11/19/16


ရန်ကုန်မြို့မှာ ဆန်၊ ဆီ၊ ငြုပ်၊ ကြက်သွန်နီ စတဲ့ အခြေခံစားသောက်ကုန်တွေအပြင် ဟင်းသီးဟင်းရွက်၊ သားငါး၊ ကုန်ပစ္စည်းဈေးတွေ တရိပ်ရိပ် မြင့်တက် လာနေတဲ့အတွက် နေ့စဉ် ဈေးဝယ်ရတဲ့ အိမ်ရှင်မတွေ အခက်တွေ့နေကြပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတွေရဲ့ ပြောပြချက်ကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။


ဘူးသီးတောင်မှာ မွတ်ဆလင်တွေကို လုံခြုံရေးတပ်တွေက ညှဉ်းပန်းနှိပ်စက်နေတယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေကို ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက အစွန်းရောက်အဖွဲ့တွေဆီ ပေးပို့နေတယ်ဆိုတဲ့ သံသယရှိသူ သေကံရွာက ရာမောက်တူလာ (၂၁နှစ်)ကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရက ဆိုပါတယ်။

ရာမောက်တူလာရဲ့လက်ကိုင်ဖုန်းထဲမှာတော့ Rohingya Muslim Group နာမည်နဲ့ Viber Group တွေ့ရပြီး မြန်မာစစ်တပ်နဲ့ရဲတွေက မွတ်ဆလင်တွေကို သတ်ဖြတ်နေလို့ ကူညီပေးကြဖို့ သူကိုယ်တိုင်ပြောထားတဲ့ အသံဖိုင်တွေ့ရတဲ့အကြောင်း၊ ပြီးခဲ့တဲ့ ၂လလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်ရောက်လာတဲ့ သေကံရွာသား မော်လဝီမာမွတ်ရှားနဲ့ အခြားမော်လဝီတွေက သူ့ကို Viber account ဖွင့်ပေးပြီး သတင်းပေးပို့တဲ့နည်းလမ်းတွေကို သင်ကြားခဲ့ကြောင်း၊
Viber Group မှာ ပါဝင်ကြသူတွေဟာ ယုံကြည်ချက်အစွန်းရောက်သူတွေဖြစ်ပြီး အစိုးရကို တိုက်ခိုက်ဖို့၊ ဖျက်ဆီးဖို့နဲ့ တရားမဝင်ဝင်ရောက်လာတဲ့ မွတ်ဆလင်တွေ နိုင်ငံသားဖြစ်လာရေး ရည်ရွယ်လုပ်ဆောင်ဖို့ ဦးတည်ထားပြီး Rohingya Muslim Group ဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် ရိုဟင်ဂျာ အာရေဗွီးရှင်းသတင်းဌာနနဲ့ ဆက်သွယ်ပြီး နိုင်ငံတကာက အစွန်းရောက်အစ္စလာမ်အဖွဲ့တွေဆီကနေ လိုအပ်တဲ့အကူအညီတွေ တောင်းခံနေကြောင်း၊ ပြီးခဲ့တဲ့ ဇွန်လကစပြီး အောက်တိုဘာ ၉ရက်နေ့ မောင်တော နယ်ခြားစောင့်ရဲကင်းတွေကို စီးနင်းတဲ့အထိ ကာလတေါမှာ ငွေကြေးလွှဲပြောင်းမှုတွေကို အကြောင်းကြားခဲ့ကြောင်း စစ်ဆေးတွေ့ရတယ်လို့ အစိုးရက ဆိုပါတယ်။ သတင်းကွင်းဆက်တွေကို စုံစမ်းဖော်ထုတ်ဆဲဖြစ်တယ်လို့ ပြောပါတယ်။

Kamayut Media



တိုးရစ်တယောက်က ကျွန်တော့်ကို ပုံပြင်တပုဒ်ပြောဖူးသည်။ ထိုပုံပြင်လေးမှာ ဤသို့ဖြစ်သည်။ ကမ္ဘာကြီးကိုစတင်ဖန်ဆင်းပြီးနောက် အချိန်ကာလတခုသို့ရောက်သောအခါတွင် ဘုရားသခင်ထံသို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ လူများရောက်လာကာ သက်ဆိုင်ရာလူမျိုးအလိုက် နိုင်ငံထူထောင်ရန် မြေနေရာများ တောင်းခံခဲ့ ကြသည်ဟုဆို၏။ ထို့ကြောင့် ဘုရားသခင်သည် အင်္ဂလိပ်များကို ယခုအင်္ဂလန်ကျွန်းနေရာ၊ အမေရိကန်များကို အမေရိကန်ပြည်ထောင်စုနေရာ၊ ရုရှားများကို ရုရှားနိုင်ငံနယ် နိမိတ်၊ တရုတ်များအား တရုတ်ပြည်၊ ဂျပန်တို့အား ဂျပန်ကျွန်း၊ အာဖရိကန်များအား အာဖရိကတိုင်းပြည်များစသည်ဖြင့် အရင်လာသူ အရင်ယူ စနစ်ဖြင့် ကမ္ဘာပေါ်ရှိမြေနေရာများကို ဝေခြမ်းပေးခဲ့သည်ဟုဆို၏။ ထိုမြေ ယာဝေခြမ်းပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် သည် အတော်ကြီးအချိန် နောက်ကျမှ မောကြီးပန်းကြီးရောက်လာသည်ဟုဆို၏။ သူရောက်လာချိန်တွင် မြေယာများမှာ တကမ္ဘာလုံးဝေခြမ်း၍ပြီးသွားလေပြီ။ သူ့အတွက် နေရာမကျန်ရှိတော့ပြီ။ ထိုအခါ နောက်ကျမှရောက်လာသော မြန်မာသည် သူ့အတွက် နေရာတနေရာပေးသနားပါရန် ဘုရားသခင်အားငိုယို လျှောက်ထားရာ အလွန်သနားသွားသော ဘုရားသခင်သည် မြန်မာအား ဤသို့ပြောသည်ဆို၏။

''ဒီကမ္ဘာပေါ်မှာ မင်းတို့ကိုပေးဖို့ မြေလက်ကျန်မရှိတော့ဘူး၊ အားလုံးကိုပေးဝေပြီးသွားပြီ။ ဒါပေမဲ့ မပူပါနဲ့၊ ငါဘုရားအတွက် သီးသန့်ချန်ထားတဲ့အကောင်းဆုံးမြေနေရာတခု ကျန်နေသေးတယ်။ အဲဒါကတော့ ငါဘုရားအတွက်ချန်ထားတာမို့ အကောင်းဆုံးထဲက အကောင်းဆုံးပေါ့ကွာ။ အဲဒီမြေကွက်မှာ ပင်လယ်ကြီးလည်း ရှိတယ်၊ မြစ်ချောင်းအင်းအိုင်တွေလည်း ရှိတယ်၊ ကျွန်းသစ်တောတွေလည်း ရှိတယ်၊ အမြဲစိမ်းသစ်တောတွေလည်းရှိတယ်၊ ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား စတဲ့ ကျောက်မျက်တွေလည်းရှိတယ်။ ရွှေ၊ ငွေ၊ ကြေးနီ၊ ပယင်း၊ ဒုတ္ထာတွေလည်းရှိတယ်၊ နှင်းဖုံးတောင်တန်းကြီးတွေလည်း ရှိတယ်၊ ပင်လယ်ထဲက ကျွန်း အလှတွေလည်းရှိတယ်။ သဘာဝသဲသောင်ပြင်တွေလည်းရှိတယ်၊ ဘာပဲစိုက်စိုက် ပေါက်ရောက်ရှင်သန်နိုင်တဲ့ မြေဆီမြေသြဇာတွေလည်းရှိတယ်၊ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ဥတုသုံးလီလည်းရှိတယ်၊ ကဲကဲ အဲဒီမြေကြီးကိုပဲ မင်းတို့ယူသွားပေတော့၊ ဒါပေမဲ့ တခုတော့ရှိတယ်၊ အဲဒီမြေကြီးဟာ ဘုရားအတွက် ရည်ရွယ်ထားတဲ့ မြေကြီးဖြစ်တာကြောင့် ကျိန်စာတခုတော့ရှိတယ်၊ အဲဒီမြေကြီးမှာ ပညာရှိတဲ့သူတွေ၊ အတ္တနည်းတဲ့သူတွေ၊ ကိုယ်ကျိုးမကြည့်တဲ့သူတွေ၊ အမြင်ကျယ်တဲ့သူတွေပဲ နိုင်ငံကိုဦးဆောင်ရမယ်။ ပညာမရှိသူ၊ အတ္တကြီးသူ၊ ကိုယ်ကျိုးကြည့်လွန်းသူ၊ အမြင်ကျဉ်းမြောင်းသူတွေ နိုင်ငံကိုဦးဆောင်ခဲ့ရင် အဲဒီမြေဟာ သယံဇာတ ကျိန်စာသင့်ပြီး ဘေးဒုက္ခအမျိုးမျိုးရောက်ပြီး လူတွေဟာ ဆင်းရဲဒုက္ခရောက်လိမ့်မယ်'' လို့ ပြောဆိုပြီး သူ့အတွက် သီးသန့်ချန်ထားတဲ့မြေကို ဘုရားကပေးလိုက်ပါသတဲ့။

ဒီလိုနဲ့ ဒီမြေဟာ မြန်မာနိုင်ငံရယ်လို့ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ ပုံပြင်လေးတပုဒ်ပေမယ့် စဉ်းစားစရာ တွေလည်း ပါလာပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံဟာ ရောက်ဖူးသူတိုင်းက ကမ္ဘာပေါ်မှာ အလှဆုံး တိုင်းပြည်တပြည်ရယ်လို့ ၀န်ခံကြပါတယ်။ ဒါပေမဲ့ အဲဒီလောက်သာယာ လှပတဲ့နိုင်ငံကို လာရောက်လေ့လာတဲ့ ကမ္ဘာလှည့်တိုးရစ်တွေနဲ့ ခြေချင်းလိမ်နေတာတော့ မဟုတ်ပါဘူး။ မကောင်းခြောက်လ ကောင်းခြောက်လဆိုတဲ့ ခရီးသွားလုပ်ငန်းကစကားတခွန်းလို နိုင်ငံခြားသားအလာနည်းလို့ တမော့မော့မျှော်နေရတဲ့ တိုင်းပြည်ပါ။ တနှစ်ကို လေးသန်းလာတယ်၊ ငါးသန်းလာတယ်နဲ့ မစားရ၀ခမန်းပြောနေကြပေမယ့် နယ်စပ်စည်းမျဉ်း ကိုဖြတ်ပြီး သေးဝင်ပေါက်တဲ့သူတွေ၊ ဈေးလာဝယ်တဲ့သူတွေ၊ အိန္ဒိယဘက်က ကူလီလာထမ်းတဲ့သူတွေ၊ စီးပွားရေးကိစ္စနဲ့လာတဲ့သူတွေ၊ အစည်းအဝေးလာတက်သူတွေ အစိုးရဧည့်သည်တော်တွေ မည်းမည်းမြင်သမျှ နိုင်ငံခြားသားတိုးရစ်ထဲ စာရင်းထည့်ထားတဲ့အရေအတွက်ပါ။ တကယ့်တိုးရစ်အစစ်တွေကတော့ ပုဂံကိုလာတဲ့ ခရီးသည်အရေအတွက်၊ ရွှေတိဂုံဘုရားကိုလာတဲ့ နိုင်ငံခြားသားအရေအတွက်ကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလူတွေဟာ တနှစ်ကိုတခါမှ သန်းဂဏန်းမရှိခဲ့ပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အာဆီယံ မလေးရှားနိုင်ငံတွေမှာတော့ တနှစ်ကို ၁၉ သန်းလာ တဲ့နိုင်ငံနဲ့ ၂၃ သန်းလာတဲ့နိုင်ငံနဲ့ ခရီးသွားလုပ်ငန်းဟာ အားရစရာကြီးပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ကျွန်တော်ဟာ မြန်မာပြည်တောင်ပိုင်း မြိတ်မြို့ကို စာပေဟောပြောပွဲတခုကို ဟောပြောဖို့ရောက်ခဲ့ပါတယ်။ ဟောရမယ့်သူတွေကတော့ ဦးဘုန်း(ဓာတု)၊ ဆရာမနှင်းပန်းအိမ်နဲ့ စာရေးသူသရ၀ဏ်(ပြည်)တို့ သုံးယောက်ဖြစ်ပါတယ်။ မြိတ်ဆိုတာနဲ့ ပျော်ရွှင်မိတယ်။ အရမ်းလှတဲ့မြို့လို့ ခရီးသွားလမ်းညွှန်စာအုပ်တွေထဲမှာရေးတာကြောင့်ရော၊ စာရေးဆရာကြီးမောရစ်ကောလစ်နေသွားတဲ့မြို့ ဖြစ်တာကြောင့်ရော၊ နိုင်ငံခြားသားတိုးရစ်တွေ ပြောသံကိုကြားဖူးတာကြောင့်ရော၊ အဏ္ဏ၀ါခရီးသွားလုပ်ငန်းမှာ ထွန်းပေါက်လာနိုင်တဲ့ဒေသဖြစ်တယ်ဆိုတာ သိဖူးကြားဖူးထားတာကြောင့်ရော ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ ငွေမရှာတတ်တာ၊ စီးပွားရေးအမြင် မရှိတာကို ရန်ကုန်လေဆိပ်မှာ ကတည်းက သတိထားမိပါတယ်။ မနက်အစောကြီး လေဆိပ်ပြည်တွင်းထွက်ခွာစောင့်ဆိုင်းခန်းမမှာ စောင့်နေကြတဲ့ ပြည်တွင်းပြည်ပကခရီးသည်တွေဟာ လူငါးရာ၊ ခြောက်ရာလောက်ရှိမှာပါ။ ဒီလူတွေဟာ လေယာဉ်စီးနိုင်တယ်ဆိုကတည်းက ပိုက်ဆံသုံးနိုင်တဲ့သူတွေဖြစ်မှာ သေချာပါတယ်။

သူတို့ဟာ ဘာဝန်ဆောင်မှုမှမရှိတဲ့ အခန်းထဲမှာ တနာရီ၊ တနာရီ ခွဲလောက် ငုတ်တုတ်ထိုင်စောင့်ကြရတာပါ။ အပေါ်ထပ်ကိုတက်သွားရင် ကော်ဖီ၊ လက်ဖက်ရည်ရောင်းတဲ့ဆိုင် နှစ်ဆိုင်ရှိတာကလွဲတို့ တခြားဝင်ငွေရရာ ရကြောင်း ဘာမှမလုပ်ကြတာ တွေ့ ရပါတယ်။ တကယ်ဆိုရင် စာအုပ်၊ သတင်းစာ၊ ဂျာနယ်ရောင်းတဲ့ဆိုင်၊ မြန်မာ့လက်မှုပစ္စည်းအမှတ် တရလက်ဆောင်အရောင်းဆိုင်၊ Duty Free အရောင်းဆိုင်၊ စတိုးဆိုင်၊ အလှကုန် ပစ္စည်းအရောင်းဆိုင်၊ ပန်းချီကားအရောင်းဆိုင်၊ ရန်ကုန် လက်ဆောင်ကိတ်မုန့်၊ ပေါင်မုန့်၊ ဒိုးနတ်မုန့်အရောင်းဆိုင်တွေ ထားပေးနိုင်ရင်ခရီးသည်တွေအိတ်ထဲကငွေတွေကို အသာကလေးပညာပါပါ ယူထားနိုင်မှာပါ။ ထိုင်းနိုင်ငံက လေဆိပ်တွေမှာဆို စာအုပ်ဆိုင်၊ စတိုးဆိုင်၊ စားသောက်ဆိုင်အမျိုးမျိုးအပြင် အနှိပ်ခန်းတွေ၊Day Room လို့ခေါ်တဲ့ ခဏတဖြုတ် နားနေလို့ရတဲ့၊ ရေချိုးလို့ရတဲ့ အခန်းလေးတွေကို စီစဉ်ထား ရှိပေးပါတယ်။ ကိုယ့်နိုင်ငံထဲကိုဝင်လာတဲ့ ပြည်တွင်းပြည်ပက ဧည့်သည် တွေဆီက ပိုက်ဆံကို တရားမျှတတဲ့ နည်းပေါင်းစုံနဲ့ရှာဖွေတတ်ခြင်းက မြန်မာတွေ အတုယူသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့အကြီးဆုံးဖြစ်တဲ့ ရန်ကုန် လေဆိပ်ပြည်တွင်းထွက်ခွာဆောင်ကတော့ မနက်စောစော ခရီးသည် လေး၊ ငါး၊ ခြောက်ရာကို ခန်းမကြီးထဲမှာ စုထည့်ထားပြီး လက်ဖက်ရည်၊ ကော်ဖီရောင်းတာကလွဲလို့ ဘာစီးပွားရေးမှ မလုပ်တတ်တာကြောင့် ခရီးသည် များဟာ ပိုက်ဆံရှိပါလျက် ငုတ်တုတ်ထိုင်နေရတဲ့ အဖြစ်ပါပဲ။ ဒါ့ကြောင့် ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုဆိုတာ အဲဒီနေရာ တနေရာကို ကြည့်လိုက်ရုံနဲ့ မြင်သာထင်ရှားရှိလှပါတယ်။

မြိတ်မြို့ကိုရောက်တဲ့အခါ စာပေဟောပြောပွဲနှစ်ပွဲ ဟောရပါတယ်။ နေ့ခင်းပွဲတပွဲ ညပွဲတပွဲပါ။ နေ့ခင်းပွဲကတော့ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူတွေကို ဟောပြောရတာပါ။ ကိုယ်ပိုင်ကျောင်းဆိုပေမယ့် ရန်ကုန်ကကျောင်းတွေလို ကျဉ်းကျဉ်းကျပ်ကျပ်မဟုတ်ဘဲ အင်မတန်ကျယ်ဝန်းတဲ့ ကျောင်းဝင်းကြီးထဲက ခန်းမကြီးထဲမှာ ဟောရတာပါ။ အင်မတန်အောင်မြင်တဲ့ ဟောပြောပွဲဖြစ်ပါတယ်။ ညဘက်ကျတော့ ရပ်ကွက်ထဲမှာ ဟောရပါတယ်။ ဆရာမနှင်းပန်း အိမ်၊ သရ၀ဏ်(ပြည်) ၊ဦးဘုန်း(ဓာတု) အစဉ်အလိုက် ဟောကြပါတယ်။ မြိတ်စာပေပရိသတ်ဟာ အင်မတန်အားပေးကြပါတယ်။ မိုးကရွာမလိုလိုနဲ့ နောက်တော့ မရွာပါဘူး။ စာပေမဟောခင်နဲ့ ဟောပြောအပြီးမှာ မြို့ခံတွေဖြစ်တဲ့ ဦးအောင်သန်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်ထွေး၊ ဒေါ်နွယ်နွယ်ယု၊ ဒေါ်မို့မို့သူ၊ စာရေးဆရာကိုမြတ်ရှိန်တို့က Myeik Shopping Center ကမ်းနားလမ်းမှာ ညစာနဲ့တည်ခင်းဧည့်ခံပါတယ်။ မြို့ခံ စာရေးဆရာတွေဖြစ်တဲ့ ဆရာနရီ(မြိတ်)၊ ကဗျာဆရာမဆောင်းရိပ်ခို၊ ဆရာ ရည်မွန်သင်းနဲ့ ဘုန်းဘုန်းတပါး လာရောက်နှုတ်ဆက်အားပေးပါတယ်။

ဟောပြောပြီးနောက်တနေ့မှာ ကျွန်တော်အကြိုက်ဆုံး အပိုင်းကဏ္ဍကို ရောက်လာပါတယ်။ အဲဒါကတော့ ပင်လယ်ထဲက မြိတ်ကျွန်းစုတွေကို လေ့လာရေးခရီးထွက်ကြတာပါပဲ။ ကျွန်တော်က အဲဒိခရီးကိုသွားချင်လို့ နိုဝင်ဘာ(၁၁)ရက်နေ့ ရန်ကုန်မှာTour Guide လိုက်ရမယ့်ခရီးတခုကို ကြိုတင်ဖျက်သိမ်းပြီး အခြားဂိုက် တယောက်ကို လွှဲပေးခဲ့ပါတယ်။ ဦးဘုန်း (ဓာတု)နဲ့ ဆရာမနှင်းပန်းအိမ်ကတော့ ချိန်းထားပြီးသား အလုပ်တွေရှိတာကြောင့် ပင်လယ်ခရီးကိုမလိုက်နိုင်ဘဲ ရန်ကုန်ကို လေယာဉ်နဲ့ပြန်သွားကြပါတယ်။ နံနက် ၇ နာရီခွဲမှာ မော်တော်ထွက်မှာမို့ မြိတ်ဆိပ်ကမ်းကို နံနက် ၇း၁၅ နာရီလောက်မှာ ဆင်းခဲ့ကြပါတယ်။ SAKURA ခရီးသွားကုမ္ပဏီပိုင်ရှင်၊ မြိတ်ခရီးသွားလုပ်ငန်းအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုဇော်မင်းဦးက ဒီခရီးကိုစီစဉ်ပေးတာပါ။ ခရီးစဉ်မှာ ကျွန်တော်အဖော်ရအောင် ကန်စွန်းအင်းကိုယ်ပိုင်ကျောင်းရဲ့ ပူးတွဲတည်ထောင်သူ ဦးအောင်သန်းနဲ့ စာရေးဆရာမြတ်ရှိန်တို့ လိုက်ပါလာကြပါတယ်။ နိုင်ငံခြားသား (၆)ယောက်နဲ့ မြန်မာခရီးသည် (၅)ယောက် လည်း လိုက်ပါလာသေးတာကြောင့် စုစုပေါင်းခရီးသည် (၁၄)ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့စီးရတဲ့ မော်တော်ကတော့ လူ ၂၄ ယောက်လောက်အထိ သယ်ဆောင်နိုင်တဲ့ ထိုင်းနိုင်ငံလုပ် Mergui Angel 1 လို့ အမည်ပေးထားတဲ့ စပိဘုတ်တစီးပဲဖြစ်ပါတယ်။ စပိဘုတ်ဟာ မြင်းကောင်ရေ ၂၅၀ အားရှိတဲ့ အင်ဂျင် အသစ်နှစ်လုံးတပ်ထားတဲ့ ခေတ်မီစက်လှေတစီး ဖြစ်ပါတယ်။ စက်လှေပေါ်မှာ အပေါ်ထပ် အောက်ထပ်နှစ်ထပ်ရှိပြီး အောက်ထပ်မှာ အိမ်သာပါတဲ့အတွက် ခရီးသည်များအတွက် အပေါ့အလေးသွားဖို့ အဆင်ပြေလှပါတယ်။ စက်မောင်းသူနှစ်ယောက်နဲ့ ၀န်ထမ်းလူငယ်နှစ်ဦးလည်း လိုက်ပါလာပါတယ်။ စက်လှေဟာ ရေပြင်ပေါ်မှာ တရိပ်ရိပ်ပြေးလွှားနေပါတော့တယ်။ မမြန်လွန်းမနှေးလွန်းတဲ့ အမြန်နှုန်းနဲ့ ကျွန်တော်တို့ဟာ ပင်လယ်ဘက်ကို ထွက်ခွာလာကြပါတယ်။ ကမ်းခြေတလျှောက်မှာ ဒီရေတော (Mangrove Swamp)တွေလည်း အများကြီးတွေ့ပါတယ်။ မီးသွေးဖုတ်တဲ့လူတွေလက်ချက်နဲ့ ဒီရေတောတွေ နည်းပါးလာ နေတယ်ဆိုတာ ကြားရတော့ စိတ်မကောင်းပါဘူး။ ပုဂံမှာကြည့်လေရာရာ ဘုရားစေတီပုထိုးတွေ လက်ညှိုး ထိုးမလွဲအောင် တွေ့မြင်ရသလို မြိတ်ဆိပ်ကမ်းကနေ ပင်လယ်ဘက်ကို ထွက်လာတာနဲ့ အရွယ်အစားအမျိုးမျိုးသော ကျွန်းကြီးကျွန်းငယ်တွေဟာ လက်ညှိုးထိုးလို့မလွဲအောင် တွေ့မြင်နေရပါတော့ တယ်။ မြိတ်ကျွန်းစုဟာ ကျွန်းပေါင်း (၈၀၀)ကျော်နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ အင်မတန်လှပတဲ့ မြင်ကွင်းပါပဲ။ ရေဟာ အခိျု့နေရာမှာစိမ်းနေ၊ အခိျု့နေရာမှာ ပြာနေပါတယ်။ ငါးဖမ်းစက်လှေတချို့ကိုတွေ့ ပါတယ်။ ကမ်းဝေးငါးဖမ်းစက် လှေလိုင်စင်ခံထားပြီး ကမ်းနီးမှာဖမ်းနေကြလို့ နိုင်ငံတော်ကနစ်နာနေ ကြောင်း ဒေသခံတွေကပြောပါတယ်။ ခိုးဖမ်းတယ်ဆိုတဲ့ ငါးဖမ်းသင်္ဘောဟာ အတော်ကြီးပါတယ်။ ခိုးဖမ်းတယ်ဆိုပေမယ့် နေ့ခင်းကြောင်တောင်ကြီး အဝေးကြီးက သာမန်မျက်စိနဲ့ကြည့်ရင်တောင် မြင်နေရတာကြောင့် တရားဝင်ခိုး ဖမ်းတာဖြစ်နိုင်ကြောင်း သဘောပေါက်မိပါတယ်။ မြန်မာပြည် မှာကတော့ ရေလောင်းရင်နေကောင်းသွားတာ ထုံးစံတခုလိုပါပဲ။ မြိတ်က ထွက်လာပြီး တနာရီလောက်ကြာတော့ ရေတံခွန်ဖြုဖြူတန်းကြီး ပင်လယ်ထဲကို တဖွားဖွားကျနေတဲ့ လှပတဲ့ကျွန်းတကျွန်းကို တွေ့လိုက်ရပါတယ်။

''ဆရာသရ၀ဏ် ဒုံး မဝေးတော့ဘူးဗျ''လို့ ကိုမြတ်ရှိန်က ပြောပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ကျွန်းနာမည်က ဒုံးကျွန်းပါတဲ့။ ဒုံးကျွန်းဟာ ပင်လယ်ထဲမှာ ရှားရှားပါးပါးရေချိုတွေဟာ ပင်လယ်ရေငန်တွေထဲကို အဆက်မပြတ် စီးကျနေပါတယ်။ ရေတွေဟာ နှမြောစရာတောင်ကောင်းပါတယ်။ အရာရာဟာ ကမ္ဘာဦးခေတ်ကလို သဘာဝအတိုင်းဖြစ်တည် နေတာပါ။ အချို့ ရေချိုလိုချင်တဲ့တံငါသည်တွေ ကျွန်းသားတွေအချို့ကတော့ အဲဒီဒုံးကျွန်းရေတံခွန်ကို လှေကလေးတွေနဲ့ ရေလာခပ်တာလည်း တွေ့ရပါတယ်။ အဲဒီကျွန်းဟာ သာယာလွန်းပြီး လူမရှိပါဘူး။ နာရီဝက်လောက် ခဏရပ်နားတဲ့အတွင်းမှာ ခရီးသည် အားလုံးနီးပါးဟာ ရေတံခွန်အောက်က သဘာဝရေကန်လိုဖြစ်နေတဲ့နေရာမှာ ရေကူးရေချိုးကြပါတယ်။ ကျွန်တော်လည်း သဘာဝရဲ့ဖြားယောင်းမှုဒဏ်ကို မခံနိုင်တော့လို့ ၀င်ပြီးရေချိုးမိပါတယ်။ ရေဟာ ကြည်လင်ပြီး အောက်ခြေကျောက်သားကိုတောင် မြင်နေရပါတယ်။ အဲဒီကျွန်းကနေထွက်လာတော့ ရှုခင်းတွေဟာ ပိုပြီးလှလာပါတယ်။ ကျွန်တော်ကြည့်ဖူးတဲ့ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေထဲက ထိုင်းနိုင်ငံရဲ့ ဖူးခက်ကျွန်းတို့၊ ဖီဖီကျွန်းတို့၊ ဗီယက်နမ်နိုင်ငံက ကမ္ဘာကျော်ဟောင်လုံဘေး(Ha Long Bay)တို့က မြင်ကွင်းမျိုးကို တွေ့ရတာပါ။ ဒါဟာ မြန်မာပြည်မှဟုတ်ရဲ့လား၊ နိုင်ငံခြားကိုရောက် နေသလားဆိုတဲ့ခံစားချက်မျိုးကိုတောင် ဖြစ်ပေါ်စေ ပါတယ်။ သစ်ပင်တွေနဲ့ ညို့မှိုင်းနေတဲ့ ကျွန်းစိမ်းကြီးတွေ၊ စိမ်းလဲ့နေတဲ့ရေပြင်၊ ဟိုတစသည်တစ ရေပေါ်မှာပေါ်နေတဲ့ မျှော်စင်လိုကျွန်းတွေ၊ ပြေပြေလျှောလျှောတောင်တန်းလေးတွေလိုဖြစ်နေတဲ့ ကျွန်းတွေ၊ လူသူမနေထိုင်တဲ့ သဘာဝအရိုင်း သက်သက်ပဲရှိနေသေးတဲ့ ကျွန်းတွေ။ အေးမြလတ်ဆတ်တဲ့ ပင်လယ် ရေတွေ။ မြို့ပြရဲ့ဆူညံမှုတွေမရှိတဲ့ ငှက်အော်သံသဲ့သဲ့နဲ့ ငြိမ်းချမ်းလှတဲ့ ပတ်ဝန်းကျင်။ ဘယ်လောက် ဝေးဝေးကိုပဲကြည့်ကြည့် အစအဆုံးမထင်နိုင်တဲ့ ပင်လယ်မြင်ကွင်းတွေဟာ မွန်းကျပ်လှတဲ့မြို့ပြမှာ နေထိုင်ခဲ့ရသူတွေအတွက်တော့ နတ်ပြည်ကို ရောက်သွားသလိုပါပဲ။ နိုင်ငံခြားသားတွေလည်း အင်မတန် သဘောကျနေတာကို တွေ့ရပါတယ်။

မကြာခင်မှာ နတ်သမီးရေတွင်းကျွန်းဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ ကျွန်းတကျွန်းကို ရောက်ပါတယ်။ မြိတ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၅၀)ခန့်မှာ တည်ရှိတဲ့ကျွန်းပါ။ ထုံးစံအတိုင်း လူမနေတဲ့ ကျွန်းတကျွန်းဖြစ်တယ် လို့ ဆိုပါတယ်။ အဲဒီကျွန်းကို သဘာဝအခြေခံခရီးသွား လုပ်ငန်းအတွက်သုံးဖို့ SAKURA Travels and Tours က ကိုဇော်မင်းဦးက ကြိုးစားနေပါတယ်။ သဘာဝခရီးသွားလုပ်ငန်းသာ တွင်ကျယ်လာမယ်ဆိုရင် ဒီနတ် သမီးရေတွင်းကျွန်းဟာ နိုင်ငံခြားသားတွေကို အတော်ဆွဲဆောင်နိုင်မှာ သေချာပါတယ်။ ကျွန်းဟာ ချောင်းသာ၊ ငွေဆောင်လောက် ကမ်းခြေမရှည်ပေမယ့် ဖြူလွလွသဲသောင်ခြေဟာ အတော်ကြီးကိုရှည်လျားပါတယ်။ ရေဟာလည်း ကြည်လင်နေလိုက်တာ အောက်ကသွားနေတဲ့ ငါးအုပ်ကိုတောင် မြင်ရပါတယ်။ သန္တာ ကျောက်တန်းတွေလည်း ရှိပါတယ်။ သဲဟာမြင်ဖူးသမျှ သဲထဲမှာ အနူးညံ့ဆုံးသဲပါပဲ။ ခြေထောက် နဲ့နင်းလိုက် တိုင်း သဲအောက်က အသံမြည်နေပါတယ်။ နုလိုက်တာမှ ဆန်ခါချထားတာထက်တောင် နူးညံ့တဲ့သဲတွေပါပဲ။ လူမနေတဲ့ကျွန်းဆိုတော့ တိတ်ဆိတ်လိုက်တာမှ ကမ္ဘာဦးခေတ်ကိုပြန်ရောက်သွားသလား ထင်ရပါတယ်။ အဆင်သင့်ယူဆောင်လာတဲ့ စားစရာတွေကို အသင့်ဆောက်လုပ်ထားတဲ့ သစ်သားစားပွဲတွေပေါ်မှာ စားသောက်ကြပါတယ်။ ခရီးသွားကုမ္ပဏီက ခရီးသည်အားလုံးအတွက် အစားအသောက်ပါ စီစဉ်ထား ပေးတာပါ။ လမ်းမှာ ရေ၊ ကိုကာကိုလာများလည်း အလျှံပယ်တိုက်ပါတယ်။ ကော်ဖီမစ်တွေလည်း ပါလာ ပါတယ်။ ဖရဲသီး၊ ငှက်ပျောသီးများလည်း ကျွေးပါတယ်။ ထမင်းကတော့ ကြက်သားနဲ့ ဘူးသီးဟင်း၊ ရေခူသုပ်၊ အစိမ်းကြော်များ ဖြစ်ပါတယ်။ ပင်လယ်လေတဖြူးဖြူးနဲ့စားလို့ မြိန်လွန်းပါတယ်။

ဒီလောက်သာယာလှပလွန်းတဲ့နေရာတွေမှာ တိုးရစ်တွေကို မမြင်တာနဲ့မေးကြည့်မိပါတယ်။ ဒေသခံတွေဟာ ဒီဒေသမှာ ခရီးသွားလုပ်ငန်းထွန်းကားစေချင်ပါတယ်။ ရေလုပ်ငန်းတံငါလုပ်ငန်းပဲရှိတဲ့နေရာ၊ ထိုင်းနိုင်ငံကိုပဲ လူငယ်တွေ အရွယ်ကောင်းတွေ အလုပ်သွားလုပ်ရတဲ့နေရာကနေ ကိုယ့်ဒေသမှာကိုယ်ပိုင်ပိုင်နိုင်နိုင် ငါးလေလံ ဈေးတွေ၊ ခရီးသွားလုပ်ငန်းတွေ ထွန်းကားစေချင်ကြပါတယ်။ ငါးလေလံဈေးကလည်း လုပ်ဖူးပေမယ့် စီမံခန့်ခွဲမှု ဘက်စုံထောင့်စုံက မစဉ်းစားပေနိုင်ခဲ့တာမို့ မအောင်မြင်ပါ။ မြန်မာ့ပင်လယ်ပြင်က ဖမ်းမိတဲ့ငါး ၉၉ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ ရနောင်းကို ရေလမ်းကနေသွားရောင်းနေရဆဲပါ။ မြန်မာတွေ အနှိမ်ခံနေရဆဲပါ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်ပေါင်းများစွာ အရိုးစွဲလာခဲ့တဲ့ကြိုးနီစနစ်တွေ၊ စီမံခန့်ခွဲမှုအမှားတွေ။ ခေတ်နောက်ကျနေတဲ့ အယူအဆတွေ၊ မဆလခေတ်က အခြေတည်ခဲ့တဲ့ နိုင်ငံခြားသားကြောက်တဲ့ (Xenophobia )ရောဂါတွေ၊ အရာရာကိုကာကွယ်ရေးအမြင်၊ စစ်ရေးအမြင် ရှုထောင့်ကနေ ကြည့်လွန်းတာတွေကြောင့် ဘယ်လိုမှ အလုပ်လုပ်လို့မရအောင်ဖြစ်နေကြောင်း သိရပါတယ်။ ဥပမာအားဖြင့် မြိတ်ကိုရောက်လာတဲ့ နိုင်ငံခြားသားတွေ၊ ထိုင်းနိုင်ငံကနေ ရေကြောင်းက ၀င်လာမယ့် နိုင်ငံခြားသားတွေဟာ မြိတ်ကျွန်းစုရဲ့လှပတဲ့ကျွန်းတွေကို သွားရောက်လည်ပတ်ရာမှာ ခက်ခက်ခဲခဲ သွားပြီးမှ နေ့ချင်းပြန်ခရီးတိုအဖြစ် မသွားချင်ပါဘူး။ ညအိပ်ရပ်နားချင်ပါတယ်။ ခရီးသွားကုမ္ပဏီတွေကလည်း ကျွန်းပေါ်မှာ ညအိပ်လို့ရအောင် ရွက်ဖျင်တဲတွေ၊ ဘာတွေနဲ့ စီစဉ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးအမိန့်ညွှန်ကြားချက်တွေအရ ညအိပ်ခရီးစဉ်များကို နေပြည်တော် ကက(ကြည်း)ကို ကြိုတင်လျှောက်ထားရပါတယ်။ လျှောက်ထားတာကနေ အမိန့်ပြန်ကျလာတဲ့ကာလအထိအချိန် (၁၅)ရက်လောက်ကြာတယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းရဲ့သဘောသဘာဝအရ ခရီးတခုကိုသွားတယ်ဆိုတာ ခရီးသွားကုမ္ပဏီကို တလနှစ်လကြိုပြောတာမျိုးရှိသလို ဒီနေ့ မြိတ်ကိုရောက်လာပြီးမှ စိတ်ကူးပေါက်ပြီး မနက်ဖြန်သွားချင် တာမျိုးလည်း ရှိပါတယ်။ ၁၅ ရက်ကြိုလျှောက်စနစ်ဟာ နိုင်ငံတကာအမြင်နဲ့ကြည့်ရင် ခရီးသွားလုပ်ငန်းမှာ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဘယ်ခရီးသည်မှ နေပြည်တော်က ပါမစ်ရဖို့ မြိတ်မှာ ဆယ့်ငါးရက်ထိုင်စောင့်မှာ မဟုတ်ပါ။ ထိုင်းဘက်ကိုကူးသွားတာနဲ့ ကြိုက်တဲ့ခရီးကို ကြိုက်သလိုထွက်နိုင်ဖို့ ထိုင်းခရီးသွား အာဏာပိုင် အဖွဲ့က စီစဉ်ပေးနေချိန်မှာ ဘယ်လောက်ပဲလှပတယ်ဆိုဆို ကြိုးနီစနစ်ကိုတော့ ကမ္ဘာလှည့်ခရီးသည်တွေ သည်းခံနိုင်မယ် မဟုတ်ပါ။ မြိတ်ကျွန်းစုတွေဟာ မလုံမခြုံတဲ့အခြေအနေရှိသလား၊ စစ်ရေးအရ သူပုန်အဖွဲ့၊ ဓားပြအဖွဲ့တွေရှိသလားလို့မေးတော့ သူတို့ဒေသဟာ ဘာမှအန္တရာယ်မရှိဘဲ အေးချမ်းတဲ့ဒေသပါတို့ ဒေသခံတွေက ပြောကြပါတယ်။ စီမံခန့်ခွဲမှုဟာ ဘယ်လုပ်ငန်းမှာမဆို လုပ်ငန်းအောင်မြင်ဖို့ အဓိကကျတဲ့ အချက်ပါပဲ။ မလေးရှားနိုင်ငံရဲ့ခေါင်းဆောင် မဟာသီယာမိုဟာမက်ဟာ မြိတ်မြို့ကိုရောက်လာစဉ်က ဒီဒေသဟာ ဒုတိယဖူးခက်လို ကမ္ဘာမှာ အောင်မြင်လာနိုင်တယ်လို့ ပြောသွားဖူးပါတယ်။ စီမံခန့်ခွဲမှု ကောင်းဖို့တော့ လိုတာပေါ့။ အခုတော့ ဒီမြိတ်ကျွန်းစုဒေသဟာ ကျွန်တော့်အမြင်မှာ မယ်စကြာဝဠာလောက် လှတဲ့ ကောင်မလေးဟာ ပိုးမယ့်ပန်းမယ့်သူမရှိဘဲ ချောင်ထဲမှာ ပစ်ပယ်ခံထားရသလိုပါပဲ။ ကိုယ့်လောက်မှ မလှတဲ့ ဖူးခက်တို့၊ ပတ္တယားတို့၊ ဖီဖီကျွန်းတို့က ပိုးသူပန်းသူတွေ တိုးဝှေ့လို့ မြင်ရတာ ရင်နာစရာပါ။ မျိုးချစ်စိတ် တခုတည်းနဲ့ နိုင်ငံကိုတိုးတက်အောင် မလုပ်နိုင်တာတော့ သေချာပါတယ်။ ကမ္ဘာကျော်ဂျိမ်းစ်ဘွန်း ဇာတ်ကား တကားဖြစ်တဲ့ Thunderbolt ကို မြိတ်ကျွန်းစုမှာ အခြေတည်ပြီး စာရေးဆရာအီယံဖလင်းမင်းကရေးခဲ့လို့ ရုပ်ရှင်လာရိုက်ချင်ပေမယ့် ဦးနေ၀င်းက ခွင့်မပြုခဲ့လို့ ထိုင်းနိုင်ငံကမ်းခြေတွေမှာ ရိုက်ခဲ့ရတယ်လို့ ကြားဖူးပါတယ်။

ကျွန်းပေါ်ကပြန်လာတော့ လမ်းမှာ ဒုံးညောင်မှိုင်းရွာဆိုတဲ့ ကျွန်းပေါ်က ရွာလေးတရွာကို ၀င်လည်ကြပါတယ်။ ကျွန်းပေါ်မှာ ဗမာ၊ ကရင်နဲ့ မော်ကင်းတို့ခေါ်တဲ့ ဆလုံလူမျိုးတွေနေပါတယ်။ ကျွန်းပေါ်မှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဆလုံကတော့ အိမ် ၃၀ လောက်ပဲရှိပါတယ်။ ဆလုံရွာထဲကိုသွားလည်တော့ ရွာထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲရှိပါတယ်။ အရွယ်ကောင်းယောကျာ်းလေးတွေကတော့ လှေကိုယ်စီနဲ့ ပင်လယ်ထဲကို ထွက်နေတယ်ပြောပါတယ်။ ဆလုံတွေထဲမှာ တချို့က မြန်မာလို နည်းနည်း ပါးပါးပြောတတ် ပါတယ်။ မေးကြည့်တော့ မိန်းကလေးတွေက ပငို့လို့ခေါ်တဲ့ ခရုတမျိုးကို ပင်လယ်မှာလိုက်ရှာပြီး အချဉ်လုပ်ပြီး ရောင်းပါတယ်။ ယောကျာ်းလေးတွေကတော့ ပုလဲငုပ်၊ ငါးဖမ်းကြတယ်။ တခါထွက်သွားရင် အရက်နှစ်ဆယ် လောက်ကြာမှ ရွာကိုပြန်လာကြတယ်လို့ ဆိုတယ်။ခပ်ငယ်ငယ် ဆလုံအမျိုးသမီးတယောက်ဟာ ထဘီရင်လျားနဲ့ထိုင်နေပါတယ်။ အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ မသိဘူးလို့ ပြောပါတယ်။ ဘယ်တုန်းက အိမ်ထောင်ကျလဲဆိုတော့လည်း နှစ်တွေလတွေဟာ သူတို့အတွက် ဘာမှအသုံးဝင်ဟန်မတူပါဘူး၊ မသိဘူးလို့ပဲ ပြောတယ်။ သူပြောနိုင်တာက သူ့မှာ ယောကျာ်းရှိတယ်။ ကလေးနှစ်ယောက်ရှိတယ်။ အကြီးကောင်လေး သေသွားပြီ။ အငယ်ကောင်က လက်ရှိ ပုခက်ထဲမှာအိပ်နေတယ်။ ဒါဆို လုံလောက်ပါပြီ။ သူတို့သဘာဝတွေဟာ မြန်မာနိုင်ငံသားချင်းသော်မှ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ နိုင်ငံခြားသားတွေကတော့ အရမ်းစိတ်ဝင်စားမှာသေချာပါတယ်။ တနေ့နေ့တချိန်ချိန် ဒီဒေသမှာ မြန်မာ့ခရီးသွားလုပ်ငန်း အထွတ်အထိပ်ကို ရောက်လာပါလိမ့်မယ်။ အခုအချိန်မှာတော့ ထိုင်းနိုင်ငံနဲ့ယှဉ်ဖို့မပြောနဲ့ သူ့လောက် ဆယ်ပုံပုံတပုံ လောက် တောင်မလှတဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီကိုတောင်မယှဉ်နိုင်ဘဲ နောက်ကျကျန်နေရတာ ရင်နာစရာပါ။

ညနေစောင်းတော့ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ နတ်သမီးရေတွင်း ကျွန်းနဲ့ကပ်လျက် ကျွန်းကြီးတကျွန်းနားက စက်လှေဖြတ်မောင်းလာတော့ ဒေသခံတယောက်က အလွန်ကြီးမားတဲ့ ကျွန်းကြီးတကျွန်းကို လက်ညှိုးထိုးပြပြီး ဒီကျွန်းကတော့ မကြာသေးခင်ကမှ ဒေါက်တာစိုင်းမောက်ခမ်းရဲ့သမီးနဲ့ မြိတ်မြို့ကလုပ်ငန်းရှင်တဦးကို MIC က ဖက်စပ်လုပ်ဆောင်ခွင့်ပြုလိုက်တဲ့ ပုလဲမွေးတဲ့ကျွန်းပဲ။ ဧကနှစ်သောင်းကျော်တယ်လို့ ပြောပါတယ်။ အိပ်ငိုက်နေတဲ့ ကျွန်တော်ဟာ မျက်စိတွေကျယ်သွားပါတယ်။ လူမနေတဲ့ကျွန်းတွေတောင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးနေပါပကောလို့ အံ့သြရပါတယ်။ ဦးသိန်းစိန် အစိုးရ ဟောင်းမဆင်းခင် ချပေးသွားတာလို့ ဒေသခံတွေက ပြောကြပါတယ်။ ပုလဲမွေးလို့မအောင်မြင်ရင်တော့ ကျွန်းပေါ်မှာ ဟိုတယ်တွေဆောက်မယ်လို့ကြားကြောင်း ဒေသခံက ပြောပါတယ်။ စီးပွားရေးလက်တံ ရှည်သူတွေမို့ ကျွန်းပေါ်မှာသူတို့ ဟိုတယ်တွေဆောက်ရင်တော့ နိုင်ငံခြားသားတွေလာအောင် ကြံဖန်လုပ်နိုင်စွမ်းရှိမှာပဲလို့ ကျွန်တော် တွေးနေမိတယ်။ အင်း မပြောစကောင်းမဆိုကောင်း မြိတ်မြို့မှာ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ပင်လယ်ထဲကကျွန်းတွေမှာ ပုလဲမွေးတဲ့လုပ်ငန်းတွေ မအောင်မြင်ပါစေနဲ့လို့ ဆုတောင်းရမလို ဖြစ်နေတာပါ။ တိုးရစ်ကြီးပြောတဲ့ပုံပြင်ထဲက ဘုရားသခင်ပေးတဲ့မြေဆိုတဲ့စကားကိုပဲ ကြား ယောင်မိပါတယ်။

သရ၀ဏ်(ပြည်)



( ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးကို ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် ) Photo: ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဒုက္ခရောက်နေတဲ့ အရပ်သား ၁ သိန်းခွဲထံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး သွားရောက်ထောက်ပံ့ခွင့်ပေးဖို့ မြန်မာအစိုးရကို နိုဝင်ဘာ ၁၈ ရက်နေ့ မနေ့က တိုက်တွန်းလိုက် ပါတယ်။ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ UNHCR ပြောခွင့်ရသူ Adrian Edwards အက်ဒရီယန် အက်ဒ်ဝဒ်စ် က မြန်မာအစိုးရကို တရားဥပဒေစိုးမိုးရေးနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုက လိုက်နာရမယ့် နိုင်ငံတကာ ကတိကဝတ်တွေနဲ့အညီ ပြည်သူတရပ်လုံးကို အကာ အကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို လေးစားဖို့ မိမိတို့ တိုက်တွန်းနေကြောင်း ပြောကြား ပါတယ်။

ဒါ့အပြင် UNHCR က ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း မောင်တောဒေသကနေ သူတို့နိုင်ငံ ထွက်ပြေးလာတဲ့ အရပ်သားဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးပြီး လက်ခံစောင့်ရှောက်ဖို့ တိုက်တွန်းနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ ကလည်း မောင်တောဒေသကို မကြာခင်က သွားရောက်ခဲ့တဲ့ နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ကနေ အကျိုးဖြစ်ထွန်းမှုမဆိုသလောက်ပဲ ရှိခဲ့ကြောင်းနဲ့ အဲဒီဒေသက ယိုယွင်းပျက်စီးနေတဲ့ လူအခွင့်အရေးအခြေအနေတွေကို အလျှင်အမြန် ကိုင်တွယ် ဖြေရှင်းဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ယန်ဟီးလီက မောင်တောမြို့နယ်ကို နိုင်ငံတကာအဖွဲ့ သွားရောက် စဉ်က သူတို့ရဲ့ ဒုက္ခဆင်းရဲတွေလာရောက်တင်ပြခဲ့တဲ့ ဒေသခံတွေကို အာဏာပိုင်တွေက လက်တုံ့ပြန် အရေးယူမှုတွေပြုလုပ်ခဲ့တယ် ဆိုတဲ့သတင်းတွေ မိမိရရှိနေကြောင်း၊ ဒါ့ပေမယ့် အတည်ပြုလို့တော့ မရသေးကြောင်း၊ နိုင်ငံတကာသံတမန်အဖွဲ့ ပြန်သွားပြီးနောက်ပိုင်းမှာ အစိုးရက စစ်ဆင်ရေးတွေကို အရှိန်တိုးမြှင့်ခဲ့ကြောင်းနဲ့ အဲဒီဒေသမှာရှိတဲ့ မြေပြင်တပ်ဖွဲ့တွေကို ရဟတ်ယဉ်တွေကနေ စက်သေနပ်နဲ့ ပစ်ခတ်ပြီး စစ်ကူပေးခဲ့တယ်လို့ မြန်မာအစိုးရက အခုဝန်ခံခဲ့ပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။

တဆက်တည်းမှာပဲ ယန်ဟီးလီ က အခုဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေနဲ့အညီ ဖြေရှင်းမယ်လို့ မကြာခင်က ပြောကြားခဲ့ပေမယ့် လူ့အခွင့်ရေးချိုးဖေါက်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ အရေးယူမှုကို မိမိ မမြင်ရသေးကြောင်းလည်းပြောပါတယ်။

တပြိုင်နက်မှာပဲ OCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေး အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၉ ရက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက် ၃ သောင်းခန့်အထိ ရှိနိုင်ကြောင်း မနေ့က ပြောကြားပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီး တစ်ဦးက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင် ၈၂ ဦးကို သူတို့ မနေ့က ပြန်နှင်ထုတ်လိုက်ကြောင်း၊ ဒါပေမယ့် အစားအစာနဲ့ ဆေးဝါးတွေပေးလိုက်ကြောင်း ပြောဆိုတယ်လို့ ရန်ကုန်ကလာတဲ့ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နဲ့ စစ်တွေက လာတဲ့ တခြား ရိုက်တာ သတင်း တပုဒ်မှာတော့ မောင်တောဒေသမှာ အစိုးရက လူ ၁၁၆ ဦးကို အရံရဲတပ်ဖွဲ့ဝင်သစ်တွေအဖြစ် အခု စစ်ရေးလေ့ကျင့်ပေးနေကြောင်း၊ အဲဒီ သင်တန်းဟာ ပုံမှန်ရဲသင်တန်းတွေထက် ၂ လခန့် လျှော့နည်းကြောင်း၊ သင်တန်းကိုတက်နေတဲ့ ရခိုင်တိုင်းရင်းသား အဌားယဉ်မောင်းသမားဟောင်း တစ်ဦးက မွတ်စလင်တွေရန်က ကာကွယ်ရမယ်လို့ ပြောကြားကြောင်း ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ နေပြည်တော်မှာ မနေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရခိုင်ပြည်နယ်မှာ အစိုးရက ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းနေတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


In a lawsuit alleging suspicion of fraud of real estate investment course "Trump University" established by Donald Trump elected the next president of the United States, Mr. Trump told plaintiffs By paying 25 million dollars (about 2.8 billion yen) it turned out that the two had settled. It is a form avoiding the continuation of litigation which is troublesome for Mr. Trump who advances adjustment of ministerial personnel.

Eric Schneiderman State Attorney general said on Wednesday, "The establishment of a $ 25 million settlement made today is an amazing change in attitude by Mr. Donald Trump, It is a big victory for 6000 victims of fraudulent universities. "

"The conditions of the settlement include refunds to all victims and content that Mr. Donald Trump pays New York State a $ 1 million fine (about 110 million yen) for State Education Law violation I am satisfied with what I am doing. "

According to a spokesperson for Attorney General of Schneider Man State, a settlement was made this time in all three lawsuits woken up by two in California (State of California) and one in New York State with respect to Trump University.

Mr. Trump, who is elected the next president of the United States and is currently discussing the next administration on a daily basis, has asked a federal court in San Diego, California, to postpone the case. A hearing on this request was scheduled on the 18th in the court, but a settlement was established about 1 hour before the trial started.

According to a lawsuit raised six years ago by former students of an unlicensed school and a trump university that has already failed, the university has deceived students and paid money with strong marketing.

According to lawsuits, there are cases where students who trusted that they would succeed in the real estate industry would pay 35,000 dollars (about 3.9 million yen) as a tuition fee if they received a lecture by the instructors that Mr. Trump itself chose. 【Translation edit】 AFPBB News


သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော သက်တမ်း ၁၅ ရက်သာ ရှိသေးသော နိုင်ငံခြားသားပိုင်အသေးစား ငွေချေးလုပ်ငန်းတခုသို့ လာရောက်ငွေချေး သူ ၂၉၀ ယောက်ရှိနေပြီး ၁၅ ရက်အ တွင်း ချေးငွေ ကျပ်သိန်း ၇၄၀ ကျော်ရှိ နေသည်ဟု သတင်းရရှိသည်။

အဆိုပါ ငွေချေးလုပ်ငန်းသည် ဟောင်ကောင်အခြေစိုက်ဖြစ်၍ ငွေချေး စနစ်သည် ၀ိုင်းကြီးချုပ်ခေါ်သော အဖွဲ့ဝင် ၅ ယောက်မှ ၁၀ ယောက်အထိ ဖွဲ့စည်းထားသော အဖွဲ့များကို ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင် မြို့နယ် သုံးမြို့နယ်ဖြစ်သော သင်္ဃန်းကျွန်း၊ သာကေတနှင့် တောင်ဒဂုံတို့ကိုသာ ထုတ်ချေး နေကြောင်း သတင်းရရှိသည်။

''ဒီလုပ်ငန်းကို ဟောင်ကောင်လုပ် ငန်းရှင်တွေက ၉၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ပါတယ်။ ကျွန်တော်တို့ ငွေချေးတဲ့ စနစ်ကတော့ ၅ ယောက် ၁၀ ယောက် အဖွဲ့တွေကို ချေးပေးတာပါ။ ကိုယ့်စိတ်ကြိုက်လူတွေနဲ့ အဖွဲ့ဖွဲ့နိုင်ပါတယ်။ တ ယောက်ကို ၁၀ သိန်းအထိ ထုတ်ချေးပေး ပါတယ်။ ကိုယ့်အဖွဲ့မှာ ပါတဲ့လူတွေဟာ တယောက်နဲ့တယောက် အချင်းချင်းတာ ၀န်ခံရမှာပါ၊ အခုကတော့ မြို့နယ် ၃ မြို့နယ်ကိုပဲ ခွင့်ပြုထားပါတယ်၊ ဒီမြို့နယ် ၃ မြို့နယ်ကပဲ ၁၅ ရက်တွင် လာချေးသူ ၂၉၀၊ အဖွဲ့အနေနဲ့ဆို ၄၉ ဖွဲ့လောက်ရှိပါတယ်။သိန်း ၇၄၀ ကျော်ထုတ်ချေးပေးပြီးပါပြီ''ဟု အဆိုပါငွေချေးလုပ်ငန်း၏ တာဝန်ခံမန်နေဂျာက ပြောကြားသည်။

အဆိုပါ ငွေချေးလုပ်ငန်းများသည် အတိုးနှုန်း ၂ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်း အကြားပေးရပြီး အပေါင်ပစ္စည်းမလိုအပ်သောကြောင့် ငွေချေးယူရာတွင် အလွယ်ကူဆုံးနည်းလမ်းများဖြင့် ချေးယူနေနိုင်သော နေရာတနေရာဖြစ်ကြောင်းနှင့် အလွယ်တကူချေး၊ မဆင်မခြင်သုံးပါက အကြွေးနွံတွင် နစ်သွားနိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်က ပြောကြားသည်။

''ဒီလိုအတိုးနည်းနည်းနဲ့ အပေါင် ပစ္စည်းမလိုဘဲ ချေးပေးနိုင်တာကောင်းပါတယ်။ တကယ်လုပ်ငန်းလုပ်သူတွေအနေနဲ့ ဒါတကယ်ကောင်းတဲ့ အကူအညီဖြစ်ပါတယ်။ ဒါပေမဲ့ တခုရှိတာက အခုလို လွယ်လွယ်ရတော့ လွယ်လွယ်ချေးလိုက်တယ်၊ ဘာလုပ်ငန်းမှလည်းရင်းနှီးမြုပ်နှံမှုမလုပ်ဘဲ ချေးမယ်ဆို အန္တရာယ်ရှိတယ်၊ သူက အရစ်ကျဆပ်ရတာဖြစ်တယ်။ တလကို အတိုးအရင်းနည်းနည်းစီဆပ်သွားရတာ၊ ဘာလုပ်ငန်းမှလည်း မလုပ်ဘဲ ဆပ်ခါနီးမှ ဟိုကချေးဆပ် ဒီကချေးဆပ်နဲ့ဆို အဲလူက အကြွေးနွံနစ်သွားပြီး သူ့ဘ၀က ပိုဆိုးသွားလိမ့်မယ်'' ဟု ၎င်းက ပြောကြားသည်။

ဝိုင်းကြီးချုပ်ဟုခေါ်သော အဖွဲ့လိုက် ငွေချေးခြင်းသည် တယောက်နှင့် တယောက်တာဝန်ယူ၊ တာဝန်ခံရ၍ အကယ် ၍ တယောက်ယောက်မှ မရိုးမဖြောင့်ပါက ထိုသူချေးယူထားသော ငွေပမာဏကို တခြားအဖွဲ့ဝင်များမှ တာဝန်ယူခွဲဝေဆပ်ရသောစနစ်ဖြစ်သည်။

လတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


နေပြည်တော်(နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲလိုက်ကြောင်း နိုဝင်ဘာ ၁၉ရက်ထုတ်၊ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

နို်င်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်/၂၀၁၆ဖြင့် တာဝန်မှရပ်စဲကြောင်း ကြေငြာလိုက်ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း(၈)လကျော်အတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

သမ္မတရုံး၏ အမိန့်ထုတ်ပြန်ချက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်သည်” ဟူ၍ ပါရှိသည်။

အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တွင် “ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်” ဟူ၍ ပြဌာန်းထားသည်။

ဒေါက်တာထွန်းဝင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၆ဖြင့် သမ္မတဦးထင်ကျော်က မေလ ၂ရက်တွင် စတင်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာထွန်းဝင်းသည် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ ဇာတိဖြစ်ပြီး စိုက်ပျိုးရေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာအောင်သူက တာဝန်ယူထားသည်။

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
Mizzima - News in Burmese


ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားနယ်စပ် လုံခြုံရေးတင်းကျပ်။
ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားနယ်စပ် လုံခြုံရေးတင်းကျပ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆိုးရွားလာနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ချက်ခြင်း ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် ယန်ဟီးလီ က မြန်မာအစိုးရကို နိုဝင်ဘာလ ၁၈ ရက် သောကြာနေ့က တောင်းဆို လိုက်ပါ တယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ မစ် ယန်ဟီးလီရဲ့ ကြေညာချက်ထဲမှာ - အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသတ၀ိုက်မှာ သီတင်း ၆ ပတ်ကြာ အာဏာပိုင်တွေရဲ့ အ၀င်အထွက် ပိတ်ပင်တားမြစ်မှုကို ဝေဖန်ထားပြီး၊ ဆိုးရွားလာ နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ သီတင်း ၆ ပတ်လောက် အ၀င်အထွက် လုံးဝ ပိတ်ပင်ထားတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။

အောက်တိုဘာလဆန်းက ရခိုင်ပြည်နယ် မောင်တောဒေသမှာ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတာကြောင့် အခြေအနေမှန်တွေ ကို လေ့လာကြည့်ရှုဖို့ မကြာသေးခင်က ကုလသမဂ္ဂ အရာရှိနဲ့ ၉ ဦးပါ သံတမန်အဖွဲ့ကို အစိုးရဦးဆောင်ပြီး ၂ ရက်ကြာ သွားရောက်ခဲ့ပေမဲ့ - ပြည့်စုံမှုမရှိတဲ့ ရလဒ်တွေသာ ထွက်ပေါ်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြ ထားတာပါ။

ဒါ့အပြင် အဲဒီဒေသမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်ကို အစိုးရက အသုံးပြုနေတာ၊ သံတမန်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ နစ်နာချက်တွေ ပြောပြခဲ့တဲ့ ရွာသားတွေကို ညှဉ်းပမ်း နှိပ်စက်မှုတွေရှိတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ သူ့အနေနဲ့ အတော်လေး စိုးရိမ်ကြောင်း မစ် ယန်ဟီးလီ က ပြောဆိုထားတာပါ။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရားဥပဒေစိုးမိုးရေး အပေါ် အခြေခံပြီး ကိုင်တွယ်ဖြေရှင်း သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောဆိုထားပေမဲ့ - လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရအနေနဲ့ ကြိုးပမ်းလုပ်ဆောင်တာ မတွေ့ရ သေးဘူးလို့လည်း မစ် ယန်ဟီးလီ က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဒီအခြေအနေတွေကို ဖြေရှင်းဖို့ အရေးပေါ် ကိုင်တွယ် ဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာကွယ်ပေးဖို့ တောင်းဆိုခဲ့တဲ့ အကြောင်း - ကုလသမဂ္ဂရုံးက ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောဆိုခဲ့ပါတယ်။

“တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတကာစံနှုန်းတွေအတိုင်း ကိုယ့်တိုင်းပြည်မှာရှိတဲ့ အရပ်သားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို အကာကွယ်ပေးဖို့ UNHCR အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ မတိုင်မီ အချိန်အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရပ်သား တသိန်း၆ သောင်းကို အကူအညီတွေ ပေးအပ်နေတဲ့ လူသားချင်းစာနာမှုပေးရေး အဖွဲ့တွေကို အဲဒီဒေသဆီ ချက်ခြင်း ၀င်ခွင့်ပေးဖို့လည်း တောင်းဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း နယ်စပ်ဒေသကို ဖွင့်ထားပြီး မြန်မာပြည်က အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာနေတဲ့ အရပ်သားတွေကို ကူညီကယ်ဆယ်ဖို့ကိုလည်း UNHCR က တောင်းဆိုပါတယ်။”

ကုလသမဂ္ဂရဲ့ ကြေညာချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်ရရှိဖို့ ကြိုးစား ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေဆိုမှု မရှိခဲ့ပါဘူး။

အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့်စခန်း ၃ ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးမှု ဖြစ်ရပ် စတင်ခဲ့ပြီးချိန်ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက အခုအထိ မတည်မငြိမ်ဖြစ်နေဆဲပါ။

ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေကြား လူမျိုးရေး တင်းမာမှုတွေ စတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ လူ ၁ သိန်းကျော်ဟာလည်း IDP ဒုက္ခသည်တွေအဖြစ် စခန်းတွေမှာ နေထိုင်နေရဆဲ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ မူဆလင်အကြား လူမျိုးရေးပဋိပက္ခတွေ ဖြေရှင်းဖို့ အပါအ၀င် ဒေသဖွံ့ဖြိုး တိုးတက်ရေး တွေအတွက် - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း လည်းဖြစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ကိုဖီအာနန် ဦးဆောင်ပြီး - ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့တခုကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။
VOA Burmese News


တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ
အစိုးရအဖွဲ့ တစ်ခုလုံးအနေနဲ့ စီမံကိန်းတွေ လစာတွေ အသုံးစရိတ်တွေ အတွက် ဖြည်စွက် ဘဏ္ဍာ ငွေကျပ် ဘီလီယံ ၁၃၀ဝ ကျော် သုံးစွဲခွင့်ပြုဖို့ ပြည်ထောင်စုလွှတ်တော်ကို တောင်းခံထားပါတယ်။

ဖြည်စွက် ဘဏ္ဍာငွေပေးဖို့ တောင်းဆိုထားတဲ့ ဝန်ကြီးဌာနတွေမှာတော့ ကာကွယ်ရေးနဲ့ လယ်ယာ စိုက်ပျိုး မွေးမြူရေး ၊ ဆည်မြောင်း ဝန်ကြီးဌာနတို့က အများဆုံးဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဌာန အနေနဲ့ ကျပ်ဘီလီယံ ၁၀ဝ ကျော် ထပ်မံတောင်းခံထားတာ ဖြစ်ပြီး ၀န်ထမ်း လစာ ၊ ခရီးသွားလာစရိတ် ၊ စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ တပ်မတော်လေရဲ့ အရေးကြီး ပစ္စည်းအတွက် ပေးချေဖို့တွေ အတွက် တောင်းခံထားတာ ဖြစ်ကြောင်း သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ အခုလို ဘဏ္ဍာငွေ ထပ်တောင်းခံရခြင်းဟာ ပြီးခဲ့တဲ့ စစ်ဆင်ရေးကာလမှာ အသုံးပြုခဲ့ရတဲ့ လက်နက် ခဲယမ်းတွေ ပြန်လည် ၀ယ်ယူဖို့ ဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းလဲဖြစ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဦးဝင်းသန်းက သုံးသပ်ပါတယ်။

ဒါ့အပြင် လက်ရှိကာကွယ်ရေး ဦးစီးချုပ်လက်ထက်မှာ လေတပ်နဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်ဖို့ အစီအစဉ် ရှိတဲ့ အတွက်အခုလို ဘဏ္ဍာငွေ ထပ်မံတိုးတောင်းတာဖြစ်နိုင်တယ်လို့ လေ့လာသူ တချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေမှာ လျော့နည်းခဲ့ပေမဲ့ NLD အစိုးရ လက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေးအတွက် ဘတ်ဂျက်မိုပိုသုံးစွဲလာပြီး အခုဖြည့်စွက် ဘတ်ဂျက်မှာလဲ လူမူ ဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေ အတွက်ဘတ်ဂျက်တိုးမြှင့်ထား တယ်လို့ ပြည်သူ့ လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီ ဥက္ကဌ ဦးအောင်မင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြံခိုင်ရေးပါတီ အစိုးရ လက်ထက်ကလဲ တချို့နှစ်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ဖြည့်စွက် ဘဏ္ဍာငွေ ထပ်မံတောင်းဆိုတာတွေ ရှိခဲ့ဖူးသလို လွှတ်တော်အနေနဲ့လည်း စီစစ် ဖြတ်တောက်တာတွေရှိခဲ့ဖူး ပါတယ်။

BBC Burmese
http://www.bbc.com/burmese



 ရှေ့နေချုပ်အဖြစ် ကမ်းလှမ်းခံရတဲ့ ဆီနိတ်တာ ဂျက် ဆက်ရှင်စ်က လူဝင်မှု ကိစ္စတွေအပေါ် အငြင်းပွားဖွယ် ပြောဆိုခဲ့ဖူး။
အမေရိကန် နိုင်ငံမှာ သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်က သူ့အစိုးရ အဖွဲ့မှာ ပါဝင်မယ့် သူတွေကို စတင် ရွေးချယ် နေပါတယ်။

နိုင်ငံတော် ရှေ့နေချုပ် ရာထူးနေရာအတွက် အယ်လ်ဘားမား ပြည်နယ် ဆီနိတ်တာ ဂျက် ဆက်ရှင်စ်ကို ကမ်းလှမ်း လိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အစိုးရ ရှေ့နေဟောင်း မစ္စတာ ဆက်ရှင်စ်ဟာ ၁၉၉၆ ခုနှစ်မှာ ဆီနိတ်တာ အဖြစ် ရွေးကောက် ခံခဲ့ရသူဖြစ်ပြီး မဲဆွယ်ကာလ တလျှောက်မှာ ဒေါ်နယ်ထရမ့်ရဲ့ အရင်းနှီးဆုံး မဟာမိတ် ဖြစ်ခဲ့သူပါ။

တစ်ခါ မွတ်ဆလင်တွေကို စိုးရိမ်ကြောက်ရွံ့တယ် ဆိုတာ ယုတ္တိတန်ပါတယ် ဆိုပြီး တွစ်တာကနေ ပြောခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး Michael Flynn ကိုတော့ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် အဖြစ် ဒေါ်နယ်ထရမ့်က ကမ်းလှမ်းခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် ရွေးချယ်လိုက်တဲ့ သူတို့ နှစ်ယောက်စလုံးဟာ လူမျိုးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် အမြင် ရှိကြသူတွေ ဖြစ်ပါတယ်။

သူတို့ကို အဲဒီ ရာထူးတွေ ကမ်းလှမ်းတဲ့အကြောင်းကို မစ္စတာ ထရမ့်ကိုယ်တိုင်ကတော့ အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

စီအိုင်အေ ညွှန်ကြားရေးမှူးချုပ် နေရာကိုတော့ ကန်ဆက်စ်ပြည်နယ် လွှတ်တော်အမတ် Mike Pompeo ကို ကမ်းလှမ်းထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရန်ကုန်မြို့ မြင်ကွင်း။
မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအဆောက်အုံတစ်ချို့နဲ့ အစိုးရ ရုံးတွေမှာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ Asbestos လို့ခေါ်တဲ့ ကျောက်ဂွမ်းတွေ ကို တွေ့ရနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြကြပါတယ်။ အဆုတ်ကင်ဆာ အပါအ၀င် တခြား ကျန်းမာရေး အန္တာရယ် လည်း ဖြစ်စေနိုင်တာကြောင့် ကမ္ဘာတစ်လွား နိုင်ငံတွေမှာ အသုံး ပြုမှု မရှိတော့ပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောက်ဂွမ်းနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ ကျန်ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံက အထင်ကရနေရာတွေ အပါအ၀င် အဆောက်အဦးတွေမှာ Asbestos လို့ခေါ်တဲ့ ကျောက်ဂွမ်းတွေကို အသုံးပြုမှုတွေ ရှိခဲ့တာကြောင့် လူတွေ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့အကြောင်း ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပြီးနောက်၊ ကင်ဆာရောဂါမျိုးစုံ အပါအ၀င် တခြားကျန်းမာရေး အန္တရာယ်ရှိတဲ့အတွက် နိုင်ငံပေါင်း ၅၀ ကျော်မှာ တားမြစ်ခဲ့ပေမဲ့၊ မြန်မာနိုင်ငံမှာတော့ အခုအချိန်အထိ အသုံးပြုနေဆဲ ဖြစ်တဲ့ အကြောင်း ကမ္ဘာ့ပေါ်ကထင်ရှားတဲ့ အဆောက်အဦးတွေ ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်တဲ့ World Monument Fund က ပြောဆိုခဲ့တာပါ။ ၀ါရင့် ဗိသုကာ ပညာရှင် တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးမြင့်ကတော့ ကျောက်ဂွမ်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး အန္တရာယ်တွေကို အခုလို ပြောပါတယ်။

"သူက ထွက်တဲ့အမှုန်တွေကို ရှုရှိုက်ပြီး အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ အဆုတ်ကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေးလောကရဲ့ အပြောင်းအလဲမှာ အဆောက်အဦးတွေ ဆောက်ကြတယ်။ အဆောက်အဦးအဟောင်းတွေ ဖြိုဖျက်ကြတယ်။ ဖြိုဖျက်ပြီး အဆောက်အဦးသစ်တွေ ဆောက်ကြတဲ့အခါမှာ အဆောက်အဦးဟောင်းကို စနစ်တကျဖြိုဖျက်ခြင်းမရှိပဲ အလွယ်တကူ အဆောက်အဦး အိမ်ဖျက်တဲ့သူခေါ်ပြီးတော့ ဘယ်နှစ်ရက်နဲ့ အပြီးဖျက်မယ် ဆိုတော့ ဖြစ်ကတက်ဆန်း ဖျက်လိုက်ရင် ထွက်လာတဲ့ အမှုန်တွေ အောက်ကိုကျတဲ့ အမှုန်တွေ ဒါတွေကို သန့်ရှင်းရေး လုပ်ပုံလုပ်နည်းမမှန်ခဲ့ရင် လူတွေမှာ အသုံးပြုတဲ့ တစ်အချက်က ဒီလုပ်ငန်းလုပ်ကိုင်တဲ့သူတွေမှာ အနှောင့်အယှက် အကြီးအကျယ်ဖြစ်နိုင်သလို အနီးနားပတ်ဝန်းကျင်မှာ နေတဲ့ သူတွေကိုလည်း ဖြစ်နိုင်ပါတယ်။ အဓိက ကတော့ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ အဆုတ်ကင်ဆာပါ။"

မြန်မာနိုင်ငံမှာ ကျောက်ဂွမ်းအသုံးပြုမှုနဲ့ ပတ်သက်လို့ လေ့လာခဲ့တဲ့ မော်လမြိုင်မြို့က ပထမဆုံးနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှာ ဆိုရင်လည်း၊ ခေါင်မိုး အစိတ်အပိုင်းတွေ မှာ ကျောက်ဂွမ်းတွေကို တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့လည်း ကမ္ဘာတ၀ှမ်းမှာ အခုအချိန်အထိ ကျောက်ဂွမ်းတန်ချိန် ၂ သန်းလောက် နှစ်စဉ် ထုတ်လုပ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျောက်ဂွမ်းတွေကို ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အဦးတွေ ပြန်လည်မွမ်းမံရာမှာ အသုံးပြုခဲ့တာတွေ ရှိခဲ့သလို၊ ၁၉၆၀ ကာလနဲ့ ၁၉၉၀ ပြည့်နှစ်တွေတုန်းက ဆောက်ခဲ့တဲ့ အဆောက်အဦး အသစ်တွေမှာ အသုံးပြုမှုတွေ ရှိနေခဲ့တဲ့အတွက် ကျန်းမာရေး အန္တရာယ် ရှိနိုင်တာကိုလည်း ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကျွမ်းကျင်ပညာရှင်တွေ ထောက်ပြခဲ့ကြတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ဆောက်ခဲ့တဲ့ အဆောက်အဦးတိုင်းမှာ ဒီကျောက်ဂွမ်းတွေကို တွေ့ရနိုင်တယ်လို့ ဦးအောင်စိုးမြင့်က သုံးသပ်ပါတယ်။

"ကိုယ့်ပတ်ဝန်းကျင် အနီးနားမှာ ရှိတဲ့အဆောက်အဦးတိုင်းမှာ တွေ့ရပါလိမ့်မယ် အခုဆို။ နောက်ပြီး အဲ့ဒီ့ တခေတ်တခါ အဲ့ဒီ့ ၁၉၆၀နဲ့ ၈၈ ကြားလောက်မှာ ဆောက်ခဲ့တဲ့ အဆောက်အဦးအားလုံးဟာ ဒီကထွက်တဲ့ Asbestos တွေနဲ့ပဲ အမိုးမိုးကြတာ မျက်နှာကျက်တွေ ရိုက်ကြတာဆိုတော့ အစိုးရအဆောက်အဦးတိုင်းလိုလို ဒါတွေ မိုးထားတာကို တွေ့ရမယ်။ နောက် ကိုလိုနီခေတ်က အဆောက်အဦး ရှေးဟောင်းအဆောက်အဦးက အုတ်ကြွပ်မိုးတွေ ပြင်မယ် ရေယိုတယ်ဆိုရင် ပြင်မယ့် အစား ခွာပြီးတော့ ပြန်ပြီး Asbestos နဲ့ မိုးထားတဲ့အဆောက်အဦးတွေကို အများကြီးတွေ့ရမယ်။ ရန်ကုန်မြို့မှာဆိုရင် တော်တော်များများသော အဆောက်အဦးတွေ ကိုကြည့်ခြင်းအားဖြင့် Asbestos တွေ မိုးတာကို ယနေ့အထိတွေ့နိုင်ပါတယ်။"

ကျောက်ကွမ်း အများအပြားကို ဖယ်ရှားလိုက်မယ်ဆိုရင် သတိထား ဆောင်ရွက် ရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်မယ့် လုပ်ထုံး လုပ်နည်းတွေ မရှိသေးဘူးလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

တွင်းထွက်ပစ္စည်းတမျိုးဖြစ်တဲ့ ကျောက်ဂွမ်းဟာ အပူဒဏ်၊ မီးဒဏ်နဲ့ ဓာတုပစ္စည်းတွေဒဏ်ကို ခံနိုင်ရည်ရှိသလို၊ လျှပ်ကူးမှုမရှိတဲ့ အတွက်လည်း အဆောက်အဦးတွေအပြင် စက်ကရိယာ ပစ္စည်းတချို့မှာ အသုံးပြုတာတွေ ရှိနေတယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

ကမ္ဘာတ၀ှမ်းမှာ ကျောက်ဂွမ်းကြောင့် နှစ်စဉ် နာမကျန်းဖြစ်သူ အလုပ်သမား ခန့်မှန်းချေ တသိန်းလောက် ရှိတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နှစ်စဉ်ထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။

 ထက်အောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အဓမ္မပြုကျင့်ခံရသည့် အသက်(၈)နှစ်အရွယ်မိန်းကလေး ကျန်းမာရေး
အခြေအနေစိုးရိမ်ရ၍ စစ်တွေ ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသရမည်
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်းရှိ င/ရဗချိုင်ကျေးရွာတွင် အဓမ္မပြုကျင့်ခြင်း ခံရသည့် အသက်(၈)နှစ်အရွယ်မိန်းကလေးမှာ ကျန်းမာရေးအခြေအနေစိုးရိမ်ရ၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသရမည်ဖြစ်ကြောင်း သိရှိရသည်။

 ပေါက်တောမြို့နယ်၊ င/ရဗချိုင်းကျေးရွာမှ အသက်(၈)နှစ်အရွယ်မိန်းကလေးမှာ နိုဝင်ဘာ ၁၄ ရက်က ကစားနေစဉ် ဦးထွန်းအေး(၃၅ နှစ်)မှ ဖမ်းယူကာ မြစ်ကမ်းဘေးတွင် အတင်းအဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးကို ပေါက်တောမြို့၊ ပြည်သူ့ဆေးရုံတွင် သွားရောက်ဆေးကုသမှုခံယူနေရပြီး မသက်သာ၍ နိုဝင်ဘာ ၁၈ ရက်တွင် စစ်တွေမြို့ ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
 “ပေါက်တောမှာ သက်ငယ်မုဒိန်းမူ မကြာခဏဖြစ်နေတယ်။ ဒါက လူ့ကျင့်ဝတ်ချိုးဖောက်မှုဖြစ်တာကြောင့် ထိထိ ရောက်ရောက် အရေးယူဖို့တော့ လိုအပ်နေပါပြီ။ အခု ရဲစခန်းကတော့ အမှုဖွင့်ထားတယ်။ ကျွန်တော်တို့ အနေနဲ့ ကလေးသူငယ်ဥပဒေပုဒ်မ(CRC Law)နဲ့ ကျူးလွန်သူကို ထပ်မံတရားစွဲဆိုဖို့ စီစဉ်နေပါတယ်။ နောက်ပြီး ကလေးက ကျန်းမားရေး အခြေအနေမကောင်းတာမို့ စစ်တွေဆေးရုံကြီးကို ပို့ဖို့စီစဉ်နေပါတယ်။”ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်မြင့်တင့်သူများအဖွဲ့မှ ရခိုင်ပြည်နယ်တာဝန်ခံ ဦးမြတ်ထွန်းက ပြောသည်။

 ပြစ်မူကျူးလွန်သူမှာ ကျောက်တော်မြို့နယ်မှ ဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေ့မှစ၍ ထွက်ပြေးတိမ်းရှောင်နေပြီး ပေါက်တောမြို့မ ရဲစခန်းမှ မုဒိန်းမူ ပုဒ်မ ၃၇၆ အရ အမူဖွင့်လှစ်ကာ ပြစ်မူကျူးလွန်သူ ဦးထွန်းအေးအား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံရှာဖွေနေကြရာ လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ပေါက်တောမြို့မ ရဲစခန်းမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း အမျိုးသမီးများအား အကြမ်းဖက်ခံရမူနှင့် ပတ်သတ်သော အမူပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိန်းမူ (၁၀) မှုကျော်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/


အလွတ်တန်းသတင်းထောက်ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရန်အတွက် ဇနီးဖြစ်သူ အိမ်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက နိုဝင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ စာချွန်လွှာတင်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်မအနေနဲ့ ဥပဒေကြောင်းအရ ကျွန်မခင်ပွန်းနစ်နာခဲ့မှုနဲ့ပတ်သက်ပြီး စာချွန်တင်တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတွေရဲ့ တန်းတူညီမျှခံစားခွင့်ရှိတယ်။ ဥပဒေရဲ့အကာအကွယ်ရသင့်တယ်ထင်လို့ အခုလို စာချွန်တင်ခြင်းဖြစ်ပါတယ်။ ကျွန်မခင်ပွန်းဟာ ပြစ်မှုကျူးလွန်တယ်ဆိုပြီး တရားဥပဒေလမ်းကြောင်း အတိုင်း လုပ်ဆောင်မှုကိုမခံရဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် မျှတမှုလိုချင်လို့ စာချွန်တင်ခြင်းဖြစ်ပါတယ်”ဟု ဒေါ်သန္တာကပြောသည်။

စာချွန်တင်ခြင်းနှင့်ပတ်သက်၍ တရားသူကြီးသုံးပါးက သေချာစွာလေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ “ကျွန်တော်တို့က အလွတ်တန်းသတင်းထောက် ကိုပါကြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ အသတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ ကျိုက်မရောမြို့နယ်တရားရုံးက သေမှုသေခင်ဆုံးဖြတ်ထားပါတယ်။ နောက်တော့ လူသတ်မှုနဲ့ အမှုပြောင်း ဖွင့်ပါတယ်။ နောက်ပြီးတော့ မှားယွင်းမှုဆိုပြီး အမှုကိုပိတ်သိမ်းလိုက်ကြတယ်။ ဒီအမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က အရပ်ဘက်တရားရုံးမှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးဖို့ အကြံပြု ထားပေမယ့် စစ်တရားရုံးက အမှုပိတ်သိမ်းခဲ့ပါတယ်။ ဥပဒေနဲ့မညီညွတ်တာတွေ များနေပါတယ်”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ အစောင့်စစ်သည် နှစ်ဦးကို စစ်တရားရုံးချုပ်က စစ်ဆေးခဲ့ပြီးနောက် တန်းပြည့်စစ်မှုထမ်းဆောင်နေချိန်တွင်ဖြစ်ပေါ်ခဲ့သည့်အတွက် တရားသေလွှတ်ပေးခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ပြန်ကြားခဲ့သည်ဟု ၂၀၁၅ ခုနှစ် မေ ၈ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာနိုင်ငံ၏ One Lady Show ပွဲကို အောင်မြင်စွာဖျော်ဖြေခဲ့သူ ''တစစီကျိုးပဲ့နေတယ်'' သီချင်းဖြင့် လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည့် အဆိုတော်အေးချမ်းမေသည် ၂၀၁၆ နိုဝင်ဘာတွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ခေတ္တပြန်လည်ရောက်ရှိလို့လာခဲ့သည်။ ''ပျော်ရွှင်ခြင်းနိုင်ငံ''၊ ''JV 1500 ''၊ ''တို့မဝေးဘူး'' တေးစီးရီးများနှင့် ထင်ရှားကျော်ကြားခဲ့သည့် အေးချမ်းမေသည် မြန်မာနိုင်ငံဂီတလောကမှ ၁၉၉၇ တွင် အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်ခဲ့သည်။ လက်ရှိအနှစ် ၂၀ ခန့်အကြာတွင် မြန်မာနိုင်ငံသို့ သူမ၏ပရိသတ်ထံ သူမ၏ သီချင်းများဖြင့် ပြန်လည်ဖျော်ဖြေရန် ရောက်ရှိနေခဲ့သည်။ အေးချမ်းမေသည် လာမည့် နိုဝင်ဘာ ၁၉ ရက် ပြည်သူ့ဥယျဉ်တွင် Plus Three Band နှင့် One Lady Show ပွဲကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်၌ မန္တလေးမြို့တွင် အဆိုတော်စည်သူလွင်နှင့်အတူ ဖျော်ဖြေသွားမည်ဖြစ်သည်။ အေးချမ်းမေ နှင့်ပတ်သက်ပြီး ၁၉၉၅ ဇန်န၀ါရီထုတ် ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို အေးချမ်းမေ၏ ပရိသတ်များ အတွက် အမှတ်တရ ပြန်လည်ဖော်ပြလိုက်ပါသည်။
(အယ်ဒီတာ)

တေးစီးရီးလောကမှာ အရှိန်အဟုန်ကြီးစွာနဲ့ အောင်မြင်မှုရရှိလာသူကတော့ အခုတလော အားလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အေးချမ်း မေပါပဲ။ အေးချမ်းမေရဲ့ အောင်မြင်မှုဟာ အံ့သြစရာကောင်းအောင် အရှိန်အဟုန်ကြီးတယ်လို့ ဆိုရမယ်။ စီးရီးခွေလောကမှာ တခွေကို ၂၀၀ိ နဲ့ ရောင်းမလောက်အောင် ဖြစ်ခဲ့ရတယ်။ ဇော်ဝင်းထွဋ်ရဲ့ ''ဆေးဆိုးပန်းရိုက် မျက်နှာ''ပြီးတော့ အေးချမ်းမေရဲ့ ''ပျော်ရွှင်ခြင်းနိုင်ငံ''က ထပ်ပြီး ဈေးနှုန်းစံချိန်သစ်တင်လိုက်ပြန်ပါတယ်။ ခုတလော မိန်းကလေးအဆိုရှင်တွေရဲ့ စီးရီးတွေထွက်လာရင် ထင်သလောက်ဖြစ်မလာ။ မိန်းကလေးအဆိုရှင်တွေကဏ္ဍဟာ မှိန်သလို ဖြစ်နေလို့ မိန်းကလေးအဆိုရှင်ခေတ်များ ကုန်တော့မလားဆိုပြီး တွေးမိနေကြတာ။ ဟော ခုအေးချမ်းမေဟာ မိန်းကလေးအဆိုသမား စီးရီးခွေထဲမှာ အထူးအောင်မြင်မှုရသွားတယ်။

ပရိသတ်များ အထူးသိချင်နေကြတဲ့ အေးချမ်းမေရဲ့အကြောင်းအရာတွေရရှိဖို့အတွက် ကျွန်တော်က ဒီစီးရီးခွေကို ၀ိုင်းဝန်းပံ့ပိုးတဲ့အင်အားထဲက အဓိကတယောက်ဖြစ်တဲ့ မင်းချစ်သူနဲ့တွေ့ဆုံဖို့ အပူတပြင်း ရှာရပါတယ်။ မျက်နှာဖုံးပုံကိစ္စနဲ့ပတ်သက်ပြီး တွေ့ကြတဲ့ နောက်ပိုင်း မင်းချစ်သူနဲ့ ကျွန်တော် မတွေ့ရ။ သူကလည်း သူ့အလုပ်နှင့်သူ၊ ကျွန်တော်ကလည်း မျက်နှာဖုံးပုံ ကောင်းမွန်သေသပ်လှပဖို့ ပန်းချီဆရာဆီပြေး ရ၊ ကာလာခွဲတဲ့နေရာပြေးရနှင့် အလုပ်များနေခဲ့ရတယ်။ ဒါကြောင့် အေးချမ်းမေ အင်တာဗျူးကိစ္စလုပ်ဖို့ကို မင်းချစ်သူဆီ အပူတပြင်းလိုက်ရှာပါဟု ကိုလှကျော်နေကို အကူအညီတောင်းခဲ့ရပါတယ်။ ကိုလှကျော်နေနှင့် မင်းချစ်သူကလည်း ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေပြီး တယောက်နှင့်တယောက် မတွေ့ကြ။ ဒီအချိန်မှာပဲ ဓာတ်ပုံဆရာ မော်နီကျော် ရောက်လာခဲ့တယ်။ သူက အေးချမ်းမေရဲ့ မွေးနေ့ပွဲက ပြန်လာတာ။ ဓာတ်ပုံတွေ လည်း ရိုက်ထားတယ်။ အဖုံးလုပ်ထားရင် အတွင်းမှာအင်တာဗျူးအတွက် ဘာလုပ်ထားပြီလဲလို့ မေးပါတယ်။ ကျွန်တော် အကူအညီလိုတုန်း မော်နီကျော်နှင့်တွေ့လိုက်ရလို့ အထူးဝမ်းသာသွားခဲ့ရတယ်။ မေးခွန်းတွေရေးပြီး မော်နီကျော်ကိုပဲ ကူညီမေးပေးပါ။ သူ့ပရိုဂျူဆာကိုလည်း မေးခွန်းတွေ အမြန်ဖြေပေးဖို့ အေးချမ်းမေကို အကူအညီတောင်းပေးပါလို့ သူကတဆင့် တိုက်တွန်းရတယ်။ မဂ္ဂဇင်းဖောင်ပိတ်ခါနီး စောင့်ဆိုင်းနေရတဲ့ အကြောင်း မော်နီကျော်ကိုပြောတဲ့သူနှင့်အတူ ရန်ကင်း T.Point Store က စိုးမင်းဦးပါ အေးချမ်းမေ အင်တာဗျူးအတွက် အားတက်သရော ကူညီခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့အမေးနဲ့ အေးချမ်းမေရဲ့အဖြေအတွက် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မေး-နာမည်ရင်း၊ လူမျိုး၊ ဘာသာ၊ အသက်နဲ့ မွေးဖွားရာဇာတိကို ပြောပြပါ။
ဖြေ-နော်လယ်ထူးပါ။ ကရင်လူမျိုး၊ ခရစ်ယာန်၊ ၂၇-၁၁-၉၄ မှာ အသက် ၂၀ ပြည့်ခဲ့ပါပြီ။ မွေးဖွားရာဇာတိကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ပါ။

မေး-အေးချမ်းမေဆိုတဲ့ အမည်ဖြစ်ပေါ်လာပုံ။
ဖြေ-အရင်က နော်လယ်ထူးဆိုတဲ့ နာမည်နဲ့ဘုရားသီချင်းခွေတော်တော်များများကို ဆိုခဲ့ပါတယ်။ ဒီနာမည်နဲ့ပဲ ဘုရားသီချင်းခွေတွေဆိုဖို့ ရည်ရွယ် ထားခဲ့ပါတယ်။ အေးချမ်းမေဆိုတဲ့ နာမည်ကို ဆရာမင်းသိင်္ခက မအား မလပ်တဲ့ကြားက ဒီနာမည်လေးကို ရွေးပေးခဲ့တာပါ။ ဒီနာမည်ကို ရွေးပေးခဲ့တဲ့ ဆရာမင်းသိင်္ခကို အထူးပဲ ကျေးဇူးတင်မိပါတယ်။

မေး-တေးစီးရီးခွေမထွက်ခင် အရင်ဂီတလှုပ်ရှားမှုတွေကို ပြောပြပါဦး။
ဖြေ-စီးရီးမထွက်ခင် အရင်က ဘုရားသီချင်းခွေတွေကို ဆိုပါတယ်။ နောက်ပြီး Kenosis ဆိုတဲ့ အဖွဲ့နာမည်နဲ့အပြင် သီချင်းခွေတွေမှာ Harmony လိုက်ခဲ့ပါတယ်။ စုံတွဲသီချင်းတပုဒ်ကို ရဲရင့်ရဲစီးရီးခွေထဲမှာ သူနဲ့အတူ တွဲဖက်ပြီး ဆိုခဲ့ပါတယ်။

မေး-မိဘမောင်နှမတွေအကြောင်းပြောပါဦး။ သူတို့ကရော ဂီတကိုချစ်သလား။
ဖြေ-အဖေကတော့ ဂီတအနုပညာကို အရမ်းလေးစားတယ်။ သူငယ်ငယ်ကလည်း ဘုရားသီချင်းတွေ တော်တော်များများကို ဆိုခဲ့ပါတယ်။ အမေကတော့ မရှိတော့ပါဘူး။ မနှစ်ကပဲ ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်း ကို ခံခဲ့ရပြီးပါပြီ။ မောင်နှမကတော့ ၅ ယောက်ရှိပါတယ်။ မောင်နှမတွေထဲမှာ အစ်ကိုအကြီးဆုံးဖြစ်တဲ့ Stone ကိုတော့ နာမည်ရင်းနှီးပြီးသား ရှိကြတယ် ထင်ပါတယ်။ အခုစီးရီးမှာလည်း အစ်ကိုရေးတဲ့ သီချင်းတွေပါပါတယ်။

မေး-ကျောင်းပညာရေး အခြေအနေက။
ဖြေ-ဆယ်တန်းပါ။

မေး-'ပျော်ရွှင်ခြင်းနိုင်ငံ' စီးရီးထုတ်ဖြစ်ဖို့အကြောင်း
ဖြေ-တိုက်ဆိုင်လာပုံက . . .
ပထမဦးဆုံးအနေနဲ့ ကိုစောရန်နိုင်က ကျွန်မရဲ့အသံကို ယုံကြည်တဲ့အတွက်ကြောင့် စီးရီးထုတ်ပေးဖို့ စကားကမ်းလှမ်းလာခဲ့ပါတယ်။ အဲဒီနောက် ကိုမင်းချစ်သူ၊ ကိုဇော်မျိုးထွဋ်တို့နဲ့တိုင်ပင်ပြီး 'ပျော်ရွှင်ခြင်း နိုင်ငံ'ဆိုတဲ့ စီးရီးလေးနဲ့ အစပြုခဲ့ကြပါတယ်။

မေး-အေးချမ်းမေရဲ့ အရင်က ပေါ်ထွက်ခဲ့တဲ့ စတီရီယိုတေးသံရှင် အမျိုးသမီးတွေထဲမှာ ဘယ်သူ့ကိုအားကျမိသလဲ။ ဘယ်သူ့ကို နှစ်သက်မိသလဲ။
ဖြေ-အရင်ပေါ်ထွက်ခဲ့တဲ့ တေးသံရှင်အားလုံးကို လေးစားနှစ်သက်မိပါတယ်။

မေး-ဂီတကို ဘယ်အရွယ်ကတည်းက လေ့လာလိုက်စားခဲ့ပါသလဲ။
ဖြေ-ဂီတကို (၁၈)နှစ်အရွယ်ကစပြီး လေ့လာခဲ့ပါတယ်။

မေး-ဂစ်တာတီးသလား။
ဖြေ-အနည်းအကျဉ်းပဲ တီးတတ်ပါတယ်။

မေး-အခုအခွေထွက်ပြီး ပရိသတ်တုံ့ပြန်မှုကိုရတော့ ဘယ်လိုခံစား ရသလဲ။
ဖြေ-မယုံကြည်နိုင်လောက်အောင် ပရိသတ်ရဲ့ နှစ်သက်အားပေးတုံ့ပြန်မှုကိုရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

မေး-ဒီအခွေမှာ သီချင်းစာသား။ အဆို၊ အသံဖမ်း၊ ဖြန့်ချိမှုအားလုံး ကို အေးချမ်းမေအနေနဲ့ အားရကျေနပ်မှုရှိပါသလား။
ဖြေ-ဟုတ်ကဲ့၊ အားလုံးပါပဲ အားရကျေနပ်စရာကောင်းပါတယ်။ အဆိုအနေနဲ့ကတော့ ဆက်လက်ပြီး ကြိုးစားနေပါတယ်။

မေး-အချို့ဟာ စတီရီယို တေးသံရှင်အဖြစ် အောင်မြင်လာရင် ရုပ်ရှင်၊ ဗီဒီယိုသရုပ်ဆောင်အဖြစ် ကူးပြောင်းတတ်ကြတယ်။ အေးချမ်းမေကကော အဲဒီလိုပြောင်းဖို့ စိတ်ကူးရှိလား။
ဖြေ-ကျွန်မကတော့ သီချင်းအဆိုရှင်ပဲ ဆက်လက်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

မေး-ပရိသတ်ကို အမှတ်တရစကားပြောပါဦး။
ဖြေ-စီးရီးထွက်ပြီး ရက်ပိုင်းအတွင်းမှာ မယုံနိုင်လောက်အောင် အားပေး လက်ခံခဲ့ကြတဲ့ ပရိသတ်များအတွက် ကျွန်မဆက်လက်ပြီး ကြိုးစားသွားပါ့မယ်လို့ . . . ။

ချစ်မောင်(အ၀ကျွန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


၂ဝ၁၄ စက်တင်ဘာ ၃ဝရက်နေ့က သတ်ခံခဲ့ရတဲ့ အလွတ်တန်း သတင်းထောက် ကိုပါကြီးအမှုအတွက် အာဏာပေးစာချွန်တော်ထုတ်ပေးဖို့ လက်ခံ-လက်မခံကို နိုဝင်ဘာ ၁၈ရက်နေ့က နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့ပါတယ်။
Kamayut Media


ဖိလစ်ပိုင် အာဏာရှင်ဟောင်း မားကို့စ် နှစ် ၂၀ ကြာ အုပ်ချုပ်သွားခဲ့။

ဖိလစ်ပိုင် နိုင်ငံမှာ အာဏာရှင်ဟောင်း ဖာဒီနန် မားကိုစ်ရဲ့ ရုပ်အလောင်းကို နိုင်ငံ့ သူရဲကောင်းများ သုသာန်မှာ ပြောင်းရွှေ့ မြှုပ်နှံလိုက်တဲ့ အတွက် မကျေမနပ် ခံပြင်း ဒေါသထွက်မှုတွေကို ပေါ်ထွက် လာစေခဲ့ပါတယ်။

အာဏာရှင် မားကို့စ်ဟာ ၁၉၈၆ ခုနှစ်မှာ ဖြုတ်ချခံရပြီးနောက် ၁၉၈၉ ခုနှစ်မှာ အမေရိကန်မှာ သေဆုံးခဲ့ကာ သူ့အလောင်းကို ၁၉၉၃ မှာ ဖိလစ်ပိုင်ကို ပြန်သယ်လာပြီး သူ့မွေးရပ်မြေမှာ ထားရှိခဲ့တာပါ။

အခုတော့ သူ့အလောင်းကို မနီလာမြို့က နိုင်ငံ့ သူရဲကောင်းတွေ မြှုပ်နှံရာ သုသာန်မှာ ပြောင်းရွှေ့ မြှုပ်နှံဖို့ ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေးက အတည်ပြု ပေးခဲ့တာဖြစ်ပြီး အခမ်းအနားကို သတင်းထောက်တွေကို ဝင်ခွင့်မပေးဘဲ လျှို့ဝှက် အစီအစဉ်နဲ့ ပြုလုပ်ခဲ့တာပါ။

နိုင်ငံတော် အခမ်းအနားလို ကျင်းပတာ မဟုတ်ဘဲ မိသားစုဝင် အနည်းငယ်နဲ့ ရိုးရိုးရှင်းရှင်း ပြုလုပ် ခဲ့တာပါလို့ ဖိလစ်ပိုင် ထိပ်တန်း ရဲ အရာရှိ တစ်ယောက်က ပြောပေမယ့် သေနတ် ၂၁ချက် ပစ်ဖောက်ပြီး စစ်အခမ်းအနား အပြည့်အစုံနဲ့ ဂုဏ်ပြု မြှုပ်နှံ ခဲ့တာ ဖြစ်ပါတယ်။

မားကို့စ်ဟာ သူ့လက်ထက်မှာ အတိုက်အခံတွေကို ညှဉ်းပမ်းနှိပ်စက်တာတွေ၊ ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ခဲ့သလို နိုင်ငံ့ဘဏ္ဍာ ဒေါ်လာ သန်းထောင်နဲ့ချီပြီး အလွဲသုံးခဲ့တယ်လို့ စွပ်စွဲ ခံရသူ ဖြစ်ပါတယ်။
BBC Burmese



လူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွား၊ နေချင်သလိုနေခဲ့ပေမဲ့ ၄ဝ ပိုင်း ရောက်ပြီဆို သတိထားရပါတော့မယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘာလို့လဲ ဆိုတော့ ရှေ့လာမယ့် အသက်ကြီးပိုင်း အတွက် ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်လို့ ပါ။ ကားတစ်စီးနဲ့ နမူနာပြုပြောရရင် အ နှစ် ၄ဝ လုံးလုံး သုံးလာတဲ့ ကားဟာ ကား အိုစာရင်းထဲ ရောက်နေပါပြီ။

ဒါပေမဲ့ စနစ်တကျနဲ့ ပြင်ဆင်မွမ်းမံတာမျိုး အမြဲ လိုလုပ်ပေးရင်တော့ ကားသစ်တွေနဲ့ ယှဉ် နိုင်သေးတာပေါ့။ (ကားအို၊ ကားဟောင်း တွေကိုတော့ အခုနေခါမှာ ပြန်အပ်နေရ ပါတယ်) လူကျတော့ ပြန်အပ်လို့ မရဘူး။ စလစ်အသစ်ထုတ် လုပ်လည်း မရဘူး။ Overhaul လုပ်လို့လည်း မရဘူး။ နှစ် ၄ဝ လုံးလုံး စားသောက်နေလာခဲ့တာ။ အဆိုး တွေရော၊ အကောင်းတွေရော သင့်တာရော၊ မသင်တာရော အစုံပဲ။ ကံကောင်း ထောက်မလို့ ကြီးကြီးကျယ်ကျယ် ထွေ ထွေထူးထူး ရောဂါကြီးတွေ မဖြစ်ခဲ့တာ။

ဒီတော့ ၄ဝ ရောက်ပြီဆိုတာနဲ့ လူငယ် တုန်းကလို မဆင်မခြင် လုပ်လို့ မရတော့ ပါဘူး။ ရှေ့လာမယ့် အသက်အပိုင်းအခြား အတွက် ဆင်ခြင်ပြင်ဆင်ရမယ်။
ကနေ့ ကမ္ဘာအဝှမ်း ကြည့်ကြည့်ပါ။ ၄ဝ ရောက်လာတဲ့တိုင် ဆင်ခြင်မပြင်ဆင် တာတွေ မရှိကြလို့ ၄ဝ နဲ့ ၆ဝ အရွယ်တွေ ရောဂါအထူဆုံး၊ အသေအများဆုံး ဖြစ် နေကြတယ်။
၎ဝ ဝန်းကျင် လူလတ်ပိုင်းတွေမှာ ဆိုရင် နှလုံးသွေးကြော အဆီပိတ်တာ၊ သွေးတိုး၊ သွေးချို၊ အသည်းအဆီဖုံး၊ သည်းခြေအိတ် ကျောက်တည်တာတွေ၊ အစာအိမ်ရောဂါတွေ၊ ကျောက်ကပ် ကျောက်တည်တာ၊ အဆစ်အမြစ်ရောင် ရောဂါတွေ အဖြစ်များကြတယ်။

ကင်ဆာ ရောဂါတွေကြောင့် သေတာလည်းများ တယ်။ ဒါကြောင့် သန်တုန်း၊ မြန်တုန်း ၄ဝ ဝန်းကျင် လူလတ်ပိုင်းကတည်းက ပြောခဲ့တဲ့ ရောဂါမျိုးတွေ မဖြစ်အောင် ကာကွယ်ရတယ်။ တားရမယ်။
ကာကွယ်မယ်၊ တားမယ်ဆိုပြီး ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ မဖြစ်ဘူး။ ဗဟု သုတ (Knowledge) တွေ ရှိရမယ်။ လေ့ လာရမယ်။ သဘောထား ခံယူချက် (Attitude) တွေ ပြင်ရမယ်။ ပြောင်းရ မယ်။ မှားနေတဲ့ အယူအဆ အတွေး အခေါ်တွေ ပြင်ရမှာ။ Attitude ပြောင်းပြီး ပြီဆိုရင်လည်း တကယ်လက်တွေ့ကျကျ လုပ်ဆောင်ရမယ်။ ကောင်းတဲ့ အမူအ ကျင့်စရိုက်တွေအဖြစ် Pratice လက်တွေ့ ကျင့်ဆောင်ရမယ်။

ငယ်ငယ်တုန်းက ကြိုက်တာတွေ အကုန်လုံး စားချင်သလို စားခဲ့တယ်။ ည ဘက်ဆိုလည်း မအိပ်ဘူး။ ကဲချင်တာတွေ ကဲခဲ့ကြတယ်။ အရက်ဆိုလည်း မူးအောင် သောက်ရမှ ကျေနပ်တယ်။ မမူးရင်တောင် အမူးပြိုင်ကြသေးတယ်။ အားကစားလည်း လုပ်ချင်မှ လုပ်တယ်။ မလုပ်တာ များပါ တယ်။ လုပ်ရကောင်းမှန်းလည်း မသိဘူး။ ဝါသနာပါတဲ့သူတွေကတော့ လုပ်ကြ
တယ်။ လုပ်တဲ့သူတွေ ကျတော့လည်း အပြင်းအထန်လုပ်ကြတာ။ နည်းစနစ်တွေ မရှိဘူး။ အပျော်အပါးဆိုလည်း ပွဲတိုင်း ကျော် မလွတ်စေရဘူး။ အန္တရာယ်ရှိတဲ့ ဆိုင်ကယ်စတန့်တွေ၊ ကားစတန့်တွေဆို လည်း လုပ်ခဲ့ကြတယ်။ အခုတော့ ဒါတွေ ...ဒါတွေ ...ပြီးခဲ့ပါပြီ ...ပြီးခဲ့ပါပြီ ဆိုပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ြ>ွခင်း ချက်အနေနဲ့ မမေ့နိုင်စရာ မမေ့ရက် နိုင်သူ၊ ဒါ မျိုးလေးတွေတော့ ရှိပါလိမ့် မယ်။

၎ဝ အရွယ်ရောက်ပြီဆိုတာနဲ့ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးတွေ အဓိကစားရ မယ်။ ဒါမှ ကိုယ့်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေရပြီး ရော ဂါဘယတွေ ကာကွယ်နိုင်မယ်။ သဘာဝ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးသီးတွေထဲမှာ ရောဂါတွေကို ကာ ကွယ်နိုင်၊ တိုက်ဖျက်နိုင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေ ပါတယ် လေ။ အဲဒါတွေသာ မှန်မှန်စားရင် ဘယ် အားဆေး၊ ထိုးဆေးမှ မလိုဘူး။ နှာစေး၊ ချောင်းဆိုးတောင် ဖြစ်ခဲတယ်။ အဲ တစ်ခု တော့ ရှိတယ်။ အဲဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ဓာတုဆေးဝါး သုံးတာတွေ ကင်းဖို့တော့ အရေးကြီးတယ်။

သဘာဝ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းတွေ ပါတယ်။ အဲဒီဓာတ်တွေ ဟာ ခန္ဓာကိုယ်ထဲက ရောဂါဖြစ်နိုင်တဲ့ ကလာပ်စည်း (ဆဲလ်) တွေကို ရောဂါမ ဖြစ်အောင် ကာကွယ်တိုက်ဖျက်ပေးတဲ့ အစွမ်းတွေ ရှိတယ်။ ဒါကြောင့် လူလတ် ပိုင်းအရွယ်ကတည်းက ရောဂါတွေ မဖြစ် အောင် နေ့တိုင်း၊ အစာစားတိုင်း ဟင်းသီး ဟင်းရွက်တွေ စားပေးရမယ်။ အစာစား ပြီး တိုင်းလည်း အရည်ရွှမ်းတဲ့ သစ်သီး တစ်မျိုးမျိုး၊ ဒါမှမဟုတ် ဖျော်ရည်တစ်မျိုး မျိုး စားရမယ်။ သောက်ရမယ်။ အခုဖြစ် နေကြတာက ထမင်းစားပြီး ပြီဆိုရင် အချိုပွဲ တည်းနေကြတယ်။ အဲဒါလွဲနေတယ်။ တကယ်က သဘာဝသစ်သီးချဉ် ဒါမဟုတ် ဖျော်ရည်တစ်မျိုးမျိုး တည်းရမှာ။ အလှူ မင်္ဂလာပွဲတွေမှာဆို ထမင်းစားပြီး အချိုပွဲ တည်းကြတာ ထုံးစံဖြစ်နေပြီ။ တကယ်ဆို အချဉ်ပွဲတည်းရမှာ။

၎ဝ လူလတ်ပိုင်းအရွယ် ရောက်လာ ရင် ငယ်ငယ်တုန်းကလို အများကြီး မစား သင့်တော့ဘူး။ လျှော့စားရမယ်။ ဗိုက်ထဲ က အစာခြေအင်္ဂါအစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ခဲ့ရတာ မို့ ပင်ပန်းနေကြပြီ။ နောက်တစ်ခုက အစာအများကြီး စားရင် နှလုံးကလည်း အလုပ်ပိုလုပ်ရတယ်။ ဒါကြောင့် အစာ စားရင် နှလုံးလည်း သက်သာ၊ ကိုယ်တွင်း က အစိတ်အပိုင်းတွေလည်း သက်သာ အောင် ညှာတဲ့ အနေနဲ့ ဗိုက်တင်းအောင် မစားပါနဲ့။ လျှော့စားပါ။ (မှတ်ချက်... ပုဆိုး လျှော့စားခိုင်းခြင်းမဟုတ်ပါ။ အစာ ပမာဏ လျှော့စားရန် ဆိုလိုခြင်း ဖြစ်ပါသည်။)

ကျွန်တော်တို့တစ်တွေဟာ ထမင်းကို အားပြုစားကြပါတယ်။ ဒါကြောင့်မို့လည်း ထမင်းကို မြန်မာတို့ရှဲ့Staple Foodသသိ လို့ တောင်းဆိုထားတယ်။ ထမင်းစားရမှ တင်းတိမ် ကျေနပ်ကြပါတယ်။ စားရင် လည်း ဗိုက်ကားအောင် စားတတ်ကြပါ တယ်။ ထမင်းဟာ ကစီဓာတ် (Carbohydrate) ဖြစ်တဲ့ ကစီဓာတ်တွေ များပြီး လူလတ်ပိုင်းတွေ ဆီးချိုဖြစ်ကြတာ။ မြန်မာပြည်မှာတော့ ထမင်းအစားများလို့ ဆီးချိုဖြစ်ကြတာပါ။ မဖြစ်ရိုးလား။ တစ် နေ့ကို ထမင်း ၃ နပ်စားတယ်။ တစ်ခါစား ရင်လည်း နှစ်ပန်းကန်၊ သုံးပန်းကန် စားကြတာဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေ များပြီး ဆီးချိုဖြစ်ကုန်ကြတာပေါ့။ ဒါကြောင့် လူလတ်ပိုင်းတွေ အချိုစားတာ ထိန်းဖို့လိုပါတယ်။

သကြားလုံးဝ ရှောင် နိုင်ရင် ကောင်းပါတယ်။ အခြားအချိုစာ တွေလည်း အတတ်နိုင်ဆုံး ရှောင်ရပါ မယ်။ တစ်သက်လုံး စားခဲ့ပြီးပြီပဲ။
ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ စားပါလို့ ပြောခဲ့တော့ သတ်သတ်လွတ် စားခိုင်းတာမဟုတ်ပါဘူး။ အလေးပေး စားဖို့၊ ဦးစားပေးစားဖို့ ပြောတာပါ။ အသားငါးတွေလည်း စားရမှာပါ။ ကိုယ်ခံ စွမ်းအား ဖြည့်ဖို့အတွက် အသားဓာတ် လည်း လိုပါတယ်။ အသားစားတဲ့ အခါ မှာတော့ အဆီ၊ အခေါက်တွေ ရှောင်ရပါ မယ်။ အသားချည်းသက်သက် စားရ မယ်။ ငါးကိုတော့ အဆီရော၊ အသားရော စားလို့ ရတယ်။ ငါးဆီကျတော့ အဆိုးမ ဖြစ်ပါဘူ။ အကျိုးပြုပါတယ်။

နောက်ပြီး လူလတ်ပိုင်းတွေ မလုပ် သင်တော့တဲ့ အရာတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ ဆေးလိပ်သောက်တာနဲ့ အရက် သောက်တာပါဘဲ။ဆေးလိပ်သောက် တတ်ရင်လည်း ဖြတ်ပါ။ အရက်သောက် တတ်ရင်လည်း ဖြတ်ပါ။ ချက်ခြင်းကြီး မဖြစ်နိုင်ရင်လည်း ဖြည်းဖြည်းခြင်း ဖြတ် ပါ။
မလုပ်သင့်တာတွေ ဖြတ်ပြီးတော့ မ ဖြစ်မနေ လုပ်သင့်တာကတော့ ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမှာပါ။ လေ့ကျင့်ခန်းတွေ အားကစားတွေ ပြင်း ပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ပါးပါး အားကစားတွေ ပြင်းပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး အားကစားတစ်မျိုးမျိုးပေါ့။ ကြက် တောင်ရိုက်တာ၊ ပင်ပေါင် ရိုက်တာ (စားပွဲတင်တင်းနစ်)၊ ရေကူးတာ၊ ကာယ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ရပါ မယ်။ လေကောင်းလေသန့်ရတဲ့ နေရာ တွေမှာ လမ်းသွက်သွက်လျှောက်တာ၊ ရွ ရွလေး ပြေးတာမျိုး လုပ်ရင်လည်း ကောင်းပါတယ်။

ရောဂါတွေ မဖြစ်အောင် ကာကွယ် တဲ့ အနေနဲ့ အစာလည်းဆေး၊ ဆေးလည်း အစာ ဖြစ်တဲ့ အစားအစာတွေလည်း မကြာမခဏစားရပါမယ်။ နေ့တိုင်းလည်း စားနိုင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံး ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုး ရောဂါတွေ မဖြစ်အောင် ကြက်သွန်ဖြု၊ ကြက်သွန်နီစားရမယ်။ ကင်ဆာတွေ မဖြစ်အောင် သင်္ဘောရွက်၊ ရဲယိုရွက်တွေ စားရမယ်။ ကျောက်တည်တာတွေ မဖြစ် အောင် ကျော်ကဖရုံသီးစားရမယ်။ ကိုယ် ထဲက အဆိပ်အတောက်တွေ ထုတ်တဲ့ အနေနဲ့ ကန်စွန်းနီစားရမယ်။ သွေးထဲမှာ အဆီဓာတ်တွေ ရှင်းအောင် ကြက်နားရွက် မှိုအနက် စားပေးရမယ်။ အသက်ရှည်စေ တဲ့ မြင်းခွာရွက် စားရမယ်။
အသက် ၄ဝ ပြည့်တော့မယ့် သူတွေ အတွက်လည်း စကားလက်ဆောင်ပါး လိုက်ပါတယ်။

အသက် ၄ဝ ပြည့်တဲ့ နေမှာ နွားနို့စစ်စစ် တစ်ပိဿာတိတိ သောက်ပါ။ တစ်ပိဿာကျော်လည်း ရပါ တယ်။ သောက်နိုင်သလောက်သောက်ပါ။ ဘာကြောင့် လဲဆိုတော့ အမေ့နို့ဟာ အသက် ၄ဝ အထိဘဲ စွမ်းအားပေးနိုင်ပါ တယ်။ အသက် ၄ဝ နောက်ပိုင်းကစလို့ စွမ်းအားတွေ ဆက်ရဖို့အတွက် သတိပြု တဲ့ အနေနဲ့ နွားနို့သောက်စေတာ ဖြစ်ပါ တယ်။တကယ်လည်း အသက် ၄ဝ နောက်ပိုင်းမှာ နို့ကို နေ့စဉ်သောက်သင့် ပါတယ်။ ကယ်စီယမ်ဓာတ် ဖြည့်ပြီးသား ဖြစ်တာပေါ့။

အမျိုးသမီးတွေဆို ပိုလို့ တောင့် သောက်သင့်သေးတယ်။ အရိုးပွ ရောဂါ ကာကွယ်ပြီးသားဖြစ်တာပေါ့။
ဘဝရဲ့ ကောင်းဆုံးအချိန် လူလတ် ပိုင်းအရွယ်တွေဟာ ဘဝမှာအောင်မြင်ချိန် အကောင်းဆုံးအချိန်ဖြစ်ပေမယ့် ကျန်းမာ ရေးအတွက် လစ်လျူရှုကြတာကြောင့် စောစောစီးစီး သေနေကြတယ်။ သားသ မီးတွေဆိုလည်း မိတဆိုး၊ ဖတဆိုးဖြစ်လို ဖြစ်၊ မိန်းမတွေလည်း မုဆိုးမ ဖြစ်ရ၊ ယောက်ျားလည်း မုဆိုးဖိုဖြစ်ရ၊ မိအို ဖအို တွေဆိုလည်း သားသမီးတွေ ဆုံးရှုံးရနဲ့ ကျန်းမာရေး အလေးပေး သတိချပ်ကြပါ။

Credit//Khin Yadanar

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နိုဝင်ဘာလ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းချက်များ ကို ပြန်လည်ဖြေကြားစဉ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နိုဝင်ဘာလ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းချက်များ ကို ပြန်လည်ဖြေကြားစဉ်
ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးရင် စာပေဟောပြောပွဲ၊ တရားပွဲနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပဖို့ ထောက်ခံချက်ယူစရာ မလိုအပ်တော့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။

တွံတေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ ယနေ့အချိန်အထိ စာပေဟောပြောပွဲတွေနဲ့ တရားပွဲတွေပြုလုပ်ဖို့ အာဏာပိုင်အဆင့်ဆင့်ဆီက ထောက်ခံချက်ရမှ ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက် အခက် အခဲရှိတာကြောင့် ဖြေလျော့ပေးဖို့ ရှိ၊ မရှိ မေးခွန်းကို ဗိုလ်ချုပ်အောင်စိုး က အခုလို ပြန်လည်ဖြေကြားသွားတာပါ။

လက်ရှိ ၂၀၁၂ ခုနှစ် ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေတို့မှာ စာပေဟောပြော များ၊ တရားပွဲများ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကစပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးအထိ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမယ်လို့ ပြဌာန်းပါရှိတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး မကြာခင် အတည်ပြု ပြဌာန်းတော့မှာ ဖြစ်ပါတယ်။
RFA

အင်းစိန်အကျဉ်းထောင်
အင်းစိန်အကျဉ်းထောင်

မြန်မာနိုင်ငံတ၀ှမ်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူတွေကို လတ်တလောမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစီအစဉ် မရှိသေးတဲ့အကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အစီအစဉ် ရှိမရှိ လွှတ်တော်မှာ မေးခွန်းထုတ်ချိန်မှာပဲ အခုလို တုံ့ပြန်ခဲ့တာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကော့သောင်းမဲဆန္ဒနယ်က ဦးခင်ဇော်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ကာ ၂၁ ရာစုပင်လုံကို
ကြိုဆိုတဲ့ အနေနဲ့ နိုင်ငံတော်သမ္မတ အနေနဲ့နိုင်ငံရေးအကျဉ်းသားတွေအပြင် အကျဉ်းသူအကျဉ်းသားတွေကို လတ်တလောမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစီအစဉ်ရှိမရှိ အစိုးရကို မေးခွန်းထုတ်ခဲ့တာပါ။

" ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် အကျဉ်းထောင် အတွင်း မှာ ရှိတဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားအကျဉ်းသူများကို နံပတ်တစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်ရှိမရှိ၊ နံပတ် နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် ရှိမရှိကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ တဆင့် မေးခွန်း ကို မေးမြန်းရခြင်းဖြစ်ပါတယ်။"

ထောင်တွေနဲ့ အကျဉ်းသားတွေ မမျှမတ ဖြစ်နေတဲ့ အခြေအနေတွေ အပါအ၀င် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ တိုးတက် လာစေဖို့ ပြည်တွင်းပြည်ပက အကျဉ်းသားအခွင့်အရေး လှုပ်ရှားသူတွေ တိုက်တွန်းနေချိန်မှာပဲ လွှတ်တော်မှာ အကျဉ်းသားတွေ အရေး ဆွေးနွေးခဲ့ကြတာပါ။ မေးခွန်းနဲ့ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ကတော့ လတ်တလောမှာ အစီအစဉ်မရှိသေးတဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။

"နိုင်ငံတော်သမ္မတဟာ ၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နဲ့ (ခ)တို့အရ အကျဉ်းသူ အကျဉ်းသားများ ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်များကို ပေးပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) ပုဒ်မခွဲ ၁ အရ နောက်တကြိမ်ပြစ်မှု ကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရမည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းချက် ထားပြီးလည်းကောင်း သို့မဟုတ် စည်းကမ်းချက် မထားပြီးသော်လည်းကောင်း အကျဉ်းသူ အကျဉ်းသားများ ကျခံသည့် ပြစ်ဒဏ်များအပေါ်မှာ လျော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်များ ပေးနိုင်ခဲ့ပါသည်။

သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို ၂၀၁၆ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ မှာ စတင်ပြီး ကျင်းပခဲ့ပြီး ဖြစ်ပါသဖြင့် အခုချိန်တွင် ကြိုဆိုသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ရှင်းလင်းတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။"

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ အကျဉ်းထောင်တွေနဲ့ အကျဉ်းသားဦးရေမမျှတမှု၊ အပါအ၀င် ထောင်တွင်းအခြေအနေတွေ တိုးတက်စေမယ့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့နဲ့ ပြန်လည်ပြင်ဆင်ရေးဆွဲနေတဲ့ အကျဉ်းထောင် ဥပဒေမူကြမ်းကိုလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီဖြစ်အောင် ရေးဆွဲဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းကြည် ကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရသူတွေ အပါအ၀င် အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အာဏာပိုင်တွေဘက်က လိုလိုလားလား မရှိတဲ့အပေါ် အခုလို ပြောဆိုခဲ့ပါတယ်။

" နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အပေါ်မှာ ပြည်ထဲရေးအနေနဲ့က ရန်သူလို အာဃာတ တရားတွေကို ရှေ့ ထားပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်ပေးဆွဲထားတဲ့ ဓားစာခံသဖွယ် ပြန်ပေးဆွဲ ထားတာဟာ အခုအချိန်အထိ ဆက်လက်ပြီးတော့ ရှင်သန်နေဦးမယ်ဆိုရင်တော့ ဒီကာကွယ်ရေးဦးစီးချုပ်ကပဲပြောပြော ဒီဘက်မှာ အစိုးရသစ်ကပဲဆိုဆို အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာတော့ စစ်မှန်တဲ့ ခိုင်မာတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ဆိုတာကတော့ ခုနကလိုမျိုး လွှတ်တော်မှာ ဖြေဆိုသွားတဲ့ ဖြေဆိုချက်ကို ကြည့်ခြင်းအားဖြင့် ထင်ဟပ်ပေါ်လွင်စေပါတယ်။"

NLD အစိုးရတက်လာပြီးနောက်မှာတော့ ဧပြီလမှာ ၂ ကြိမ် အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လက်ရှိစာရင်းတွေအရ ထောင်ကျနေသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၈၀ကျော်အထိ ရှိနေဆဲပြီး အမှုရင်ဆိုင်နေရသူဦးရေဟာ ၁၀၀ကျော်ရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၂၀၀နီးပါးရှိနေပါတယ်။

VOA Burmese News

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ်အတွင်း တင်းမာမှုတွေ တိုးနေချိန်မှာ တပ်သားသစ်တချို့ကို သင်တန်းပေးပြီး အရံ ရဲတပ်ဖွဲ့မှာ လုံခြုံရေး တာဝန်ပေးလိုက်တဲ့အကြောင်း Reuter သတင်းမှာ ရေးသားထားပါတယ်။ ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တချို့ကလည်း လက်ရှိအခြေအနေမှာ ရဲတပ်ဖွဲ့အတွင်း လူမျိုးစုံ ပါဝင်သင့်တယ်လို့ ဝေဖန်ပါတယ်။ ဒီဝေဖန်ချက်အပေါ် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ကိုသိန်းထိုက်ဦး စုစည်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု သတင်းတွေ၊ လုံခြုံရေးအဖွဲ့တွေရဲ့ တာဝန်ယူမှု အခြေအနေပေါ် နိုင်ငံတကာက အာရုံစိုက်နေတဲ့အချိန်မှာပဲ လက်ရှိ ရဲတပ်ဖွဲ့ကို အင်အား ဖြည့်တင်းဖို့ အရပ်သား ၁၁၀ ကျော်ကို အရံရဲတပ်ဖွဲ့ဝင်တွေအဖြစ် ရက်တို သင်တန်းပေးပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေက လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းလိုက်တာပါ။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး စိန်လွင်က အခုလို ပြောပါတယ်။

"လိုအပ်တဲ့ ရဲတပ်ဖွဲ့ဝင် အင်အားတွေကိုသာ အချိန်မှီ အပြည့်အစုံရရှိနိုင်အောင် ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမှာ သက်ဆိုင်ရာ ပြည်နယ်အလိုက်ပေါ့ ဒေသမှာ တာဝန်ထမ်းဆောင်မယ့် သူတွေလည်း ဒီမှာ ပါပါတယ်။"

အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်သူတွေက တိုက်ခိုက်ခဲ့တဲ့ သတင်းတွေနဲ့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေတာကြောင့်လည်း ရခိုင် လူငယ်တွေ အကြား ကိုယ်ဒေသကို ကိုယ် ကာကွယ်ချင်တဲ့၊ တာဝန်ယူချင်တဲ့ စိတ်တွေ ပေါ်ခဲ့ရတဲ့ အကြောင်း သင်တန်းတက်သူ တယောက်ဖြစ်တဲ့ ကိုအောင်သိန်းထွန်းက ပြောပါတယ်။

"ရင်ထဲမှာတော့ စိတ်မကောင်းဘူးဖြစ်တယ်။ ကိုယ့်လူမျိုးတွေ ကိုယ့်တိုင်းပြည် အတွက် ဖြစ်ရတာ အဲ့တာတွေကို ကူညီချင်လို့။ တဖက်တလမ်းနဲ့ နိုင်တဲ့ဘက်က တာဝန်တွေ ထမ်းဆောင်ချင်လို့ပါ"

ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ထိုင်းအခြေဆိုက် JURISTS SAMAN ကော်မရှင်က ဒေသဆိုင်ရာ ဒါရိုက်တာ Zia-Zarifi ကတော့ ရဲတပ်ဖွဲ့မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်သင့်တယ်လို့ မြင်ပါတယ်။

"ဒီလို အခြေအနေမျိုးမှာ ရဲတပ်ဖွဲ့အသစ်အနေနဲ့ လူမျိုးစုံကို ကိုယ်စားပြုမယ်၊ ဘာသာရေးအရ မတူတဲ့သူတွေ ပါဝင်မယ်လို့ မျှော်လင့်ပါလိမ့်မယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိပြီးသားရော၊ ထပ်ပြီး အင်အားဖြည့်တဲ့ ရဲတွေထဲမှာ ရိုဟင်ဂျာ လို့ ခေါ်တဲ့ မူဆလင်တွေ မပါပါဘူး။ ဒီလို လူမျိုးစုံရှိတဲ့ ဒေသမှာ ဒါမျိုး လုပ်တာက ရဲတပ်ဖွဲ့ လုပ်ငန်းတွေ မထိရောက်တဲ့အပြင် အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။"

တင်းမာမှုတွေဖြစ်ပွားနေတဲ့အချိန် လူသစ်တွေကို သင်တန်းတွေပေးပြီး လက်နတ်တွေ တပ်ဆင်ပေးတာက အမှားတွေများနိုင်တယ်ဆိုပြီး Zia-Zarifi က ဝေဖန်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ဆိုပြီး ရခိုင်ပြည်နယ် ဒုရဲမှူး ရဲမှူးကြီး ခင်ကျော်က အခုစုဆောင်းတဲ့ တပ်သားတွေထဲမှာ မူဆလင်မပါဘူးဆိုတာ ဝန်ခံပေမဲ့ နိုင်ငံတဝှမ်း တာဝန်ထမ်းဆောင်မယ့်ရဲတပ်သားတွေဖြစ်ပြီး ရဲတပ်ဖွဲ့ထဲမှာ မူဆလင် ဒါမှမဟုတ် တခြားဘာသာဝင်မပါရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် မရှိတဲ့အကြောင်း ဗွီအိုအေကို ပြောပြပါတယ်။

" ကျနော်တို့ ရဲတပ်သားသစ် သင်တန်း ဖွင့်လှစ်တာရှိပါတယ်ခင်ဗျ။ ကျနော်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့ထဲမှာပါပဲ။ ဒါက ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ရဲတပ်ဖွဲ့ ဝင်ချင်တဲ့သူတွေကို ကျနော်တို့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်မှီတဲ့သူတွေကို စိစစ်ရွေးချယ်ပြီး သင်တန်းပေး တာဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့က ဒါ ပုံမှန်ဖွင့်နေကျ သင်တန်းပါခင်ဗျ။ အဲ့ဒီ့အထဲမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ မျက်မြင် ၁၂ချက်၊ စိတ်ပိုင်း ဆိုင်ရာ ဆေးပိုင်းဆိုင်ရာတွေ စစ်ဆေးပြီးတော့မှ အားလုံး သင်တန်း တက်ရောက်နေတာ ၁၁၆ဦး ရှိပါတယ်။ မျက်မြင် ၁၂ချက်ဆိုတာကတော့ ခန္ဓာကိုယ် အစိတ်အပိုင်း အင်္ဂါစုံ မစုံပေါ့နော် အဲ့တာတွေ စစ်ဆေးတာတွေရှိတယ်။ အဲ့ထဲမှာ ဆေးမှင်ကြောင်တွေနဲ့ ပြည်သူလူထု အမြင်မသင့်တော်တာတွေ ပါ မပါကြည့်တာပေါ့နော်။ နောက်လက်ပွားတာတို့ လက်ကောက်တာတို့ သေနတ်ပစ် လို့မရတဲ့ အခြေအနေမျိုးတို့ လက်နတ်ကိုင်လို့မရတဲ့အခြေအနေမျိုးတို့အဲ့လိုစစ်ဆေးတဲ့ အမြင်ကို စစ်ဆေးတဲ့ အချက် ၁၂ချက်ရှိပါတယ်။ အဲ့ဒီ့ ၁၂ချက်နဲ့ ကိုက်ညီတဲ့သူတွေကို ပဏာမ ကျနော်တို့ ရွေးပါတယ်။ မူဆလင်တွေတော့ လက်ရှိကျနော်တို့ ဒီထဲမှာ မပါပါဘူး။ ကျနော်တို့ ဒီမှာ မြို၊ ခမီ၊ ဒိုင်းနက်၊ ချင်း၊ ဗမာ ရခိုင်ပေါ့လေ။ အဲ့ဒီ့လူမျိုးတွေတော့ ပါပါတယ်။ အားလုံးက။"

မြန်မာအစိုးရကတော့ လူ့အခွင့်အရေးအဖွဲ့တချို့နဲ့ သတင်းဌာနတွေရဲ့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေဟာ မှားယွင်းတယ်ဆိုပြီး ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေ မကြာခင်ရက်ပိုင်းအတွင်းကပဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီလအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သူတွေအကြား တိုက်ခိုက်တာတွေ ပြင်းထန်လာချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရာနဲ့ ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ဒီသတင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေရှ်နိုင်ငံဘက်က တစုံတရာ အကြောင်းကြားတာ မရှိတဲ့အကြောင်း မြန်မာအစိုးရတာ ၀န်ရှိသူတွေက ငြင်းဆိုထားပါတယ်။

ကိုသိန်းထိုက်ဦး
VOA Burmese News


ဘူးသီးတောင်မြို့ ခေတ္တကယ်ဆယ်ရေးစခန်းကို လာရောက် ခိုလှုံနေကြသူ ဒုက္ခသည်များ။ ( ၂၀၁၆ခုနှစ်)
ဘူးသီးတောင်မြို့ ခေတ္တကယ်ဆယ်ရေးစခန်းကို လာရောက် ခိုလှုံနေကြသူ ဒုက္ခသည်များ။ ( ၂၀၁၆ခုနှစ်)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်တာတွေ ပြန်လည်မြင့်တက်လာတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့ကို ထပ်မံတိမ်းရှောင်လာနေပါတယ်။ တိမ်းရှောင်လာသူတွေဟာ အဓိက ဘူးသီးတောင်မြို့ကို သွားရောက်နေသလို လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မလာရောက်နိုင်တာတွေ ရှိနေကြောင်းလည်း သုံးသပ်ကြပါတယ်။ လက်ရှိ ဘူးသီးတောင်၊ မောင်တောဒေသက နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၂ရက်နေ့က စတင်ပြီး မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်တာတွေ အရှိန်မြင့် တက်လာခဲ့တဲ့နောက် ပဋိပက္ခဖြစ်ပွားရာဒေသက တိုင်းရင်းသားတွေဟာ ဒီရက်ပိုင်းအတွင်း ဘူးသီးတောင်နဲ့ မောင်တောမြို့ပေါ်တွေကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

လတ်တလော ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်လာသူတွေရဲ့အခြေအနေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဘူးသီးတောင်မြို့က ဦးသန်းနိုင်က အခုလို ပြောပါတယ်။

" ဒုက္ခသည်က ကျနော်တို့ဆီမှာ တစ်ရာကျော်တယ်။ တရာကျော်ရှိတယ် ကျနော်တို့ဆီမှာ။ အရင်တခေါက် ကျနော်တို့ ၁၀လပိုင်း ၁၃ရက်နေ့က လာတဲ့လက်ကျန်လည်းရှိတယ်။ အခုထပ်ပြီး တိုးလာတယ် ၃၀ကျော်ရှိတယ်။ အခုက ၇၀ကျော်လောက် အခုထပ်တိုးလာတယ်ခင်ဗျ။ အဓိက ကတော့ အခုနှစ်ဘက်ဖြစ်နေတဲ့ စစ်ကြောင့် ထွက်ပြေးလာရတယ်။ သူတို့က အဲ့ဒီ့နယ်မြေမှာ သေနတ်သံတွေက ဆက်တိုက်ကြားနေရတယ်။ သူတို့စားဝတ်နေရေးကလည်း ခက်ခဲကြတယ်။ သူတို့က တရက်ရှာမှ တရက်စားရတဲ့သူတွေဖြစ်တယ်။ စားဝတ်နေရေးက အခက်အခဲဖြစ်နေလို့ ဒီဘူးသီးတောင်စခန်းကို လာကြတာဖြစ်တယ်။ "

ရောက်ရှိလာတဲ့ တိမ်းရှောင်လာသူတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းရွာနဲ့ အနီးအနား ရွာတွေက ဖြစ်ပြီး လောလောဆည် ဘူးသီးတောင်မြို့က သုဓမ္မာရုံဘုန်းကြီးကျောင်းမှာ နေရာချထားပါတယ်။

မောင်တောမြို့က အခြေအနေကိုတော့ မောင်တောမြို့က အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက အခုလို ပြောပါတယ်။

" ဒုက္ခသည်တွေက ဟိုတနေ့က ဘူးသီးတောင်ဘက်မှာ အဲ့ဘက်က ဘုန်းကြီးကျောင်းမှာ ရှိနေကြပါတယ်။ ကျနော်တို့ မောင်တောဘက်မှာတော့ ၁၁ဦးလောက်ရှိပါတယ်။ မောင်တောမြို့မှာလည်း စိုးရိမ်မှုတွေရှိတယ်ထင်ပါတယ်။ အဲ့တာကြောင့် တခါတည်း ဘူးသီးတောင်ဘက်ကို ထွက်သွားကြတာ များပါတယ်။

ကောလဟာလတွေက များတယ်။ အမျိုးမျိုးပေါ့ ခနနေ ရဲစခန်းကို ဝင်တော့မလိုလို။ ဘင်္ဂလီတွေကပဲ ဆန္ဒဖော်ထုတ်တော့မလိုလို အဲ့လို ဝါဒဖြန့်မှုတွေ များတဲ့အတွက် လူတွေက အမြဲတမ်းစိုးရိမ်ထိတ်လန့်နေကြတာတွေရှိတယ်။ စိုးရိမ်စရာကတော့ အဲ့လောက်ကြီး စိုးရိမ်စရာအနေအထားတာ့ မရှိပါဘူး။ အခုလောလောဆယ်ကတော့ ၁၂ရက်နေ့ ဖြစ်သွားပြီး နောက်ပိုင်းမှာ ဒီဘက်နဲ့ လမ်းပမ်း ဆက်သွယ်ရေးက ပြတ်တောက်သွားတဲ့ သဘောရှိတယ်။ ကားတွေကတော့ အသွားအလာမရှိသလောက်ပါပဲ။ အဲ့ဒီ့တော့ ဒေသခံတွေက လာချင်ပေမဲ့ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရပါတယ်။"

ဒီလအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သူတွေအကြား တိုက်ခိုက်တာတွေ ပြင်းထန်လာချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရာနဲ့ ချီတဲ့အစ္စလာမ်ဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာတော့ နယ်စပ်တလျောက်မှာ လုံခြုံရေးတင်းကျပ်ထားတာကြောင့် ဖြတ်သန်းဖို့ ခက်ခဲမှာဖြစ်ကြောင်း ဦးခင်မောင်သန်းက သုံးသပ်ပါတယ်။

"အကြမ်းဖက်အဖွဲ့တွေက ကျနော်တို့ မောင်တောမြို့နယ်မှာ ရှိနေကြတော့ သူတို့ကို စစ်ဆင်ရေးကာလမှာ အပေါက်တွေကို ပိတ်ထားတာရှိတယ်။ အဲ့တော့ ဘယ်ကနေ ထွက်ပြေးမှာလဲ သူတို့။ ဟိုဘက်က ဝင်လာတဲ့တလျောက်မှာ အဲ့ဘက်က BGF တို့ ဘာတို့ အကုန်စောင့်နေကြတာဆိုတော့ အဲ့ဘက်ကို ဘယ်လိုပြေးကြမလဲ သူတို့။"

ကြာသပတေးနေ့ကတော့ မောင်းတောမြို့ မောက်ပိုင်း မြင်းလွတ်ရွာမှာ ဆရာ၊ဆရာမတွေနေထိုင်ရာအဆောင်တခု မီးရှို့ဖျက်ဆီးခံရကြောင်းနဲ့ ဒီကနေ့မနက်မှာတော့ ကြိမ်ချောင်းနဲ့ လောင်းတုံလမ်း ရေကျော်တံတားမှာ ဗုံးတလုံးထောင်ထားတာကို ရှင်းလင်းခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံတကာသတင်းမီဒီယာတချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူ ၅၀၀လောက်ထိ တိမ်းရှောင်လာကြောင်း ဖော်ပြတာတွေ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှုးတွေကို စုံစမ်းမေးမြန်းရာမှာ မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တာမရှိကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသူ ၇၀ကျော်ကို မြန်မာ့တပ်မတော်က ပစ်ခတ်သတ်ဖြတ်တယ်ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကိုလည်း သတင်းထုတ်ပြန်ရေးကော်မတီက ငြင်းဆိုထားပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသတွင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို စစ်ဆေးရာမှာ ဘင်္ဂလားဒေရှ်နိုင်ငံက လာရောက်သူတွေနဲ့ ဗလီဆရာတွေက ဦးဆောင်ခဲ့ကြောင်း ထွက်ဆိုတယ်လို့ လည်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူအခွင့်အရေးအဖွဲ့အစည်းတွေကတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ စုံစမ်းရေးအဖွဲ့တွေကို မောင်တောဒေသကို သွားခွင့်ပြုဖို့အတွက် မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
VOA Burmese News


IS အဖွဲ့ နဲ့ ဆက်နွယ်သည်ဟု စွပ်စွဲခံထားရသူများ (ဒီဇင်ဘာ ၂၀၁၅)
IS အဖွဲ့ နဲ့ ဆက်နွယ်သည်ဟု စွပ်စွဲခံထားရသူများ (ဒီဇင်ဘာ ၂၀၁၅)

ဆီးရီးယားအခြေစိုက် IS အကြမ်းဖက်အဖွဲ့အတွက် ပါကစ္စတန်နိုင်ငံတွင်းမှာ လူသစ်စုဆောင်းရေး လုပ်ဆောင်နေတဲ့ စစ်သွေးကြွ ၈ ယောက်ပါ အဖွဲ့တခုကို ဖမ်းဆီးမိခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်၊ လူဦးရေများတဲ့ ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တဲ့ Lahore မှာ ညဘက်စစ်ဆင်ရေးအတွင်း အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးတပ်ဖွဲ့တွေက စစ်သွေးကြွတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကြာသပတေးနေ့က တရားဝင် ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ကိုင်ဖုန်းတွေ၊ Laptop ကွန်ပြူတာတွေနဲ့ IS အဖွဲ့အတွက် ၀ါဒဖြန့်ချိရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ စစ်သွေးကြွတွေဟာ ဆီးရီးယားနိုင်ငံအပြင် ပါကစ္စတန်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နဲ့ အီရန်နိုင်ငံတွေဆီ တရားမ၀င် ပို့ဆောင်ပေးဖို့ လူငယ်အမျိုသားတွေကို စုဆောင်းနေခဲ့တာဖြစ်ပါတယ်။ သူတို့အနေနဲ့ တိုက်ခိုက်ရေးသမား အမြောက်အများကို စေလွှတ်ခဲ့ပြီးဖြစ်သလို နောက်ထပ်တသုတ်ကိုလည်း ပို့ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်း စစ်ဆေးမေးမြန်းသူတွေကို ၀န်ခံခဲ့တယ်လို့လည်း အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဌာနက ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြို့တော်တော်များများမှာ လှုပ်ရှားနေတဲ့ IS စစ်သွေးကြွ ရာနဲ့ချီကို ဖမ်းဆီးမိခဲ့ပေမယ့် ပါကစ္စတန်နိုင်ငံတွင်းမှာတော့ IS အဖွဲ့အနေနဲ့ စုစည်းပြီး အခြေစိုက်ထားတာမျိုး မရှိဘူးလို့လည်း ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။
VOA Burmese News



အလက်ပို လေကြောင်းထိုးစစ်ဆင်။
ဆီးရီးယားအစိုးရတပ်ဖွဲ့က လေကြောင်းကနေရော လက်နက်ကြီးတွေပါသုံးပြီး သူပုန်တွေထိန်းချုပ်ထားတဲ့ Aleppo မြို့ကို ဒီကနေ့မနက်အစောပိုင်းက တိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအ၀င် လူအတော် များများ သေဆုံးခဲ့ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် တလကြာ တိုက်ခိုက်မှုတွေကို ရပ်စဲထားမှုအဆုံးသတ်ပြီလို့ ရုရှားကနေ ကြေညာအပြီးမှာ ဆီးရီးယား အစိုးရတပ်တွေဟာ အင်္ဂါနေ့ကစလို့ ဒီကနေ့အထိ လေးရက်မြောက်ဆက်တိုက် တိုက်ခိုက်နေတာပါ။

တိုက်ပွဲတွေ ပြန်စတင်ချိန်ကစလို့ အရပ်သား ၆၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ သူပုန်တွေဘက်ကလည်း အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွင်းနေရာတွေကို ရော့ကတ်ဒုံးကျည် တဒါဇင်ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

အပစ်အခတ်ရပ်စဲမှုအဆုံးသတ်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ရတာပါလို့ ရုရှားကပြောဆိုထားပြီး သူပုန်တွေထိန်းချုပ်ထားတဲ့ လူပေါင်း ၂ သိန်းခွဲလောက်နေထိုင်တဲ့ Idlib နဲ့ Homs အလယ်ပိုင်းဒေသတွေကို ဆီးရီးယားအစိုးရတပ်တွေက တိုက်ခိုက်နေတာပါ။

Aleppoမြို့ အရှေ့ပိုင်းက သူပုန်တွေကို အစိုးရတပ်တွေက လွန်ခဲ့ဇူလိုင်လကတည်းက ၀ိုင်းထားတာဖြစ်ပြီး အဲဒီနေရာမှာ စားနပ်ရိက္ခာ ရှားပါးလာပြီလို့ ကယ်ဆယ်ရေး အေဂျင်စီတွေကပြောပါတယ်။ စီးပွါးရေးနဲ့ စက်မှုပိုင်းဆိုင်ရာမှာ တချိန်က အချက်အခြာကျခဲ့တဲ့ Aleppo မြို့ဟာ ၂၀၁၂ ခုနှစ် သူပုန်တွေနဲ့ စတင်တိုက်ခိုက်ချိန်ကစလို့လူအများအပြား စွန့်ခွါထွက်ပြေးခဲ့ကြပေမယ့် အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့နေရာမှာတော့ အရပ်သား ၁.၂ သန်းလောက်နေထိုင်နေ ဆဲဖြစ်ပြီး အဲဒီနေရာကို သူပုန်တွေက ရော့ကတ်ဒုံးကျည်တွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခတ်လေ့ရှိပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နိုဝင်ဘာ ၁၈

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူမိန်းကလေးငယ်နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုကို ကျောက်တံတား တရားရုံးတွင် ယနေ့ (နိုဝင်ဘာ ၁၈ရက်) စစ်ဆေးရာ မစုမွန်လတ်က အိမ်အကူ မစန်းကေခိုင်၏ ဘယ်ဖက်လက်မောင်းကို လှန်ချိုးခဲ့ကြောင်း တရားလိုပြသက်သေက ထွက်ဆိုသည်။

နှိပ်ခိုင်းရာတွင် လက်မပေါက်၍ဟုဆိုကာ လက်လှန်ချိုးခဲ့ခြင်းဖြစ်ကြောင်း မစန်းကေခိုင်၏ ပြောပြချက်ကို တရားလိုပြသက်သေ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။


တရားလိုပြသက်သေ အုပ်ချုပ်ရေးမှူးဟောင်း၏ ထွက်ဆိုချက်တွင် မစန်းကေခိုင်တို့ကို သွားရောက်ခေါ်ယူရန် ကျောက်တံတားရဲစခန်းက အကြောင်းကြားသည့်အခါ သွားရောက်ခဲ့ကြောင်း ၊ မသဇင်မှာ အသာတကြည်လိုက်၍ မစန်းကေခိုင်မှာ မိခင်နှင့် ဆွဲထုတ်မှ ပါလာခဲ့ကြောင်း ၊၄င်းနောက် ကူးတို့ဆိပ်အထိ မစုမွန်လတ်နှင့် ရာဇာထွန်းတို့နှစ်ဦးက လိုက်ပို့ကြောင်း သိရသည်။

''သက်သေမှာ မမှန်သက်သေ ထွက်ဆိုရင် တရားရုံးကို လျှောက်ခွင့်ရှိတယ်။ နှစ်ဖက်တရားရုံးနှစ်ခုလုံး ထွက်ဆိုချက်ကို ကျွန်တော်တို့ ကြည့်သွားမှာပါ။''ဟု အင်းဝအပ်ချုပ်ဆိုင်ဘက်မှ အကျိုးဆောင်ရှေ့နေတဦးက ဆိုသည်။

အိမ်အကူမိန်းကလေးငယ် မစန်းကေခိုင်နှင့် မသဇင်တို့အား ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့် တရားစွဲဆိုခြင်းခံရသော အင်းဝအပ်ချုပ်ဆိုင်အမှုတွင် တစ်မှုမှာ လူမှုဝန်ထမ်းဦးစီးဌာနမှ တရားလိုပြုလုပ်ကာ ကလေးသူငယ်ဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ပြစ်ကြီး၁၈၄ ၊၁၈၅ ၊၁၈၆/၂၀၁၆တွင် ဒုရဲမှူး တိုးမြို့က တရားလိုပြုလုပ်ကာ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ခြောက်ဦးလုံးအား ပြစ်မှုကြောင်းအရ တရားစွဲဆိုထားခြင်းဖြစ်သည်။

MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news



မနီလာမြို့ က သူရဲကောင်း စစ်သချိုင်းမှာ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ် ကို စစ်အခမ်းအနားနဲ့ မြှုပ်နှံ။
လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်မှာ People Power တော်လှန်ရေး လှုပ်ရှားမှုနဲ့ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ် ရဲ့ ရုပ်အလောင်း ကို သောကြာနေ့မှာပဲ စစ်ဂုဏ်ပြုတပ်ဖွဲ့နဲ့ မြှုပ်နှံလိုက်ပါတယ်။ ၀တ်စုံပြည့်နဲ့ စစ်သားတွေက အခမ်းအနား သုံး ရိုင်ဖယ်သေနတ်တွေနဲ့ သေနတ် ၂၁ ချက်ပစ်ဖောက်ပြီး မနီလာမြို့ က သူရဲကောင်း စစ်သချိုင်းမှာ အခမ်းအနားကို စတင်ခဲ့တာပါ။

မားကို့စ်ရဲ့  အာဏာရှင် အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူတွေနဲ့ ဖွဲ့စည်းထားတဲ့ညွှန့်ပေါင်းအဖွဲ့ရဲ့  ဆန့်ကျင်ကန့်ကွက်မှုတွေ တိုးလာပေမယ့်လည်း မားကို့စ်ကို စစ်သချိုင်္င်းမှာ မြှုပ်နှံဖို့ ဖိလစ်ပိုင် နိုင်ငံတော်တရားရုံးချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမိန့်ချလိုက်တာပါ။

Marcos ကို မြှုပ်နှံမယ် စစ်သင်္ချိုင်း
ကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ အာဏာရှင်ဟောင်း မားကို့စ်ကို မြှုပ်နှံဖို့ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က အတည်ပြုပေးခဲ့တာပါ။ ကန့်ကွက် ဆန္ဒပြမှုတွေ ရှောင်ရှားနိုင်ဖို့ မားကို့စ်ရဲ့ အလောင်းကို မြို့တော် မနီလာဆီကို လေယာဉ်နဲ့ တိတ်တဆိတ် သယ်ဆောင်လာတာဖြစ်ပါတယ်။

စစ်သချိုင်း ပတ်ပတ်လည် ကိုထောင်နဲ့ချီတဲ့ အဓိကရုန်း ရဲနဲ့ စစ်သားတွေက စောင့်ကြပ် ထားပြီး ဆန္ဒပြသူ တွေတော့ မရှိခဲ့ပါဘူး။ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့People Power တော်လှန်ရေး လှုပ်ရှားမှုအတွင်း မားကို့စ်ရဲ့ မိသားစုတွေ တိုင်းပြည်ကနေ တိမ်းရှောင်သွားခဲ့တာပါ။

ဒီလှုပ်ရှားမှုကြောင့် အာရှက အခြားတိုင်းပြည်တွေမှာလည်း ဒီမိုကရေစီ လှုပ်ရှားမှုအတွက် စိတ်ဓာတ်တွေနိုးကြားလာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဟာဝိုင်ယီမှာ မားကို့စ် ကွယ်လွန်သွားပြီး ဖိလစ်ပိုင်မြောက်ပိုင်းက သူ့ဇာတီ Batac ကို ၁၉၉၃ မှာ သူ့အလောင်းပြန်ရောက်လာတာပါ။ အဲ့ဒီအချိန်ကစလို့ မားကို့စ်ရဲ့အလောင်းကို မှန်ခေါင်းထဲမှာထည့်သွင်းပြသထားပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတခုဖြစ်လာခဲ့တာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


တာချီလိတ် နိုဝင်ဘာ ၁၈

သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီး တစ် ဦး ဒဏ်ရာရရှိ သည့်ဖြစ်စဉ် နိုဝင်ဘာ ၁၈ ရက် နံနက် ၅ နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ 1G1 ဟိုတယ်ရှေ့၌ ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

''ကျမတို့ ဟိုတယ်က ထွက်လာပြီး အိမ်ပြန်ဖို့ ကားပါကင်သို့ သွားစဉ် ယခင်က ရည်းစားဟောင်းဖြစ်ခဲ့သူ စိုင်းပန်ရောက်လာပြီး စကားပြောချင်တယ်ပြေသွားတယ်'' ဟု သေနတ်ဒဏ်ရာ ရရှိသူ မနန်းဆိုင် ဖောင်းက ပြောသည်။


ဖြစ်စဉ်တွင်  ဟိုတယ်မှ ထွက်လာသူ မနန်းဆိုင်ဖောင်း၊ (၁၉ နှစ်) စီလီငေါ့ရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ်နေသူနှင့် သူငယ်ချင်းများဖြစ်သူ စိုင်းလုံ၊ စိုင်းဝမ်းရှီးနှင့် နန်းစီဝမ်တို့ လေးဦးသည် နေအိမ်သို့ပြန်ရန် ကားပါကင်သို့ သွားရောက်စဉ် စိုင်းပန်မှ အနီးသို့ ရောက်ရှိလာပြီး မနန်းဆိုင်ဖောင်းနှင့်၎င်း စကားပြောချင်ကြောင်းပြောရာ မနန်းဆိုင်ဖောင်းမှ လက်မခံဘဲ စကားမပြောလိုကြောင်း ပြန်ပြောသဖြင့် စိုင်းပန်နှင့် စကားများခဲ့ကြောင်း၊ ၄င်းတို့ လေးဦးသည်နေအိမ်သို့ပြန်ရန်အတွက် ကားပေါ်သို့တက် ၍ ကားထွက်မည့်ပြုစဉ် စိုင်းပန်မှ ကားအရှေ့မှ မတ်တပ်ရပ်ပြီး သေနတ်ဖြင့် (၆)ချက်ခန့်ပစ်ခတ်ရာ ကားအတွင်းရှိ စိုင်းလုံ(၃၀ နှစ်)၊ စီလီငေါ့ရွာ၊ မိုင်းကိုးအုပ်စု၊ တာချိလိတ်မြို့ နယ်နေသူ၏ ရင်ညွန့်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး၊ မနန်းဆိုင်ဖောင်း၏ ယာဘက်ခြေသလုံးတွင် ကျည်ဝင်ဒဏ်ရာ နှစ် ချက်(မစိုးရိမ်ရ) တို့ရရှိပြီး တာချီလိတ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။

လူကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သူ စိုင်းပန်အား ဥပဒေအရအရေး ယူပေးရန် မနန်းဆိုင်ဖောင်းမှ တရားလိုပြုလုပ်တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းက (ပ)၂၁၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၀၇ဖြင့် အမှုဖွင့်ကာ တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)


နေပြည်တော် နိုဝင်ဘာ ၁၈

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် သက်ကိုင်ညာကျေးရွာသို့ ၀င်ရောက်ရှင်းလင်းရာ မသင်္ကာဖွယ် ရွာသားများ ဖြစ်သော ဒီမိုဟာမတ် (၃၃) နှစ် (ဘ) မိုဆာအာလီ ပါ (၅) ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖားဝပ်ချောင်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် မောင်တောမြို့နယ် ၀က်ပြင်ကျေးရွာသို့ ၀င်ရောက်ရှင်းလင်းရာ မသင်္ကာဖွယ် ရွာသားများ ဖြစ်သော ဆွေယော့ကာဆင် (၃၆) နှစ် (ဘ) မာမတ်ကော်ရိပ် ပါ (၃) ဦးအား ဖမ်းဆီးရမိခဲ့သည်။

မောင်တောမြို့နယ် ပွင့်ဖြူချောင်းရွာသို့ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲချိန်တွင် ၀င်ရောက် ရှင်းလင်းရာ ပွင့်ဖြူချောင်းကျေးရွာနေ မသင်္ကာသူ မိုဟာမတ် အယ်ကရုန် (၃၅) နှစ် (ဘ) ဆာဘစ်ဟူဆိန်း ပါ (၆) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee


အီရတ်တွင် ဖြစ်ပွားခဲ့သည့် မင်္ဂဆောင်၌ အသေခံဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ရမ်မာဒီ၊ နိုဝင်ဘာ ၁၈ရက် (ဆင်ဟွာ)

    အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ် Fallujah မြို့အနီးရှိ မြို့တစ်မြို့တွင် နိုဝင်ဘာ ၁၇ရက်က မင်္ဂလာဆောင်တစ်ခုအား ပစ်မှတ်ထား၍ အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် လူ ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာလုံခြုံရေး သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့ အနောက်ဘက် ၅၀ကီလိုမီတာ အကွာ ရှိ Ameriyat al-Fallujah မြို့တွင် မင်္ဂလာဆောင် ညစာ စားပွဲကျင်းပနေစဉ် လူအုပ်အတွင်း၌ အသေခံဗုံးခွဲသမားသည် ဗုံးများတပ်ဆင်ထားသည့် ၎င်း၏ အင်္ကျီအား ဖောက်ခွဲခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လူနာတင်ကားများ၊ ရဲတပ်ဖွဲ့ဝင် နှင့် ပြည်သူတို့၏ မော်တော်ယာဉ်များဖြင့် ဒဏ်ရာရရှိသူများအား မြို့အတွင်းရှိ ဆေးရုံနှင့် ဆေးပေးခန်းများသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူဦးရေမြင့်တက်လာနိုင်ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့သည်။

ယခုအထိ ယင်းဖောက်ခွဲမှုအား မည်သည့်အဖွဲ့အစည်း ကပြုလုပ်ကြောင်း မကြေညာသေးသော်လည်း ထိုသို့ လူစည်ကားရာ အရပ်များ၌ အသေခံဗုံးဖောက်ခွဲမှုများအား IS စစ်သွေးကြွအဖွဲ့ က အများဆုံးလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

အကြမ်းဖက်လုပ်ငန်းများ၊ ပဋိပက္ခများ နှင့် လက်နက်ကိုင် တိုက်ပွဲများကြောင့် အောက်တိုဘာလအတွင်း အီရတ်နိုင်ငံ၌ အီရတ်နိုင်ငံသား ၁,၇၉၂ဦး သေဆုံးခဲ့ပြီး နှင့် ၁,၃၅၈ဦး ဒဏ်ရာရရှိကြောင်း အီရတ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထောက်အပံ့ပေးရေး အဖွဲ့က ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


မြောက်ဥက္ကလာပမြို့နယ်မှာ အသက်(၉)နှစ်အရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူက သားမယားအဖြစ် ညတိုင်းပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိပ်ကုန်းရပ်ကွက်နေ အသက် (၉)နှစ်အရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူ ရွှေထွန်းက သန်းခေါင်ယံအချိန်တွင် ညစ်ညမ်းဇာတ်ကားတွေ ကြည့်ပြီး ညစဉ် သားမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

 ဘယ်သူ့ကိုမှမပြောဖို့ ခြိမ်းခြောက်ပြောကြားခဲ့ပြီး သမီးဖြစ်သူက ဖခင်ရဲ့ပြုမူပုံတွေကို အိမ်နီးချင်းအမျိုးသမီးထံ ပြောပြခဲ့ပါတယ်။

 အိမ်နီးချင်းအမျိုးသမီးက ရပ်ကွက်အမျိုးသမီးရေးရာ ဥက္ကဌထံတိုင်ကြားခဲ့ရာ မြောက်ဥက္ကလာပ မြို့မစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

 ဖခင်ဖြစ်သူ ရွှေထွန်းကို မြောက်ဥက္ကလာပမြို့မရဲစခန်းက (ပ) (၁၅၆၉/၂၀၁၆) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၇၆)အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews