11/06/16

 မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၆ ရက်နေ့က ကြက်၊ ဘဲဈေးကို သွားရောက်စစ်ဆေးစဉ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၆ ရက်နေ့က ကြက်၊ ဘဲဈေးကို သွားရောက်စစ်ဆေးစဉ်
Photo: Kyaw Lwin Oo/ RFA

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ်က ကြက်ဘဲဈေးမှာ မှုခင်းတွေလျော့ကျစေဖို့နဲ့ ဈေးလုံခြုံရေး အတွက် CCTV ကင်မရာအလုံး ၁၇၀ ကျော်ကို တစ်လအတွင်း အပြီးတပ်ဆင် သွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ဒီကြက်ဘဲဈေးဟာ ရန်ကုန်တစ်မြို့လုံးအတွက် ရောင်းဝယ်ဖောက်ကားနေတာဖြစ်လို့ ဈေးမှာမှုခင်းတွေကျ ဆင်းစေဖို့အတွက် CCTV တွေတပ်ဆင်ဖို့ လိုတယ်လို့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်အမှတ် ၂ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

တပ်ဆင်မယ့် CCTV လုံခြုံရေး ကင်မရာတွေကို ဈေးသူ၊ ဈေးသားတွေနဲ့ စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး တပ်ဆင်မှာဖြစ်ပါတယ်။

ကြက်ဘဲဈေးအနီး ပုသိမ်ညွန့်ရပ်ကွက်မှာ နေထိုင်သူတွေက ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်သားတွေ ခိုက်ရန်ဖြစ်ပွားတာတွေ၊ စည်းကမ်းမဲ့တာတွေကို တိုင်ကြားတာကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဈေးသူဈေးသားတွေ၊ ဈေးတာဝန်ခံတွေ၊ စည်ပင်ကတာဝန်ရှိ သူတွေနဲ့ ဒီကနေ့ တွေဆုံခဲ့ကြတာဖြစ်ပါတယ်။

ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်သားတွေ ခိုက်ရန်ဖြစ်ပွားတာတွေလျော့နည်းအောင် ဈေးပတ်ဝန်းကျင်က အရက်ဆိုင်တွေကို စိစစ်အရေးယူသွားဖို့ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းသွားမယ်လို့လည်း လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။
RFA


ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSSနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ စိစစ်ရေး အဖွဲ့ရဲ့ အစီရင်ခံစာကို လာမယ့် နိုဝင်ဘာလလယ်မှာ ပြုလုပ်မယ့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အစည်းအဝေးမှာ တင်ပြသွားမယ်လို့ စိစစ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။

အဲဒီ JMC-U အစည်းအဝေးမှာ ဘယ်အဖွဲ့က NCA စာချုပ်ပါ အချက်တွေကို ချိုးဖောက်မူတွေရှိခဲ့လဲ ဆိုတာကို စိစစ်ပြီး သက်ဆိုင်ရာ တပ်ဖွဲ့ကို အရေးယူဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

တိုက်ပွဲကိစ္စကို စုံစမ်းစစ်ဆေးခဲ့တဲ့ JMC-U စိစစ်အတည်ပြုရေးအဖွဲ့မှာ အရပ်သားနဲ့ တပ်ဘက်က ကိုယ်စားလှယ် အဖွဲ့ဝင် ၆ ဦးပါဝင်ပြီး ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေက ဒေသခံတွေ၊ နှစ်ဖက်တပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထိန်းချုပ် နယ်မြေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်က ဘိန်းဖြတ်စခန်းကို တပ်မတော် က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နမ့်လန်၊တုံလောနဲ့ မိုင်ကိုင်ဒေသတွေမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ် ပွားခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေမဖြစ်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမူတွေ လုပ်ဖို့လိုတယ်လို့လည်း JMC-U စိစစ် အတည်ပြုရေး အဖွဲ့မှာပါဝင်တဲ့ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင် က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ပြည်ထောင်စုအဆင့် ၊ တိုင်းနဲ့ ပြည်နယ် အဆင့်နဲ့ ဒေသဆိုင်ရာ အဖွဲ့ဆိုတဲ့ အဆင့် သုံးဆင့်နဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး လက်ရှိမှာ တော့ တိုင်းနဲ့ ပြည်နယ်အဆင့် အတွက် ဒေသ ၅ နေရာမှာ ဖွဲ့စည်းပြီးဖြစ်ပါတယ်။
RFA



ဈေးကွက်တွင်ရောင်းချနေသည့် ဆေးလိပ်အမျိုးအစားများအားတွေ့ရစဉ် (ဆင်ဟွာ)
   ဝါရှင်တန်၊ နိုဝင်ဘာ ၆ရက် (ဆင်ဟွာ)

    တစ်ရက်လျှင် ဆေးလိပ် တစ်ဘူးသောက်သုံးသူများသည် နှစ်စဉ် ၄င်းတို့၏ အဆုတ်အတွင်း ပျမ်းမျှအားဖြင့် ဗီဇပြောင်းလဲမှု ၁၅၀ကျော်ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ သိရပြီး အဆိုလေ့လာချက်သည် ဆေးလိပ်သောက်သုံးသူများ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မည်မျှမြင့်တက်မှုရှိသည်ကို ရှင်းပြရာ၌ အထောက်အကူပြုကြောင်း သိရသည်။

အဆိုပါလေ့လာချက်အရ ဆေးလိပ် တစ်နေ့တစ်ဘူး သောက်သုံးမှုသည် အဆုတ်အပြင် အခြားသော အင်္ဂါအစိတ်အပိုင်းများတွင်လည်း ဆိုးကျိုးသက်ရောက်မှုရှိစေကြောင်း သိရသည်။

Los Alamos အမျိုးသား ဓါတ်ခွဲခန်း တွဲဖက်ဦးဆောင်သူ စာရေးဆရာ Ludmil Alexandrov က ယခင်က ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာရောဂါ ဆက်စပ်နေသည့် သိသာထင်ရှားသော သက်သေသာဓကများ ရှိခဲ့ပြီး ယခုအခါ ဆေးလိပ်သောက်ခြင်းကြောင့် DNA အတွင်းရှိ မော်လီကျူးပြောင်းလဲမှုများအား အမှန်တကယ် လေ့လာတွက်ချက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ရှိချက်အား ယခုအပတ်ထုတ် အမေရိကန် သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဆေးလိပ်တွင် ကင်ဆာရောဂါဖြစ်ပွားစေသည့် ဓာတုပစ္စည်း ၇၀ကျော်အပါအဝင် ဓာတုပစ္စည်း ၇,၀၀၀ကျော် ပါဝင်နေကြောင်း သိရသည်။ ယခင်လေ့လာတွေ့ရှိချက်များအရ ဆေးလိပ်ငွေ့နှင့် တိုက်ရိုက်ထိတွေ့မှုမရှိသည့် တစ်သျှူးအတွင်း ကင်ဆာဖြစ်ပွားမှုအပါအဝင် ကင်ဆာ ၁၇မျိုးဖြစ်ပွားမှုနှုန်း မြင့်တက်လာမှုသည် ဆေးလိပ်သောက်သုံးမှုနှင့် ဆက်စပ်နေသည်ကို သိရှိခဲ့သော်လည်း ဆေးလိပ်သောက်သုံးခြင်းကြောင့် မည်သို့ ကင်ဆာရောဂါဖြစ်ပွားလာကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိသေးကြောင်း သိရသည်။

ယင်းအကြောင်းအရာအား လေ့လာရန် သုတေသန ပညာရှင်များသည် ကင်ဆာအကျိတ်ပေါင်း ၅,၀၀၀ ကျော်အား ဆန်းစစ်ကာ ဆေးလိပ်သောက်သူ၏ ကင်ဆာအကျိတ် နှင့် ဆေးလိပ်လုံးဝမသောက်သုံးသူ၏ ကင်ဆာအကျိတ် တို့ကို နှိုင်းယှဉ်ကြည့်ခဲ့ကြောင်း သိရသည်။

ထိုသို့လေ့လာရာ၌ ပညာရှင်များသည် အထူးသဖြင့် ဗီဇပြောင်းလဲမှုဆိုင်ရာထင်ရှားသည့် အမှတ်သင်္ကေတများ ဟုခေါ်သည့် DNA ပျက်စီးမှု၏ ပုံမှန်မဟုတ်သည့် မော်လီကျူးဖွဲ့စည်းပုံများကို တွေ့ရှိခဲ့ပြီး ၄င်းတို့သည် ကင်ဆာအကျိတ်အမျိုးမျိုး ၌ ယင်း ပုံမှန်မဟုတ်သည့် မော်လီကျူးဖွဲ့စည်းပုံများကို ရေတွက်ခဲ့ရာ ပညာရှင်များသည် အနည်းဆုံး DNA ပျက်စီးမှု၏ ကွဲပြားသော ဖြစ်စဉ် ၅ခုသည် ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဆေးရွက်ကြီးပါဝင်သည့် ဆေးလိပ်သောက်သုံးမှုကြောင့် နှစ်စဉ် လူပေါင်း ၆သန်းထက်မနည်း သေဆုံးလျက်ရှိပြီး ယခုအရေအတွက်နှုန်းဖြင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပွားနေပါက ၂၁ရာစုနှစ်အတွင်း ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးသူဦးရေသည် တစ်ဘီလီယံရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ခန့်မှန်းခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က အဆောက်အအုံတစ်ခုပုံ
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က အဆောက်အအုံတစ်ခုပုံ
.
ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အထပ်မြင့်အဆောက်အဦး ၁၃၀ ကျော်ထဲက ၁၂၀ ကျော် ကို နိုဝင်ဘာလအတွင်း ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်လို့ ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက် အအုံများ တည်ဆောက်မှုစိစစ်ရေး ကော်မတီ ကပြောပါတယ်။
ခွင့်မပြုဘဲကျန်နေတဲ့ အဆောက်အဦး ၁၀ လုံးကတော့ တည်နေရာနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်နဲ့ ညှိနှိုင်းဖို့ ကျန်ရှိနေတာဖြစ်ကြောင်း ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ တည်ဆောက်မှုစိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောပါတယ်။
ဆောက်လုပ်ခွင့်ပြန်လည်ပေးလိုက်တဲ့ အဆောက်အဦးတွေအနေနဲ့ မီးသတ်ဦးစီးဌာန၊ စည်ပင် သာယာရေး ကော်မတီတို့ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းလိုက် နာဆောင်ရွက်ပြီး ဆောက်လုပ်ဖို့ ကော်မတီက စိစစ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ အဆောက်အအုံတွေကို မြို့ပြအင်္ဂါရပ်နဲ့ ညီ၊ မညီ စစ်ဆေးဖို့ ဆိုပြီး ပြီးခဲ့တဲ့ မေလကတည်းက တည်ဆောက်မှုတွေကို ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။
၆ လနီးပါးရပ်ဆိုင်းထားရတဲ့ အဲ့ဒီအဆောက်အဦးတွေကို ကော်မတီကစိစစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံတင်ပြထားတာ တစ်လနီးပါး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ စိစစ်ရေးကော်မတီရဲ့ ပြန်လည် ဆောက်လုပ်ဖို့ ခွင့်ပြုချက်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်က အခင်းဖြစ်ပွားခဲ့တဲ့နေအိမ်ကို တွေ့ရစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်က အခင်းဖြစ်ပွားခဲ့တဲ့နေအိမ်ကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖခင်ဖြစ်သူက ကလေးငယ် ၅ ယောက်ကို ဓားနဲ့ ခုတ်တဲ့အတွက် ၂ ဦးသေဆုံးပြီး ဖခင်ဖြစ်သူကလည်း မိမိကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့ပါတယ်။

လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ အိုက်ကျုံး (ခေါ်) အိုက်ကျွမ်းဟာ မနေ့ည (၁၀) နာရီလောက်မှာ အသက် ၂ နှစ်ကနေ ၁၂ နှစ်အရွယ်လောက်အထိရှိတဲ့ ကလေးငယ် ၅ ယောက်ကို အိပ်ခန်းထဲခေါ်ပြီး ဓားနဲ့ခုတ် ကာ မိမိကိုယ်ကိုပါ သတ်သေဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးကြောင့် ဖြစ်တာဟုတ် မဟုတ် ကိုတော့ ဆေးရုံက စစ်ဆေးနေတုန်းပဲလို့ လားရှိုးအမှတ် (၁)ရဲတပ်ဖွဲ့ စခန်းက ဒုရဲမှူး ကျော်နိုင်က ပြောပါတယ်။

ဓားနဲ့အခုတ်ခံခဲ့ရတဲ့ ကလေးငယ် နှစ်ဦီးသေဆုံးပြီ ကျန်သုံးဦးနဲ့ ကျူးလွန်တဲ့ ဖခင်ဖြစ်သူကတော့ ဒဏ်ရာတွေကြောင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကူသမှု ခံယူနေရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖခင်ဖြစ်သူက ကလေးငယ် ၅ ယောက်ကို ဓားနဲ့ ခုတ်တဲ့အတွက် ၂ ဦးသေဆုံးပြီး ဖခင်ဖြစ်သူကလည်း မိမိကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့ပါတယ်။

လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ အိုက်ကျုံး (ခေါ်) အိုက်ကျွမ်းဟာ မနေ့ည (၁၀) နာရီလောက်မှာ အသက် ၂ နှစ်ကနေ ၁၂ နှစ်အရွယ်လောက်အထိရှိတဲ့ ကလေးငယ် ၅ ယောက်ကို အိပ်ခန်းထဲခေါ်ပြီး ဓားနဲ့ခုတ် ကာ မိမိကိုယ်ကိုပါ သတ်သေဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးကြောင့် ဖြစ်တာဟုတ် မဟုတ် ကိုတော့ ဆေးရုံက စစ်ဆေးနေတုန်းပဲလို့ လားရှိုးအမှတ် (၁)ရဲတပ်ဖွဲ့ စခန်းက ဒုရဲမှူး ကျော်နိုင်က ပြောပါတယ်။

ဓားနဲ့အခုတ်ခံခဲ့ရတဲ့ ကလေးငယ် နှစ်ဦီးသေဆုံးပြီ ကျန်သုံးဦးနဲ့ ကျူးလွန်တဲ့ ဖခင်ဖြစ်သူကတော့ ဒဏ်ရာတွေကြောင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကူသမှု ခံယူနေရပါတယ်။
RFA


ကာလာ ဘရောင်းနဲ့ နဲ့ရည်းစားဖြစ်သူ ချာလီ ကာဗာ (အပေါ်) နဲ့ တော့ ခိုးဟစ်ပ် (အောက်) ကာလာ ဘရောင်းနဲ့ နဲ့ရည်းစားဖြစ်သူ ချာလီ ကာဗာ (အပေါ်) နဲ့ တော့ ခိုးဟစ်ပ် (အောက်)
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ အမျိုးသမီးတဦးကို ခွေးတကောင်လို သံကြိုးနဲ့ ချုပ်နှောင်ပိတ်လှောင်ထားလို့ ဖမ်းဆီးခံရသူဟာ အရင်က လူ ၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ၀န်ခံပြောဆိုပါတယ်။

အသက် ၄၅ နှစ်အရွယ် တော့ ခိုးဟစ်ပ် Todd Kohlhepp ဟာ ၂၀၀၃ ခုနှစ်က လူ ၄ ယောက်ကို သတ်ဖြတ်မှုတာဝန်ရှိတယ်လို့ ဒေသခံလုံခြုံရေးအရာရှိကို ၀န်ခံပြောဆိုခဲ့တာပါ။

သူခြံထဲမှာ လူ ၂ ယောက်ရဲ့အလောင်းကို မြှုပ်နှံထားတယ်ဆိုတဲ့ နေရာကိုလည်း တခြားရဲအရာရှိ ၂ ယောက်ကို ခေါ်ပြီးပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က ၉၅ ဧကရှိတဲ့ ခြံထဲမှာ လူသေအလောင်းတလောင်းကို တွေ့ရှိခဲ့ပြီး ခိုးဟစ်ပ်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ခိုးဟစ်ပ်ကို သူ့ခြံထဲက ကွန်တိန်နာတလုံးထဲမှာ ခွေးချည် သံကြိုးနဲ့ ချည်ပြီး ပစ်ထားခံရတဲ့ မစ္စ ကာလာ ဘရောင်းကို ရဲက တွေ့ရှိခဲ့ပြီး ဖမ်းဆီးထားတာပါ။

အဲဒီ ကာလာ ဘရောင်းနဲ့ နဲ့ရည်းစားဖြစ်သူ ချာလီ ကာဗာ တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့ကမှ အမျိုးသမီးကို ကွန်တိန်နာထဲ သံကြိုးတွေချည်ပြီး ပိတ်လှောင်ထားတာကို ရဲတွေက တွေ့ရှိခဲ့တာပါ။ သူ့ရဲ့ရည်းစားဖြစ်သူကို ခိုးဟစ်ပ်က သူ့ရှေ့မှာပဲ ပစ်သတ်ခဲ့တယ်လို့ ချုပ်နှောင်ခံရတဲ့ ကာလာ ဘရောင်းက ပြောဆိုပါတယ်။
DVB TV News

နေပြည်တော် နိုဝင်ဘာ ၆

၂၀၁၆ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်၌ကျင်းပရာ နိုင်ငံ တော်သမ္မတ ဦးထင်ကျော် တက်ရောက်ကြည်ညိုပြီး ကထိန်လျာသင်္ကန်း ဆက်ကပ်လှူ ဒါန်းသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေ ချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာ့ မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်း ပူဇော်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များ ကို နာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ က၀ိသာရထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယသမ္မတဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ အမျိုး သားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေ မန်းနှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန် ပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ ထံမှ ကထိန်အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
ယနေ့ကျင်းပသည့် ၂၀၁၆ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ အဖွဲ့၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ငွေကျပ် (၃၁၆၃၄၈၅၀ )တန်ဖိုးရှိ ပဒေသာပင်များနှင့် န၀ကမ္မလှူဒါန်းငွေ ကျပ်(၂၇၂၉၅၃၀၀) လှူဒါန်းခဲ့ကြသည့်အတွက် စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေကျပ် (၅၈၉၃၀၁၅၀) ဖြစ်ကြောင်းသိရသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာ တော်အမှူးပြုသော ဆရာတော် သံဃာတော်များအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
MOI Webportal Myanmar



အလကားရတဲ့ ​လေကို
လွယ်​လွယ်​ ပါးစပ်​နဲ့မှုတ်​သွင်းရတာ​တောင်
ပူစီ​ပေါင်းတလုံးအဖြစ်​ ​ရောက်​ဖို့ အချိန်​​ပေးရ​သေးတယ်​...

မြန်​မာပြည်​သည်​ စိုက်​ပျိုး​ရေးနိုင်​ငံဖြစ်​သည်​လို့ ​အော်​ကျက်​ခဲ့ရတဲ့စာ​တွေကပဲ ​ကျောင်းပြန်​သွားသလား မ​ပြောတတ်​ဘူး..

ဒီ​လောက်​..
လယ်​​တွေသိမ်း
ယာ​တွေသိမ်းနဲ့ ​တောင်​သူလယ်​သမား​တွေကို နှိပ်​ကွပ်​ခဲ့တဲ့ကာလ​တွေအလွန်​၊ ဖြစ်​လာတဲ့အစိုးရလက်​ထက်​၊ ဒီအချိန်​​လေးအတွင်းမှာ ဘာ​တွေများ​မျှော်​လင့်​​နေကြလဲ မ​ပြောတတ်​ဘူး

နိုင်​ငံရဲ့အဓိကဝင်​​ငွေဟာ စိုက်​ပျိုး​ရေးက​နေရတယ်​ဆိုတာကြီးကို အာ​ပေါက်​​အောင်​ကျက်​ခိုင်းပြီး ဟိုဟာ​ရောင်းစား၊ ဒီဟာ​ရောင်းစားနဲ့ အထည်​ကြီးပျက်​နိုင်​ငံက ဘာ​တွေများ ဟုန်းခနဲဆိုထိုးတက်​သွားစရာရှိလို့ပါလိမ့်​...

လောကမှာ ..
မရှိတာထက်​ မသိတာခက်​တယ်
မသိတာထက်​ သိချင်​​ယောင်​​ဆောင်​ပြီး
အမှန်​တရားကို မသိချင်​တာက သာ၍ခက်​ပါတယ်​...

ကိုယ်​နိုင်​ငံအ​ကြောင်း ကိုယ်​သိရင်​ကို ဒီအချိန်​​လေးအတွင်းမှာ ဘာမှလုပ်​မရဘူးဆိုတာ သိပါလိမ့်​မယ်​...
စိုက်​ပျိုး​ရေး အဓိကထားတဲ့နိုင်​ငံအ​နေနဲ့ ဒီ​ခြောက်​လအတွင်း ဘာသီးနှံ​တွေစိုက်​ပြီး​တော့များ တိုးတက်​ချင်​​နေကြသလဲ မ​ပြောတတ်​...

စိုက်​သမျှသီးနှံ၊ ထွက်​သမျှသီးနှံ​တွေကလည်း နည်းပညာအားနည်းခြင်း၊ မိုး​လေဝသမမှန်​ခြင်း၊ ​ဈေးနှိမ်​ခံရခြင်း​တွေ​ကြောင့်​ အမြတ်​အစွန်းထက်​ အရင်း​တောင်​မနည်းပြန်​နှိုက်​ထုတ်​​နေကြရတဲ့ အဖြစ်​ကို သိ​စေချင်​စမ်းပါဘိ...
သီးနှံရလာရင်​​တောင်​ ပြည်​ပဝယ်​လက်​မရှိရင်​ အရင်းရှုံး​နေတဲ့ စိုက်​ပျိုး​ရေးနဲ့ နိုင်​ငံဘယ်​လိုတိုးတက်​ပါ့မလဲ.. ?

အစိုးရအဆက်​ဆက်​ စိုက်​ပျိုး​ရေးကို အား​ပေးခဲ့ကြသလားဆိုပြန်​​တော့ ​ချေး​တော်​​ငွေ​လေး​တောင်​ သူ့အချိန်​နဲ့သူ ကိုက်​ညီ​အောင်​ မ​ပေးနိုင်​​သေးပါဘူး...
သီးနှံ​မြေချချိန်​​ကျော်​ပြီး အပင်​​ပေါက်​​တွေရမှပဲ ​ချေး​တော်​​ငွေရကြတဲ့အဖြစ်​ကို ​တောင်​သူ​တွေသာ အသိဆုံးအဖြစ်​မှာပါ...

ကိုယ်​တိုင်​ စပါးတပင်​ဖြစ်​​အောင်​ မစိုက်​ဖူးတဲ့သူ​တွေက​တော့ ဒီဒုက္ခ​တွေ ဘယ်​သိနိုင်​ပါ့မလဲ...
မျက်​စိ​ရှေ့က ပိုက်​ဆံ​တွေဝင်​ထွက်​​နေတာကို ကြည့်​ပြီး မြန်​မာပြည်​ရဲ့စီးပွား​ရေးအတက်​အကျအတွက်​ အစိုးရသစ်​ကိုအပြစ်​တင်​​နေဖို့ဆိုတာ အင်​မတန်​ဉာဏ်​နဲလွန်းပါတယ်​...

အစိုးရသစ်​ဟာဆိုရင်​ ဘဏ္ဍာ​ရေးခွဲတမ်းတခုကို​တောင်​ တာဝန်​မယူရ​သေးပါဘူး..
၂၀၁၆ - ၁၇ ဘဏ္ဍာ​ရေးနှစ်​အတွက်​ အရင်​အစိုးရမဆင်းခင်​မှာပဲ ခွဲ​ဝေ​ပေးခဲ့ပြီး ဖြစ်​ပါတယ်
အဲဒီအတွက်​ ရတဲ့​ငွေနဲ့ ဖြစ်​​အောင်​လုပ်​​နေကြတဲ့အ​ခြေအ​နေပါ
(အ​နောက်​စည်းရိုးကာဖို့ကိစ္စအပါအဝင်​ ​ငွေ​ကြေးချ​ပေးသွားတာဟာ အရင်​အစိုးရလက်​ထက်​ပါ)

နိုင်​ငံတကာရင်းနှီးမြှုပ်​နှံမှုဆိုတာကလည်း အရင်​အစိုးရလက်​ထက်​မှာ အုံနဲ့ကျင်းနဲ့ဝင်​​ရောက်​ခြင်းမျိုး မရှိ​သေးပါဘူး
အခု အစိုးရသစ်​တက်​လာမှ ဖိတ်​​ခေါ်​နေတုန်းရှိပါ​သေးတယ်​..
နိုင်​ငံတကာက ရင်းနှီးမြှုပ်​နှံသူ​တွေကလည်း တိုင်းပြည်​ရဲ့ လုံခြုံ​ရေး၊ ​မြေ၊ ​ရေ၊လျှပ်​စစ်​မီး ကအစ ဘာတခုမှ စိတ်​ချရ​သေးတာ မဟုတ်​​တော့ ဝင်​လာဖို့ အင်​မတန်​စဉ်းစား​နေကြပါလိမ့်​မယ်​...

ဒီ​လောက်​အ​ခြေခံကျတဲ့ တိုင်းပြည်​စီးပွား​ရေးအ​ခြေအ​နေကို​တောင်​ မတွက်​ချက်​တတ်​ပဲ တိုင်းပြည်​ကဘာမှ တိုးတက်​မလာဘူးဆိုပြီး ​သောက်​​ဖောင်းထိုင်​ထု​နေဖို့ဆိုတာ အ​တော်​ကို ဆင်​ခြင်​တုံတရားမဲ့လွန်းပါတယ်

အစိုးရအဖွဲ့ဝင်​​တွေနဲ့ လွှတ်​​တော်​အမတ်​တချို့ အသုံးမကျတာ​တွေရှိမယ်​၊ သုံးစားမရတာ​တွေရှိမယ်​..
ဒါ​တွေက တဖြည်းဖြည်း ဖြုတ်​လိုက်​၊ အ​ရေးယူလိုက်​နဲ့ ပြင်​ဆင်​သွားရမယ့်​အရာ...
သေချာတာက​တော့ ဘယ်​ဝန်​ကြီးမှ ခိုးမစား​တော့ဘူး..
လာဘ်​​ပေးလာဘ်​ယူမှုရှိရင်​လည်း တိုင်​လို့ရပြီ..
အရင်​ကတည်းက အရင်​အစိုးရလက်​ထက်​ကလူ​တွေနဲ့ ​ပေါင်းပြီးပျက်​စီး​နေတဲ့ ​ခေါက်​ရိုးကျိုးဝန်​ထမ်း​တွေက​တော့ ရှိ​နေအုံးမှာပဲ..
ဒါ​တွေလည်း အ​ရေးယူကြဖို့​တော့ လို​နေ​သေးတယ်
မထိရဲတာလား
တကယ်​မသိတာလား
တိုင်​မယ့်​သူ မရှိတာလား​တော့ မသိဘူး

အတွင်းဝန်​တို့၊ ညွှန်​ချုပ်​တို့၊ ဦးစီးမှုးတို့ဆိုတာ​တွေက အ​ရေးပါတဲ့လူ​တွေဆိုတာ သိကြမယ်​ထင်​ပါတယ်
အဲဒီလူ​တွေရဲ့ တချို့​သောက်​ကျင့်​​တွေက ပြင်​မရ​အောင်​​ခေါက်​ရိုးကျိုး​နေတာ​တွေ ရှိလိမ့်​မယ်​..
ဒါ​တွေကို ပြင်းပြင်းထန်​ထန်​အ​ရေးယူရလိမ့်​မယ်​...

ပြောရမယ်​ဆိုရင်​ အစိုးရသစ်​အ​နေနဲ့ လာဘ်​​ပေးလာဘ်​ယူမှုနဲ့ မသမာမှု​တွေကို ကိုင်​တွယ်​အ​ရေးယူမှု အင်​မတန်​အားနည်း​နေ​သေးတာကို ​တွေ့​နေရတယ်​...
အားရစရာမ​ကောင်းဘူးလို့ ​ပြောရမယ်

တဖန်​..
မသမာမှု​တွေ ရှိတယ်
မတရားမှု​တွေ ရှိတယ်
လာဘ်​​ပေးလာဘ်​ယူမှု​တွေရှိတယ်​လို့ ​ပြောကြသူ​တွေကလည်း တကယ်​ထိ​ရောက်​​အောင်​၊ အ​ရေးယူလို့ရ​အောင်​ ကူညီနိုင်​စွမ်းမရှိကြဘူး..
ဆိုးတာက တိုင်​တာနဲ့ တိုင်​တဲ့လူပြုတ်​သွားတဲ့ သာဓက​တွေကလည်း များ​တော့ အခက်​သား...
တိုင်​တဲ့လူရဲ့ လုံခြုံ​ရေးကို အာမခံနိုင်​စွမ်းမရှိ​သေးတာကလည်း တရားဥပ​ဒေစိုးမိုး​ရေးအတွက်​ အဓိကလိုအပ်​ချက်​ကြီး ဖြစ်​​နေ​သေးတယ်​...

အ​မေစု ​ပြောသလိုပဲ..
ကျမတို့အစိုးရ မလိမ်​ဘူး၊ မခိုးဘူး၊ ပြည်​သူကို အနိုင်​မကျင့်​ဘူးဆိုတာက​တော့ ​သေချာပါတယ်

ကျန်​တာက​တော့ ပြည်​သူ​တွေအ​နေနဲ့ ပြည်​သူ့တာဝန်​​ကျေပြီး အစိုးရသစ်​နဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ဖို့ပါပဲ...

ကြည့်​​သောသူ မြင်​ကြပါလိမ့်​မယ်
ပညာရှိ​သောသူများ မြင်​​အောင်​ကြည့်​ပါလိမ့်​မယ်​...

YaeTayZa #​တောကဘကြီး


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အရှေ့ဘက်ရပ်ကွက်၊ အိုးအိမ်အဆောက်အဦ ဆောက်လုပ်နေတဲ့ နေရာမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးအား မုဒိမ်းကျင့်သူကို ဒီနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

မုဒိမ်းကျင့်သူဟာ ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက် (ပန်းသီးအရှေ့ပိုင်းရပ်ကွက်) လှထွန်းဦး (အသက် ၃၁ နှစ်) ဖြစ်ပြီး မသင်္ကာသူ ၁၀ ယောက်ကျော်ထဲမှ စစ်ဆေးတဲ့အခါ အမှုပေါ်ပေါက်တာလို့ ပေါက်တော မြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ ၁၁ နာရီခန့်လောက်မှာ တရားခံကို ဖမ်းမိပါတယ်။ မနေ့ ညနေကတည်းက သူရဲ့ယောက္ခမ နေအိမ်မှာ မသင်္ကာလို့ စစ်ဆေးပြီး ခေါ်လာပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာက လူတွေ ၁၀ ယောက်ကျော်ကို ကျနော်တို့ ခေါ်ယူမေးမြန်းမှုတာတွေ လုပ်ခဲ့တယ်။ အဲဒီမှာ မနေ့ညကတည်းသူပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သံသယရှိတဲ့သူတွေ ထပ်မံစစ်တယ်။ အဲဒီမှာ သူက ဝန်ခံလိုက်တယ်။ သူတယောက်တည်း ကျင့်တာလို့ ပြောတယ်။”

“ ကျနော်တို့ ထပ်မံပြီးစစ်ဆေးတဲ့အခါမှာ တရားခံက မနေ့ ညနေကတည်းက အရက်သောက်ထားတယ်လို့ ပြောတယ်။ အခုလုပ်နေတဲ့ အိုးအိမ်အခန်းမှာကလေးမကိုဆွဲသွင်းလိုက်ပြီးတော့ ပါးစပ်ကိုပိတ်တယ်။ ညာဘက်နဲ့လည်ပင်းကိုညစ်တယ်။ ပြီးတော့မှ ပြုကျင့်တယ်လို့ပြောပါတယ်။ အဲ့ဒီမှာ ကလေးမလေးကအသံလုံးမထွက်နိုင်တော့ အနီးအနားကစောင်တထည်ကို ယူပြီး ကလေးမကို စောင်ပတ်ပြီးတော့ လွှင့်ပစ်ထားခဲ့တယ်။ ပြီးတော့သူထွက်ပြေးသွားတယ်။” လို့ လှထွန်းဦးရဲ့ ထွက်ဆိုချက်ကို ရဲအုပ်က ပြန်လည်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ကလေးငယ်ကို မုဒိမ်းပြုကျင်းသူက ခန္ဓာကိုယ်ကို စောင်ပတ်ပြီး အနီးအနားကပတ်ဝန်းကျင်တစ်ခုလွှင့်ပစ်ထားခဲ့တာပါ။ အဲ့ဒါကို ပြုကျင့်ခံရသူ့ရဲ့ မိခင်ကတွေရှိလို့ ဆေးရုံကို အမြန်ဆုံးပို့ဆောင်းခဲ့တာဖြစ်ပါတယ်။

မုဒိမ်းပြုကျင်ခံရတဲ့ကလေးရဲ့အခြေအနေမှာ စိုးရိမ်ရပြီး စစ်တွေမြို့ကို ဒီနေ့မနက်ပိုင်းကဆေးကုသဖို့ ထွက်သွားပြီလို့ ရဲအုပ်ကဆက်ပြောပါတယ်။

တရားခံဖြစ်သူ လှထွန်းဦး အသက် ၃၁နှစ်ကို ပေါက်တောမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၃၇၆၊ ပ ၁၆၁/၂၀၁၆ နဲ့ ပေါက်တောမြို့ရဲစခန်းက ဖမ်းဆီးအရေးထားတယ်လို့ ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

DVB TV News


အမေရိကန်နိုင်ငံ နီဗာဒါပြည်နယ်က ရီနိုမြို့မှာ နိုဝင်ဘာ ၅ ရက်နေ့ညက သမ္မတလောင်း ဒေါ်နယ်လ်ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေး မိန့်ခွန်းပြောနေစဉ် သေနတ်သမားတဦး ရောက်ရှိလာလို့ လျှို့ဝှက်လုံခြုံရေး ၂ ဦးက ထရမ့်ကို မိန့်ခွန်းပြောစင်ပေါ်ကနေ အတင်းခေါ်ထုတ်သွားခဲ့ရပါတယ်။

ရုပ်သံဗွီဒီယိုထဲမှာတော့ လုံခြုံရေးတွေက ထရမ့်ကို ခေါ်ထုတ်သွားပြီးနောက် မကြာခင်မှာ လူအုပ်ထဲက လူတဦးကို ရဲအရာရှိတွေက ဝန်းရံပြီး လူအုပ်နဲ့ ဝေးရာ သန့်စင်ခန်းကို ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

ဒီလူကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အမည်မဖော်တဲ့ လျှို့ဝှက်လုံခြုံရေးအရာရှိတဦး ပြောတာကို ရည်ညွှန်းပြီး စီအန်အန်က သတင်းထုတ်ပြန်သွားပါတယ်။

အခင်းဖြစ်ပြီးနောက် ရီနိုမြို့ကွန်ဗင်းရှင်းစင်တာက စင်ပေါ်ကို ပြန်ရောက်လာတဲ့ ထရမ့်က “ကျနော်တို့ကို ဘယ်တော့မှ ရပ်တန့်အောင်လုပ်လို့ မရဘူး၊ ဘယ်တော့မှကို ရပ်အောင်လုပ်လို့ မရဘူး” လို့ ပြောပါတယ်။

“ကျနော် လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့တွေကို ကျေးဇူးတင်ပါတယ်။ ဒီလူတွေဟာ အရမ်းတော်တဲ့လူတွေ” လို့လည်း ဖြည့်ပြောသွားပါသေးတယ်။
DVB TV News



စက်တင်ဘာလအတွင်း လောက်ကိုင်မြို့၌ ဗုံးပေါက်ကွဲခဲ့မှုနှင့်ပတ်သက်သည့် သံသဃရှိသူများအားဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ-၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ ရပ်ကွက်(၁)ဖုမင်လမ်းတွင် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မော်တော်ယာဉ်နှစ်စီးပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးဒေသခံပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းအရ နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲခန့်က ရန်လုံကျိုင်းစစ်ဆေးရေးဂိတ်အနီး၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ သံသဃရှိသူ ကျန်ကျားကျယ်(ခ)ကျော်ရင်(ဘ)ဦးကျော်ထယ်ချန်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ ညနေ ၆ နာရီခွဲခန့်တွင် လောက်ကိုင်မြို့၊ ရှင်ဖုတံတားအနီး ဆောက် လုပ်ဆဲ နေအိမ်၌သံယဃရှိသည့် လီကော်ကျွမ်း(ခ)လောက်ကျွင်း (ဘ) ဦးလီဝှာထင်၊ ၀မ်လောက်ဖူး(ဘ)ဦးဝမ်စန်း၊ လွမ်းဟောင်(ခ)ကွေ့ပေါက်(ဘ) ဦးတောင်လွမ်းတို့အား လည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ကော်တုံ ၂ လမ်းရှိ နေအိမ်အတွင်းမှ သံသဃရှိသည့် ရန်ကျားဝှာ(ခ)ရန်အဲ(ဘ) ဦးရန်ကျိန်းဖူးနှင့် လီကျိန်ကျင်း(ခ)လောက်ကျွင်း(ဘ)ဦးလီလောက်မျင်တို့အား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်များအရ ကျန်ကျားကျယ်သည် ကားဗုံးဖောက်ခွဲ မှုဖြစ်စဉ်တွင် လက်လုပ်ဗုံးအားတပ်ဆင်ခဲ့ပြီး လီကော်ကျွမ်း(ခ)ရှောင်လီသည် ဗုံးအား ကား၏ အနောက်ခန်းတွင် ထားရှိခဲ့သူဖြစ်ကြောင်း၊ ရန်ကျားဝှာ(ခ)ရန်အဲမှာ ကားဗုံးအား ဖောက်ခွဲခဲ့သူများဖြစ်ကြောင်းသိရှိရသည်။

ဖောက်ခွဲမှုကိုစီစဉ်သူမှာလောက်ကိုင်မြို့ အမှတ်(၁)ရပ်ကွက်နေ ကွမ်းတုံဆိုသူ ဖြစ်ပြီး နောက်ကွယ်မှ အဓိကစေခိုင်းသူမှာ မိုင်းလားမြို့နေ ရန်ကွယ်ချန် ဆိုသူဖြစ် ကြောင်းနှင့် ကွမ်းတုံမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသည့် သံသဃရှိသူ ၆ ဦးအား လောက်ကိုင်မြို့ မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းပေးအပ်ပြီး ပါဝင်ပတ်သက်သူများထပ်မံ ဖမ်းဆီးရမိရေးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


မောင်တောမြို့နယ်၊ ကိုးတန်ကောက်ရဲကင်းစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂ ဦး ထပ်ဖမ်းမိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်မှာ ဖမ်းဆီးရမိခဲ့တဲ့ အာယုပ် (ဘ) ကာလီဟူဆောင်း ရဲ့ ထွက်ဆိုချက်အရ နိုဝင်ဘာ ၅ ရက်မှာ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကိုးတန်ကောက်ရွာအတွင်း ၀င်ရောက်ရှင်းလင်းခဲ့ရာမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂ ဦးဖြစ်တဲ့ ဆော်လီမူလာ(ဘ)မာမွတ်ရှော်ရီနဲ့ မာမွတ်နော်ဘီ(ဘ)နော်ဟီဟူဆောင်း တို့ကို ကိုးတန်ကောက်ရဲကင်းစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူနဲ့ မသင်္ကာသူပေါင်း ၁၀၀ ကျော်ကို အစိုးရက ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
DVB TV News


(ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရဲကင်းစခန်းတစ်ခုကို တွေ့ရစဉ်) ဓါတ်ပုံ - ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က အစိုးရလုံခြုံရေးအဖွဲ့တွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်စလင်မဟုတ်သူတွေကို ပြည်သူ့စစ်သဖွယ် လက်နက်တပ်ဆင်ပေးမယ့်ကိစ္စအပေါ် လူ့အခွင့်အရေးအဖွဲ့တချို့က ကန့်ကွက်လိုက်ပါတယ်။

အကြမ်းဖက်ရန်ကာကွယ်ရေးအတွက် ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးဖို့ ပြည်နယ်အစိုးရနဲ့ ရဲတပ်ဖွဲ့တို့ အခုစီစဉ်နေပါတယ်။ အခြေခံပညာ မူလတန်းအဆင့်ရှိပြီး အသက် ၃၅ နှစ်အောက် ဒေသခံတွေပြည်သူတွေအနေနဲ့ ဒေသန္တရ ရဲတပ်ဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမင်းအောင်က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အဲဒီလို လက်နက်တပ်ဆင်ပေးမယ်ဆိုရင် နဂိုကတည်းက ယိုယွင်းနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ပိုမိုဆိုးဝါးစေလိမ့်မယ်လို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ICJ -International Commission of Jurists နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင်က သောကြာနေ့မှာ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ICJ ရဲ့ အာရှတိုက်ဆိုင်ရာ ညွန်ကြားရေးမှူး Sam Zarifi ဆမ် ဇရဖီ က ဒေသခံအသိုင်းအဝန်း ၂ ခုအကြား အခြေအနေတင်းမာမှုတွေ ကျယ်ကျယ်ြပန့်ပြန့်ဖြစ်ပေါ်နေချိန်မှာ အသိုင်းအဝန်းတစ်ခုထဲက လူတွေကိုပဲကွက်ပြီး လက်နက်တပ်ဆင်ပေးမယ်ဆိုတဲ့ လုပ်ရပ်ဟာ ပြဿနာတွေ ပိုမိုကြီးထွားလာအောင် ပြုလုပ်တဲ့နည်းတစ်ခုပဲလို့ ပြစ်တင်ပြောဆိုပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith မက်သရူး စမစ် ကလည်း ဒါဟာ အင်မတန်အန္တရာယ်များတဲ့ အလုပ်တစ်ခုကို မြန်မာအစိုးရက ဆောင်ရွက်လိုက်တာပဲလို့ဝေဖန်ပါတယ်။ တဆက်တည်းမှာပဲ သူက အစိုးရအနေနဲ့ နယ်မြေလုံခြုံရေးကို တကယ်တိုးတက်စေချင်ရင် ဆောင်ရွက်ရမှာက အဲဒီ ဒေသမှာနေထိုင်သူအားလုံးကို လူမျိုးဘာသာမခွဲခြားပဲ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး ကူညီရေးအဖွဲ့အစည်းတွေကို လွတ်လပ်စွာသွားရောက်ပံ့ပိုးခွင့် ပြုရမှာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ အစီအစဉ်ကို အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့လည်း Fortify Rights က တောင်းဆိုလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုးတန်ကောက်ကျေးရွာကို တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တစ်ခုက နိုဝင်ဘာလ ၅ ရက် မနေ့က ဝင်ရောက်ရှင်းလင်းရာမှာ ကိုးတန်ကောက်ရဲကင်းကို တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ အကြမ်းဖက်သမား ဆော်လီမူလာနဲ့ မာမွတ်နော်ဘီ ဆိုသူ ၂ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


မင်းသား Brad Pitt သည် သူနှင့် Angelina Jolie ကွာရှင်းပြီးလျှင် ၄င်းတို့၏ ကလေးခြောက်ယောက်ကို ပူးတွဲ အုပ်ထိန်းခွင့် ရရှိရေးအတွက် တရားရုံးတွင် လျှောက်ထားလိုက်သည်။

မင်းသမီး Jolie သည် ကွာရှင်းပြတ်စဲခွင့်ကို စက်တင်ဘာ ၁၉ ရက်နေ့က လျှောက်ထားခဲ့ရာ ကလေးများကို သူမ တစ်ဦးတည်း အုပ်ထိန်းခွင့်ရရေးအတွက် လျှောက်ထားခဲ့ပြီး၊ ထိုအတိုင်းဆိုလျှင် Brad Pitt မှာ ကလေးများထံ သွားရောက်လည်ပတ်ခွင့်လောက်သာ ရရှိမည်ဖြစ်သည်။ ထိုအချက်ကို တုံ့ပြန်သောအားဖြင့် မင်းသား Brad Pitt သည် ကလေးများကို သူနှင့် Jolie တရားဝင် ပူးတွဲအုပ်ထိန်းခွင့် ရရေးအတွက် တရားရုံးတွင် သောကြာနေ့က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်များအတွင်း Bradd Pitt နှင့် Jolie တို့ ဇနီးမောင်နှံဟောင်းနှစ်ဦး တရားဝင် ကွာရှင်းပြတ်စဲရေး ညှိနှိုင်းရာတွင် ၄င်းတို့၏ ကလေးခြောက်ဦးအား အုပ်ထိန်းခွင့် မှာ အဓိက သဘောထား ကွဲလွဲစရာ အချက် ဖြစ်နေသည်။

လက်ရှိကာလတွင် ကလေးများသည် Jolie နှင့် အတူ နေထိုင်လျက်ရှိကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက People မဂ္ဂဇင်းကို ပြောပြခဲ့သည်။

“ဂျိုလီဟာ ကလေးတွေကိုပဲ အဓိက အာရုံစိုက်နေပါတယ်။ အလုပ်နဲ့ တခြားဟာတွေ အားလုံးကို သူ ဘေးချိတ်ထားပါတယ်။ သူဟာ အိမ်မှာပဲ နေ့တိုင်းနေပြီး ကလေးတွေကို ကူညီစောင့်ရှောက် ပေးနေပါတယ်။ အိမ်စာတွေ ကူလုပ်ပေးနေပါတယ်” ဟု ထိုသူက ပြောပြခဲ့သည်။
Mizzima - News in Burmese


ဒေါ်နယ်ထရန့် နှင့် ဟီလာရီကလင်တန်
ဒေါ်နယ်ထရန့် နှင့် ဟီလာရီကလင်တန်

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းလောက်သာကျန်တော့တဲ့အချိန် မှာပဲ အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေ တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ အတိအကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေထွက်ပေါ်လာတာကြောင့် နယူးယောက်၊ တက္ကဆက်နဲ့ ဗာဂျီးနီးယားပြည်နယ်ကတာဝန်ရှိသူတွေ အထူးသတိထားကြဖို့ ဗဟိုအစိုးရ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ နောက်ထပ်ရလာတဲ့ သတင်းအချက်အလက်တွေပေးပို့ကြဖို့ဒေသတွင်းနဲ့ ပြည်နယ်အရာရှိတွေကို တာဝန်ရှိသူတွေက အကြောင်းကြားထားပါတယ်။

အတိအကျပြောမထားဘူးဆိုတဲ့ ခြိမ်းခြောက်မှုတွေကို စီစစ်နေတယ်လို့ နယူးယောက်ရဲအရာရှိတွေကပြောပါတယ်။ တနင်္ဂနွေနေ့ နယူးယောက်မှာ ကျင်းပမယ့် လူထောင်သောင်းချီပါဝင်ဆင်နွှဲကြတဲ့ နှစ်ပတ်လည် မာရသွန်အပြေပြိုင်ပွဲ ကိုလည်း တာဝန်ရှိသူတွေဘက်က ကြိုတင်ကာကွယ်မှုတွေလုပ်နေပါတယ်။

ဗာဂျီးနီးယားနဲ့ တက္ကဆတ်ပြည်နယ် အုပ်ချုပ်ရေးမှုးတို့ကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ဒီအချိန်မှာတော့ သမ္မတလောင်း ၂ ဦးဖြစ်တဲ့ Donald Trump ရော Hillary Clinton ကပါ ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးမယ်လို့ဆိုတဲ့ အကြိတ်အနယ်မဲဆွယ်ရမယ့်ပြည်နယ်တွေကို အာရုံစိုက်ပြီး မဲဆွယ်စည်းရုံးနေကြတာပါ။

Philadelphia ပြည်နယ်က ဟီလာရီကလင်တန်ရဲ့  စနေနေ့မဲဆွယ်ပွဲကို အဆိုတော် Katy Perry က အခမ်းအနားမှုးအဖြစ်ဆောင်ရွက်သွားမှာပါ။ သောကြာနေ့ Hillary ရဲ့ အိုဟိုင်းရိုးပြည်နယ်မဲဆွယ်ပွဲမှာလည်း နာမည်ကြီးအဆိုတော် Beyonce တို့စုံတွဲ တက်ရောက်ဖျော်ဖြေခဲ့ကြပါတယ်။ ပြိုင်ဘက် သမ္မတလောင်း Donal Trump ကတော့ သောကြာနေ့ Pennsylvania ပြည်နယ်၊ မဲဆွယ်စည်းရုံးပွဲအတွင်း J Lo တို့ Jay Z တို့လို အဆိုတော်တွေလာစရာမလိုပဲ သူကိုယ်တိုင်ရောက်နေတာဖြစ်တယ် ဆိုပြီး Hillary ကို လှောင်ပြောင်ပါတယ်။ ဒီကနေ့စနေနေ့မှာတော့ သမ္မတလောင်း ၂ ဦးစလုံး သူမသာကိုယ်မသာဖြစ်နေတဲ့ ဖလော်ရီဒါပြည်နယ်မှာစည်းရုံးရေးဆင်းကြ မှာပါ။ နောက်ဆုံး ကောက်ယူထားတဲ့လူထုသဘောထားစစ်တမ်းအရဖလော်ရီဒါပြည်နယ်မှာ သမ္မတလောင်း၂ ဦးစလုံး သူမသာကိုယ်မသာဖြစ်နေကြတာဖြစ်ပါတယ်။

VOA Burmese News



 သြဂုတ်လက လာရောက်အဖမ်းခံခဲ့တဲ့ မြို့ဝန် မစ္စတာ အက်စပင်နိုစာ
မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်မှုနဲ့ အဖမ်းခံရတဲ့ ဖိလစ်ပိုင်မြို့ဝန် တယောက်ကို ထောင်တွင်း အပြန်အလှန် ပစ်ခတ်မှုတခုအတွင်းမှာ ပစ်သတ်လိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အယ်ဘွေးရားမြို့ဝန် ရိုလန်ဒို အက်စပင်နိုစာဟာ ထောင်တွင်း လက်နက်စစ်ဆေးမှုမှာ ထောင်ဝန်ထမ်းတွေကို ပစ်ခတ်ခဲ့တဲ့အတွက် သူ့ကို တခြားထောင်သားတွေနဲ့အတူ ပစ်သတ်ရတာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက သမ္မတဒူတားတေး ပြောဆိုထားတဲ့ မူးယစ်မှုမှာ ပါဝင်သူ ၁၅၀ကျော်ရှိတဲ့ ဝန်ထမ်းစာရင်းမှာ မစ္စတာ အက်စပင်နိုစာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ သြဂုတ်လကတည်းက သူ့ အသက်အန္တရာယ် စိုးရိမ်တယ်လို့ ပြောဆိုပြီး ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



သမ္မတ Park Geun-hye နှုတ်ထွက်ပေးဖို့ ဆန္ဒပြ
တောင်ကိုးရီးယားသမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြသူေ ထာင်နဲ့ ချီတို့ ဒီကနေ့မှာ စုဝေးဆန္ဒပြကြ လိမ့်မယ်လို့ခန့်မှန်း ရပါတယ်။ သမ္မတ ပတ်ဂွန်ဟေးဟာ သူနဲ့နှစ်ပေါင်းများစွားရင်းနှီးလာတဲ့ အမျိုးသမီးသူငယ်ချင်း တယောက်ရဲ့ နောက်ကွယ်ကနေ လွှမ်းမိုးခြယ်ခြင်း ခံနေရတယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိနေတာပါ။ သမ္မတပတ်ရဲ့ လူထုဆက်ဆံရေး ကျိုးပမ်းချက်တွေမှာ အဲ့ဒီအမျိုးသမီးက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေ တယ်ဆိုပြီးတော့လည်း ပြောဆိုနေတာ ဖြစ်ပါတယ်။

 သမ္မတပတ်ဂွန်ဟေးရဲ့  မိန့်ခွန်းတချို့ ကို မစ္စ Choi Soon-sil က တည်းဖြတ်ပေးခဲ့ တယ်ဆိုတာလောက်ပဲ ခုချိန်ထိ ကိုးရီးယားပြည်သူတွေ အသေအချာ သိထားကြ တာပါ။ ဒီလို ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေ တာနဲ့အမျှ အတိုက်အခံတွေရဲ့  မကြေနပ်မှုတွေကလည်း နိုင်ငံနေရာပေါင်းစုံက လူမှုအသိုင်း အ၀ိုင်းတွေကြား ဆက်တိုက်ဆိုသလို တိုးလာနေတယ်လို့ ပြောဆို မှုတွေရှိနေ ပါတယ်။

မစ္စ Choi ကို စွပ်စွဲတဲ့အထဲမှာ ပေါ့အဆိုတော် တဦးဘ၀ကနေ ဒေါ်လာ ဘီလီယံနဲ့ ချီတန်တဲ့ အမေရိကန် F-35 တိုက်ခိုက်ရေးလေယာဉ်ကို တောင်ကိုးရီးယားက ၀ယ်ယူမယ့် ကိစ္စထိ ပါဝင်လုပ်ဆောင်ခဲ့ တယ်ဆိုတဲ့ အချက်လည်း ပါဝင် ပါတယ်။ ဒီလို ကောလဟလတွေ ထွက်ပေါ်လာနေ တာနဲ့အမျှ ရက်ပ် အဆိုတော် PSY အပါအ၀င် ကိုးရီးယားအလှ မယ်ဟောင်းတို့ကလည်း ဒီအရှုပ်တော်ပုံနဲ့ ပတ်သက် ခြင်း မရှိကြောင်းပြသဖို့ Choi မိသားစုနဲ့သူတို့တွေ ပတ်သက်မှု မရှိဘူးဆိုပြီး ကြေငြာ ချက် ထုတ်ပြန်ကြပါတယ်။

သမ္မတ ပတ်ရဲ့ ပြောစကားအရ မစ္စ Choi ဟာ အဆိုတော် ဘ၀ကနေ လက်နက်ဝယ်ယူမှုမှာ ပါဝင်နိုင်လောက်အောက် အာဏာရှိနိုင်ပုံ မရပေ မယ့်လည်း သမ္မတရဲ့ မိန့်ခွန်းအချို့ကို တည်းဖြတ်ပေးရုံ၊ လူထု ဆက်ဆံရေး ကိစ္စေ တွမှာ ပါဝင် ပတ်သက် ရုံထက်မကတဲ့ လက္ခဏာ အတော်များများရှိနေ တာကိုတွေ့ ရပါတယ်။

သောကြာနေ့မှာ ကိုးရီးယားပြည်သူကို ဒုတိယ အကြိမ်တောင်းပန် စကားပြောခဲ့တဲ့ သမ္မတ ပတ်ဂွန်ဟေးရဲ့ ရာထူး သက်တမ်းနောက်ထပ် ၁၅ လ ကျန်ပါသေးတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဂျပန်ချစ်ကြည်ရေးခရီးစဉ်အပြီး မြန်မာနိုင်ငံကို ပြန်မည့် ဒေါ်အောင်ဆန်းစုကြည်အား တိုကျို နရီတာ လေဆိပ်မှာ ပို့ဆောင်သူ များနှင့်အတူ
ဂျပန်ချစ်ကြည်ရေးခရီးစဉ်အပြီး မြန်မာနိုင်ငံကို ပြန်မည့် ဒေါ်အောင်ဆန်းစုကြည်အား တိုကျို နရီတာ လေဆိပ်မှာ ပို့ဆောင်သူ များနှင့်အတူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ မြန်မာပြည်သူတွေ အတွက်သာမက ဂျပန်ရောက် မြန် မာနိုင်ငံ သားတွေ အတွက်ပါ အကျိုးရလဒ်ကောင်းတွေ ဖြစ်စေခဲ့တယ်လို့ ဂျပန်ေ ရာက် မြန်မာနိုင်ငံသား တချို့က ပြောဆို ပါတယ်။ နိုဝင်ဘာ ၁ ရက်ကနေ ၅ ရက်နေ့ ထိ ဂျပန်ဘုရင်ဧကရာဇ် အပါအဝင်၊ ဂျပန်ဝန်ကြီးချုပ်နဲ့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ေ တွ၊ ဂျပန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ ဆွေးနွေး ခဲ့တဲ့အပေါ် သုံးသပ်ပြောဆို လိုက်ကြတာပါ။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အကြီးအကဲတဦးအနေနဲ့ သူ့ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ကို ဒီကနေ့မှာ အဆုံးသတ် လိုက်ပြီး မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိ သွားပြီဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြား ချက်အရ သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဂျပန်အစိုးရက မြန်မာနိုင်ငံကို ချေးငွေအပါအဝင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ အတွက်ရော၊ စီးပွားရေး လူမှုရေးကဏ္ဍတွေမှာပါ ကူညီထောက်ပံ့သွားဖို့ ကတိပေး သဘောတူခဲ့တာတွေကို ကြည့်ရင်၊ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်ေ ကာင်းတွေ ဖြစ်စေခဲ့တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ တိုကျိုမြို့က ဦးသောင်းမြင့်ဦး က မြင်ပါတယ်။

“ ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တာရယ်၊ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်ကို ဦးဆောင်ပြီးတော့ သွားနေတဲ့ လမ်းကြောင်းကို အောင် မြင်စေချင်လို့ရယ် အတွက်.. အခုလို ထူးခြားစွာ အကူအညီတွေ ပေးလိုက်တာပဲ။ ဒါတွေက ကျနော်တို့ နိုင်ငံအတွက် ကောင်းမွန်တဲ့ ရလဒ်တွေဖြစ်ပါတယ်။ ဒီမှာ သူ ရှိနေတဲ့ တလျှောက်မှာလည်းပဲ မြန်မာပြည်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး ရင်းနှီးမြှုပ်နှံ မှုတွေ နည်းပညာအကူအညီတွေ နောင်အနာဂတ်အတွက် အားရ စရာကောင်းတာတွေ အများကြီးလုပ်ဆောင်သွားတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်မှာလည်း ထိရောက်တဲ့ ကူညီ မှုတွေကို ဂျပန်အစိုးရအနေနဲ့ ဆက်ပြီးတော့ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဖြစ်အောင် လုပ်ကိုင်ဆောင်ရွက် လိမ့်မယ် ဆွေးနွေးမှုတွေ လုပ်သွား လိမ့်မယ်လို့ ကျနော် မြင်မိပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ခရီးစဉ်ဟာ မြန်မာပြည်သူတွေ အတွက် သာမက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုး ဖြစ်စေတယ် လို့ ပြောသူကတော့ တိုကျိုမြို့က ဒေါ်မိုးမိုးအိဖြစ်ပါတယ်။

“ ဒီခရီစဉ်ဟာ အများကြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ မြင်ပါတယ်။ မမိုးတို့ မြန်မာနိုင်ငံ သာမန်ပြည်သူ ပြည်သားတွေအထိ တနေ့ကို သူ အစီအစဉ် အများကြီးတွေ့ သွားတဲ့ အထဲမှာ ကိုယ်နားမလည်တဲ့ မရှင်းလင်းတဲ့ အချက်တွေ ရှင်းပြသွားနိုင်သလို၊ တိုင်းပြည်အတွက်လဲ အထောက်အပံ့ အများကြီးရစေနိုင်တဲ့ အကူ အညီတွေလည်း ရလိုက်တဲ့ အတွက်ကြောင့်မို့ ဒီခရီးစဉ်ကတော့ မမိုးတို့ မြန်မာနိုင်ငံ သားတွေ အတွက် ကြီးမားတဲ့ အခွင့်အရေးတခု ရလိုက်တယ် လို့ပဲ မြင်ပါတယ်”

ဂျပန်နိုင်ငံကို ရောက်ပြီးနောက်တနေ့မှာပဲ မြန်မာနိုင်ငံသား တထောင်နီးပါးကို တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ ဆုံချိန် ပြောဆိုခဲ့တဲ့ အထဲက အမှတ်ရစရာတခုနဲ့ ပတ်သက်ပြီး ဦးသောင်းမြင့်ဦးက ခုလိုပြောပါတယ်။

“ ဒီတခေါက်မှာ ထူးခြားတာ ဘာလဲဆိုတော့ ဂျပန်အပါအဝင် နိုင်ငံတကာမှာေ ရာက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ကလည်း နိုင်ငံတကာကနေ ကိုယ့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာအောင်၊ ကိုယ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံမှုတွေ လုပ်နိုင်ဖို့အတွက်ဆိုရင် ကိုယ့်နိုင်ငံသားတွေရဲ့ လုပ်ကိုင်ဆောင် ရွက်မှုတွေ၊ အကျင့်စာရိတ္တတွေ၊ ဒီအခြေအနေတွေကို ကြည့်ပြီးတော့ လုပ်ကိုင်ေ ဆာင်ရွက်မှာ ဖြစ်တဲ့ အတွက် ကိုယ်တွေကလည်း ကိုယ့်နိုင်ငံနဲ့ ဆက်ဆံပြီးတော့ လုပ်ကိုင်ဆောင်ရွက်လောက်တဲ့ အရည်အချင်းတွေ အကျင့်သိက္ခာတွေ ရှိဖို့ လို အပ်တယ် ဆိုတာကို မီးမောင်းထိုးပြသွားတယ် ”

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့အထဲမှာ တိုကျိုမြန်မာသံရုံးကို အခွန်ဆောင်ဖို့ ဆိုတဲ့ကိစ္စ လည်း ပါဝင်ပါတယ်။ ဒေါ် မိုးမိုးအိ ပြောတာကတော့ -

“ ဒီအခွန်ဆောင်တဲ့ကိစ္စကို မေးတဲ့အချိန်မှာ သူက ဘာပြောလဲဆိုတော့ - အခွန် ဆိုတာက တိုင်းပြည်တခုအတွက် လိုအပ်တယ်။ တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် ဒီအခွန်တွေကို ကောက်ရတယ်။ အခွန်မရလို့ရှိရင် ဒီတိုင်းပြည်ရဲ့ အကျိုးကိစ္စတွေ မလုပ်နိုင်ဘူးဆိုတာ သူပြောပြသွား တာပေါ့နော်။ မြန်မာနိုင်ငံဟာ အခွန်ဆောင်တဲ့ ယဉ်ကျေးမှု မရှိဘူးဆိုတဲ့သဘောမျိုး သူပြောသွားပါတယ်။ ဒါဟာ မဖြစ်သင့်ဘူး ဆိုတာကို သူရှင်းပြပါတယ် ”

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း ဂျပန်အစိုးရက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်တွေ ၅ နှစ်အတွင်း ပူးပေါင်းဆောင်ရွက်သွားဖို့ ဂျပန်ယန်း ဘီလျံ ၈၀၀ ပေးခဲ့ပြီး၊ အဲဒီအထဲက ယန်း ဘီလျံ ၄၀ ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေမှာ အသုံးပြုသွားဖို့ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA Burmese News


ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူများ သံတမန်များကို ရှင်းပြ
ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူများ သံတမန်များကို ရှင်းပြ
အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဒေသခံ ပြည်သူ တွေအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး အတွက် အာဏာ ပိုင်တွေရဲ့ဆောင်ရွက် ချက်တွေဟာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ ဘာသာရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တွေက တိုက်တွန်းနေ ကြပါတယ်။ ဒေသ တွင်းက ရဲကင်းစခန်းတွေနဲ့ ရဲလုံခြုံရေးတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိေ နသေး တဲ့အတွက် စိုးရိမ်မှုတွေ ပိုမြင့်လာနေတာပါ။ အာဏာပိုင်တွေဘက်က ဒေသ လုံခြုံရေး ကိုလည်း ပိုပြီးတော့မှ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ အသေးစိတ်ကို မဆုမွန် ပြောပြပါမယ်။

ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း လုံခြုံရေးအဖွဲ့ဝင်တွေ အသက်သေဆုံး မှု ဖြစ်ခဲ့ရတဲ့ အောက်တိုဘာလ အစောပိုင်းက စခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခေ တွကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရသလို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ် ပြီးလည်း တပ်မတော်စစ်ကြောင်းတွေ၊ နယ်ခြားစောင့် တပ်တွေနဲ့ ရဲလုံခြုံရေးတွေဘက်က နယ်မြေ ရှင်းလင်းရေးတွေ နဲ့ ဒေသတွင်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေရတာပါ။

အခုလို စိုးရိမ်မှုတွေ မြင့်မားနေတဲ့ အခြေအနေမှာ ဒေသခံတွေ အားလုံးရဲ့ အသက် အိုးအိမ် စည်းစိမ်လုံခြုံရေးကို တန်းတူညီမျှ ဆောင်ရွက်ပေး ဖို့နဲ့ အာဏာပိုင်တွေရဲ့ လုံခြုံရေး အစီအမံဆောင်ရွက် ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီး ဆုံး ဖြစ်တယ်လို့ အစ္စလာမ် သာသနာရေး ရာကောင်စီ ( Islamic Religious Affairs Council) အဖွဲ့ဝင် ဦးဝင်းထွန်းစိုးကပြော ပါတယ်။

“ သက်ဆိုင်ရာ တာဝန်ယူထားကြတဲ့ အာဏာပိုင် အစိုးရတွေရော ပြည်ထောင်စု အစိုးရရော သက်ဆိုင်ရာ လူမျိုးစု ကိုယ်စားလှယ်တွေရော သက်ဆိုင်ရာ လူမျိုးစု ကိုယ်တိုင်ကိုရော အကုန်လုံးက ပွင့်လင်းမြင်သာမှု ရှိဖို့လိုတာပေါ့၊ အဲဒီလို ပွင့်လင်ြး မင်သာမှု ရှိတဲ့အခြေနေပေါ် မှာပဲ အားလုံး လိုချင်နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ကိုယ့်ရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးဆိုတဲ့ ကဏ္ဍတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တာေ ပါ့နော်။ တခုပြောချင်တာက ပွင့်လင်းမြင်သာမှု ဆိုတာက ဒေသခံတွေရဲ့ အားကိုးမှု ယုံကြည်မှုကလည်း ပိုပြီးတော့ ယူနိုင်တာပေါ့နော်။ အဲဒါကျမှ တဖက်ကနေပြီးတော့ ခြိမ်းခြောက်နေတဲ့ အနှောက်ယှက်ပေးနေတဲ့ အကြမ်းဖက်သမားတွေ အခြား နိုင်ငံရေး အဖွဲ့အစည်းတွေ အဲဒါတွေရဲ့ ရန်တွေကို ကာကွယ်နိုင်မှာ ဖြစ်တယ် လို့ ကျနော်မြင်တယ်။ ကျနော်တို့ သိသလောက်ပေါ့နော် ရခိုင်ကိစ္စက အများကြီး ရှုပ်ထွေးနေတယ် အဲဒီမှာ။ အဲဒီအပေါ်မှာ ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ နံပါတ်တစ်က ပွင့်လင်းမြင်သာဖို့လိုတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ အဓိကပြော ချင်တာက ဘာပဲဖြစ်ဖြစ် စိတ်သန့်ကိုယ်သန့်လေးနဲ့ ကိုယ်ချင်းစာတရားလေး ထားပြီးေ တာ့ ဖြေရှင်းမယ် ဆိုရင်တော့ အားလုံး အေးအေး ချမ်းချမ်း ဖြစ်သွားလိမ့်မယ်လို့ ကျနော်မြင်ပါတယ် ”

ဒေသတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ၊ မုဒိမ်းကျင့်မှု ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် လူသားချင်း စာနာမှု ဆိုင်ရာ ကုလသမဂ္ဂရုံး UNOCHA ဌာနေ ညှိနှိုင်းရေးမှူး ဦးဆောင်ပြီး နိုင်ငံတကာ သံတမန်အဖွဲ့ကလည်း အကြမ်းဖက်မှု ဖြစ်ပွားရာနေ ရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကွင်းဆင်းလေ့လာ ခဲ့ကြပါတယ်။ အဲဒီလို နိုင်ငံတကာ သံတမန်အဖွဲ့ လာရောက်ပြီး ချိန်လေးမှာပဲ မောင်တောက ရဲကင်းစခန်းတခုကို အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့ ရတဲ့အတွက် ဒေသတွင်း စိုးရိမ်မှုတွေ ပိုမြင့် တက်လာ သလို အာဏာပိုင်တွေဘက်က လုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေးကို အရှိန်မြင့် လုပ်ေ ဆာင်နေပါတယ်။ လက်ရှိမောင်တောရဲ့ လုံခြုံရေး အခြေအနေနဲ့ ပတ်သက် လို့ မောင်တောဒေသခံလည်းဖြစ် ရခိုင်အမျိုးသားပါတီ မောင်တောရဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အခုလို ရှင်းပြပါတယ်။

“ စိုးရိမ်ပူပန်မှု ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကနဲ့ မတူတော့ဘူး။ အဓိက လုံခြုံရေးထက် ကျနော်တို့ အခုဖြစ်နေတာက အဲလိုပေါ့ - မြောက်ပိုင်း နယ်မြေကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားတယ်။ အခုတောင်ပိုင်းမှာ ထပ်ဖြစ်တယ် အဲဒီတော့ တိတိကျကျလေး ရှာဖွေဖေါ်ထုတ်ဖို့ လိုပါတယ် .. ဒီအကြမ်း ဖက်တွေကိုလေ။ အကြမ်းဖက်ဆိုတဲ့ နေရာမှာလဲ အကုန်လုံးနီးပါးက ဖြစ်နေ ကြတယ် သူတို့က။ မောင်တောဖက်မှာ တပ်ကတော့ အပြင်စည်း သဘောမျိုး ရှိပါတယ်။ ကျနော်တို့ဒီ အထဲပိုင်းမှာတော့ ပြည်သူ့ရဲတွေက တာဝန်ယူထားပါတယ်။ ဒုက္ခသည်တွေကတော့ ပြန်တော့ ပြန်နေကြတာပဲ၊ ဒါပေမယ့် လုံခြုံရေးဆိုတာကလဲ တရွာမှာ ၄-၅-၆ ယောက်ပဲ ထားတော့ အဲဒီလောက်နဲ့ တကယ်ဖြစ်လာရင် ထိန်းနိုင် မယ့် အနေအထားတော့ မရှိပါဘူး ”

နယ်မြေတွင်း မတည်ငြိမ်မှုတွေကြောင့် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ကြ တာတွေ ရှိသလို ဒီလို မထွက်ခွာနိုင်ပဲ ကျန်နေခဲ့ သူတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေဖြစ်သလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာ အခက်အခဲတွေနဲ့ ကြုံနေရ ပါတယ်။

သူတို့တွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဘက်က လိုက်လံ ကူညီဆောင် ရွက်ပေးနေရတဲ့ အနေအထား တွေကို ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ အခုလိုပြောပြပါတယ်။

“ ရဲတွေရော စစ်တပ်ကရော အခုဆိုရင် ဒီဖက်တွေကို လုံခြုံရေးတွေလည်း ချထား ပါတယ်။ နောက်တခါ ရေလမ်းခရီးမှာဆိုလည်း ရေတပ်က စစ်တပ်သင်္ဘောတွေ လည်း ချထားပါတယ်။ ဘယ်လောက်ပဲ တင်းတင်းကျပ်ကျပ် ချထားတယ် ဆိုပေ မယ့်လည်း ဒေသခံတွေကတော့ စိုးရိမ်နေ ကြတုန်းပါပဲ။ အင်မတန်စိုးရိမ်မှု ရှိပါတယ် ညဖက်လည်း သူတို့ကြောက်ကြတယ်။ အခုအချိန်မှာ ရဲတွေ စစ်တွေရှိပေမယ့်ေ နာက်တချိန်မှာ လုံခြုံရေးအင်အား နည်းသွားမှာကို စိုးရိမ်ပူပန်မှု ရှိကြပါတယ်။ အဲဒါကြောင့် တနေ့နေ့မှာပေါ့နော် ဒီလို လုံခြုံရေး မရှိတော့ဘူး ဆိုလို့ရှိရင် အန်တီတို့ ရခိုင်တိုင်းရင်းသားတွေအတွက် အန္တရာယ်ဟာလဲ အင်မတန်မှ ကြီးမားပါတယ်။ ဒါကြောင့် ဒီလုံခြုံရေးကတော့ အန်တီတို့ ရခိုင်ပြည် မောင်တော ဘူးသီးတောင် ကိုတော့ ဒီထက်ပိုပြီးချဖို့ လိုအပ်လိမ့်မယ်လို့ အန်တီတို့ ပြောချင်ပါတယ် ”

အခုလက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့တွေကို အတားအဆီးမရှိ ၀င်ရောက်ခွင့် ပြုဖို့နဲ့ အစိုးရဘက်က သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီက တောင်းဆိုထားတာ ပါ။ ဖြစ်ပျက်မှုတွေရဲ့ အခြေအနေမှန်ကို သိရှိနိုင်ဖို့ သတင်းသမားတွေကို လွတ်လွတ် လပ်လပ် သတင်းရယူခွင့်ပေး ဖို့ကိုလည်း CPJ ခေါ် သတင်းသမားများ ကာကွယ်ေ စာင့်ရှောက်ရေး အသင်းက တောင်းဆို ထားပါတယ်။
VOA Burmese News

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာတွေပြု ပြင်သင့်သလဲဆိုတာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲကို မနေ့ သောကြာနေ့က ၀ါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေးမှာ အဓိကကျနေတဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားကို ထောက်ပြဆွေးနွေး ခဲ့ကြသလို နိုင်ငံတည်ဆောက်ရေးမှာ NLD အစိုးရနဲ့ တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်နေရတဲ့အခြေအနေကို နိုင်ငံတကာအနေနဲ့ နားလည်ပေးဖို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးက တုန့်ပြန်ပြောဆိုသွားပါတယ်။ ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးပြောပြမှာပါ။

ငြိမ်းချမ်းရေးဖေါ်ဆောင်ရာမှာ မြန်မာနိုင်ငံ တွေ့ ကြုံနေရတဲ့ အခက်အခဲများ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေးကျွမ်းကျင်သူတွေက ဆွေးနွေးခဲ့ကြတာပါ။ ၂၀၁၀ပြည့်နှစ်ကနေ လက်ရှိအချိန်ထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Vijay Nambiar က မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ သူကိုယ်တိုင်ပါဝင်နေတဲ့ အတွေ့အကြုံကို အခြေခံပြီး ဦးဆောင်ဆွေးနွေးသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ အရင်သမ္မတ ဦးသိန်းစိန်တုန်းကလို တဖက်သတ် အပစ်အခတ်ရပ်စဲရေးကြေညာဖို့ အလားအလာရှိမရှိ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက Mr. Nambiar ကို အခုလိုမေးခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ဦးဆောင်တဲ့ NLD အစိုးရဟာ တပ်မတော်နဲ့ ဆက်ဆံရေး အတိမ်းအစောင်း မရှိအောင် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်နေတယ်ဆိုတာ အားလုံး သိပါတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်လေ့လာမိသလောက် ယခင် ဦးသိန်းစိန် အစိုးရ နဲ့ သိပ်မကွဲပါဘူး။ ဦးသိန်းစိန်တုန်းကလည်း သူပြောသမျှကို စစ်တပ်က နားထောင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့လက်ထက်က အဓိက ညှိနှိုင်းရေးမှူး ဦးအောင်မင်းဟာ တိုင်းရင်းသားတွေနဲ့ စစ်တပ်အကြား ခေါက်တုန့် ခေါက်ပြန် သွားလာနေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ကချင်မှာ တိုက်ပွဲတွေပြန်ဖြစ်တော့ ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန်က တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်။ စစ်တပ် ဒါကို မလိုက်နာပေမဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် ကြေညာခဲ့တာပါ။ အခုလက်ရှိ NLD အစိုးရအနေနဲ့ ဒီလို ယုံကြည်ရေး တည်ဆောက်မှုလုပ်ငန်းမျိုး မတွေ့ရပါဘူး။ ဒီအပေါ်မှာ မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ သဘောထား သိချင်ပါတယ်။”

Mr.Vijay Nambiar ။။ “ဒါကိုဝေဖန်ရာမှာ ကျနော် နည်းနည်းတွန့်ဆုတ်မိပါတယ်။ တကယ်တော့ အရင်အစိုးရဟာ စစ်တပ်အစိုးရပါ။ သမ္မတဟာလည်း စစ်တပ်မှာ အစဉ်အလာရှိခဲ့ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်သည်ပင်လျှင် သူထက် ဂျူနီယာကြပါတယ်။ အခုအခါမှာတော့ အရပ်သားအစိုးရနဲ့ စစ်တပ်ဖြစ်နေတဲ့ အတွက် အခြေအနေက လုံးဝကွာခြားပါတယ်။

အရပ်သားအစိုးရက စစ်တပ်ရဲ့အာဏာကို လျော့နည်းစေလိုတဲ့ ကိစ္စမှာ ပြဿနာရှိနေတာ တွေ့ရပါလိမ့်မယ်။ ဦးထင်ကျော်နဲ့ ဒေါ်စုတို့က တဘက်၊ စစ်တပ်က တဘက် ဟိုတုန်းကလို ဆက်ဆံရေးမျိုး အခု မဖြစ်ထွန်းသေးပါဘူး။ တဖြည်းဖြည်းတော့ စတင်လာနေပြီထင်ပါတယ်။

လက်ရှိကချင်အခြေအနေနဲ့ ပတ်သက်ပြီး တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာဖို့ဆိုတာတော့ လုံးဝလက်တွေ့မကျဘူးထင်ပါတယ်။ စစ်တပ်က လက်ခံမှာ မဟုတ်ပါဘူး။ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်စွမ်းအပေါ် စစ်တပ်က စိတ်ချယုံကြည်မှုမရှိသေးဘူးလို့ ကျနော်ထင်ပါတယ်။ တကယ်တော့ အပစ်အခတ်ရပ်စဲရေးကို ကာကွယ်ရေးဦးစီးချုပ်က ကြေညာရမှာပါ။ သမ္မတ အမိန့်တောင်မလိုပါဘူး။ ဒီလိုကြေညာခဲ့ရင် သူရဲ့ဂုဏ်သိက္ခာတက်လာပြီး အရပ်သားအစိုးရနဲ့ ဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါကို ကာချုပ်သဘောပေါက်အောင် ကုလသမဂ္ဂနဲ့တကွ ကျနော်တို့ အားလုံးကြိုးပမ်းရမှာဖြစ်ပါတယ်။”

ဒါအပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာNLD အစိုးရက အချိန်သတ်မှတ်ပြီး သက်ဆိုင်သူအားလုံး ကို တွန်းအားပေးနေတဲ့ နည်းလမ်းမှာ အလျော့အတင်းရှိဖို့ လိုအပ်ကြောင်းလည်း Mr. Nambiar ကပြောသွားပါတယ်။

Mr. Vijay Nambiar ။။ “ပါဝင်ပတ်သက်သူတချို့က နောက်ဆုတ်ချင်နေတဲ့အချိန်မှာ ဒီလို တွန်းအားပေးတာကောင်းပါတယ်။ ဒီနေရာမှာ လုပ်နည်းကိုင်နည်းက အရေးကြီးတယ်လို့ထင်ပါတယ်။ မလုပ်သင့်ဘူးလိုဘယ်သူမှ ပြောလိမ့်မယ် မထင်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ယုံကြည်လာအောင် လုပ်ဆောင်မှု၊ အလွတ်သဘောပြောဆိုမှုတွေဟာ သိပ်ကို အရေးကြီးပါတယ်။ အခုထက်ထိတော့ စစ်တပ်နဲ့ ဒီလိုဆက်ဆံရေးမျိုးမတွေ့ရသေးပါဘူး။ ဒီလို ပုဂ္ဂိုလ်မျိုး ထိတွေ့ဆက်ဆံမှုမျိုးကို ဦးအောင်မင်းက တိုင်းရင်းသားတချို့နဲ့လုပ်ခဲ့ပါတယ်။ အခုပိုလုပ်သင့်တယ်လို့ထင်ပါတယ်။

မြောက်အိုင်ယာလန်ငြိမ်းချမ်းရေးဆွေးနွေးပွဲတုန်းက Jonathan Powell က ဒါမျိုးလုပ်ခဲ့တာမျိုး လုပ်နိုင်ရင်ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့တော့ အခြေအနေခြင်းသိပ်မတူပါဘူး။ မြန်မာပြဿနာက ပိုမိုရှုပ်ထွေးပါတယ်။ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကလည်း အများကြီးပါ။ မြန်မာနိုင်ငံ မှာ စေ့စပ်ညှိနှိုင်းမှုပုံစံကလည်း နဲနဲကွဲမယ်လို့ထင်ပါတယ်။ အချိန်သတ်မှတ်ပြီး တွန်းအားပေးတာတော့ကောင်းပါတယ်။ အလျော့အတင်းနည်းနည်းလုပ်နိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။”

နောက်ထပ် အဓိကဆွေးနွေးသူတဦးဖြစ်တဲ့ USIP မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေး မှူး Vanessa Johanson ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ချပြခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၇)ချက်ဟာ အပြုသဘောဆောင်ပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သဘောတူညီမှုမရ သေးပဲ တဖက်သက် ကြေညာတဲ့ အနေအထားမှာရှိနေပြီး အဓိကဆွေးနွေးဖို့ လိုအပ်နေတဲ့ လုံခြုံရေးဆိုင်ရာကိစ္စ ပါဝင်မှုမရှိတဲ့အချက်ကို အခုလိုဝေဖန် ထောက်ပြသွားပါတယ်။

Vanessa Johanson။ ။ “အဓိက လုံခြုံရေးနဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှု ကို ဖေါ်ပြထားခြင်း မရှိပါဘူး။ ဒီလို ထည့်သွင်း ဖေါ်ပြခြင်းမရှိတာဟာ သိပ်ကို စိတ်ဝင်စားစရာကောင်း တယ်လို့ ကျမထင်ပါတယ်။ ဘာကြောင့်မထည့်ထားလဲ ဆိုတာကို ကျမတို့မသိပါဘူး။ အတော်များများက ဒါကိုသိချင်နေကြပါတယ်။ ဒီမေးခွန်းက အခြေခံကျတဲ့ မေးခွန်းဖြစ်ပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၆၀)ကျော်ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုတွေ ကို မြန်မာပြည်သူတွေ သာမက နိုင်ငံတကာကပါ စောင့်ကြည့်နေတဲ့အတွက် NLD အစိုးရက ဘယ်လိုဆောင်ရွက်နေသလဲဆိုတာ နိုင်ငံတကာသိအောင်ပြောပြဖို့ အရေးပါကြောင်း ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။

ဒါအပြင် အရပ်သားအစိုးရအနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေရတဲ့ အခြေအနေကို နိုင်ငံတကာက နားလည်ဖို့ လိုအပ်ကြောင်း သံအမတ်ကြီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" တပ်မတော်ဟာဆိုရင် လွတ်လပ်ရေး စတင်ရခဲ့တဲ့အချိန်ကစပြီးတော့ ကျေန်ာတို့နိုင်ငံမှာ အင်မတန်မှကို အရေးကြီးတဲ့ ကျနော်တို့ရဲ့ အင်အား အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ကျနော်တို့ အခုလက်ရှိ တာဝန်ယူထားတဲ့ အစိုးရဟာဆိုရင်လည်း တပ်မတော်နဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်လျက် ရှိတဲ့နေရာမှာ နိုင်ငံတကာကလည်း နားလည်ပေးဖို့ နိုင်ငံတော်၊ တပ်မတော်အပိုင်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့အခန်းကဏ္ဍကိုလည်း ကျနော်တို့အနေနဲ့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။"

USIP မှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း လည်းဖြစ်၊ လက်ရှိ USIP ရဲ့အကြီးအကဲတဦးလည်းဖြစ်တဲ့ Derek Mitchell က အခမ်းအနားမှုး အဖြစ်ဆောင်ရွက်ခဲ့ ပါတယ်။ ဒါအပြင် HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ တာဝန်ခံတဦးဖြစ်သူ David Mathieson ကလည်း မြန်မာနိုင်ငံကနေ အင်တာနက် Skype ကတဆင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။
VOA Burmese News


အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာ ဘာသာရေး အယူသည်း မွတ်ဆလင်မ် တွေ သောင်းချီ ဆန္ဒပြ ကြတာကနေ သွေးထွက်သံယို ဖြစ်ရပ်တွေ ပေါ်ပေါက် လာပြီး လူသေဆုံးတဲ့ အထိ ဖြစ်လာခဲ့တဲ့ အတွက် အခုဆိုရင် သမ္မတ ဂျိုကို ဝီဒိုဒို တစ်ယောက် သူ့ရဲ့ နိုင်ငံခြား ခရီးစဉ်ကို ပယ်ဖျက် လိုက်ပါတယ်။

ဂျာကာတာ အုပ်ချုပ်ရေးမှုး အပေါ် ဘာသာရေး အခြေခံနဲ့ ဆန္ဒပြ လာသူတွေကြား နိုင်ငံရေး ခြေထိုးမှု တွေလည်း ရှိလာခဲ့တယ်လို့ ဂျိုကိုဝီ လို့ လူတွေကြား အခေါ်များတဲ့ သမ္မတ ဝီဒိုဒိုက စွပ်စွဲ ပြစ်တင်ရင်း သူ့ရဲ့ ဩစတြလျ ခရီးစဉ်ကို ဖျက်လိုက် တာပါ။

ခရစ်ယာန် တစ်ယောက် ဖြစ်တဲ့ ဂျကာတာ မြို့တော်ဝန် ဘာဆူကီ ကျဟာယာ ပူရ်နာမာ ဟာ အစ္စလာမ် ဘာသာက အထွဋ်အမြတ် ထားတဲ့ ကိုရ်အန် ကျမ်းစာကို စော်ကား ပြောဆို ခဲ့တယ် ဆိုတဲ့ အမြင်နဲ့ မြို့တော် ဂျကာတာမှာ သောကြာနေ့ က စလို့ ဘာသာရေး ပြင်းထန်တဲ့ လူတွေ ၅ သောင်း ဝန်းကျင် စုဝေး ဆန္ဒပြလာ ခဲ့ကြပါတယ်။

မွတ်ဆလင်မ်တွေဟာ မွတ်ဆလင်မ် မဟုတ်သူကို ခေါင်းဆောင် အဖြစ် မရွေးသင့်ဘူး ဆိုတဲ့ ကိုရ်အန်ပါ စာသား ကို နိုင်ငံရေး အတိုက်အခံတွေက အသုံးချ နေတယ်လို့ မြို့တော်ဝန် ပူရ်နာမာ က ပြောခဲ့တာဟာ ကိုရ်အန် အပေါ် တလွဲ ဖွင့်ဆိုတာပဲ ဆိုပြီး ဆန္ဒပြ မွတ်ဆင်မ်တွေက မကျေ မနပ် ဖြစ်နေ ခဲ့ကြပါတယ်။

သောကြာနေ့ စုပေါင်း ဝတ်ပြုမှု အပြီး လူစုခွဲဖို့ အာဏာပိုင်တွေက အမိန့် ထုတ်ထားတာကို ဆန္ဒပြသမားတွေက မလိုက်နာပဲ ဂျာကာတာ မြို့လယ်က လမ်းတွေပေါ် ဆက်လက် စုရုံး ခဲ့ကြပြီး မြို့တော်ဝန် ပူရ်နာမာကို ဖမ်းဆီး အရေးယူ ပေးဖို့ အစိုးရ ကို တောင်းဆို ခဲ့ကြပါတယ်။

အထူးသဖြင့် သမ္မတ အိမ်တော် အနီး ဆန္ဒပြသမားတွေ လူစုမခွဲပဲ ဖြစ်နေတဲ့ အတွက် ရဲက မီးသတ်ပိုက်တွေသုံး လူစုခွဲ ခဲ့တာကနေ ကိုယ်ထိလက်ရောက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာကြပါတယ်။

ညမှောင်လာလေ ဆန္ဒပြသူတွေက လမ်းပေါ်က ကားတွေကို မီးရှို့ကြ၊ ရဲတွေနဲ့ ကိုယ်ထိ လက်ရောက် ဖြစ်ကြနဲ့ အုံကြွ လာခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူတစ်ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၁၂ ယောက် ရှိတယ်လို့ ဂျကာတာ မြို့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဆန္ဒပြသမားတွေ ရန်လိုလာအောင် လှုံ့ဆော်ခဲ့သူ တချို့ကို ဖမ်းဆီး ထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရ ပြောခွင့်ရ ရပ်ဖ်လီ အမဲရ် က ပြောပါတယ်။

မြို့တော်ဝန် ပူရ်နာမာ က သူ့ ပြောဆိုမှု နဲ့ ပတ်သက်လို့ တောင်းပန် စကား ဆိုခဲ့ပေမယ့်၊ ဒီစကား အပေါ် တရားဝင် ကန့်ကွက်မှုတွေ ရှိနေတဲ့ အတွက် မြို့တော်ဝန်ကို စုံစမ်းမှုတွေ ပြုလုပ် လာနိုင်ဖွယ် ရှိနေပါတယ်။
BBC Burmese


ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကလေးငယ်လေးတွေကို ဖခင်ဖြစ်သူ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာများ၊ စာများ၊ ပုံပြင်များအကြောင်း ပြောပြနေရင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ စက္ကန့် ၃၀ လောက် ငိုကြွေးခဲ့ပါတယ်။

ဆရာကြီးမင်းသုဝဏ်ဟာ အသက် ၉၆ နှစ်အရွယ်မှာ သူကွယ်လွန်ချိန်အထိ ကလေးကဗျာနဲ့ ကလေးပုံပြင် ၄၀၀ ကျော်နဲ့ ငှက်တွေအကြောင်း ရေးသားသွားတယ်လို့ ပြောပြနေရင်း “သားတို့ သမီးတို့ကို သိစေချင်တာက ကလေးစာပေကို တစ်ချိန်တုန်းက… မရှိတော့ပေမယ့် …” ဆိုတဲ့ နေရာအရောက်မှာ ဦးထင်ကျော်ရဲ့ ပြောလက်စ စကားမှာ ဆို့နင့်သံတွေပါလာပြီး ရပ်တန့်သွားတာပါ။

အဲဒီနောက်မှာတော့ “သားတို့သမီးတို့ကို ဘယ်လောက်ချစ်တယ်၊ သားတို့သမီးတို့ကို ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာကို သိစေချင်လို့ပါပဲ။ ဒါပဲ သားတို့သမီးတို့နော်။ ကျေးဇူးတင်ပါတယ်” လို့ ပြောရင်း သမ္မတဟာ သူ့ရဲ့ ခြောက်မိနစ်ကျော်ကြာ အမှာစကားကို နိဂုံးချုပ်လိုက်ပါတယ်။

နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ယနေ့ နံနက်ပိုင်းက ကျင်းပတဲ့ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ သမ္မတ ဦးထင်ကျော်က တက်ရောက်လာတဲ့ ကလေး သူငယ် ရာဂဏန်းခန့်ကို ကလေးစာပေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

၁၉၀၉ ခုနှစ်မှာမွေးဖွားပြီး ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ဟာ မြန်မာစာပေသမိုင်းမှာ ကလေးတွေအတွက် ကဗျာတွေ၊ စာတွေ၊ ပုံပြင်တွေ များစွာ ရေးသားပေးခဲ့သူတစ်ဦးဖြစ်ပြီး ဝါဆိုဝါခေါင်၊ ဆွမ်းအုပ်နီနီကဲ့သို့သော ကဗျာအချို့ဟာ ကျောင်းသုံးစာအုပ်တွေမှာ သင်ရိုးဖတ်စာအဖြစ် ပုံနှိပ်ဖော်ပြခဲ့ရတဲ့ ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။

ဦးထင်ကျော်ကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ ဒုတိယမြောက်သားဖြစ်ပြီး သမ္မတအဖြစ် တာဝန်မယူခင်အထိ “ဒလဘန်း”အမည်နဲ့ စာတွေရေးသားခဲ့သူဖြစ်ပါတယ်။ သူ့ဖခင် စာရေးဆရာမင်းသုဝဏ်အကြောင်း ရေးသားထားတဲ့ “ အဘဘဝ အဘအကြောင်း တစေ့တစောင်း” စာအုပ်ဟာ ဦးထင်ကျော်ရဲ့ ထင်ရှားတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။

သမ္မတက ကလေးစာပေတွေကတစ်ဆင့် ရိုးသားမှုတွေ၊ အားမန်သတ္တိတွေ၊ နိုင်ငံချစ်စိတ်တွေ မွေးဖွားပေးခဲ့တာဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံတော်ရဲ့ သားကောင်းရတနာတွေကို ကလေးစာပေတွေ၊ ကလေးစာဖတ်ခန်းတွေ၊ ကလေးကဗျာတွေနဲ့အတူ ပြုစု ပျိုးထောင်ပေးပါလို့လည်း အကြံပြု တိုက်တွန်းသွားခဲ့ပါသေးတယ်။

“ကိုယ့်အတွက်ထက် အများအကျိုးကို စဉ်းစားတတ်တဲ့ စိတ်ကလေးတွေ ဖြစ်လာအောင် အဲဒီလို စာပေလေးတွေကို လေ့လာစေချင်တယ်”လို့ ဦးထင်ကျော်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ကလေးစာပေပွဲတော်ကို နံနက် ၈ နာရီကနေ ၅နာရီအထိ ကျင်းပနေတာဖြစ်ပြီး စာအုပ်ဆိုင်ပေါင်းများစွာက အရောင်းဆိုင်တွေဖွင့်လှစ်ရောင်းချနေကာ နံနက်ပိုင်းအချိန်မှာတော့ ကလေးလူကြီး ထောင်ဂဏန်းအထိ စိတ်ဝင်တစား လာရောက်ကြတာ တွေ့ရပါတယ်။

ကလေးစာပေပွဲတော်မှာ သမ္မတဦးထင်ကျော်ဟာ စက္ကန့် ၃၀ လောက် ငိုကြွေးခဲ့ပါတယ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း
သတင်း-ဉာဏ်လှိုင်လင်း

ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ (၁-၁၁-၂၀၁၆) ရက်နေ့မှ (၅-၁၁-၂၀၁၆) ရက်နေ့အထိ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ၁၅:၅၀နာရီတွင် ပြန်လည်ရောက်ရှိခဲ့ပါသည်

Ministry of Foreign Affairs


အမေရိကန်သမ္မတ ရွေး ကောက်ပွဲ၏ နောက်ဆုံးအပြီး သတ်ရလဒ်ထွက်တော့မည့်ရက် များ နီးကပ်လာပြီဖြစ်သည်။ ထို့ ကြောင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင် တန်၊ ရီပက်ဘလေကန်သမ္မတ လောင်း ဒေါ်နယ်ထရန့်နှင့် သူတို့ ၏ မဟာမိတ်များသည် ပြည်နယ် ငါးဆယ်ရှိ အမေရိကန်နိုင်ငံတစ် ဝန်းမှာ အသည်းအသန်မဲဆွယ်နေ ကြသည်။ သည်မဲဆွယ်ပွဲသည် နောက်ဆုံးအချီ အပြီးသတ် အား ထုတ်မှုလည်းဖြစ်သည်။ ထို့ ကြောင့် ကျန်ရှိနေသေးသော မဲရလဒ်များကိုရရှိရန် သမ္မတ လောင်းနှစ်ဦးက အကြိတ်အနယ် ကြိုးစားနေကြ၏။

မဲရလဒ်အကြိတ်အနယ်ဖြစ် နေသည်က သမ္မတလောင်းနှစ်ဦး ၏ အရည်အချင်း၊ သူတို့ကို ကူညီ မဲဆွယ်ပေးသူများနှင့် ဒေါ်လာ သန်းချီဖြုန်းကြသော ကြော်ငြာ သုံးစွဲမှုအခြေအနေမှာ မူတည်နေ သည်။

ဒေါ်နယ်ထရန့်နှင့် ရီပက်ဘလေ ကန်များ

ဒေါ်နယ်ထရန့်က ဒုတိယသမ္မတလောင်း အင်ဒီယားနားပြည် နယ်အုပ်ချုပ်ရေးမှူး မိုက်ခ်ပန်စ် နှင့်အတူ ဖလော်ရီဒါ၊ အရီဇိုးနား၊ နယူးမက္ကဆီကိုနှင့် ကော်လိုရာဒို ပြည်နယ်များတွင် လှည့်လည်မဲ ဆွယ်နေသည်။ သူ၏ သားသမီး များကလည်း သူ၏ကိုယ်စား အဓိ ကမဲအဆုံးအဖြတ်ပေးနိုင်သည့် ပြည်နယ်များဖြစ်သော ကော်လို ရာဒို၊ မြောက်ကယ်ရိုလိုင်းနား၊ မစ်ချီဂန်၊ အိုဟိုင်းရိုးနှင့် ပင်ဆယ် ဗေးနီးယားပြည်နယ်များမှာ မဲ ဆွယ်နေကြ၏။

‘‘ခြောက်ရက်အတွင်း ကျွန် တော်တို့က ဖလော်ရီဒါမှာ နိုင် တော့မယ်။ ပြီးရင် အိမ်ဖြူတော် ကိုလည်း အနိုင်ရမှာပဲ။ ဒီလိုနိုင် မယ်ဆိုတာကို စိတ်က အလိုလို သိနေပြီ။ ဟုတ်တယ်မဟုတ်လား။ ကျွန်တော်တို့အနေနဲ့ သည်အ တိုင်း အေးအေးဆေးဆေး အပိုင် လုပ်ဖို့ပဲ လိုတယ်။ ဟုတ်တယ်နော်။ဒီနေရာပဲ ရှိနေပါစေ၊ ဒေါ်နယ်ဒီအနေအထားမှာပဲရှိပါစေ ဘေး မချော်သွားစေနဲ့ ဒေါ်နယ်’’ဟု ဒေါ်နယ်ထရန့်က သူ့ကိုထောက်ခံ သူလူအုပ်ကြီးကို ဟစ်ကြွေးပြော ကြားခဲ့သည်။

ရီပက်ဘလေကန်ပါတီ ခေါင်းဆောင်ပိုင်းက အစတွင် ထရန့်ကို မကြိုက်ကြသော်လည်း မဲပေးရာတွင်မူ ထရန့်ကိုပဲ ပေးခဲ့ ကြသည်။ ထရန့်နှင့် မတည့်သော ရီပက်ဘလေကန်ခေါင်းဆောင် ပိုင်းက ပေါလ်ရိုင်ယန်နှင့် တဒ် ခရုစ်တို့သည် ထရန့်ကို မဲပေးခဲ့ကြ သည်။ သူတို့ကို ဒေါ်နယ်ထရန့်က စကားလုံးများဖြင့် ပြင်းပြင်းထန် ထန် တိုက်ခိုက်ခဲ့သည်။ သို့သော် လည်း အမေရိကန်လွှတ်တော်ထဲ မှာ ရီပက်ဘလေကန်များကို တွေ့ လိုသည့်အတွက် ယခုကဲ့သို့ မဲပေးခဲ့ခြင်းဟု ရီပက်ဘလေကန်လွှတ် တော်အမတ်၊ အမေရိကန်လွှတ် တော်ဥက္ကဋ္ဌ ပေါလ်ရိုင်ယန်က ပြောခဲ့သည်။

သို့သော် ရီပက်ဘလေကန် သမ္မတဟောင်းများဖြစ်ကြသော ဂျော့ဘုရှ်နှင့် သူ၏ ဖခင်ဂျော့် အိတ်ခ်ျဒဗလျူဘုရှ်က ဟီလာရီ ကလင်တန်ဘက်က မဲပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သူတို့၏ တူနှင့်မြေးဖြစ်သူ ဂျော်ခ်ျ ပီဘုရှ်ကိုယ်တိုင်က သူ့ဦးလေးနှင့် အဘိုးဖြစ်သူ သမ္မတဟောင်းများ သည် ဟီလာရီကို မဲပေးကောင်း ပေးနိုင်သည်ဟု ပြောခဲ့ခြင်းဖြစ် သည်။

ဟီလာရီနှင့် အပေါင်းပါများ

ဟီလာရီကလင်တန်သည် ဗုဒ္ဓဟူးနေ့ညနေမှာ ဒီမိုကရက် တစ်ပါတီဘက်က သူ့ကို မဲဆွယ် ပေးသူများနှင့်အတူ နီဗာဒါနှင့် အရီဇိုးနားပြည်နယ်များမှာ မဲဆွယ် ခဲ့သည်။ သူ့အတွက် နိုင်ငံတစ်ဝန်း လှည့်လည်မဲဆွယ်ပေးသူများမှာ သမ္မတအိုဘားမား၊ ဒုတိယသမ္မတဂျိုးဘစ်ဒန်၊ အထက်လွှတ်တော် အမတ် အဲလက်ဇဘက်ဝါရင်းနှင့် ဟီလာရီနှင့် ယခင်က ပြိုင်ဘက် ဖြစ်ခဲ့ဖူးသူ ဘာနီဆန်ဒါးတို့လည်း ပါဝင်သည်။

‘‘အမျိုးသမီးတွေကို စော် ကားသိက္ခာချတဲ့သူ၊ မသန်စွမ်း တွေကို လှောင်ပြောင်ကျီစယ်တဲ့ သူ၊ လက်တင်အမေရိကန်လူမျိုး တွေကို စော်ကားတဲ့သူကို ကမ္ဘာ မှာ ဩဇာအကြီးဆုံးရုံးခန်းမှာ ရောက်လာမယ်ဆိုရင် ဘယ်လို တွေဖြစ်ကုန်မလဲ။ လူတွေကို တစ်ယောက်နဲ့ တစ်ယောက်တည့် အောင်လုပ်တဲ့ အမေရိကန်တွေ ကို အတူတကွဖြစ်အောင် မကြိုး စားတဲ့ သမ္မတမျိုးကို ရခဲ့ရင် ဘယ်လိုတွေဖြစ်လာမလဲ။ ကျွန်မတို့ ဒါကို မှန်းဆစရာတောင်မလိုပါ ဘူး။ သူပြောခဲ့တာတွေနဲ့ သူ့အ လုပ်နဲ့ ရွေးကောက်ပွဲမဲဆွယ်တာ တွေမှာ သူပြောတာတွေပဲကြည့် လိုက်ရုံနဲ့ သိနေပြီ’’ဟု လာ့စ်ဗီး ဂတ်စ်မြို့မှာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပါက မည်သို့မည် ပုံ အိမ်ဖြူတော်ကို အုပ်ချုပ်မည် လဲဆိုသည်ကို ဟီလာရီက သူ့ကို ထောက်ခံသူများအား ပြောကြား ခဲ့သည်။

ကြာသပတေးနေ့အစော ပိုင်းတွင် ဟီလာရီအတွက် မဲ ဆွယ်ပေးနေသော ဒုတိယသမ္မတဂျိုးဘစ်ဒန်က ဖလော်ရီဒါက မဲဆန္ဒရှင်များကို မဲဆွယ်ရင်း ဒေါ်နယ်ထရန့်ကို အောက်ပါအ တိုင်း ပြောကြား၏။

‘‘ခင်ဗျား ဖလော်ရီဒါမှာ နိုင် တာဆိုရင် အဲဒါ ခင်ဗျားနိုင်တာ အကုန်ပဲ။ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲညမှာ အိပ်ရာစော စောဝင်နိုင်သွားပြီ’’

မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ ဟီလာရီကလင်တန် အတွက် အသည်းအသန် မဲဆွယ်ပေးနေသူက သမ္မတအိုဘားမား ဖြစ်သည်။ မြောက်ကယ်ရိုလိုင်း နား တက္ကသိုလ်အားကစားကွင်း မှာ မဲဆွယ်စည်းရုံးရာမှာ သမ္မတ အိုဘားမားက ‘‘ခင်ဗျားတို့ကို ဖိအားပေးရတာတော့ ကျွန်တော် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ ကံကြမ္မာက ခင်ဗျားတို့ ပခုံးပေါ် မှာ ရောက်နေပြီ’’

ထို့အတူ ဟီလာရီကလင် တန်၏ အီးမေးလ်အမှုကို ပြန် လည်စစ်ဆေးခဲ့သော အမေရိ ကန်ထောက်လှမ်းရေးအဖွဲ့ အက်ဖ်ဘီအိုင်၏ အခြေအမြစ်မရှိ သော သတင်းအချက်အလက်များ ဖြင့် လုပ်ဆောင်သည်ဆိုပြီး အို ဘားမားက ပြစ်တင်ဝေဖန်ခဲ့ သည်။ အစပိုင်းမှာ အမျိုးသမီး များကို လိင်စော်ကားမှုစကားများ ကြောင့် ထရန့်ကို လူကြိုက်များမှု ကျဆင်းပြီး ဟီလာရီက ဦးဆောင် နေခဲ့သည်။ သို့ရာတွင် အက်ဖ်ဘီ အိုင်က အီးမေးလ်ပြဿနာပြန်စစ် ဆေးမည်ဟု ပြောကြားသောအ ခါ ဟီလာရီ၏ မဲများလည်း ကျ ဆင်းခဲ့၏။

နောက်ဆုံးရလဒ်

ယခုရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံသမိုင်းမှာ ရာဇ ဝင်တွင်သော ရွေးကောက်ပွဲဟု ဆိုနိုင်သည်။ အမေရိကန်မဲဆန္ဒ ရှင်အများစုက ဒီမိုကရက်တစ် ဟီလာရီရော ရီပက်ဘလေကန် ဒေါ်နယ်ထရန့်ကိုပါ မကြိုက်ကြ ပါ။ သူတို့နှစ်ယောက်စလုံးက ရိုး သားမှုမရှိဟု မဲပေးသူများက ထင် ကြသည်။ ထို့ကြောင့် သည်ရွေး ကောက်ပွဲမှာ မဲမပေးသူများလည်း အတော်များသည်။

တိုင်းမ်မဂ္ဂဇင်းနှင့် ဘီအက်စ် ရုပ်သံများအရ ဟီလာရီက အရှေ့ကနေ အနည်းငယ်အသာဖြင့် ဦးဆောင်နေဆဲဖြစ်သည်။ ဟီလာ ရီ၏ မဲအများစုက အမျိုးသမီးများ နှင့် လူဖြူမဟုတ်သူ အမေရိကန် များဖြစ်သည်။ သူက မဲဆန္ဒရှင် များ၏ ထောက်ခံမှု ၄၅ ရာခိုင်နှုန်း ရထားပြီး ဒေါ်နယ်ထရန့်ကမူ ၄၂ ရာခိုင်နှုန်းရှိသည်။ တခြားပါတီ ငယ်များမှ သမ္မတလောင်းနှစ်ဦး အနက် ဂရင်းပါတီက သမ္မတ လောင်း ဂျေလ်စတိုင်းသည် ၄ ရာခိုင်နှုန်းနှင့် လစ်ဘေတေးရီယန် ပါတီမှ ဂယ်ရီဂျွန်ဆင်သည် ၄ ရာခိုင်နှုန်းရထားသည်။

တခြားပါတီငယ်နှစ်ခုက အ ဆိုပါ သမ္မတလောင်းနှစ်ဦးသည် ရွေးကောက်ပွဲမဲရလဒ်ဖြင့် သမ္မတ မဖြစ်နိုင်သော်လည်း သူတို့၏ မဲ ရလဒ်က သိပ်မဆိုးဟု ဆိုနိုင် သည်။ သူတို့ကို မဲထည့်မှုများလျှင် ထရန့်နှင့် ဟီလာရီတို့ ရနိုင်မည့် မဲများ ပါသွားပြီး ထိခိုက်နိုင် သည်။
Mizzima - News in Burmese
ကိုးကား ဝါရှင်တန်ပို့စ်၊

နယူးယောက်တိုင်းမ်၊ စီဘီအက်စ်ရုပ်သံသတင်းများ


နိရဉ္စရာ၊ နိုဝင်ဘာ ၅

နိုဝင်ဘာ ၃ ရက်နေ့က အကြမ်းဖက်သမားများ၏ ၀င်ရောက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ဒုရဲတက မင်းမင်းစိုးကို ယနေ့နိုဝင်ဘာ ၅ ရက်နေ့တွင် မောင်တော သချိုင်္င်းတွင် သဂြိင်္ုလ်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဒီနေ့ မွန်းလွဲ ၂ နာရီခန့်မှာ အသုဘ အခမ်းအနား စတင်ပါတယ်။ ၃ နာရီခွဲမှာ ဒုရဲတက မင်းမင်းစိုးရဲ့ အသုဘ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်” ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်မြ၀င်းက နိရဉ္စရာသို့ ပြောသည်။

အသုဘ အခမ်းအနားသို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွှင်၊ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွှင်၊ အမှတ် ၂၂ ရဲစခန်း တပ်ရင်း ဒုရဲမှူးကြီး စန်းမြင့်ထွန်း၊ မောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်း၊ တစ်ခြား အဆင့် ရဲတာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ တက်ရောက်ခဲ့ကြသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမည်မသိ ဘင်္ဂါလီငါးဦးမှ ဆိုင်ကယ် သုံးစီးဖြင့် စခန်းရှေ့သို့ ရောက်ရှိလာပြီး သေနတ်တိုဖြင့် ၁၀ချက်၁၅ ချက်နီးပါးပစ်ခတ်ခဲ့ရာမှ ဒုရဲတက မင်းမင်းစိုး ကျဆုံးခဲ့သည်။ တစ်ခြား ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ရဲတပ်ကြပ် မျိုးဇော်တွင် ဒဏ်ရာရရှိခဲ့သည်။

(ဓာတ်ပုံ- ဖိုးထူး)
Narinjara
https://www.facebook.com/Narinjara


မန္တလေး၊ နိုဝင်ဘာ ၅။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ကျောက်ဆည် နည်းပညာတက္ကသိုလ် မှ အဖြေလွှာစာရွက်များ မီးရှို့ခံရမှု ဖြစ်ရာ စာမေးပွဲဖြေဆိုထားသော ကျောင်းသားများနှင့် ပတ်သတ်၍ ယင်းကျောင်းသားများ နစ်နာမှုမရှိအောင် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီဋ္ဌာန ဝန်ကြီးရုံး မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။

"ကျွန်တော်တို့ က ပေါ်လစီပိုင်းပဲ ညွှန်ကြားထားတာပါ။ အဓိကအကြောင်းကတော့ ကျောင်းသား ကျောင်းသူတွေ မနစ်နာအောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ် ။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကတော့ ကျောင်းမှာရှိတဲ့ တာဝန်ရှိသူတွေကပဲ ဖြေကြားနိုင်မှာဖြစ်တယ်"ဟု ဒေါက်တာခိုင်မြဲ က ဆက်လက် ပြောသည်။

အဖြေလွှာစာရွက်များကို စက်တင်ဘာလ ၃၀ ရက်နေ့ က မီးရှို့ဖျက်စီးခံခဲ့ရပြီး ယင်းမီးရှို့ဖျက်စီးသူမှာ ဒုတိယနှစ် (Mechanical) ကျောင်းသား မောင်သိန်းထိုက်အောင် ဖြစ်ကာ ရာဇသတ်ကြီး ပုဒ်မ ၃၄၆ ဖြင့် အမှုရင်ဆိုင်နေရသည်။

နည်းပညာတက္ကသိုလ် စာမေးပွဲ အောင်စာရင်းများ နိုဝင်ဘာလ (၆) ရက်နေ့တွင် ထွက်မည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့် မည်သို့ဆောင်ရွက်မည်ဆိုတာ မသိရှိသေးကြောင်း သိရသည်။

"ကျောင်းမှာတော့ ဒီအဖြေလွှာစာရွက်မီးရှို့ခံရမှုနဲ့ ပတ်သတ်ပြီး ဘာမှ ပြောတာ ကြေငြာတာမရှိပါဘူး" ဟု ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုကျော်ဆန်းဝင်းက ပြောသည်။

ဖြစ်စဉ်မှာ နံနက် ၁၀ နာရီ ၃၀မိနစ်က ကျောက်ဆည် နည်းပညာတက္ကသိုလ် သုံးထပ်ဆောင်အဟောင်း မြေညီထပ် အခန်းအမှတ် (R-1-10) အတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရသည့်အတွက် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ ဓာတ်ဆီလောင်းမီးရှို့ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအဖြေလွှာစာရွက်ထားသည့် အခန်းမှာ တံခါးနှစ်ထပ် သော့ခတ်ထားခြင်းဖြစ်ပြီး ပထမဘာဂျာတံခါးသော့ နှင့် ဒုတိယ မှန်တံခါးသော့တို့ကို ဒိုင်းလွှဖြင့်ဖြတ်တောက်၍ ဝင်ရောက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မီးလောင်ပျက်စီးသွားသည့် အဖြေလွှာစုစုပေါင်း ၆၅၁၀ စောင်ရှိပြီး စစ်ဆေးစဲ အဖြေလွှာ စာရွက် ၁၄၃၁ စောင် ၊ စစ်ဆေးပြီးအဖြေလွှာစာရွက် ၃၇၅၆ စောင် ၊ မစစ်ဆေးရသေးသည့် အဖြေလွှာ ၁၃၂၄ စောင်ရှိကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar



မြစ်ရေတိုက်စားတာကြောင့် စိုက်ပျိုးမြေပျက်စီးနေတဲ့ မြစ်ကမ်းဘေးတစ်နေရာကို တွေ့ရစဉ်။ Photo: RFA
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သူဌေးကုန်းကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် ကျေးရွာကအိမ်တွေ၊ လုပ်ကိုင်စားသောက်နေတဲ့ ကိုင်းမြေတွေ ပျက်စီးပြီး ပြောင်းရွေ့နေထိုင်ဖို့ နေရာအခက်အခဲဖြစ်နေတယ် လို့ ဒေသခံတွေက တောင်းဆိုပြောပါတယ်။

ရွာအခြေအနေက တစ်နှစ်ထက် တစ်နှစ်ဆိုးလာပြီး ပြောင်းရွှေ့စရာမြေနေရာ မရှိတော့တာကြောင့် ရွာပြောင်းရွှေ့ ဖို့အတွက် အစိုးရကမြေနေရာ ချပေးစေချင်တယ်လို့ သူဌေးကုန်းကျေးရွာက ဆရာတော် ဦးအဂ္ဂဓဇ က မိန့်ပါတယ်။

"ဦးဇင်းတို့ကျေးရွာအခြေအနေက တစ်နှစ်ထက်တစ်နှစ် ဘယ်လိုပြောမလည်း နေဖို့လည်း အကုန် လုံး နေရာပျောက်သလောက် ဖြစ်သွားပြီး ကိုယ်နည်းကိုယ်ဟန်နဲ့ ဖြေးဖြေးချင်း ဖြည်းဖြည်းချင်း နောက် ဆုတ်ဆုတ်ပြီး ခုန်လာတာ ကမ်းပါးပြိုတာကိုလေ၊ စပ်စပ်ရာယာတွေကိုင်းတွေထဲရွေ့လာတာ ခုနောက်ပိုင်း အဲလိုရွေ့စရာကိုမကျန်တော့ဘူး၊ ဘယ်လိုဖြစ်ချင်လည်းဆိုတော့ မြေနေရာလေးကို အစိုးရပိုင်း အာဏာပိုင်များအနေနဲ့ စီမံပေးဖို့ညွှန်ကြားပေးဖို့၊ ဒီနေရာ ဒီနေရာဆို  ဦးဇင်းတို့ ဝယ်နေဆိုလည်း ဝယ်နေမယ် ဦးဇင်းတို့အဲလိုလေးဘဲ ချပေးပါလို့ ပြောချင်တာ"

ဒီသူဌေးကုန်းကျေးရွာမှာ အရင်က စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ကျွန်းမြေ ဧက ၃ဝဝ လောက်နဲ့ အိမ်ခြေ ၉ဝ လောက် ရှိခဲ့ပေမယ့် နှစ်စဉ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် အခုချိန်မှာ ကျွန်းမြေ ဧက ၃ဝ ဝန်းကျင်နဲ့ အိမ်ခြေ ၃ဝ လောက်ပဲ ကျန်တော့တာဖြစ်ပါတယ်။

လက်တလောအနေနဲ့ ရွာသားတွေဟာ ပွင့်ဖြူမြို့နယ်ပို ငါးချောက်ကျွန်းကျေးရွာမှာ နေအိမ် ၇ဝ ကျော်လောက် ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။

သူဌေးကုန်း ကျေးရွာသားတွေအနေနဲ့ ကျေးရွာပြောင်းရွှေ့ရေးအတွက် မြေနေရာချပေးဖို့ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဆီကို လက်မှတ်ရေးထိုး တောင်းဆိုထားတယ် လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese



ဓါတ်ပုံ - (ရပ်ကွက်တစ်ခုအတွင်းက အလှူခံမဏ္ဍပ်မှာ အသံချဲ့စက်နဲ့ ဖွင့်ထားတဲ့ လော်စပီကာတွေကို တွေ့ရစဉ်)
သဘာဝဘေးအကြောင်းပြပြီး လိမ်လည်အလှူခံနေတာတွေကို အရေးယူဖို့ အချက် ၁၂ ချက်ပါ စည်းကမ်းချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ကို ကြေငြာချက်ထုတ်ပြန်ထားပြီး မြို့နယ်အလိုက် ဗီနိုင်းတွေနဲ့ကြေငြာဖို့အတွက် မြို့နယ်အစီအစဉ်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေး က ပြောပါတယ်။

"အလှူခံမယ်ဆိုရင် လုပ်ထုံးလုပ်နည်းနဲ့ အညီတင်ပြခွင့်ပြုချက် တောင်းခံပြီးမှ အလှူခံခွင့်ပြုထားတယ်၊ ကျနော်တို့ကို အမိန့်ထုတ်ပါဆိုလို့ အမိန့်ထုတ်ပြန်ပြီးသွားပြီ၊ ဗီနိုင်းကပ်တာကတော့ မြို့နယ်ရဲ့ အစီအစဉ်ပေါ်မှာမူတည်ပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

အဲဒီ စည်းကမ်းချက်တွေမှာ အလှူခံအဖွဲ့အနေနဲ့ အသင်းအဖွဲ့မှတ်ပုံတင်ရှိရမှာဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်တွေနဲ့ အလှူခံရရှိငွေကို ၂၄ နာရီအတွင်း ပြန်လည်တင်ပြဖို့၊ သွားရောက်လှူဒါန်းပြီးတဲ့ ဒေသမှာ တာဝန်ရှိသူရဲ့ ထောက်ခံချက်ပြန်လည်တင်ပြဖို့၊ အသံချဲ့စက်နဲ့ ဆောင်းဘောက်တွေကို သင့်တင့်ရုံဖွင့်ဖို့နဲ့ နေထွက်ချိန်ကနေ နေဝင်ချိန်အထိသာ အလှူခံဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ကရက်စွဲနဲ့ အဲ့ဒီစည်းကမ်းချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လူစည်ကားရာ နေရာတွေမှာ ဗီနိုင်းချိတ်ဆွဲ ကြေညာတာတွေကို အခုရက်ပိုင်းမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။

သတိပေးချက်တွေကို မလိုက်နာခဲ့ရင် သက်ဆိုင်ရာတည်ဆဲ ဥပဒေအပြင် ပုဒ်မ ၁၁၈ အရ အရေးယူခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



ဖားကန့်ကျောက်တွင်း မြင်ကွင်း
ကချင်ပြည်နယ်၊ ဖားကန့်က ရတနာရောင်ခြည် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီကို နိုဝင်ဘာလ (၂)ရက် က မိုင်းထောင် ဖျက်ဆီးခံရမှုနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဓားပြမှု၊ မီးရှို့ဖျက်ဆီးမှု ၊ ပေါက်ကွဲစေတဲ့အမှု စတဲ့ ပုဒ်မ (၄)ခုနဲ့ ဖားကန့်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် ဆောင်ရွက်နေပါတယ်။

ဒီဖောက်ခွဲမှုကြောင့် ကျောက်မျက် ကုမ္ပဏီပိုင် စက်ယန္တရားတွေ၊ ကားတွေနဲ့ အဆောက်အဦ တွေ မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ငွေကျပ် သိန်း (၅)ထောင်ကျော် ရှိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်နက်ကိုင်ထားတဲ့ လူတစုက လုပ်ခဲ့တဲ့ ဒီဖောက်ခွဲမှုဟာ ကေအိုင်အေ လက်ချက်လို့လည်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးထွန်းဦး က ပြောပါတယ် ။

ဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်က တပ်မတော်နဲ့ ကေအိုင်အေသာ ရှိပြီး ဒီလက်နက် အမျိုးအစားနဲ့ ယူနီဖောင်းတွေ ကလည်း ကေအိုင်အေ သုံးတဲ့ လက်နက်တွေ အဝတ်တွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဖားကန့်က တန် ၂ဝဝ ကျောက်စိမ်းတုံး
ကေအိုင်အေက ကုမ္ပဏီ တာဝန်ခံ ကို ခေါ်တာ သွားမတွေ့လို့ လုပ်တာလို့ သိရကြောင်း၊ ဒီကုမ္ပဏီက တန် ၂ဝဝ ကျောက်စိမ်းတုံးကြီး တွေ့ထားတာကို ဆက်ကြေးကောက်ဖို့ ခေါ်တာ ဖြစ်နိုင်ကြောင်းလည်း ရဲမှူးကြီး ဦးထွန်းဦး က ပြောပါတယ် ။

ကုမ္ပဏီကလည်း ဒါ ကေအိုင်အေ လက်ချက်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေ ဘက်က မသက်ဆိုင်ကြောင်း ငြင်းဆို ထားပြီး ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ တရားမစွဲနိုင်တောင် ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာ ဖော်ထုတ်နိုင်ပြီး အေးချမ်းတဲ့ အချိန်မှာ အရေးယူနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese



မဟာသုတေသန သင်တန်းတက်ရောက်မည့် မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦးအား လုပ်ကြံသတ်ဖြတ်သူကို လေးရက်တာအချိန်ကာလအတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး
မုံရွာ၊ နိဝင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ၀ါးတန်းကျေးရွာ၊ ၀ါးတန်းချောင်းအနီး မုံရွာ - ရွှေဘိုသွား ကားလမ်းဘေးရှိ ပဲစင်းငုံ ယာခင်းတစ်ခုအတွင်း နိုဝင်ဘာ ၁ ရက်နေ့က အသက် ၂၅ နှစ်ရွယ် အမျိုးသမီးတစ်ဦး ချွန်ထက်သော လက်နက်ဖြင့် ကိုယ်ခန္ဒာအား ထိုးသွင်းခံရသဖြင့် သေဆုံးနေသော ရုပ်အလောင်းကို အရာတော်မြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းအေးနှင့်အဖွဲ့က တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ရဲစခန်းမှူးနှင့်အဖွဲ့က သေဆုံးသူ အမျိုးသမီးရုပ်အလောင်းအား မှုခင်းဆေးပညာများအရ ထင်မြင်ချက်များရယူတောင်းခံနိုင်ရန်အတွက် အရာတော်မြို့မရဲစခန်း ပြစ်မှုကြီးဖြစ်စဉ်အမှတ်(၂/၂၀၁၆)၊ (ပ) ၃၈၁/ ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်၍ ရုပ်အလောင်းအား အရာတော်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စစ်ဆေးခဲ့သည်။


အဆိုပါ ဖြစ်စဉ်နှင့်တ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၏ အနီးကပ်ကြီးကြပ်ကွက်ကဲမှုအောက်တွင် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ချင်းစိန်၊ အရာတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်း၊ ရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းအေး၊ တိုင်းမှုခင်းအကူဌာနစု၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၎င်းမှုခင်းဖြစ်စဉ်အား သေခြာစနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ယင်း စစ်ဆေးပေါ်ချက်များအရ သေဆုံးသူ အမျိုးသမီးမှာ ရွှေဘိုမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး မုံရွာတက္ကသိုလ် (မဟာဘွဲ့လွန်) သင်တန်းတက်ရောက်ရန် ကျောင်းတက်လာသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည်။ ထို့အပြင် ၀က်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် အကြီးတန်းစာရေး တာဝန်ထမ်းဆောင်လျက်ရှိသော ၀န်ထမ်းတစ်ဦးကြောင်း၊ သူမ၏ လူမှုကွန်ယက် facebook စာမျက်နှာမှာ '' ပန်းရိုင်း နီနီ " အကောင့်ပိုင်ရှင်တစ်ဦးဖြစ်ကြောင်း၊

 အဆိုပါ ဆိုရှယ်လူမှုကွန်ယက် အင်တာနက်လိုင်းပေါ်မှတဆင့် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့သူ သုံးဦးရှိကြောင်း၊ ယင်းသုံးဦးအနက် တစ်ဦးအား လူချင်းတွေ့ဆုံရန် ချိန်းဆိုထားကြောင်း၊ အခင်းဖြစ်ပွားမည့် မနက် ၆ နာရီခွဲအချိန်က မုံရွာတက္ကသိုလ်သို့ ကျောင်းတက်သွားရောက်ရန် သူမ၏ မောင်ဖြစ်သူက နေအိမ်မှ ကားကွင်းသို့ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း၊

 ကားကွင်းမှ နေအိမ်သို့ မောင်ဖြစ်သူ ပြန်လည်ထွက်ခွာသွားခဲ့ပြီးနောက် သူမမှာ ကားဖြင့် မုံရွာသို့ လိုက်ပါခဲ့ခြင်းမရှိဘဲ သူမနှင့် ချိန်ဆိုထားသူ၏ ဆိုင်ကယ်ဖြင့် မုံရွာသို့ စီးနင်းလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် အရာတော်မြို့နယ် ၀ါးတန်းကျေးရွာ ၀ါးတန်းချောင်းအနီး ဆူးလေးကုန်းကျေးရွာနေ ယာခင်းပိုင်ရှင် ဦးတင်မောင်၏ ပဲစင်းငုံယာခင်းအတွင်းသို့သွားရောက်ခဲ့ကြောင်း၊ လူငယ်သဘာဝ ဆက်ဆံရေးမှာ တစ်ဦးနှင့်တစ်ဦး အဆင်မပြေမှုများဖြစ်ပြီးနောက် သူမနှင့်လိုက်ပါလာသူ အမျိုးသားက ချွန်ထက်သော အရာဖြင့် သူမအား သေစေနိုင်အောင်ထိ ထိုးသတ်လုပ်ကြံခဲ့ကြောင်း အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် သေဆုံးသူ အမျိုးသမီးအား မုံရွာတက္ကသိုလ်သို့ ဆိုင်ကယ်ဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့သည့် အမျိုးသားတစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းထောက်လှမ်းခဲ့သည်။

အဆိုပါ စုံစမ်းထောက်လှမ်းချက်များအရ သေဆုံးသူ အမျိုးသမီးနှင့် မုံရွာသို့ လိုက်ပါသွားခဲ့သော အမျိုးသားတစ်ဦးမှာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတောင်ရွာနေ မောင်နိုင်ထက်အောင်(ခ) ထင်ကျော်လင်း သမိုင်းပထမနှစ် ဆိုသူဖြစ်ကြောင်း အမှုလိုက်အဖွဲ့က သိရှိခဲ့ရသည်။

ထို့နောက် အမှုလိုက်အဖွဲ့မှ ထိုသူအား အမြန်ဆုံးလက်ရ ဖမ်းဆီးရရှိနိုင်ရန် ရွှေဘိုမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ရွှေဘိုရဲစခန်း နယ်ထိန်းဌာနစု အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဘိုလတ်နှင့်အဖွဲ့က သတင်းရရှိထားသူ မောင်နိုင်ထက်အောင်(ခ) ထင်ကျော်လင်းဆိုသူအား နိုဝင်ဘာ ၄ ရက် မနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ရွှေဘိုမြို့ ဘူတာရပ်ကွက်၊ မီးရထား သံလမ်းအနီး တိုးတိုးကျော် လက်ဘက်ရည်ဆိုင်အနီးတွင် လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။


၎င်းနောက် အမှုစစ်ဆေးရေးအဖွဲ့က ထိုသူအား ဆက်လက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ ထိုသူက သေဆုံးသူ အမျိုးသမီး ကိုင်ဆောင်လျက်ရှိသော OPPO A11W Model အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးအား ယူဆောင်လာခဲ့ပြီးနောက် ရွှေဘိုမြို့ အမှတ်(၃) ဆလင်းကုန်းရပ်ကွက်၊ ဇွဲ ဘော်ဒါဆောင်၏ အနောက်ဘက်ရှိ ရေကန်အတွင်းသို့ ပစ်ချခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ ထို့ကြောင့် အမှုစစ်အဖွဲ့က ၎င်းနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ သေဆုံးသူ အမျိုးသမီး၏ လက်ကိုင်ဖုန်းအား ပြန်လည်တွေ့ရှိခဲ့ရသည်။

ထို့အပြင် နိုဝင်ဘာ ၅ ရက် မွန်းတည့်ချိန်တွင် ထိုသူက မုံရွာတက္ကသိုလ် မဟာဘွဲ့လွန် ကျောင်းတက်ရန် ကျောင်းသူတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့စဉ်က အသုံးပြုခဲ့သော ဓားအား အမှုစစ်အဖွဲ့ထံ အပ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များသည် ပြုပြင်ပြောင်းလဲလာသော ခေတ်စနစ်များနှင့်အညီ ပြည်သူကို ၀န်ဆောင်မှုပေးနိုင်ရန် ဖြစ်ပွားပေါ်ပေါက်ခဲ့သော မှုခင်းဖြစ်စဉ်များအား စနစ်တကျစစ်ဆေးဖော်ထုတ် အရေးယူလျက်ရှိရာ မုံရွာနှစ်လောင်းပြိုင် လူသတ်မှုအား ခုနှစ်ရက်တာ ကာလအတွင်း၎င်း၊ မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦး လုပ်ကြံသတ်ခံရမှုဖြစ်စဉ်အား လေးရက်တာကာလအတွင်း၎င်း အသီးသီးဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/monywa.maung