ ဖြစ်နေတဲ့ နိုင်ငံရပ်ခြား က ကြမ်းဖက် သမားတွေ မြို့တွင်းမှာ ကျန်နေနိုင်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ်က သတိပေး ပြောကြား နေပါတယ်။

BBC Burmese
http://www.bbc.com/burmese




ယာခင်းတောအတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်သူများက ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငှင်သဖြင့် မုံရွာနယ်မြေရဲစခန်းက ဖော်ထုတ်ဖမ်းဆီး အရေးယူ

မုံရွာ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတက္ကသိုလ် ပထမနှစ် ဥပဒေကျောင်းသားတစ်ဦးနှင့် ပထမနှစ် စီမံခန့်ခွဲမှုပညာ ကျောင်းသူတစ်ဦးတို့သည် မုံရွာမြို့နယ် ကျောက္ကာ(တောင်)ရွာ၏ အနောက်ဘက် လူသွား လူလာပြတ်တောက်လျက်ရှိသော ယာခင်းတစ်ကွက် အတွင်းရှိ သစ်ပင်အောက်တွင် နှစ်ကိုယ်တူ ချစ်တင်းနှောခဲ့ရာ ချောင်းမြှောင်းကြည့်ရှုသူ လူငယ်လေးဦးက အဆိုပါ တက္ကသိုလ်စုံတွဲအား ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းလုယက် ယူငှင်ထွက်ပြေးတိမ်းရှောင်းသွားခဲ့သည်။


ထို့ကြောင့် ပစ္စည်းလုယက်ယူငှင်းခြင်းခံရသော ပထမနှစ် ဥပဒေကျောင်းသားက လုယက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖော်ထုတ်အရေးယူပေးရန် ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်က မုံရွာနယ်မြေရဲစခန်းသို့ သွားရာက်တိုင်တန်းခဲ့သည်။ ၎င်း တိုင်တန်းချက်အား ရဲစခန်းက အမှုကြီးအမှတ်စဉ် (၅/၂၀၁၆) ၊ (ပ) ၅၉၇/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/ ၁၁၄ အရ အမှုရေးဖွင့် လက်ခံခဲ့ပြီး ရဲစခန်းမှူး ရဲအုပ် ရဲအောင်မှ တာဝန်ယူစစ်ဆေးဆောင်ရွက်ခဲ့သည်။


အဆိုပါ အမှုစစ်ရဲအရာရှိ၏ စစ်ဆေးဆောင်ရွက်ချက်များအရ ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်ရှု၍ ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငှင် ထွက်ပြေးတိမ်းရှောင်နေသူများမှာ မုံရွာမြို့ ရန်ကင်းရပ်ကွက်နေ ကို ရဲလင်းထက်(ခ) ငရဲ၊ ကိုဇင်ကိုမောင်(ခ) ရွှေအ၊ ကိုသန့်ဇင်ဦးနှင့် ကိုဆန်းမင်းသူ(ခ) အောင်ကို ဆိုသူတို့ လေးဦးဖြစ်ကြောင်း အမှုဖြင့် စစ်ဆေးပေါ်ပေါက်ခဲ့သည်။


ထို့အပြင် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်ရှု့ပြီး ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများ လုယက်ယူငှင်စဉ် ကာလက အသုံးပြုသော သက်သေခံ ပစ္စည်းအထောက်အထားများကို စနစ်တကျ သိမ်းဆီးပြီးနောက် တရားစွဲဆိုရန် မုံရွာမြို့နယ် ဥပဒေရုံးတွင် ဥပဒေအကြံပြုချက်များတောင်းခံရယူပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆိုလိုက်ပြီးဖြစ်သည်။


အဆိုပါ တက္ကသိုလ်စုံတွဲထံမှ ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများ လုယက်ယူငှင်သူများအနက် လူငယ်နှစ်ဦးမှာ မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်များခိုးယူပြီး အပျော်အပါးများအတွက် အသုံးပြုလေ့ရှိရာ ခိုးရာပါ ဆိုင်ကယ်သုံးစီးအား ပြန်လယ်သိမ်းဆီးနိုင်ခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်မှန်များထံ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်နှံရန် မုံရွာနယ်မြေရဲစခန်းက ၀န်ဆောင်မှုများပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9



နေပြည်တော် ၊ ၂၀-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် အောက်တိုဘာလ (၁၉)ရက်နေ့  နံနက် ၁၁ နာရီခွဲ ခန့်တွင် ကျားခေါင်းတောင် ကျေးရွာ အရှေ့ တောင်ဘက် မီတာ ၈ဝဝ အကွာခန့်ရှိ တောင်ကုန်းသို့ အရောက် သစ်ပင်၏ အနောက်ဘက် တွင် ပုန်းအောင်း နေသည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ နှစ်ဦးက အရိုး ၁ဝ လက်မ၊ အသွား ၁၂ လက်မရှိ ဓားဖြင့် တပ်မတော် စစ်ကြောင်းမှ စစ်သည် တစ်ဦးအား ရုတ်တရက် ဝင်ရောက် တိုက်ခိုက် ရန် ပြေးဝင်လာရာ ရပ်တန့်ရန် အော်ဟစ် တားမြစ်သော်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်ပြေးဝင် လာ၍ သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ရှင်းလင်း ခဲ့ရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ နှစ်ဦးအနက် မလာဒီမာမွတ်(ဘ) ဆော်ကီအာပတ် ဆိုသူမှာ ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ မြောက်ဘက် တောင်ကြော အတိုင်း ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)
https://www.facebook.com/TheMyawadyDaily



နေ့စဉ် သတင်းစာတွေကို လှန်လိုက်တိုင်း စိတ်မချမ်းမြေ့စရာ သတင်းတွေထဲမှာ အရွယ်မရောက်သေးသူ အမျိုးသမီးငယ်လေးတွေကို မုဒိမ်းကျင့်တာတွေ ဖတ်နေရပါတယ်။ ခုတစ်လော တစ်ရက်မှကို အဲဒီသတင်း မျိုးတွေ မပြတ်သေးဘူး။ အရွယ်မရောက်သေးတာမှ အတော့်ကို အရွယ်မရောက်သေးတာတွေကို ဘီလူးစီး နေတဲ့သူတွေက ဖျက်ဆီးနေကြတာပါ။ သူတို့ ဘီလူးစီးနေရတဲ့ အကြောင်းရင်း တရားခံဘာလဲဆိုတာ မသိဘဲ နေကြမယ် မထင်ပါဘူး။

သတင်းတွေထဲမှာ နေ့တိုင်း ဓားခုတ်မှု၊ ဓားထိုးမှုသတင်းမပါရင် သတင်းစာ မဟုတ်တော့ဘူး။ ဆိုင်ကယ်တိုက် တယ်သေတယ် ဆိုတာလည်း ရိုးနေပြီ။ ကားတွေအဆင့်ဆင့်တိုက် ဆိုတာတွေကလည်း မကြာခဏ။ သတင်းစာ တွေက မှုခင်းအသားပေး သတင်းစာတွေ ဖြစ်လာပြီ။ ရာဇဝတ်မှုတွေ တစ်နေ့ပြီးတစ်နေ့များလာတာ ဘာကို အခြေခံနေသလဲ အားလုံးသိကြမှာပါ။

သက်ငယ်မုဒိမ်းမှု၊ အရွယ်မရောက်သူ မိန်းကလေးတွေကို ဖြားယောင်းသွေးဆောင် ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး ယခင်အစိုးရ လက်ထက် လွှတ်တော်မှာ ဆွေးနွေးခဲ့ဖူးတာ မှတ်မိပါတယ်။ ပြင်းထန်စွာ အပြစ်ပေးဖို့အဆင့်မှာ သေဒဏ်အထိ ချမှတ်ပေးဖို့ တောင်းဆိုခဲ့တာလည်း သိရတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

နိုင်ငံအချို့မှာ သက်ငယ်မုဒိမ်းသမားတွေကို သေဒဏ်တွေပေးတာရှိ တယ်။ သေဒဏ်မပေးရလို့ တားမြစ်ထားတဲ့ နိုင်ငံတွေမှာတောင် လူညွန့်တုံးသွားအောင် စီရင်လိုက်တာမျိုးတွေလည်း ကြားဖူးတယ်။ ဒီလိုလုပ်ရင် ဒီလိုအပြစ်ခံရမယ်ဆိုတာသိတော့ ဆင်ခြင်နိုင်တာပေါ့။ မုဒိမ်းကျင့်တာကို အချင်းချင်းကျေနပ်ပေမယ့် ဥပဒေအရ ခွင့်မလွှတ်ရဘူးဆိုတဲ့ နိုင်ငံဥပဒေတွေလည်း ရှိတာပဲ။ ဒီလိုကောင်မျိုးတွေ လူ့ပြည်မှာ မရှိသင့်ဘူးဆိုပြီးတော့ အများ လူမြင်ကွင်းမှာ စီရင်လိုက်တာတွေလည်း ရှိနေပါတယ်။

ကျွန်တော်တို့ သမီးအရွယ် မြေးအရွယ်လေးတွေဘဝဟာ ဆင်းရဲလေ ပိုပြီး ဖျက်ဆီးဖို့ လွယ်ကူလေ ဆိုတာ မျိုးတွေ မဖြစ်သင့်ပါဘူး။ ဆင်းရဲလေ ဥပဒေက ကာကွယ်စောင့်ရှောက်နိုင်လေ။ မသိနားမလည်လေ ဥပဒေက ပိုပြီး အကာအကွယ် ပေးနိုင်လေ ဆိုတာပဲ ဖြစ်သင့်ပါတယ်။

အရက်ကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ မကောင်းကျိုးဆိုတာတွေ ရှိနေကြောင်း သိပါလျက် ရပ်ကွက် တွေထဲမှာ လက်ဖက်ရည်ဆိုင်ထက် အရက်ဆိုင်တွေ ပိုပေါလာတာကိုလည်း လျစ်လျူရှုနေကြတာပဲ။ အရွယ်မရောက်သေးတဲ့သူတွေ ညနေဆိုရင် ဘီယာဆိုင်တွေမှာ စတိုင်ကျကျ ထိုင်နေကြတာလည်း အများကြီး တွေ့နေရတာပဲ။ ကျွန်တော်နဲ့ သိတဲ့ ကောင်လေးတစ်ယောက်က

“အန်ကယ့်ကို ကျောင်းလွှတ်တာနဲ့ ကျောပိုးအိတ်လေးတွေနဲ့ ရောက်လာပြီး၊ အဝတ်လဲခန်းမှာ အဝတ်တွေလဲ၊ သောက်ချင်တိုင်းသောက် ကဲချင်တိုင်းကဲနိုင်တဲ့ ကလပ်တွေကို ခေါ်သွားချင်တယ်။ အဲဒီ ကလပ်တက်နိုင်တဲ့ အဆင့်တွေက သာမန်လောက်နဲ့ မရဘူး။ ညဥ့်နက်တဲ့အထိ ဖြစ်ချင်တိုင်း ဖြစ်နေတာ”

ဒီစကားကို ကြားလိုက်ရတော့ မြို့ပြယဉ်ကျေးမှုဆိုတာကို ထိတ်လန့်သွားမိတယ်။ တစ်လောက မိတ်ဆွေ တစ်ယောက် လုပ်ငန်းခွင်ကို သွားလည်တော့ သူ့ရုံးခန်းအပြင်မှာ ခေတ္တစောင့်နေရတယ်။ အခန်းထဲမှာ ဆူသံပူသံ တွေလည်းကြားနေရတယ်။

၅ မိနစ်လောက်နေမှ သူ့အခန်းထဲက ကောင်မလေး တစ်ယောက် ထွက်သွားပြီး ဝင်ခွင့်ရတော့ သူက

“ဆောရီး ဆရာရေ စောစောစီးစီး အကုသိုလ်များနေရတယ်”

“ကလေးတွေဆိုတော့ နည်းနည်းပါးပါး မှားတာလည်း ခွင့်လွှတ်လိုက်ပါဗျာ”

“ဆရာရေ ခုဟာက နည်းနည်းမှားတာ မဟုတ်ဘူး။ အများကြီး … အများကြီး။ နယ်ကနေ ကောင်မလေးက ရန်ကုန်တက်လာပြီး အလုပ် လုပ်တယ်။ လင်ကမရှိဘူး ကိုယ်ဝန်ရှိနေလို့ ခွင့်ယူပါရစေတဲ့။ ဘာတွေလဲဗျာ။ ကျွန်တော်တော့ နားမလည်တော့ဘူး”

အင်း … ကျွန်တော်လည်း နားမလည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူမှုကိစ္စ ခေတ်နောက်ကျ ကျန်ခဲ့လို့ပါ။ ကျွန်တော်တို့ လက်သန်းလေးတွေနဲ့ တင်မြှောက်ခဲ့တဲ့ လွှတ်တော် အမတ်မင်းတွေတော့ နားလည်မလား မသိဘူး။

၁၉.၁၀.၂၀၁၆

Tin Nyunt



ချန်ပီယံလိဂ်ရဲ့ ဗုဒ္စဟူးနေ့ပွဲစဉ်တွေမှာ ဘာစီလိုနာက သူတို့နည်းပြဟောင်း ပတ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးကို မက်ဆီရဲ့ ဟက်ထရစ်ဂိုးနဲ့ ဂိုးပြတ်နိုင် ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာခြေမှန်နေတဲ့ အာဆင်နယ်လည်း အိုးဇေးလ်ရဲ့ ဟက်ထရစ်ဂိုးအပါအ၀င်အဂိုးပြတ်နိုင်ခဲ့သလို အသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ်၊ ပီအက်ဂျီတို့လည်းနိုင်ခဲ့ကြ ပါတယ်။

ဘာစီလိုနာနည်းပြဟောင်း ပတ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက နူးကမ့်မှာ အဓိကတိုက်စစ်မှူး အဂွဲရိုးကိုမသုံးဘဲ ကွင်းလယ်အသာရဖို့ပြင်ဆင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာတော့ ခံစစ်ပိုင်းက ဆာဂျီယိုရောဘတ်တိုကလွဲပြီး လူစုံပါဝင်ခဲ့ပါတယ်။ ပထမပိုင်းအစမှာ မန်ချက်စတာစီးတီးက ကစားပုံကောင်း ပြီး ဘာစီလိုနာခံစစ်ကိုဖိအားပေးခဲ့ပါ တယ်။ ဒါပေမယ့် ၁၇မိနစ်မှာ မက်ဆီ ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဘာစီလိုနာကစား ပုံပြန်ကောင်းလာပြီးပုံမှန်ခြေပြန်ရခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ မန်ချက်စတာစီး တီးကစားပုံကောင်းခဲ့ပေမယ့် ဂိုးသမားဘရာဗို ဧရိယာအပြင်ဖက်မှာ ဆွာရက်ကန်သွင်းချက်ကို လက်နဲ့ပုတ်လို့အနီကတ်ပြအထုတ်ခံခဲ့ရပါတယ်။ အဲ့ဒီ နောက်ပိုင်း ဘာစီလိုနာက တစ်ဖက်သတ်ဖိကစားခဲ့ပြီး မက်ဆီက ၆၁၊ ၆၉မိနစ် တွေမှာ နောက်ထပ်နှစ်ဂိုးသွင်းပြီး ဟက်ထရစ်ရယူခဲ့ပါတယ်။ ဘာစီလိုနာဖက်က ပထမိပိုင်းမှာ ပီကေးလ်နဲ့ ယော်ဒီအယ်လ်ဘာနာသွားလို့လူစားလဲခဲ့ရသလို ၇၄မိနစ်မှာ မက်သရူး နှစ်ဝါ၊ တစ်နီနဲ့အထုတ်ခံခဲ့ရလို့ ၁၀ယောက်စီနဲ့ကစားခဲ့ရပါ တယ်။ ၈၇မိနစ်မှာ ဘာစီလိုနာပင်နယ်တီရခဲ့ပေမယ့် မက်ဆီက နေမာကိုပေးကန်ခဲ့ပေမယ့် နေမာပင်နယ်တီကို ကာဘယ်ယာရိုကာကွယ်ခဲ့ပါ တယ်။ ဒါပေမယ့် မိနစ် ၉၀အပြည့်မှာ နေမာက မက်ဆီပေးတာကနေ နောက် ထပ်တစ်ဂိုးသွင်းလို့ ဘာစီလိုနာ ၄ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။

အခြားပွဲမှာ အာဆင်နယ်ကလည်း ဘူဂေးရီးယားကလပ် လူဒိုဂိုရက်ကို ၆ဂိုးပြတ် နဲ့နိုင်ပါတယ်။ အာဆင်နယ်အတွက် ဆန်းချက်၊ သီယိုဝေါ်ကော့၊ ချိန်ဘာလိန်တို့ တစ်ဂိုးစီနဲ့ အိုဇေးလ်က ဟက်ထရစ်သွင်းလို့ ၆ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ပီအက်စ်ဗီကို ၄ဂိုး-၁ဂိုး၊ ပီအက်စ်ဂျီက ဘာဆယ်ကို ၃ဂိုးပြတ်၊ အက်သလက်တီကိုက ရော့စ်တော့ဗ်ကို ၁ဂိုး-ဂိုးမရှိတွေနဲ့နိုင်ခဲ့ကြပါ တယ်။

"ချန်ပီယံလိဂ်ရလဒ်များ"

ဘာစီလိုနာ ၄-၀ မန်ချက်စတာစီးတီး
ဆဲလ်တစ် ၀-၂ မိုချန်ဂလာဘတ်
အာဆင်နယ် ၆-၀ လူဒိုဂိုရက်
ပီအက်စ်ဂျီ ၃-၀ ဘာဆယ်
ဒီနပိုကိဗ် ၀-၂ ဘင်ဖီကာ
နာပိုလီ ၂-၃ ဘက်ဆစ်တက်စ်
ဘိုင်ယန်မြူးနစ် ၄-၁ ပီအက်စ်ဗီ
ရော့စ်တော့ဗ် ၀-၁ အက်သလက်တီကို
BBC Burmese



တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ နယ်မြေတဝိုက်က မြေပုံ
မောင်တောမြို့နယ် ငါးခူရ ကျေးရွာမှာ နယ်မြေ စစ်ဆင်ရေး လုပ်ရင်း လူဆယ့်တစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ နယ်မြေခံ အရာရှိ တယောက်ရဲ့ ပြောပါတယ်။

အဲဒီ အထဲက နှစ်ယောက် နေမကောင်းလို့ မောင်တော ဆေးရုံ လာပို့တဲ့ အခိုက် သူတို့မှာ ရှိတဲ့ ရောဂါ အခံကြောင့် လမ်းမှာ ဆုံးသွားကြောင်း သိရပါတယ်။

တယောက်က သွေးတိုး ရောဂါ အခံ ရှိတာ ဖြစ်ပြီး နောက်တယောက်က ပန်းနာ ရောဂါ ရှိတယ်လို့ အဲဒီ နယ်မြေခံ အရာရှိက ပြောကြောင်း နေရဉ္စရာ သတင်းဌာန လက်ထောက် အယ်ဒီတာ ကို စံမောင်သန်းက ရှင်းပြပါတယ်။

အခု အဖမ်းခံရတဲ့ ဆယ့်တစ်ယောက်ဟာ ငါးခူရ စခန်းကို ၀င်တိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေလို့ ထွက်ဆိုခဲ့ကြောင်း အဲဒီ အရာရှိက ပြောပါတယ်။

သေဆုံးသွားသူ နှစ်ယောက်ကိုတော့ မောင်တော ဆေးရုံက ရင်ခွဲရုံမှာ ထားရှိကြောင်း သိရပါတယ်။

ကျန်တဲ့သူတွေကိုတော့ စစ်ဆေးမေးမြန်းတာ လုပ်နေပြီး လက်ရှိမှာ မောင်တော တဝိုက် အခြေအနေ ငြိမ်သက်လျက် ရှိတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ကျီးကန်းပြင် မြောက်ဖက်ကို သတင်းထောက်တွေ သတင်းသွားယူခွင့် မပြုတော့ဘူးလို့ ပြောပါတယ်။

ကျီးကန်းပြင်ကနေ တဆင့် သွားလို့ မလွယ်ကူတဲ့ နေရာတွေဆီကို လူမှုကယ်ဆယ်ရေး အကူအညီတွေ ရဟတ်ယာဉ်နဲ့ ပို့ဖို့ ပြင်ဆင်နေကြောင်းလဲ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese




မောင်တောနယ်ခံများ အလို တော်ပြည့် ကျောင်းတိုက်တွင်ခိုလုံစဉ် (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက် တိုက်ခိုက်မှုကနေ ထွက်ပြေးကြသူတွေ ဌာနေပြန်နိုင်ရေး အတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်တွေ စတင်ဆောင်ရွက်နေပြီး အကြမ်းဖက်တိုက်ခိုက်မှုမှာ ဆုံးရှုံးခဲ့တဲ့ လက်နက် တချို့ ပြန်လည် ရရှိပြီလို့ ရခိုင်အစိုးရ တာဝန်ရှိသူ တဦးက ပြောဆိုလိုက်ပါတယ်။ မောင်တောမြို့နယ်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်စိတ်နဲ့ ထွက်ပြေး တိမ်းရှောင်နေသူတွေ အတွက်တော့ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း ဒေသတွင်းမှာ နယ်ခြားစောင့် ရဲတပ်စခန်းတွေ တိုးချဲ့နေပြီး ဒေသခံတွေကို လုံခြုံရေး ပေးနိုင်ဖို့ အစိုးရက စီစဉ်နေပါတယ်။ လက်ရှိမှာတော့ မောင်တောဒေသတွင်းမှာ အစိုးရရဲ့ ပျောက်ဆုံး လက်နက်တွေ ပြန်ရရေး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ရခိုင်အစိုးရ လူမှုရေး ၀န်ကြီး ဒေါက်တာ ချမ်းသာက ဗွီအိုအေကို ပြောပါတယ်။

“အခုလုံခြုံရေးတွေ ကျနော်တို့ လုပ်နေပါတယ်။ အခုတိုင်းရင်းသားကျေးရွာတွေမှာ ကျနော်တို့ စခန်းတော့ စောင့်နေပါတယ်။ စခန်းတွေဆောက်နေပြီး အဲဒီတိုင်းရင်းသားတွေအတွက် အခိုင်အမာကာကွယ်ပေးဖို့ဖြစ်ပါတယ်။ အဲဒီစခန်းတွေဆောက်ပြီးတာနဲ့ ကျနော်တို့ တိုင်းရင်းသားတွေဆန္ဒနဲ့ ရွာတွေကိုပြန်ပြီးရင် ပိုမှာပါ။ ပို့မယ်ဆိုတာက သူတို့ဆန္ဒနဲ့ ပို့မှာပါ။ သူတို့ကို စားနပ်ရိက္ခာတွေလည်းပေးမှာပါ။ လုံခြုံရေးလည်း ကျနော်တို့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အခုကတည်းကနေစပြီးဆောင်ရွက်ပေးနေပါပြီ။ အဓိကတော့ ရဲစခန်းပါ ဒါပေမယ့် ရဲရဲ့နောက်မှာ ကျနော်တို့ တပ်မတော်တွေ စစ်ကြောင်းတွေ ရှိပါတယ်ခင်ဗျ။ နယ်မြေလုံခြုံရေးကိုတပ်မတော် တပ်မတော်ကပဲယူထားပါတယ် စိုးမိုးရေးအတွက်ပါ။”

ဒါ့အပြင် မောင်တောမြို့နယ် အကြမ်းဖက် တိုက်ခိုက်မှု အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေထံက ရယူသွားခဲ့တဲ့ လက်နက်တချို့ကိုလည်း ပြန်ရပြီလို့ ရခိုင်အစိုးရ လူမှုရေး ၀န်ကြီး ဒေါက်တာ ချမ်းသာက ပြောပါတယ်။

“ လက်နက်တွေရတာလည်း ရပါတယ် အသင့်အသင့်။ အဲဒီလက်နက်တွေပြန်ရဖို့အခု ရှာဖွေနေပါတယ်ခင်ဗျ။ ရွာတွေမှာ ရှာဖွေနေပါတယ်။ စုံစမ်းစစ်ဆေးနေပါတယ် ဟုတ်ကဲ့ပါ။”

မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု အတွင်း ဒေသတွင်း နေထိုင်သူ အများစု ဖြစ်တဲ့ မူဆလင် လူမှုအ၀န်းအ၀ိုင်းနဲ့ ရခိုင် လူမှု အ၀န်းအ၀ိုင်းကြား ပဋိပက္ခတွေ ထိပ်တိုက်တွေ့မှုတွေ မရှိပေမယ့်လည်း ဒေသတွင်း လူနည်းစု ဖြစ်တဲ့ ရခိုင်ဒေသခံတွေကတော့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်ချက်နဲ့ အနီးအနား ဒေသတွေကို ထွက်ပြေးနေကြတာပါ။ မြောက်ဦးမြို့ ရွာဟောင်းတော ကျေးရွာကို လာရောက်ခိုလှုံနေသူ မောင်တောမြို့နယ် ဒူးချေရာတန်း ကျေးရွာ အုပ်စု ကင်းချောင်းကျေးရွာသူ ၂၈ ဦးတို့ အတွက်တော့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ အကူအညီပေးနေသူ ဦးမောင်သန်းကြည်က ပြောပါတယ်။

“ ဒီနေ့ဆိုရင် သူတို့ တပတ်လောက်ရှိပြီ ။ ဒီဟာကို ပထမ ၂ ရက်လောက်က ကျနော်တို့ သူတို့ မိသားစုရှိတဲ့နေရာကို လာကြတာပေါ့ ဆိုတော့ မိသားစုတွေက ၂ ရက်လောက်ပဲ ကျွေးနိုင်တာကို ။ ဆိုတော့အခု ကျနော်တို့က ရွာကနေကောက်ပြီးတော့ ဒီကနေ့ပဲ ကျနော်တို့ သူတို့ကို ဟိုရက်တွေ သူတို့ကို သူများတွေစီက ချေးပြီးတော့ သုံးစားနေရတာတွေကို ဒီကနေ့ပဲ အကြွေးတွေလိုက် ဆပ်လိုက်ရတယ် အခုမှ ကျနော်တို့ ပိုက်ဆံ ၈ သောင်းနဲ့ ကျနော်တို့က ဆန် ၃ အိတ်လောက်ပဲ ကျနော်တို့ သူတို့ကို ထောက်ပံ့နိုင်သေးတယ်ခင်ဗျ။ စားနပ်ရိက္ခာတွေကတော့ သူတို့အတွက် ကျနော်တို့ သူတို့အတွက် အရေးတကြီးလိုနေတာ ဖြစ်နေတယ်ခင်ဗျ။”

ဒါ့အပြင် ဘူးသီးတောင်မြို့နယ် ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံနေသူ ၁၃၀၀ နီးပါးရှိနေပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ စစ်တွေမြို့မှာ ခိုလှုံနေသူ ၁ ထောင်ကျော် ရှိသလို မောင်တောမြို့နယ်မှာ ခိုလှုံနေသူ ၄၀၀ နီးပါး ရှိတယ်လို့လည်း ရခိုင် အစိုးရ လူမှုရေး ၀န်ကြီး ဒေါက်တာ ချမ်းသာက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ နေရပ်ရင်းတွေမှာ အစိုးရဘက်က လုံခြုံရေး ပေးဖို့ စီစဉ်ပြီး ဒီလူတွေ နေရပ်ရင်း ပြန်လိုရင် ပြန်နိုင်ဖို့လည်း စီစဉ်သွားမယ်လို့ ရခိုင် အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

 မသိင်္ဂီထိုက်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 နေပြည်တော်က ဖွဲ့စည်းပုံ ခုံရုံး
ဖွဲ့စည်းပုံ ခုံရုံး အဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွယ်ကျင်ပေါင် တို့ကို ခန့်ထားတာဟာ အခြေခံ ဥပဒေနဲ့ မညီညွတ်ဘူး ဆိုပြီး ဝန်ကြီးဟောင်း ဦးစိုးသိမ်း ခေါင်းဆောင်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တချို့က ခုံရုံးကို တင်သွင်း ခဲ့ကြပါတယ်။

ဒီလို ခုံရုံးမှာ ခန့်ထားမယ့် ပုဂ္ဂိုလ်ဟာ ဥပဒေ ဝန်ထမ်း သို့မဟုတ် တရားရေး ဌာန လုပ်သက် အနည်းဆုံး အနှစ် ၂ဝ ရှိရမယ် ဆိုတဲ့ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက် ရှိပါတယ်။

ဒီပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေး ရာဇဝင်မှာ ဒီအချက်တွေ အပြည့်အစုံ မပါလာလို့ ဒီလို တင်သွင်း အရေးဆို ခဲ့တာလို့ ဒီစာမှာ လက်မှတ် ထိုးခဲ့သူတွေထဲက ရခိုင် ပြည်နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော် အမတ် ဦးတက်ထွန်းအောင်က ပြောပါတယ်။

ဒီအတွက် ခန့်အပ်စဉ်ကလည်း တပ်မတော်ဘက်က ကန့်ကွက်ခဲ့ပါတယ်။

အခုလည်း တပ် ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေး အမတ်တွေ၊ ရခိုင် အမျိုးသား ပါတီ အမတ် တချို့ ပူးတွဲပြီး အမတ် ၂ဝ ကျော် လက်မှတ် ထိုး တင်သွင်း ခဲ့ကြတာ ဖြစ်ပါတယ်။

ခုံရုံးဘက်က ခုထိ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

ဖွဲ့စည်းပုံ ခုံရုံးက ဆုံးဖြတ်ချက်ကို ခိုင်လုံမယ် ဆိုရင် လက်ခံသွားမယ် လို့လည်း ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


မိုဆူးလ်မြို့ တဝိုက်က ရေနံတွင်းတွေကိုလည်း IS တွေက မီးရှို့ထားကြ။

အီရတ်နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်ထဲက မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ဖို့ အတွက် အီရတ် တပ်ဖွဲ့တွေရဲ့ ထိုးစစ် မြို့အနီး ချဉ်းကပ်လာချိန်မှာ ထောင်နဲ့ချီတဲ့ လူတွေ မြို့အနီးတဝိုက်ကနေ ထွက်ပြေး လွတ်မြောက် လာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ လူ ငါးထောင်လောက်ဟာ အီရတ် နယ်စပ်ကို ဖြတ်ကျော်ပြီး ဆီးရီးယားထဲကို ဝင်ရောက်လာခဲ့ကြတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

မိုဆူးလ် မြို့ထဲမှာ IS တိုက်ခိုက်ရေးသမား ငါးထောင် လောက်အထိ ရှိနေနိုင်ပြီး၊ ပိတ်မိနေတဲ့ အရပ်သားက တစ်သန်းခွဲ အထိ ရှိနိုင်တယ်လို့ ယူဆ ရပါတယ်။

လာမယ့် ရက်တွေမှာ မိုဆူးလ်မြို့ကနေ နောက်ထပ် အရပ်သား ၂ သိန်း ထက်မနည်း ထပ်ပြီး ထွက်ပြေးလာဖွယ် ရှိတယ်လို့ ကုလ သမဂ္ဂက ခန့်မှန်း ထားပါတယ်။

ထပ်ပြီး ထွက်ပြေးလာမယ့် လူတွေအတွက် မြို့ရဲ့ တောင်ဘက်၊ အရှေ့ဘက်နဲ့ မြောက်ဘက်တွေမှာ ဒုက္ခသည် စခန်းတွေ ဆောက်နေပါတယ်။

အီရတ် အစိုးရကတော့ စစ်ဆင်ရေးတွေ လုပ်နေတဲ့အတွက် အရပ်သားတွေကို မြို့ထဲမှာပဲ နေတာက ပိုလုံခြုံစေနိုင်တယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် IS တွေက အရပ်သားတွေကို အကာအကွယ် လူသားဒိုင်း အဖြစ် သုံးမယ့် အန္တရာယ် ရှိနေတဲ့အပြင် ဓာတု လက်နက်တွေ သုံးပြီး တိုက်ခိုက်မယ့် အန္တရာယ်ကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

မိုဆူးလ်မြို့ တောင်ဘက်မှာ အီရတ် တပ်ဖွဲ့တွေ၊ အရှေ့ဘက်မှာ ကာဒစ်ရှ် မဟာမိတ်တွေက မြို့ကို ချဉ်းကပ် လာနေပြီး အခုချိန်မှာ မြို့နဲ့ မိုင် ၂၀ လောက် အကွာကို ရောက်နေကြပြီလို့ သိရပါတယ်။
BBC Burmese


ရုရှားဟက်ကာ
ရုရှားဟက်ကာ

အမေရိကန်ပြည်ထောင်စုကို အင်တာနက် ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်တာတွေလုပ်ဖို့ ကြိုးစားမှုနဲ့ ဆက်စပ်ပြီး ရုရှားနိုင်ငံသားတဦးကို ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့တော်မှာ ချက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အမေရိကန် ဖက်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးဗျူရို FBI က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။

လာမယ့် အမေရိကန် သမ္မတရွေးကောက်ကို အနှောက်အယှက်ပေးဖို့ ကြိုးစားတာမှာ အမေရိကန်ဌာနတွေကို ရုရှားအစိုးရက ဆိုက်ဘာတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ဆိုပြီး အမေရိကန်အစိုးရက ရုရှားကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ တရားဝင် စွပ်စွဲထားတာပါ။ ဒီစွပ်စွဲချက်နဲ့ အခု ဖမ်းဆီးခံရသူ ဆက်စပ်မှုရှိသလား ဆိုတာကိုတော့ ရဲတပ်ဖွဲ့က တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ ချက်ပြည်သူ့သမ္မတနိုင်ငံ ရဲတပ်ဖွဲ့ပြောခွင့်ရ David Schon က အသေးစိတ် အကြောင်းအရာတွေကို မပြောဘဲ ရုရှားနိုင်ငံသားတဦးကို အဓိကထား ရှာဖွေခဲ့တာမှာ အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

သံသရရှိသူကို Prague မြို့တော်က တည်းခိုခန်းတခု မှာ ဖမ်းဆီးခဲ့တဲ့အကြောင်း နဲ့ ဖမ်းဆီးချိန်မှာ အဲဒီလူ လဲကျသွားခဲ့တာကြောင့် သူ့ကို ဆေးရုံ မပို့ခင်မှာ အရေးပေါ် ကုသမှုတာတွေ လုပ်ပေးခဲ့ ရတဲ့အကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခု ဖမ်းဆီးထားသူကို အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးသင့် မသင့်ကို ချက် တရားရုံးကဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဘယ်လိုအချိန်မှာဖြစ်မယ် ဆိုတာကိုတော့ ပြောမထားပါဘူး။

လာမယ့်အမေရိကန် ရွေးကောက်ပွဲမှာ ရီပါဘလီကန်သမ္မတလောင်း Donald Trump အနေနဲ့ ပြိုင်ဘက် ဟီလာရီကလင်တန်ကို အနိုင်ရအောင် ရုရှားက ကူညီပေးနေတယ်လို့ စွပ်စွဲခံထားရပေမဲ့ ရုရှားသမ္မတကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းထားပါတယ်။
VOA Burmese News


အောင်စိုးမိုးကျော် ရေယဉ် နစ်မြုပ်မူအတွက် ယခုလ ၂၂ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှုရုံးမှ ညွှန်ကြားရေးမှုးဖြစ်သူ ဦးစဝီလီဖရန့် မှ The Ladies သို့ပြောပြသည်။

""သေဘာၤကလည္း အစိုးရပိုင္သေဘာၤ မဟုတ္ပါဘူး။ ပုဂၢလိကပိုင္ သေဘာၤပါ။ ရေယာဉ်က ခရီးသည် ၃၆ ယောက်စီးနဲ့မှတ်ပုံ တင်ထားတာပါ။လောလောဆယ်တော့ သဘောင်္သားလေးယောက် မိထားပါတယ်။သူဌေး နဲ့ ဆလင်ကိုတော့ မမိသေးပါဘူး။ ဖမ်းဝရမ်းထုတ်ထားပါတယ်။စုံစမ်းစစ်ဆေးမှုတွေလည်းပြီးပါပြီ။ခုလ ၂၂ ရက်နေ့ကို မုံရွာမှာ သတင်းစာရှင်းသွားမှာပါ။""ဟု အထက်ပါ ညွှန်မှုးမှ ပြောဆိုခဲ့သည်။

အောက်တိုဘာလ၁၅ ရက်နေ့က ဧရာဝတီမြစ်အတွင်း တိမ်းမှောက် နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော် ရေယာဉ်အား ပြန်လည်ဆယ်ယူသည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် အစိုးရအနေဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်မပြုထားကြောင်းသိရှိရသည်။

သဘောင်္ပြန်လည်ဆယ်ယူမှုအပြင် နစ်မြုပ်ခဲ့သောသူများအား ပြန်လည်ရှာဖွေသည့် လုပ်ငန်းစဉ်များကို အစိုးရမှသာ တာဝန်ယူလုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှုရုံးမှ ညွှန်ကြားရေးမှုးဖြစ်သူ ဦးစဝီလီဖရန့် မှ The Ladies သို့ပြောပြသည်။""သဘောင်္ဆယ်ယူရေးလုပ်ငန်းတွေရော၊ နစ်မြုပ်ခဲ့တဲ့လူတွေကို ပြန်ရှာတဲ့လုပ်ငန်းတွေအတွက်ဘယ် ပုဂ္ဂခိက ကိုမှ တာဝန်ပေးထားတာမျိုးမရှိပါဘူး။နသ်မြုပ်သေဆုံးခဲ့တဲ့ လူတွေကို ပြန်ရှာတဲ့နေရာမှာတော့ ဒေသခံ စေတနာရှင် သူဌေးတစ်ဦးဖြစ်တဲ့ ဦးမျိုးဝင်းလေး ရဲ့ အကူအညီတွေနဲ့ရှာပါတယ်။ကျန်တာအကုန် ကျွန်တော်တို့အစိုးရအနေနဲ့ပဲ လုပ်ဆောင်နေပါတယ်။""ဟု အထက်ပါ ညွှန်ုကြားရေးမှူးမှ ဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့ပြီး နောက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ဆယ်ယူရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရာ ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ယခုချိန်အထိ နစ်မြုပ်ပျောက်ဆုံးနေသည့် အထဲမှ သေဆုံးခဲ့သူပေါင်း ၅၃ လောင်းကိုရှာဖွေတွေ့ရှိခဲ့သည်။လက်ရှိ နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော်အမြန်ရေယာဉ်သည် အေးငြိမ်းချမ်းသာ ရေယာဉ်အသင်းဝင် ရေယာဉ်တစ်စင်းဖြစ်သည်။

သဘောင်္နစ်မြုပ်မှုတွင် လူဦးရေ ၃၀၀ ဝန်းကျင်ပါသွားကြောင်း မျက်မြင်တွေ့သူများကပြောဆိုထားသော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သူစုစုပေါင်းမှာ ဖမ်းမိသော သဘောင်္သားများအပါအဝင် ၁၅၉ ဦးသာ အသက်ရှင်ကျန်ခဲ့သည်။သဘောင်္ ဆယ်ယူမှုအပိုင်းမှာလည်း အထက်တန်းတွဲ သုံးတွဲအားဆယ်ယူနိုင်ပြီဖြစ်ပြီး အလောင်း ၅၃ လောင်းတွေ့ရှိခဲ့ကာ ထပ်မံဆယ်ယူရန်အတွက် သဘောင်္အပိုင်းမှာ upper လေးခန်းခန့်ကျန်ရှိနေသေးကြောင်းသိရသည်။

သတင် - minnwatham
photo - Kyaw Moe Hlaing FB
The Ladies News


အသက် ၆၄ နှစ်ရှိ ထိုင်းအိမ်ရှေ့မင်းသား ၀ဇီရာလောင်ကွန်း၏ ရှုပ်ထွေးသော အချစ်ဇာတ်လမ်းများနှင့် ပတ်သက်၍ လူသိ ရှင်ကြား ပြောကြားခြင်း မရှိသော်လည်း ဝေဖန်သူများကမူ အိမ်ရှေ့ မင်းသား၏ ချစ်သူများစွာနှင့် ဇာတ်လမ်းများမှာ တော်ဝင်အချစ် ဇာတ်လမ်း မျှသာ မဟုတ်ဘဲ နိုင်ငံကို ဦးဆောင်ရန် သင့်တော်သည့် စရိုက်လက္ခဏာ ရှိမရှိ ဆိုသော မေးခွန်းများ ပေါ်ပေါက်စေမည်ဟု ထိုင်းနိုင်ငံရေး လေ့လာသူများက ဆိုသည်။

ထိုင်းတော်ဝင် မင်းဆက်တွင် ကြင်ယာအများအပြား ထားရှိခြင်းမှာ အစဉ်အလာ တစ်ခုဖြစ်ပြီး ဘုရင် ဘုမိဘော၏ ဘိုးတော် ရာမ-၅ ဘုရင်တွင် မိဖုရားနှင့် ကိုယ်လုပ်တော် ၁၅၀ ကျော် ရှိသည်။ ထူးခြား သည်မှာ အိမ်ရှေ့မင်းသား ၀ဇီရာလောင်ကွန်းသည် ကြင်ယာတော်များနှင့် ခါးသီးသည့် လမ်းခွဲမှုများ ပြုလုပ်ခဲ့ပြီး ယင်း၏ဖယ်ရှားခံရသော အခြွေအရံ အချို့မှာ ထူးဆန်းသည့် သေဆုံးမှုများ ရှိခဲ့သည်။

အိမ်ထောင်သုံးဆက် ပြိုကွဲခဲ့ခြင်းက အိမ်ရှေ့မင်းသား၏ ထိုင်းပြည် အများအပြား၏ ဆန့်ကျင်မှု ကြုံရစေပြီး အမေရိကန်ရှိ သားလေးဦးကို အဆက်အသွယ် ဖြတ်ထားခြင်း အပါအ၀င် ယခင်ဇနီးများနှင့် ပစ်ပစ်ခါခါ ပြိုကွဲခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ထိုင်းဘုရင် ဘူမိဘော ကွယ်လွန်ခါနီး ကြာသပတေးနေ့တွင် အိမ်ရှေ့မင်းသားသည် နိုင်ငံသို့ ပြန်လာ ခဲ့သော်လည်း ထီးဆန်းဆက်ခံမည့် အချိန်ကာလနှင့် ပတ်သက်၍ ရှင်းလင်းခြင်း မရှိသေးပေ။

မင်းသား ၀ဇီရာလောင်ကွန်းသည် ၁၉၇၀ ပြည့်လွန်နှင့် ၁၉၈၀ ပြည့် လွန်က လများတွင် ပထမ အိမ်ထောင်ဖြစ်သူ နှမ၀မ်းကွဲ သုန်သာဝလီ ကစ်ထိရကာရာနှင့် လက်ထပ်ထားဆဲအချိန်တွင် ထိုင်းသရုပ်ဆောင် တစ်ဦးနှင့် ကလေးငါးဦး ရရှိခဲ့သည်ဟု ဆိုသည်။

ကလေးများ၏ မိခင် အရပ်သူ သရုပ်ဆောင် သူဇာရီနီ ၀ီဝါချရာဝေါင်ဆီ သည် မင်းသား၏ ဒုတိယ အိမ်ထောင် ဖြစ်လာခဲ့သည်။ ၁၉၉၀ ပြည့် လွန် နှောင်းပိုင်းတွင် သူဇာရီနီအား အဂတိလိုက်စားမှု၊ ဗိုလ်မှုး တစ်ဦးနှင့် ဖောက်ပြန်သည်ဟု စွပ်စွဲပြီး ကွာရှင်းခဲ့သည်။

မင်းသားသည် သူဇာရီနီနှင့်ရသည့် သားသမီး ငါးဦးအနက် သား လေးဦး ကို အဆက်အသွယ်ဖြတ်ကာ ယင်းတို့၏ တော်ဝင် ဘွဲ့ထူးများ၊ သံတမန် ပတ်စပို့များကို ရုပ်သိမ်းခဲ့ကာ ယင်းတို့အတွက် ကျောင်းလခပေးတော့မည် မဟုတ်ဟု ဗြိတိန်ရှိ ထိုသားသမီးများ တက်နေသည့် ကျောင်းများသို့ စာပို့ ခဲ့သည်ဟု ပြည်ပရောက် ထိုင်းပညာရှင်တစ်ဦးက ပြောကြားပြီး စာများကို အွန်လိုင်းတွင် တင်ခဲ့သည်။ အဆက်အသွယ် ဖြတ်ခံရသည့် သားသမီးများမှာ မိခင်ကဲ့သို့ပင် အမေရိကန်နိုင်ငံတွင် နေထိုင်လျက် ရှိသည်။

မင်းသားသည် ၂၀၀၁ တွင် လက်ထပ်ခဲ့သည့် တတိယ အိမ်ထောင် အရပ်သူ သီရိရာသမီဆူဝဒီနှင့် သားတစ်ဦး မွေးဖွားခဲ့သည်။ ထီးနန်း ဆက်ခံသူ ဖြစ်လာမည့် အသက် ၁၁ နှစ်အရွယ် မင်းသား ဒီန်ကွန်းရာ သမီဂျိုတီ သည် ဖခင် အိမ်ရှေ့မင်းသားနှင့်အတူ ဂျာမနီတွင် နေထိုင်လျက် ရှိသည်။ အိမ်ရှေ့မင်းသားနှင့် တတိယ ကြင်ယာတော် တို့ ပြုလုပ် သည့် မွေးနေ့ပါတီတစ်ခု၏ ဗီဒီယိုဖိုင် ထွက်ပေါ်ပျံ့နှံ့ပြီးနောက် လူထု၏ အာရုံစိုက် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

ဗီဒီယိုထဲတွင် အိမ်ရှေ့မိဖုရား သီရိသမီသည် အပေါ်ပိုင်း ဗလာကျင်း ထားပြီး အောက်ပိုင်း တွင် ဘီကီနီ ဘောင်းဘီကိုသာ ၀တ်ဆင်ထား သဖြင့် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟု နန်းတွင်းတွင် ဝေဖန်ခဲ့ကြသည်။

ထိုဗီဒီယိုဖိုင် မည်သို့ ထွက်ပေါ် လာသည်ကို ရှင်းရှင်းလင်းလင်း မသိ ရသော်လည်း မင်းသား ၀ဇီရာလောင်ကွန်းအစား မင်းသမီး သီရိဒုံကို ထီးနန်းဆက်ခံစေလိုသူများက ဖြန့်ဝေသည်ဟု ယူဆကြသည်။ မင်းသမီး သီရိဒုံသည် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ပြည်သူများ၏ ချစ်ခင်မှုကို ခံယူရရှိထားသည်။ ထိုဗီဒီယိုနှင့် ပတ်သက်၍ ထိုင်းမီဒီယာများတွင် ဖော်ပြခြင်းမရှိပေ။

အိမ်ရှေ့မင်းသားနှင့် မဇ်သီရိသမီတို့၏ အိမ်ထောင်ရေးမှာ ၂၀၁၄ တွင် ရပ်ဆိုင်းခဲ့ပြီး မဇ်သီရိသမီ၏ မိသားစုဝင်များကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေ ဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။ မဇ်သီရိသမီ၏ မောင်နှမ အနည်းဆုံး သုံးဦးသည် တရားမ၀င် လက်နက်ကိုင်ဆောင်မှု၊ တော်ဝင်မိသားစု အား ဝေဖန်တိုက်ခိုက်မှုတို့ဖြင့် ထောင်ဒဏ် ချမှတ်ခံရပြီး မိခင်နှင့် ဖခင် တို့မှာ တော်ဝင်မိသားစုအား ဝေဖန်မှုဖြင့် ထောင်ချခံခဲ့ရသည်။

မဇ်သီရိသမီ၏ ဦးလေးဖြစ်သူ အဆင့်မြင့် ရဲအရာရှိ တစ်ဦးဖြစ်သည့် ပေါင်ပတ်ချာယာပန်သည် တရားမ၀င် ကာစီနိုများ လုပ်ကိုင်မှု၊ ဆီမှောင်ခိုမှု၊ ငွေကြေးခ၀ါချမှု အပါအ၀င် ရာဇ၀တ်မှုများနှင့် တရားစွဲခံခဲ့ရသည်။ မဇ်သီရိသမီသည် အိမ်ရှေ့မင်းသားနှင့် ကွာရှင်းပြီးနောက် တော်ဝင်ဘွဲ့ထူးဂုဏ်ထူးများ ရုပ်သိမ်းခံရသော်လည်း နစ်နာကြေးအဖြစ် ဒေါ်လာ ၅ သန်းကို အစိုးရက တော်ဝင်ဘဏ္ဍာတိုက်မှ ထုတ်ယူကာ ပေးအပ်ခဲ့သည်။

ထိုသို့ နစ်နာကြေး ပေးခဲ့ကြောင်းကို စစ်အစိုးရ ခေါင်းဆောင် လက်မှတ်ထိုးထားသည့် စာတစ်စောင်တွင် လူသိရှင်ကြား ဖော်ပြခဲ့သည်။

အိမ်ရှေ့မင်းသား ၀ဇီရာလောင်ကွန်း၏ ထုတ်ပယ်ခံရသော အခြွေအရံဟောင်းများကြားတွင် လည်း စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။

၂၀၁၄ က ထုတ်ပယ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သူ အက်ခါရာဝတ် လင်ရတ်သည် ထူးဆန်းစွာ သေဆုံးခဲ့ပြီး သူ၏ ရုပ်အလောင်းကို အလျင်အမြန် သဂြိုဟ်ခဲ့သည်။ ရဲတပ်ဖွဲ့ကလည်း ထိုအမှုမှာ “အထိခိုက်မခံသည့် အချက်အလက်များ ပါဝင်သည်ဟုဆိုကာ သတင်းအနည်းငယ်သာ ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူး ပရာဝတ်သာဝန်သီရိက “သူ (အက်ခါရာဝတ်) ဟာ စိတ်ဖိစီးမှု များပြားပြီး အဆောက်အအုံပေါ်ကနေ ခုန်ချသေဆုံးသွားတာပါ” ဟု ပြောကြား ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ရဲတပ်ဖွဲ့ဝင် သုံးဦး ထုတ်ပယ် ကာ အဖမ်းခံရမှုတွင်လည်း အလားတူ အဖြစ်အပျက်မျိုး ကြုံတွေ့ ခဲ့ပြီး နှစ်ဦးမှာ စစ်စခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့ရသည်။

အိမ်ရှေ့မင်းသား ထီးနန်ဆက်ခံပါက မည်သူက မိဖုရားဖြစ်လာမည်နည်း ဆိုသည့် မေးခွန်းမှာ အရေးပါလျက်ရှိသည်။ အိမ်ရှေ့မင်းသား၏ အခြား ဘ၀ အစိတ်အပိုင်းများနည်းတူ ယင်းမေးခွန်းအတွက် အဖြေမှာ ရှင်းလင်းခြင်း မရှိပေ။

အိမ်ရှေ့မင်းသား နန်းတက်ချိန်တွင် မိဖုရားအဖြစ် ဘေး၌ ရှိနေနိုင်သူမှာ အရပ်သူ လေယာဉ်မယ်ဟောင်း သုသီတာ ၀ဇီရာလောင်ကွန်း နာဘယုဒ္ဒယ ဖြစ်ဖွယ်ရှိသည်။ လက်ရှိတွင် ဒုဗိုလ်မှူးကြီး အဖြစ် တော်ဝင် ဘွဲ့ထူးပေးထားသည့် သုသီတာသည် အိမ်ရှေ့မင်းသားနှင့်အတူ ဂျာမနီ၌ နေထိုင်လျက်ရှိသည်။

ဂျာမနီနိုင်ငံ အခြေစိုက် Bild စာစောင်သည် အိမ်ရှေ့မင်းသား ၀ဇီရာလောင်ကွန်း၏ ဓာတ်ပုံများ ဖော်ပြခဲ့သည်။ ဓာတ်ပုံ ထဲတွင် လေဆိပ် သို့ ရောက်လာသည့် အိမ်ရှေ့မင်းသား သည် အောက်သို့ လျှောကျနေ သည့် ဘောင်းဘီနှင့် အလွန်တိုသော အကျီကို ၀တ်ထားပြီး လက်နှင့် ကျောဘက်တွင် ဆေးမင်ကြောင်များ တွေ့ ရသည်။

အတူပါလာသည့် သုသီတာက ဒေါက်မြင့်ဖိနပ်စီးကာ အလွန်ကျပ်သည့် ရှပ်အကျီကို ဗိုက်သားဖော်၍ ၀တ်ထားသည်။ ထိုဝတ်ဆင်ပုံများမှာ ဥရောပတွင် မထူးဆန်းသော်လည်း ထိုင်းနိုင်ငံတွင် ဘုရင့်နန်းတော် အတွင်း ၀င်ရောက်ခွင့်မရှိသည့် ၀တ်ဆင်ပုံမျိုးဖြစ်သဖြင့် ပြည်သူအများ၏ တီးတိုးဝေဖန်ခြင်းကို ခံနေရသည်။

KHTun


The Ladies News

 ကျောက်မီးသွေးတုံးများကို တွေ့ရစဉ် ကျောက်မီးသွေးတုံးများကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဇွဲပါကုန်းတန်းကျေးရွာမှာ ကျောက်မီးသွေး စက်ရုံတည်ဆောက်ဖို့ အတွက် ကုမ္ပဏီတစ်ခုက ကျေးရွာသားတွေကို သဘောတူလက်မှတ်ရေးထိုးဖို့ စည်းရုံးမှုတွေ လုပ်ဆောင်နေ တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က ပြောပါတယ်။

မနေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခွင့်ပြုဖို့ ရှိ မရှိ မေးမြန်း ခဲ့ရာ ရန်ကုန်တိုင်းအတွင်း ခွင့်ပြုမှာမဟုတ်ကြောင်း တိုင်းအစိုးရအဖွဲ့က ပြန်လည်ဖြေကြားခဲ့တယ်လို့ ကျောက်တန်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က ပြောပါတယ်။

"လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် မနေ့ကသူဖြေတာက အစီအစဉ် မရှိဘူးလို့ပဲဖြေတယ်၊ ကျွန်မတို့ပြည်သူတွေကို အဲ့လောက်ပြောလိုက်ရင်ပဲ ၀မ်းသာနေကြတာ သူတို့ က ကြောက်နေကြတာ" လို့ ပြောတာဖြစ်ပါတယ်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်လိုသူတွေဟာ ပြီးခဲ့တဲ့ မတ်လကစတင်ပြီး ဇွဲပါကုန်းတန်းကျေးရွာမှာ ဒေသ ခံတွေကို စည်းရုံးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ရေကန်တူးဖော်ဖို့ ငွေကျပ် ၄၅ သိန်းလှူဒါန်းထားပြီး တံတားတွေ တည်ဆောက်ပေးမှာဖြစ်ကြောင်းနဲ့ စက်ရုံက ရလာတဲ့ အကျိုးအမြတ် ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးမှာဖြစ်ကြောင်းလည်း လာရောက်စည်းရုံးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသခံတွေကို အင်္ဂလိပ်လိုရေးသားထားတဲ့ စာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးပေး ဖို့ ပြောလာတဲ့အပေါ် ဒေသခံတွေက စိုးရိမ်မှုတွေရှိနေတဲ့အတွက် လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာ လို့ ဒေါ်သက်သက်မူ က ပြောပါတယ်။
RFA


ဒေါ်စုနှင့် အိန္ဒိယ၀န်ကြီးချုပ် တို့ရဲ့သတင်းစာရှင်းလင်းပွဲ
ဒေါ်စုနှင့် အိန္ဒိယ၀န်ကြီးချုပ် တို့ရဲ့သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံမှာသာမက ဒေသတွင်းမှာပါ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရအောင် လုပ်ဖို့ကိစ္စဟာ မြန်မာနိုင်ငံရဲ့ရည်မှန်းချက်ဖြစ် တယ်လို့ အိန္ဒိယနိုင်ငံ မှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်နင်းဖော်ဆောင်ရာမှာလည်း အိန္ဒိယနိုင်ငံအနေနဲ့ ကူညီသွားဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနဲ့ အိန္ဒိယ နယ်စပ်တလျှောက် လုံခြုံရေးအတွက်လည်း နှစ်နိုင်ငံအတူပူးတွဲလုပ်ဆောင်သွားမယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေကပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ရှားဖောင်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား နှစ်ဦးနှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်နေတာနဲ့အမျှ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် လုပ်ငန်းတွေဖော်ဆောင်ရာမှာ အိန္ဒိယနိုင်ငံအနေနဲ့ ကူညီလုပ်ဆောင်ပေးဖို့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။

“ဆယ်စုနှစ်တွေနဲ့ချီပြီး ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကင်းမဲ့တာတွေကို ခံစာခဲ့ရတော့ ကျမတို့နိုင်ငံမှာရော အခြားဒေသတွေမှာပါ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်ရေးဖြစ်စေဖို့ ကျမတို့ ရည်မှန်းပါတယ်။ ကမ္ဘာက ဘယ်နေရာမှာမှ ဒီလို မတည်မငြိမ်ဖြစ်တာမျိုး မဖြစ်စေချင်ပါဘူး။ ကျမတို့ လိုအပ်ချက်တွေကို အိန္ဒိယက နားလည်မှုအရှိဆုံးဖြစ်ပါတယ်။ ဒီနာလည်းမှုဟာ အချိန်နဲ့အညီ ပိုပြီးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့လိုအပ်ချက်လည်ဖြစ် ကမ္ဘာကြီးတခုလုံးရဲ့ လိုအပ်ချက်တွေအတွက် တဖက်နဲပတဖက်ပိုပြီး မှီခိုအားထား နီးနီးကပ်ကပ်ဆက်ဆံသွားဖို့ ရှိလို့ပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။”

အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် Narendra Modi နဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး နယူးဒေလီမြို့မှာပြုလုပ်တဲ့ ခေါင်းဆောင်နှစ်ဦး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အဲဒီလိုပြောသွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွှေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရခဲ့ပြီး အစိုးရတာဝန်စတင်တမ်းဆောင်လာတဲ့ အချိန်ကတည်းကဆိုရင် အခု အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်း တနင်္ဂနွေနေ့တုန်းက အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ပြုလုပ်တဲ့ BRICS နဲ့ BIMSTEC ပူးတွဲအစည်းအဝေးကို တက်ရောက်ဖို့ သွားတဲ့ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။ BIMSTEC အဖွဲ့ဟာ နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံတွေအဖြစ် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါလ်၊ သီရိလင်္ကာ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ပါဝင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးချုပ် Narendra Modi တို့ တွေ့ဆုံပွဲအတွင်းမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ မိတ်ဆွေအဆင့် ဆက်ဆံရေးလောက်သာ လိုချင်တာမဟုတ်ကြောင်း၊ ဒေသတွင်းနဲ့ တခြားနေရာတွေအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုပါ အတူပူးပေါင်းလုပ်ဆောင်ချင်တာဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့တာပါ။ အခုအချိန်မှာတော့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပြီလို့ ပြောရတော့မယ့် အချိန်ရောက်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။ အခုဆိုရင်ပဲ ရလဒ်ကောင်းတွေ ရနေပါပြီ။ ကမ္ဘာတည်သရွေ့ ပြည်ထောင်စုစနစ်တရပ် တည်တံခိုင်မြဲနိုင်မယ့် လမ်းကြောင်းကို ခိုင်ခိုင်မာမာ ချမှတ်နေပါပြီ။ ဒီလို ပြည်ထောင်စုစနစ်တည်ဆောက်တဲ့နေရာမှာ အိန္ဒိယနိုင်ငံရဲ့ အတွေ့အကြုံကနေ လေ့လာယူနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အခုခရီးစဉ်အတွင်း မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ စွမ်းအင်နဲ့ အာမခံလုပ်ငန်းတွေ စတဲ့ကဏ္ဍသုံးခုမှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ - MOU လက်မှတ်ရေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး စီးပွားရေးကုန်သွယ်ဖက်နိုင်ငံတနိုင်လည်းဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံက သစ်တင်ပို့မှုကို အိန္ဒိယနိုင်ငံကပိတ်ပင်ခဲ့တာကြောင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိုင် ၁၀၀၀ နီးပါးရှည်လျားတဲ့ အိန္ဒိယနဲ့ မြန်မာနယ်စပ် တစ်လျှောက် လုံခြုံရေးကိစ္စတွေကိုလည်း အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး မြန်မာနိုင်ငံကို ကူညီသွားမယ်လို့ အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် Narendra Modi ကလည်း ပြောပါတယ်။

“နီးကပ်တဲ့ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတွေနဲ့အနေနဲ့ မြန်မာနဲ့ အိန္ဒိယတို့ရဲ့ လုံခြုံရေးအကျိုးစီးပွားဟာ အတော်လေး ဆက်စပ်ပါတယ်။ နယ်စပ်တလျှောက် လုံခြုံရေးကိစ္စတွေနဲ့ တဖက်နဲ့တဖက် မဟာဗျူဟာဆိုင်ရာအကျိုးစီးပွားမှာ အထိမခံတဲ့အကြောင်းအရာတွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီချက်ရခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားလည်းဖြစ်ပါတယ်။”

အိန္ဒိယနိုင်ငံ အရှေ့မြောက်ခြမ်းဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် အိန္ဒိယ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်သူပုန်အဖွဲ့တွေ ရှိတဲ့နေရာတခုဖြစ်ပြီး၊ သူတို့တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေစိုက်နေကြတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ နယ်စပ်ချင်း ထိစပ်နေကြတဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ ဘူတန် စတဲ့ နယ်စပ်တွေမှာ ဆယ်စုနှစ်တွေနဲ့ချီ စစ်တပ်တွေ ချထားခဲ့တာတွေရှိပေမယ့်လည်း နယ်စပ်တလျှောက် စီးနင်းတိုက်ခိုက်မှုတွေ ဘယ်လောက်ဖြစ်ပွားခဲ့သလဲဆိုတာကတော့ မသိရှိရပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ မြန်မာနိုင်ငံ နယ်စပ်အနီးက ခွဲထွက်လက်နက်ကိုင်သူပုန်အဖွဲ့တွေကို အိန္ဒိယစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
VOA Burmese News

 ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တွေမြို့ ဓမ္မာရာမကျောင်းတိုက်မှာ တွေ့ရစဉ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တွေမြို့ ဓမ္မာရာမကျောင်းတိုက်မှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို တိမ်းရှောင် လာသူ ၃ ထောင် နီးပါးရှိနေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့အပြင် ရွာတွေမှာ ကျန်နေခဲ့သူတွေအတွက် ကိုပါ ထောက်ပံ့ပေးနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဘက်ကတော့ တဲတန်းလျားတွေ ဆောက်ပေးနေတာရှိတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ ပံ့ပိုးပေးနေတာရှိတယ်။ နောက် ဘူးသီးတောင်၊ မောင်တော ဘက်မှာဆိုရင် လည်း ရွာတွေမှာ ကျန်နေတဲ့ သူတွေအတွက်ပါ ပံ့ပိုးပေးနေတာရှိတယ်။ ဆီတွေ၊ ဆန်တွေ၊ ငါးခြောက်တွေ ပို့ပေးနေတာရှိတယ်။ ရခိုင်ပြည်က ဖောင်ဒေးရှင်း၊ ဗမာပြည်က ဖောင်ဒေးရှင်းတွေ အကုန်လုံးကလည်း လာပြီးတော့ ပံ့ပိုးလှူဒါန်းတာတွေရှိတယ်" လို့ ဦးမင်းအောင် က ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မနေ့က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တွေမြို့မှာ တစ်ထောင်ကျော်ရှိပြီး ဘူးသီးတောင်နဲ့ မောင်တော မြို့တွေမှာ တစ်ထောင် နီးပါးစီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလိုထွက်ပြေးလာသူတွေထဲမှာ ကျောင်းနေအရွယ် ကလေးတွေ အများစု ပါဝင်တဲ့အတွက် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံရမယ့် အချိန်ကြာမြင့်လာမယ်ဆိုရင် စခန်းတွေမှာပဲ ပညာသင်ကြား နိုင်ဖို့ စီစဉ်ပေးသွားမယ်လို့ ၀န်ကြီးဦးမင်းအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ရဲစခန်းတွေကနေ လက်နက်နဲ့ ကျည်ဆံတွေ လုယူသွားတဲ့ အကြမ်းဖက်သမားတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး ဒေသခံတွေ က စိုးရိမ်ထိတ်လန့်နေကြတဲ့အတွက် မောင်တောမြို့ပေါ်နဲ့ ဘူးသီးတောင်နဲ့ စစ်တွေမြို့တွေဆီ ထွက်ပြေးကြ တာဖြစ်ပါတယ်။

လက်ရှိမှာ အကြမ်းဖက်သမား ၂၉ ယောက်ကို ဖမ်းမိထားပြီး အယောက် ၃၀ ကို အသေမိထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
RFA

ဒေါ်စုနှင့် အိန္ဒိယ၀န်ကြီးချုပ် တွေ့ဆုံ
ဒေါ်စုနှင့် အိန္ဒိယ၀န်ကြီးချုပ် တွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာရောက်နေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ၀န်ကြီးချုပ် နေရိန်ဒရာ မိုဒီနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။

လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေပါဝင်တဲ့ ကြေညာချက်တစောင်ကို ထုတ်ပြန်ဖို့လည်းရှိပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ဘူတန်နိုင်ငံနဲ့နယ်စပ် အိန္ဒိယဘက်မှာအခြေစိုက်ပြီး နယ်စပ်တွေကို ဖြတ်ကျော်ပြီးတော့ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ လှုပ်ရှားမှုအခြေအနေနဲ့ ကုန်သွယ်ရေးကိစ္စတွေဟာ နှစ်နိုင်ငံကြားဆွေးနွေးပွဲမှာ အဓိကအကြောင်းအရာတွေ ဖြစ်ဖွယ်ရှိပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တောင်ထူထပ်တဲ့ဒေသဟာ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး လက်နက်ကိုင်အုပ်စု ဒါဇင်ပေါင်းများစွာ အခြေစိုက်နေကြပြီးတော့ အဲဒီထဲကတချို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုရဖို့ တောင်းဆို တိုက်ခိုက်နေတာဖြစ်သလို တချို့ကတော့ ခွဲထွက်ရေးအတွက် တိုက်ခိုက်နေကြတာပါ။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့လည်း အစိုးရထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းတွေအရကတော့ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံဘက်က ကျွန်းသစ် တင်ပို့တာကို ပိတ်ပင်လိုက်တာကြောင့် ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးဟာ ၂.၀၁ ဘီလီယံဒေါ်လာကို ကျဆင်းသွားပါတယ်။
VOA Burmese News


မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား မနေ့ အင်္ဂါနေ့ကပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မူလစီစဉ်ထားတဲ့အတိုင်းမဟုတ်ဘဲ ဆွေးနွေးပွဲ အစီအစဉ် အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။

"နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး" မှာ NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားတပ်တွေအတွက် ခုလိုပြောင်းလိုက်တာလို့ အစိုးရက ဆိုပါတယ်။ ဒီ NCA (ခေါ်) တနိုင်ငံလုံး အပစ်အခပ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ဘက်ကရော ဘယ်လို မြင်ပါလဲ။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေး ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

မေး - ဟုတ်ကဲ့ ဦးဇော်ဌေးခင်ဗျ။ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲမှာပေါ့နော် ဆွေးနွေးမယ့် အစီအစဉ်တချို့ကို အပြောင်းအလဲလုပ်လိုက်တယ်လို့ ကြားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါလား။

ဖြေ - “အမှန်က ၁၈၊ ၁၉ က framework review meeting မှာ ဘာကို အဓိကထားမလဲဆိုတော့ တနိုင်ငံလုံးမှာလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် လုပ်ငန်းလမ်းညွှန် ပြတ်အောင်ဆွေးနွေးမယ်ပေါ့နော်။ ဆွေးနွေးပြီးရင် ကျနော်တို့ ၂၁ ရက်နေ့ UPDGC မှာ အဲဒါကို အတည်ပြုပြီးတာနဲ့ နိုဝင်ဘာလထဲမှာ တနိုင်ငံလုံး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုပြီးတော့ ရည်မှန်းပြီး လုပ်တာပေါ့။ ဆွေးနွေးပွဲမှာ ပါလာတာက လက်မှတ်မထိုးရသေးတဲ့ UNFC ရဲ့ ဆွေးနွေးဖို့ ဖွဲ့စည်းထားတဲ့ DPN ကနေ တောင်းဆိုထားတာက framework သူတို့က ဆွေးနွေးချင်တယ်ပေါ့နော်။ အရင်တုန်းက ဆွေးနွေးခဲ့တဲ့ဟာတွေမှာ သူတို့က digest ဖြစ်ချင်တယ်ပေါ့။ ဖြစ်ချင်တယ်ဆိုတဲ့အတွက် သူတို့က တောင်းဆိုတယ်။ တောင်းဆိုတဲ့အတွက် ကျနော်တို့ရဲ့ ဆွေးနွေးပွဲကို မနက်ဖြန်၊ သန်ဘက်ခါ နှစ်ရက်ရွှေ့ပြီးတော့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ framework review ပေါ့နော် အဲဒါကို ကျနော်တို့ ဒီနေ့ လုပ်လိုက်တယ်။”

မေး - အခုလို လိုက်လျောပေးတာက NCA ထိုးဖို့ အလားအလာအတွက် ပိုကောင်းသွားစေ နိုင်တယ်လို့ရော ပြောလို့ရလား။

ဖြေ - “ကျနော်တို့ရဲ့ မူလရည်မှန်းချက်ကိုက ဒီ framework ကို review ပြုလုပ်ရခြင်း ရည်မှန်းချက်ပေါ့နော်။ ရည်မှန်းချက်ကိုက လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ownership ရလာပြီးတော့ ပါဝင်လာဖို့ ရည်မှန်းပြီးတော့ review meeting လုပ်တာဖြစ်ပါတယ်။ ဖြစ်တော့ သူတို့တောင်းဆိုတဲ့အတိုင်း ကျနော်တို့လုပ်ပေးလိုက်တာက လက်မှတ်မထိုးတဲ့အဖွဲ့တွေ ပါဝင်ရေးပေါ့နော်။ အဲဒါကို လုပ်တာဖြစ်တယ်။”

မေး - အဲတော့ ပြီးခဲ့တဲ့တနေ့ကလည်း NCA မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပဲပေါ့နော် သူတို့ရဲ့ တောင်းဆိုချက်တွေအပေါ် ဆွေးနွေးတဲ့အခါမှာလည်း သဘောတူညီချက်တချို့ ရခဲ့တယ်လို့ ကြားပါတယ်။ တိုးတက်မှု တစုံတရာဖြစ်တာပေါ့နော်။ အဲဒါလေးလည်း နည်းနည်း ရှင်းပြပေးလို့ရမလား။

ဖြေ - “အဓိကတော့ ကျနော်တို့ DPN နဲ့ ဆွေးနွေးတဲ့အပိုင်းပေါ့နော်၊ ဆွေးနွေးတဲ့အပိုင်းမှာ DPN တောင်းဆိုတဲ့ အချက်ကြီး ၈ ချက်ပေါ့။ အဲဒါကို ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ ယေဘုယျအားဖြင့် သဘောတူညီချက်တွေ ရတယ်ပေါ့။ ရတယ်ဆိုတော့ ဘယ်လိုသဘောတူညီချက် ရသလဲဆိုတော့ မူအားဖြင့်ပေါ့နော် သဘောတူညီတာတွေ များတယ်။ တချို့အချက်တွေ လေးချက်လောက်ကိုတော့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူတယ်။ ကျန်တဲ့အချက်တွေမှာ အဓိကအားဖြင့် မူမှာ ကွဲလွဲခြင်းမရှိဘူး။ သဘောတူညီတယ်ပေါ့။ ပြောရရင်တော့ တော်တော်လေး အပြုသဘောဆောင်တဲ့ ရလဒ်ရတယ်လို့ အဲလို ပြောရမှာပေါ့။”

မေး - အဲတော့ ကျန်နေတဲ့အချက်တွေကိုရော ဆက်ပြီးတော့ ဆွေးနွေးနိုင်ပြီးတော့ NCA လက်မှတ်ထိုးနိုင်မယ့် အလားအလာ ဘယ်လိုရှိနေမလဲ။

ဖြေ - “ကျန်တဲ့အချက်တွေက ကျနော်တို့က အဓိကကတော့ ceasefire ထိုးပြီးတဲ့နောက်ပိုင်းမှာ ဖြစ်လာမယ့် အပစ်ရပ်ခိုင်မာရေးပေါ့နော်။ အဲဒါကို ဘယ်လိုလုပ်ကြမလဲဆိုတာ joint monitoring mechanism ခိုင်မာရေးကို သွားကြဖို့ နှစ်ဦးနှစ်ဘက်က လက်ခံတယ်။ လက်ခံတဲ့အပေါ်မှာ ဆက်ပြီးတော့ နည်းလမ်းတွေအပေါ်မှာတော့ ညှိကြရမှာပေါ့။”

ကိုဝင်းမင်း
VOA Burmese News


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းတဲ့ အမျှော်အမြင်နဲ့ရင့်ကျက်တဲ့ခေါင်းဆောင်မှု၊ အနစ်နာခံမှုနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် တကမ္ဘာလုံးက ကြည်ညိုလေးစားနေရပါကြောင်း၊ ယုံကြည် စိတ်ချရတဲ့ အိမ်နီးချင်းလက်တွဲဖော်နဲ့ မိတ်ဆွေကောင်းတွေအဖြစ် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ အတူ ပခုံးချင်းယှဉ် ယိုင်းပင်း ရပ်တည်သွားမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ မနက်ပိုင်းက နယူးဒေလီ မြို့တော်ရှိ ဝန်ကြီးချုပ်အိမ်တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် မိုဒီက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မြန်မာနဲ့အိန္ဒိယအကြား နယ်ခြားဒေသတလျောက် လုံခြုံရေး ပိုပြီးနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့၊ မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကို အပြန်အလှန် အသိမှတ်ပြုပြီး ၂ နိုင်ငံအကျိုးကို အလေးထားဆောင်ရွက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ်က ပြောကြားပါတယ်။

ကုလားတန်စီမံကိန်း၊ ၃ နိုင်ငံအမြန်လမ်းမကြီး စီမံကိန်းအပါအဝင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ကူညီတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၇ဝဝ ကျော် နည်းပညာနဲ့ငွေကြေး အကူအညီတွေဟာ မြန်မာ ပြည်သူတွေကို အခြေခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးသဘောတူရာမှာ စိုက်ပျိုးရေး၊ စွမ်းအင်ကိစ္စရပ်တွေပါဝင်ကြောင်းလည်း မစ္စတာမိုဒီကပြောပါတယ်။


အိန္ဒိယနိုင်ငံအနေနဲ့ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ပုဂံစေတီပုထိုးပြင်ဆင်ထိန်းသိမ်းရေး၊ မဏိပူရ်ပြည်နယ် မိုရေးမြို့ကနေ မြန်မာဖက်ခြမ်း တမူးမြို့ကို လျှပ်စစ်းမီးပိုမိုပေးပို့ရေး သဘောတူခဲ့သလို ဘီဟာပြည်နယ် ဗုဒ္ဓဂယာမှာ ရှိတဲ့ မင်းတုန်းမင်းနဲ့ ဘကြီးတော်ဘုရားကောင်းမှုစေတီတော်တွေနဲ့ ကျောက်စာတွေကို အိန္ဒိယရှေးဟောင်းသုတေသနအဖွဲ့က မကြာခင်ပြင်ဆင် ထိန်းသိမ်းပေးသွားမယ် လို့လည်း အိန္ဒိယဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန်က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ BIMSTEC ခေါ် ဘင်္ဂလား ပင်လယ်ကွေ့ နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရင်း အိန္ဒိယနိုင်ငံကို အလည်ပတ်ခရီးရောက်နေတာဖြစ်ပြီး မနေ့က အိန္ဒိယသမ္မတနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

Photo - Vikas Swarup
RFA Burmese
https://www.facebook.com/rfaburmese


ရန်ကုန် အောက်တိုဘာ ၁၉

ရပ်ကျေးအုပ်ချုပ်ရေးမှူးအား စစ်ဆေးမေးမြန်းခြင်း မရှိဘဲ တာဝန်မှ ရပ်နားခဲ့ခြင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရုံးမှ ပြန်လည် စီစစ်ရန် ညွှန်ကြားလာခြင်းကြောင့် ယနေ့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တာဝန်မှရပ်နားခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ စံပြကျေးရွာအုပ်စုရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးနိုင် အား တိုင်ကြားချက်ရှိသည်ဟုဆိုကာ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ တာဝန်ရပ်နားခဲ့ခြင်းကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်၊အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ပြန်လည်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့ ၉ လပိုင်း ၂၂ ရက်နေ့က ကျွန်တော့်ကို စစ်ဆေးမေးမြန်းမှု မရှိဘဲနဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။ ခရိုင်က ညွှန်ကြားချက်အရဆိုပြီး မြို့နယ်က ဖြုတ်လိုက်တယ်။ ခရိုင်ကို သွားပြီးစုံစမ်းတော့လည်း ခရိုင်က လုံးဝမသိပါဘူးလို့ ပြောတယ်။ ကျွန်တော့်အနေနဲ့ကတော့ သိက္ခာကျပါတယ်။ ဒါကြောင့် နေရာပြန်ယူမယ်။ ပြန်ရမှ ဆက်လုပ်တာ မလုပ်တာ တစ်ပိုင်းပေါ့ ”ဟု တာဝန်မှ ရပ်နားခံရသူ ဦးအေးနိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက တားမြစ်ထားသည့် ရွှေနံ့သာစံပြကျေးရွာ၊ (၂၂)လမ်းရှိ အမှတ် (၆၈၂) ရွာပိုင်မြေကွက်ကို ယခင်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ပတ်သက်သူများက ရောင်းစားခဲ့ ခြင်း၊ နေအိမ်ဆောက်လုပ်ခြင်းများပြုလုပ်သည်ကို ဦးအေးနိုင်က တားမြစ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တာဝန်မှရပ်နားခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ ဒီနေ့ ဖြစ်စဉ်မှာက ကျွန်တော့်ကို ကိုအေးနိုင်က သက်သေအနေနဲ့ တင်သွင်းထားလို့ သာမန်အရပ်သားအနေနဲ့ လာတာပါ။ ခွင့်ပြုချက်မဲ့ အိမ်ဆောက်တာကို ဆောက်တဲ့သူတွေက အပေါ်နဲ့ တော်တော်ပေါက်ပေါက်ရောက်ရောက်ရှိတယ်။ အခုလည်း စည်ပင်က တရားစွဲထားပါတယ်။ အဲ့ဒါကို ကိုအေးနိုင်က လိုက်ပြပါတယ်ဆိုပြီး ညိုးထားပုံရပါတယ်။ အခုတာဝန်က ရပ်နားတဲ့အထိ ဖြစ်လာတာပါ”ဟု မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအေးနိုင်အား တာဝန်မှ ရပ်နားခဲ့ခြင်းအကြောင်းကို ခိုင်မာသည့် အကြောင်းအရင်း မတွေ့ရှိရဘဲ လုပ်ထုံးလုပ်နည်းအရ ရပ်ကျေးအုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်နားမည်ဆိုပါက စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/


စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း နစ်မြုပ် သွားခဲ့တဲ့ ဟုမ္မလင်း-မုံရွာသွား အောင်စိုးမိုးကျော်(၂)ရေယာဉ်ကနေ အလောင်းတစ်ချို့ ထပ်မံဆယ်ယူ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရေယာဉ်နစ်မြုပ်မှုကြောင့်ချင်းတွင်းမြစ်တလျှောက်မှအလောင်းဆယ်ယူရရှိမှုစုစုပေါင်းကတော့ အောက်တိုဘာ(၁၉)ရက်မနက်ပိုင်းအထိ ၄၅ လောင်း ရှိနေပြီလို့ သိရပါတယ်။

 ကွယ်လွန်သူတွေအတွက် ရည်မှန်းပြီး သံဃာတော်တွေကို ပင့်ဖိတ်ကာ ရက်လည်ဆွမ်းကပ်ပြီး အနုမောဒနာတရားနာယူမှုကိုလည်း မိချောင်းတွင်းရွာမှာ အောက်တိုဘာ(၁၉)ရက် မနက်က ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်နိုင်နဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

ချင်းတွင်းမြစ်အတွင်းကအမြန်ရေယာဉ်နစ်မြုပ်တဲ့နေရာမှာလည်း သံဃာတော်တွေကို စက်လှေတွေနဲ့ ပင့်ဆောင်ကာ ပရိတ်တရားတော်တွေကို ရွတ်ဖတ် အမျှ အတန်းပေးဝေခဲ့ပါတယ်။

 ရေယာဉ်နစ်မြုပ်မှုကြောင့်ချင်းတွင်းမြစ်တလျှောက်ကအလောင်းတွေကိုဆယ်ယူခဲ့ရာမှာကနီမြို့ ရေဝါချောင်းထိပ်မှုာတင် အောက်တိုဘာ(၁၉)ရက်မနက်အထိ အလောင်း(၁၂)လောင်း ဆယ်ယူရရှိထားပြီးဖြစ်ကာ အဲဒီလို ရှာဖွေရေးနဲ့ကယ်ဆယ်ရေးဆောင်ရွက်နေပုံနဲ့ပတ်သက်ပြီးကနီမြို့မရဲစခန်းမှူးဒုရဲမှူးစိုးမြင့်ကရှင်းပြပါတယ်။

 အောက်တိုဘာ(၁၅)ရက်ကနစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်(၂)ရေယာဉ်ပေါ်မှာပညာရေးဝန်ထမ်းအများအပြားလည်းလိုက်ပါလာခဲ့ပါတယ်။

 ရေယာဉ်တိမ်းမှောက်မှုမှာ ပါဝင်ကာ အသက်ရှင်လျက် နေရပ်ပြန်သွားတဲ့ ဝန်ထမ်းစုစုပေါင်းစာရင်းကတော့ ၃၅ ဦး ဖြစ်ပြီး ပျောက်ဆုံးနေဆဲ ပညာရေး ဝန်ထမ်းစာရင်းကတော့ ၂၉ ဦး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင် ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

 ဓါတ်ပုံ - ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် လုပ်ငန်းစဉ်ကြေညာချက်ကို တွေ့ရစဉ်

လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်းတာတွေ၊ နာမည်စာရင်းစိစစ်တာတွေကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့အတွင်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နာမည် စာရင်းတွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးခွင့်ကာလကိုတော့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ သတ်မှတ်ပေးထားပြီး ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်နာမည်စာရင်းတွေကို ၂၀၁၇ ဧပြီလ ၂ ရက်နေ့ကနေ ၅ ရက်နေ့ အတွင်း ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၈နေရာမှာ အကျုံးဝင်တဲ့ ပြည်ပရောက်မဲဆန္ဒရှင်တွေဟာ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ ၁၅ တွေကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း သက်ဆိုင်ရာ သံရုံးတွေကို ပေးပို့ရမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese




ကျိုက္ကော်၊ အောက်တိုဘာ ၁၉

ကျေးလက်အလှူမင်္ဂလာနှင့် ပွဲလမ်းသဘင်များတွင် ဖွင့်သော သီချင်းများနှင့် ပတ်သက်၍ ကန့်သတ်ကြပ်မတ်မှုများရှိလာကြောင်း မွန်ပြည်နယ်၊ သထုံခရိုင်၊ သုဝဏ္ဏဝတီ(ယခင် ကျိုက္ကော်) မြို့နယ်အတွင်းရှိ ကျေးရွာများမှ သိရပါတယ်။
"ဘုန်းကြီးကျောင်းတွေမှာ လုပ်တဲ့အလှူဆိုရင် ဘာသာသနာနဲ့ပတ်သက်တဲ့ သီချင်းပဲ ဖွင့်ရပါ တယ်၊ မင်္ဂလာဆောင်ဆိုလည်း မင်္ဂလာသီချင်းပဲ ဖွင့်ရတယ်၊ တခြားသီချင်းတွေ ဖွင့်လို့မရဘူး၊ ဘုရားပွဲတွေမှာ ဒုန်းဒုန်းဒိုင်းဒိုင်း သီချင်းတွေ ဖွင့်လို့မရဘူး၊ ဖွင့်ခွင့်လည်း မပြုပါဘူး"ဟု ယင်းမြို့ နယ်အတွင်း ရှိ ငုတ္တို ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုပါတယ်။

ထိုသို့ကန့်သတ်ထားသည့် အကြောင်းကို မြို့နယ်သံဃမဟာ နာယကဆရာ တော်များ အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်များက အစည်းအဝေးပြုလုပ်ခဲ့ကြပြီးနောက် ကျေးရွာ အုပ်ချုပ် ရေး မှူးများမှတစ်ဆင့် ကျေးရွာ အတွင်းရှိ လူပျိုခေါင်းဆောင်၊ အပျိုခေါင်းဆောင်များထံသို့ အကြောင်းကြားထားကာ အသိပေးခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
"အလှူလုပ်မယ်ဆိုရင် ဖိတ်စာကိုကျေးရွာ အုပ်ချုပ်ရေးမှူးဆီကို နှစ်ရက်လောက်ကြိုတင် အကြောင်းကြား ပေးပို့ရပါတယ်"ဟု ကျေးရွာ အပျိုတော်ခေါင်းဆောင် တစ်ဦးဖြစ်သော ဒေါ်ရွှေလုံးက ဆိုပါတယ်။ ထိုအလှူပွဲတော်များအတွင်း မသက်ဆိုင်တဲ့ တေးသီချင်းများ ဖွင့်ပါက ကျေးရွာ အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေးမှုများ ပြုလုပ်၍ ဝန်ခံကတိရေးထိုးစေကြောင်းလည်း သိရပါတယ်။

ကျေးလက်ပွဲလမ်းသဘင်များအတွက် တေးသီချင်းဖွင့်လှစ်မှုကို နံနက် ၄နာရီမှ ည ၉ နာရီ အတွင်းသာ ခွင့်ပြုကန့်သတ်ထားလျက်ရှိပါတယ်။
"ရွာတွေမှာ အရင်တုန်းကဆိုရင် မင်္ဂလာဆောင်ရှိတဲ့အခါ ညလုံးပေါက် ကာရာအိုကေ ဆိုတာတွေ တေးသီချင်းဖွင့်တာတွေကို လုပ်လို့ရတယ်၊ ပျော်ဖို့လည်း အရမ်းကောင်းတယ်၊ အခုနောက်ပိုင်း ခွင့်မပြုတော့တဲ့အတွက် ညဘက်ဆိုရင် ည ၉နာရီ ထိုးတာနဲ့ ဖွင့်လို့မရတော့ဘူး၊ ဆောင်းဘောက်တွေကို အကုန်ပိတ်ရပါတယ်"ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းမင်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ဖြိုးဝေအောင်
ဓာတ်ပုံ- ငုတ္တိုရွာလမ်းမပေါ် မြင်ရစဉ်
china.com Myanmar
https://www.facebook.com/china.com.mm/



ရခိုင်ပြည်နယ် မောင်တော်မြို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန)
 ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်းကို ကုန်သည်လုပ်ငန်းရှင်များက ခေတ္တရပ်နားထားကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်း ရရှိသည်။

မြန်မာနိုင်ငံဘက် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူဝင်လူထွက်များ ပိတ်ထားခြင်း ၊ ညမထွက်ရအမိန့် ထုတ်ထားခြင်း တို့ကြောင့် ကျောင်း များလည်း ပိတ်ထားကြောင်း၊ မောင်တောတွင် အနယ်နယ် အရပ်ရပ်မှလာရောက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် မိမိနေရပ်ဒေသများသို့ ပြန်ကြသောဝန်ထမ်းများလည်း ရှိသကဲ့သို့ စစ်တွေမြို့သို့ သွားရောက်နေထိုင် ကြသည့် ဝန်ထမ်းများလည်း ရှိကြောင်း သိရသည်။

မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်ထိ နယ်စပ် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၀၈၉ သန်း ရှိကြောင်း တရားဝင် ထုတ်ပြန်သည့် စာရင်းဇယားများ အရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ရန်ကုန် အောက်တိုဘာ ၁၉

ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို လာမည့် သင်္ကြန်ကာလ၀န်းကျင်အတွင်း ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက China.com သို့ ပြောသည်။ လက်ရှိအချိန်တွင် တာဝန်ယူထားသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ယခင်အစိုးရလက်ထက် ရွေးချယ်ခဲ့သော အုပ်ချုပ်ရေးမှူးများဖြစ်ပြီး ရွေးချယ်သည့် စနစ်သည်လည်း ပြည်သူကို ကိုယ်စားပြုသည့် စနစ်မဟုတ်သောကြောင့် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် ရွေးချယ်ပွဲကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“သိပ်မကြတော့ဘူးဗျ။ ဒီတစ်ခေါက်မှာ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ဧည့်စာရင်းကိစ္စမှာ ပြည်သူ့လွှတ်တော်နဲ့ နည်းနည်း အမျိုးသားလွှတ်တော်နဲ့ သဘောထားကွဲလွဲသလိုမျိုး ဖြစ်သွားတဲ့ အခါကျတော့ ဒီတစ်ခေါက် လွှတ်တော်ပြန်ခေါ်လို့ ပြည်ထောင်စုလွှတ်တော်မှာ တစ်ကြိမ်ဆိုရင် ပြီးပါပြီ။ ပြီးတဲ့အခါကျတော့ သိပ်မကြာပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲကလည်း ရှိတော့ သင်္ကြန်ပြီး ဒါမှမဟုတ် သင်္ကြန်မတိုင်ခင် သင်္ကြန်ဝန်းကျင်ကာလမှာ ပြန်ရွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို ညွှန်ကြားထားပြီးပါပြီ။ ရွေးတာတော့ ပြန်ရွေးမှာပါ”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

တာဝန်ထမ်းဆောင်နေသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် ယခင်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အရေအတွက်သည် ပိုများပြီး မြေနေရာ ရောင်းစားမှုများ၊ ချစားခြင်းများ ရှိနေသောကြောင့် တိုင်ကြားထားခြင်းများနှင့် အမှုရင်ဆိုင်နေရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများလည်း ရှိနေကြောင်း ၎င်းကပြောသည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/



( ရာထူးကနေ ဖယ်ရှားခံရတဲ့ ရှမ်းပြည်နယ် NLD ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်ခင်မိုးမိုးနဲ့ ဦးတင်မောင်တိုးကို အောက်တိုဘာလ ၁၉ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းရှိ ယူနီစန်စားသောက်ဆိုင်မှာ တွေ့ရစဉ် )Photo: Win Naung Toe/ RFA
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၄ ဦးကို ပါတီကနေဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီကနေ့ နေပြည်တော်မှာ စတင် စစ်ဆေးခဲ့ပါတယ်။

ဦးဝင်းထိန် အပါအဝင် နှစ်ဖက်စလုံးကို နောက်တစ်ပတ်မှာ စတင်ကြားနာမှာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

ကော်မရှင်ခေါင်းဆောင် ဦးတင်ထွဋ်ဦး၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးနဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဒေါ်လဲ့လဲ့တို့က ရှမ်းပြည်နယ်က ဒေါ်ခင်မိုးမိုး၊ ဦးတင်မောင်တိုး၊ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့လေးဦးကို ဒီနေ့ စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုးအပါအ၀င် ၆ ဦးကို ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြီးခဲ့တဲ့ စက်တင်ဘာလက ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

အဲဒီလိုထုတ်ပယ်တာကို မကျေနပ်တဲ့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အယူခံဝင်သူတွေရှိ တာကြောင့် ပါတီက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးဟာ ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အောင်နိုင်ရေး အဖွဲ့နဲ့ ပူးပေါင်းမလုပ်ဆောင်ကြောင်းတဲ့အတွက် ပါတီကနေ ထုတ်ပယ်လိုက်တာ ဖြစ်သလို၊ တောင်ကြီးခရိုင် ပါတီဥက္ကဌ ဦးတင်မောင်တိုးဟာ ပြည်နယ်အစိုးရအဖွဲ့ကို ၀င်ပြီး စွက်ဖက်နေသလို ဖေ့ဘွတ်စ် မှာ ဦးဝင်းထိန် နဲ့ CEC အဖွဲ့ဝင်တွေကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေ တင်ခဲ့တဲ့ အတွက် ဦးဝင်းထိန်က ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



KIA တပ်ရင်း (၃) ဆဒုံ ဒေသမှာ မြင်ရတဲ့ အစိုးရ စစ်သား နှစ်ဦး
ကချင်ပြည်နယ်သို့ မြန်မာ အစိုးရတပ် စစ်အင်အား ဆက်လက် တိုး၍ ပို့ဆောင် နေခြင်းကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် တိုက်ပွဲ ပို ပြင်းထန် လာနိုင်ကြောင်း KIA ဘက်မှ ပြောပါသည်။
နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် KIA အမာခံ စခန်းများ ရှိရာ Nhkram Bum တောင် နှင့် Lai Hpawng Bum တောင် သို့ အောက်တိုဘာလ ၁၈ ရက်နေ့ ယမန်နေ့ည က စစ်ကူ အမြောက်အများ ထပ်၍ ရောက်ရှိလာသည်ဟု ဆိုသည်။

လိုင်ဇာ ဗဟိုဌာနချုပ် ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူက ယခုလို ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

“သူတို့ဘက် မနေ့ညကလည်း နေရာအနှံ့ တပ်အင်အားတွေ ဖြည့်ထားတာတွေ့ရတယ်။ အဲဒါတွေကို ပြန်ရုတ်သိမ်းဖို့ အခြေအနေလည်း မရှိတဲ့အတွက် တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်။ အဲကြောင့် ကျနော်တို့ လည်း သတိထားနေတယ်။”

ဗဟိုဌာနချုပ် Laiza နှင့် Laisin Bum လုံခြုံရေးအတွက် စစ်ရေး မဟာဗျူဟာ အရ အရေးပါသော KIA လှုပ်ရှားတပ်ရင်း DND D ၂၅၂ ၏ Nhkram Bum တောင် စခန်းများနှင့် KIA တပ်ရင်း (၃) Lai Hpawng Bum တောင် စခန်းများ ကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ယခု ရက်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။

ယမန်နေ့ည ကလည်း Nhkram Bum မှ Gidon စခန်းကို တပ်မတော်က လက်နက်ကြီးများနှင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်။ ယခုကဲ့သို့ ပစ်ခတ်မှုမှာ နေ့စဉ် ဖြစ်ပွားနေသည်ဟု ဒုဗိုလ်မှုးကြီး နော်ဘူက ပြောပါသည်။

လွန်ခဲ့တဲ့ တပတ်ကျော် အောက်တိုဘာ ၁၁ ရက်နေ့မှာ တပ်မတော် MIG ၂၉ ဂျက်တိုက် လေယာဉ် ၂ စီး က ယင်း တောင် နှစ်တောင်ရှိ KIA စခန်းများကို လေးကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့သည်။

ယခုလို တပ်မတော်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှု လုပ်ရပ်သည် “စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ထွန်းရေးကို ဖျက်ဆီးနေခြင်း” နှင့် “ပြည်တွင်း စစ်မီးကို ပိုမိုကြီးထွား ပြန့်နှံ့လာစေရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်” ဟု KIO ဗဟိုကော်မတီက အောက်တိုဘာ (၈) ရက်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Kachin News Group
http://burmese.kachinnews.com



တိမ်းမှောက်ရေယာဉ်မှ ဆယ်ယူရရှိသည့် အလောင်းတချို့
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်မှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ်ရဲ့ပဲ့ထိန်းကို ဖမ်းဝရမ်းထုတ်ထားပြီး ရာဇ၀တ်မှုအရ အရေးယူသွားဖို့ ကနီရဲစခန်းက အမှုဖွင့်ထားကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောပါတယ်။ ရေယာဉ်နစ်မြုပ်မှုအတွက် ပေါ့ဆမှု၊ မဆင်မခြင်မောင်းနှင်မှု ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၀ အရ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်ခဲ့တာကြောင့် တ၀က်နီးပါး ပျောက်ဆုံးနေဆဲဖြစ်သလို အောက်တိုဘာ ၁၈ ရက်အင်္ဂါညနေအထိ ၄၁ လောင်း ဆယ်ယူနိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

အောင်စိုးမိုးကျော်ရေယာဉ် ပြေးဆွဲဖို့ စီမံခန့်ခွဲနေတဲ့ အေးချမ်းသာဂိတ်ကတော့ ဟုမ္မလင်းက ထွက်ချိန်မှာ ရေယာဉ်ပေါ်လိုက်ပါသူ ၆၀ ကျော်သာရှိပြီး၊ လမ်းခုလတ်က လိုက်ပါသူတွေနဲ့ပါဆိုရင် လူ ၉၀ ကျော်သာရှိတယ်လို့ မီဒီယာတွေကို ပြောဆိုပေမဲ့ တကယ်တမ်း အောင်စိုးမိုးကျော်ရေယာဉ်ပေါ် လိုက်ပါခဲ့သူ ၃၀၀ ကျော်လောက် ရှိနိုင်တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေရော လူကယ်ပြန်ဌာနကပါ ခန့်မှန်းထားတာပါ။

အခုလို အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်ရတာဟာ သတ်မှတ်လူဦးရေထက် ပိုပြီး တင်ဆောင်ခဲ့တာဖြစ်ပြီး၊ ပေါ့ဆမှု မဆင်မခြင် မောင်းနှင်မှုတွေနဲ့ ပြစ်မှုဆိုင်ရာအရ အရေးယူသွားနိုင်ဖို့ ကနီရဲစခန်းက အမှုဖွင့်ထားကြောင်း စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“ဖမ်းဝရမ်းထုတ်ထားတာ ဟုတ်ပါတယ်။ ပေါ့ဆမှုကတော့ ဆိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ရေယာဉ်ပေါ်ပါလာတဲ့သူတွေရဲ့ ပြောပြချက်အရပဲ ပေါ့ဆတဲ့အပိုင်းက တော်တော်ဖြစ်နိုင်ချေများတယ်။ ဆွဲလှည့်လိုက်တဲ့အချိန်မှာ မော်တော်က မှောက်သွားတယ်။”

နစ်မြုပ်ခဲ့တဲ့နေ့က အောင်စိုးမိုးကျော်ရေယာဉ်မှာ ပဲ့ထိန်းအပါအဝင် ရေလုပ်သား ၅ ဦးလောက် လိုက်ပါ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရေလုပ်သား ၄ ဦးကို ဖမ်းဆီးထားပါတယ်။ ရေယာဉ်ပိုင်ရှင်နဲ့ ပဲ့ထိန်းဖြစ်သူ ဦးဇော်မျိုးဝင်းကတော့ ထွက်ပြေး တိန်းရှောင်နေဆဲ ဖြစ်ပါတယ်။ ဦးဇော်မျိုးဝင်းကို ရာဇ၀တ် မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၈၀၊ ပေါ့ဆမှုကြောင့် လူသေစေမှု ပုဒ်မ ၃၀၄ (က) အရ တရားစွဲဆိုနိုင်ဖို့ ဖမ်းဝရမ်းထုတ်ထားတာဖြစ် ပါတယ်။ ပုဒ်မ ၂၈၀ အရပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၆ လအထိ ကျခံရမှာဖြစ်ပြီး၊ ပုဒ်မ ၃၀၄ (က) အရ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။ အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ချိန်မှာ အသက်မသေပဲ ကျန်ရစ်ခဲ့သူ မမျိုးပပလှိုင်ကတော့ ရေယာဉ်ပေါ်က အနေအထားတွေကို ပြန်ပြော ပြပါတယ်။

“လူက ၃၀၀ ကျော်လောက် တင်ထားတယ်။ ဆိုင်ကယ်လ်ကလည်း အစီး ၂၀ လောက်ရှိမယ်။ နောက်ပြီးတော့ သွပ်ပြားတွေလည်းပါတယ်။ ၀န်က မမျှဘူး။ ကုန်းပတ်တောင်မှ ရေထိနေပြီ။ ၀ိတ်တွေက အရမ်းများတော့ အဲ့လောက်ကြီး မနိုင်ဘူး သယ်လို့မရဘူး။ အန္တရာယ်ရှိ မရှိ စစ်ဆေးတာမျိုးလည်း မတွေ့ဘူး။ မော်လိုက်ကနေ ၈ နာရီ ၄၀ မှာ စလိုက်တာ။ မကြာဘူး နစ်မြုပ်သွားတယ်။ အဲဒီ ၀ဲ အကွေ့ကို ကွေ့လိုက်တဲ့အချိန်မှာ စောင်းပြီးတော့ မှောက်သွားတယ်။”

အခုလို ရေယာဉ်ရဲ့ ခံနိုင်ရည်ဝန်ထက် ကျော်လွန်ပြီး လူရောကုန်ပစ္စည်းတွေကိုပါ အဆမတန်တင်တဲ့ အန္တရာယ်များတဲ့ လုပ်ရပ်မျိုး နောင်မှာ ဆက်မဖြစ်စေဖို့ စည်းကမ်းတင်းကြပ် လုပ်ဆောင်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

“စည်းကမ်းပိုင်းကတော့ အများကြီး လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နှစ်ယောက်ပါလို့ ပါမှန်းမသိဘူး။ ဘယ်နှစ်ယောက် သေလို့ သေမှန်းတောင် မသိဘူး။ စာရင်းအတိအကျ ကျနော်တို့ မလိုက်နိုင်တဲ့ အခြေအနေမှာ အဲ့အပိုင်းကတော့ အများကြီး လုပ်ဖို့ လိုပါတယ်။”

အောင်စိုးမိုးကျော်ရေယာဉ်ဟာ လူ ၃၆ ဦးသာ တင်ဆောင်နိုင်ခွင့်ရှိတဲ့ ယာဉ်အဖြစ် မှတ်ပုံတင်ထားတာပါ။ နစ်မြုပ်နေတဲ့ ဒ်ီရေယာဉ်ကို တာဝန်ရှိသူတွေက ဆယ်ယူဖို့ကြိုးစားနေပေမဲ့ ခုချိန်ထိ အပြီးသတ် ဆယ်ယူနိုင်တာမျိုးတော့ မရှိသေးပါဘူး။

ကိုဉာဏ်ဝင်းအောင်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com