11/27/16



VOA အမေရိကန် အသံရဲ့ အလွတ်သတင်းထောက် Khajijan Farqin
VOA အမေရိကန် အသံရဲ့ အလွတ်သတင်းထောက် Khajijan Farqin ကို တူရကီနိုင်ငံ Diyarbakir မြို့မှာ အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ မနေ့ စနေနေ့က သူမ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဘာကြောင့် ဖမ်းတယ်ဆိုတာ သေသေချာချာ မသိရသေးဘူးလို့ သူမ မိသားစုရဲ့ မိတ်ဆွေက ပြောပါတယ်။

အဲဒီဒေသဟာ အရေးပေါ် အခြေနေ ကြေညာထားတဲ့ နေရာဖြစ်တာမို့ သူမရဲ့ ရှေ့နေကိုယ်တိုင်တောင် သူမနဲ့ ၅ ရက်အတွင်း အဆက်အသွယ် ရနိုင်မှာ မဟုတ်ဖူးလို့လည်း သူမရဲ့ မိသားစုကပြောပါတယ်။ BBC အသံလွှင့်ဌာန အတွက်ပါ သတင်းပေးပို့နေတဲ့ အလွတ်သတင်းထောက် Farqin ဟာ ကြေးနီမိုင်းတွင်း တခု ပြိုကျတဲ့ သတင်းပို့ဖို့ အလာ Siirt ပြည်နယ်တွင်းက ရဲ လုံခြုံရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ turkishminute.com က ဖော်ပြပါတယ်။

ဒီလ အစောပိုင်းတုန်းကလည်း ပြင်သစ် သတင်းဝက်ဘ်ဆိုက် Lesjours.fr အတွက် အလုပ်လုပ်နေတဲ့ Olivier Bertrand လည်း ဆီးရီးယား နယ်စပ် တူရကီဘက်ခြမ်း ဂါဇီယန်းတပ်ဖ်မြို့မှာ သတင်းပို့နေတုန်း အဖမ်းခံရပြီး နယ်နှင်ခံခဲ့ရပါတယ်။တူရကီ နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မအောင်မမြင် ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်းမှာ သတင်းစာ၊ အသံလွှင့်ဌာန၊ စာပေထုတ်ဝေရေးနဲ့ ဖြန့်ဝေရေး လုပ်ငန်းပေါင်း ၁၉၅ ခုကို ပိတ်သိမ်းခဲ့ပြီး အကြမ်းဖက် ၀ါဒစွဲဆောင်ရွက်မှုတွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့စွဲဆိုချက်နဲ့ သတင်းထောက် ၁၅၀ နီးပါးတို့ကို ထောင်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လထဲမှာ Diyarbakir မြို့ရဲ့ တွဲဘက် မြို့တော်ဝန်တွေဖြစ်တဲ့ Gultan Kisanak နဲ့ Firat Anli တို့ကို အကြမ်းဖက်တဲ့ ပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့ပြီး ရာထူးကနေ ဖယ်ရှားခဲ့တဲ့နောက် ထောင်နဲ့ချီတဲ့မြို့ခံတွေ ဆန္ဒပြခဲ့ကြတာပါ။ Diyarbakir မြို့ဟာ တူရကီ အရှေ့တောင်ပိုင်းက Kurds အများစုနေထိုင်တဲ့ အကြီးဆုံး မြို့ကြီးဖြစ်ပြီး Kurds လိုလားတဲ့ လှုပ်ရှားမှုတွေကို ဗဟိုပြုလှုပ်ရှားကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro ကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနား။
ကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro ကွယ်လွန်ခဲ့တဲ့ အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှုတွေထဲမှာတော့ ၀မ်းနည်းကြေကွဲမှုတွေရော ဝေဖန်မှုတွေရော ရှိနေတာပါ။ ဒါပေမဲ့လို့ ကနေဒါ ၀န်ကြီးချုပ် Justin Trudeau ကတော့ Fidel Castro ရဲ့ တော်လှန်ရေး၊ နောက် အာဏာရှင် Castro ရဲ့ ကျူးဘားပြည်သူတွေအပေါ် ထားတဲ့ မေတ္တာနဲ့ ဆောင်ရွက်ချက်တွေ အတွက် ချီးကျူးဂုဏ်ပြု စကားပြောဆိုလိုက်တာကြောင့် ကနေဒါနဲ့ အမေရိကန် နိုင်ငံရေးသမားတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

ကနေဒါ ၀န်ကြီးချုပ်က ကျနော့် အဖေဟာ Fidel ကို သူငယ်ချင်းလို့ ခေါ်ဖို့ သိပ်ပြီး ဂုဏ်ယူတာပါ။ ကျနော့် အဖေဆုံးပြီးနောက်ပိုင်း ကျနော် Fidel နဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရခဲ့ပါတယ်လို့ ပြောခဲ့တာပါ။ ကနေဒါ ကွန်ဆာဗေးတစ် လွှတ်တော်အမတ် Kellie Leitch ကတော့ ၀န်ကြီးချုပ် Trudeau ရဲ့ Castro အပေါ် မှတ်ချက်ဟာဆိုရင် Castro အကြောင်း ၀တ္ထုစာအုပ် ဖတ်ထားတဲ့ အတိုင်း ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။ ကျူးဘားနွယ်ဖွား အမေရိကန် အထက်လွှတ်တော် အမတ် Marco Rubio ကတော့ ကနေဒါဝန်ကြီးချုပ်ရဲ့ ကြေညာချက် အစစ်အမှန်ဆိုရင်တော့ သိပ်ကို ရှက်ဖို့၊ စိတ်ကသိကအောက် ဖြစ်ဖို့ ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump ကတော့ Castro ဟာ ကိုယ့်ပြည်သူတွေကို ဆယ်စုနှစ် ၆ ခုနီးပါး ဖိနှိပ်ခဲ့တဲ့ ရက်စက်တဲ့ အာဏာရှင် ဖြစ်တယ်လို့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ Castro ရဲ့ သမိုင်းအမွေတွေထဲမှာတော့ ကွက်မျက် သုတ်သင်ရေးအဖွဲ့တွေ၊ ခိုးယူမှုတွေ၊ ဒုက္ခပင်လယ်ဝေရတာတွေနဲ့ ဆင်းရဲမွဲတေမှု၊ နောက် အခြေခံ လူ့အခွင့်အရေးကို ငြင်းပယ်ခဲ့တာတွေ ပါဝင်တယ်လို့လည်း ရွေးကောက်ခံ သမ္မတ Trump က ပြောပါတယ်။

အမေရိကန် သမ္မတဟောင်း Jimmy Carter ကတော့ သူနဲ့ သူ့ဇနီးတို့ ကျူးဘားနိုင်ငံတွင်းမှာ Fidel Castro နဲ့ အတူ သွားလာခဲ့ကြတာတွေ၊ နောက် ကျူးဘား ပြည်သူတွေ အပေါ်မှာ ထားတဲ့ သူ့ရဲ့ မေတ္တာကို ပြန်ပြောင်းအောက်မေ့မိတယ်လို့ ပြောဆိုပါတယ်။ ကျူးဘားပြည်သူတွေ ငြိမ်းချမ်း တိုးတက်ပါစေကြောင်းလည်း အမေရိကန် သမ္မတဟောင်း ကာတာက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


                   KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ခြောက်ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၇၊ ၂၀၁၆

KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခန့်က မန်တုံမြို့နယ် ၊ ပန်ဝါကျေးရွာ အနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းကို KIA/TNLA လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ရာ ၄င်းတို့ပစ်ခတ်သော လက်နက်ကြီး ကျည်များ ပန်ဝါကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ဦးနောင်ဂျာ အပါအဝင် ကျား ၄ ဦး၊ မ ၂ ဦး ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများ နမ္မတူပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/


နိုဝင်ဘာ ၂၇၊ ၂၀၁၆

နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီအချိန်ခန့်တွင် မူဆယ်မြို့အနောက်ဘက် ၃ မိုင် ၆ ဖာလုံခန့်အကွာ ပန်ခမ်းကျေးရွာမှ မူဆယ်မြို့ဘက်သို့ ဆိုင်ကယ် ၂ စီး ဖြင့် လာရောက်သော အမျိုးသား ၃ ဦးက ပန်ခမ်းတံတားအလွန် ၁၅ ပေခန့်တွင် ယာဘက်လမ်းဘေး အစပ်သို့ မိုင်း (၁) လုံးပစ်ချ ဖောက်ခွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းပစ်ခတ်ရာ မူဆယ်မြို့တွင်းသို့ ဆိုင်ကယ်များ မောင်းနှင်ထွက်ပြေး သွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်။


နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပန်ခမ်းတံတားအနီးဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ညက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် ၁၀ ပေခန့်အကွာ လမ်းဘေး အမှိုက်ပုံအနီးတွင် လက်လုပ်မိုင်း(၁) လုံး တွေ့ရှိခဲ့ရပြီး ပန်ခမ်းတံတားပေါ်တွင် မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးတွေ့ရှိသဖြင့် စိစစ်ခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့မှ တပ်သားအဆင့်ရှိသူ ဂန်မွန်း(ဘ) ဦးနေဂဒေါင်၊ ပန်ဂျတ်ရွာ၊ မန်ဝိန်းကြီးအုပ်စု၊ ဗန်းမော်မြို့နယ် တွင် နေထိုင်သူ ဖြစ်ကြောင်း သိရှိခဲ့ရပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ စက်တင်ဘာလ ၆ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိ လာစဉ်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ စက်တင်ဘာလ ၆ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိ လာစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးဆိုင်ရာကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ Kofi Anan (ကိုဖီအာနန်) ဟာ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ တစ်ခြားမြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။

မြန်မာပြည်မှာ ၅ ရက်နီးပါး နေထိုင်ဦးမှာဖြစ်ပြီး သွားသင့်တဲ့နေရာတွေကို သွားရောက်ဖို့ စီစဉ်ထား တယ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

"သူလာရင် ခရီးတွေထွက်ဖို့ရှိတယ် စစ်တွေက ပါတာပေါ့ ဒီပြင့် သွားသင့်သွားထိုက်တဲ့ နေရာတွေကိုလည်း သွားမယ် ၄၊ ၅ ရက်လောက်တော့နေ မယ် နိုင်ငံတော်အစိုးရကို ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံကောင်းတွေပေးဖို့ပါ အဲ့ဒီအတွက် အလုပ်တွေဆက်လုပ်နေပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က မစ္စတာ ကိုဖီအာနန်မပါဝင်ပဲ ကော်မရှင်အဖွဲ့ဝင် ၇ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း၊ အုန်းတောကြီး၊ ရေချမ်းပြင် စတဲ့ ကျေးရွာတွေကိုသွားရောက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီကော်မရှင်အဖွဲ့ဝင်တွေဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ် က ကျေးရွာတွေကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

မစ္စတာကိုဖီအာနန်ရဲ့ ခရီးစဉ်ဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေကို သွားရောက်လေ့လာမလားဆိုတာတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ပပညာရှင် ၃ ဦး နဲ့ ပြည်တွင်းက လူပုဂ္ဂိုလ် ၆ ဦး အပါအဝင် စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ကော်မရှင်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကနေတဆင့် အစိုးရထံ ၁ နှစ်အတွင်း တင်ပြရမှာဖြစ်ပါတယ်။
RFA

 နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို နေပြည်တော် သမ္မတအိမ်တော်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး အထူးသတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို နေပြည်တော် သမ္မတအိမ်တော်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး အထူးသတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA
ရခိုင်ပြည်နယ် မောင်တောအရေးနဲ့ပတ်သက်ပြီး ထိုင်း ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ရှိတဲ့ မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြပြီးတာတွေဖြစ်ပြီး နောက်ပိုင်း သံရုံးတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင် ရွက်ဖို့မှာကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေမှာ လုံခြုံရေးတာဝန်ရှိတဲ့ ပြည်ထဲရေးလိုဝန်ကြီးဌာနမျိုးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သံရုံးတွေကို ညွှန်ကြားထားတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

"သံရုံးတွေကို လုံခြုံရေးဂရုစိုက်ဖို့ပေါ့ အဲ့ဒါပြောထားတယ်။ နောက်တစ်ချက်ကတော့ သံရုံးတွေအနေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေမှာရှိတဲ့ လုံခြုံရေး အဖွဲ့အစည်းပေါ့ ပြည်ထဲရေလိုဌာနမျိုးနဲ့ ဆက်သွယ်ပြီးတော့ သံရုံးလုံခြုံရေး မြှင့်တင်ဆောင်ရွက်ဖို့ပေါ့နော် အဲ့ဒါတွေ ကျွန်တော်တို့ လုပ်ထားပါတယ်။ အထူးသဖြင့် ခုနလို အိမ်ရှင်နိုင်ငံတွေကလည်း အပြည့်အ၀ကာကွယ်မှုပေးပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှု ကိုတော့ ဒီမလေးရှားရော၊ အင်ဒိုနီးရှားရော၊ ထိုင်းရော ဒီနိုင်ငံတွေက လုံးဝလက်မခံပါဘူး ။ လက်မခံတဲ့ အတွက် သူတို့နိုင်ငံမှာ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေမဖြစ်အောင် သူတို့က ဆောင်ရွက်နေ သလို သံရုံးတွေကလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်"

မြန်မာသံရုံးတွေဖက်ကလည်း အဲ့ဒီနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဂရုစိုက် သွားလာဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သတိပေးတာတွေ ဆောင်ရွက်နေ တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၅ ရက်နေ့က ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက မြန်မာသံရုံးတွေရှေ့မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မွတ်ဆလင်အဖွဲ့အစည်းတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မနေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ပတ်သက်တဲ့ သံသယရှိသူတစ်ယောက်ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။
RFA



မီးလောင်ပျက်ဆီးသွားတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာကို တွေ့ရစဉ်
မီးလောင်ပျက်ဆီးသွားတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာကို တွေ့ရစဉ်
Photo: Aye Myat Nwe/ Facebook
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက် နေ့က မီးလောင်တာကြောင့် နေအိမ် ၇၀ နီးပါး မီးထဲပါသွားပြီး လူဦးရေ ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။

ဆိုလာပြားကနေတစ်ဆင့် ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာမှာ ဒေသခံတွေ တောင်ယာသွားတဲ့ နေ့လည်ချိန် မှာ ဖြစ်တဲ့အတွက် ပျက်စီးမှုများခဲ့တယ်လို့ လဟယ် မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေဟာ နီးစပ်ရာဆွေမျိုး အိမ်တွေ မှာ နေထိုင်သူတွေရှိသလို ယာယီ တဲလေးတွေ ဆောက်ပြီး နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

ယမ်းကြိမ်းကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၃ ထောင်ကျော် ရှိတဲ့ ကျေးရွာဖြစ်ပြီး တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ကျေးရွာလည်း ဖြစ် ပါတယ်။

နာဂဦးစီးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေက နေအိမ်ပျက်စီးသွားသူတွေ ကို အကူအညီတွေ ပေးနေပေမယ့် စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူးလို့ ဦးလော်ယုံ က ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ယမ်းကြိမ်းကျေးရွာဟာ သွားလာရခက်ခဲတဲ့ နေရာဖြစ်တာကြောင့် အကူအညီတွေ ရောက် ရှိနိုင်ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ လုံခြုံရေးယူနေတဲ့ ပြည်သူ့စစ်၂ ဦးကို တွေ့ရစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ လုံခြုံရေးယူနေတဲ့ ပြည်သူ့စစ်၂ ဦးကို တွေ့ရစဉ်
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကြူကုတ်(ပန်ဆိုင်း) နဲ့ မုံးကိုးမြို့ ဖက်က ဆရာ၊ ဆရာမ ဦးရေ ၁၈၀ ကျော်ဟာ မူဆယ်မြို့မှာ တိမ်းရှောင်နေရပါတယ်။

ဆရာ၊ ဆရာမတွေဟာ တရုတ်ပြည်ဘက်ကနေတဆင့် မူဆယ်မြို့ကို ရောက်ရှိလာတာဖြစ်တယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးဇော်မင်း က ပြောပါတယ်။

"ပန်ဆိုင်း(ကြူကုတ်)နဲ့ မုံးကိုးဘက်ကပါ။ ပန်ဆိုင်း (ကြူကုတ်) နဲ့ မုံးကိုးဘက်က သူတို့က ၀န်ထမ်တွေပေါ့။ အဓိက ပညာရေးဝန်ထမ်းတွေပေါ့။ ဆရာ၊ ဆရာမတွေ။ အခု ၇၆၁ ယောက်ထဲမှာ အဲဒီဘက် ကလာတဲ့ ပညာရေးဝန်ထမ်းတွေက ၁၈၂ ယောက်ရှိမယ်။ သူတို့က မြို့ပေါ်မှာစု။ စုပြီးတော့မှ အမှန်အတိုင်းပြောရ ရင် တရုတ်ပြည်ဘက်နေတဆင့် ကူးပြီးတော့မှ ဒီဘက်ကို ပြန်ဝင်လာကြတာပေါ့"

အဲဒီဆရာ၊ ဆရာမတွေကို မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှာရှိတဲ့ အ.ထ.က (၂) နဲ့ အ.မ.က (၄) ကျောင်းတွေ မှာ နေရာချထားပေးထားပါတယ်။ ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးမြို့နယ်တွေက ကျေးရွာ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး ကချင်၊ တအာင်း၊ ကိုးကန့် နဲ့ ရခိုင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တပ်မတော်ကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မူဆယ်မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်အရေ အတွက် ၃၇၀၀ ၀န်းကျင် အထိရှိခဲ့ပြီး လက်ရှိ မူဆယ်မြို့က ယာယီစခန်းမှာ ၈၀၀ နီးပါး ကျန်ရှိနေပါတယ်။

မနေ့ညက မူဆယ်မြို့ကနေ နမ့်ခမ်းမြို့ကို သွားရာလမ်းမှာရှိတဲ့ ပန်ခမ်းတံတားအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီး ကေအိုင်အေအဖွဲ့က တပ်သားအဆင့်ရှိသူ တစ်ဦး ကို ဖမ်းမိထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
RFA


ရှမ်းမြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ ( ပြန်ကြားရေးဝန်ကြီးဌာန MOI)
ရှမ်းမြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ ( ပြန်ကြားရေးဝန်ကြီးဌာန MOI)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်အဖွဲ့လေးဖွဲ့နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။ မူဆယ်မြို့ဘက်မှာ အခြေအနေတည်ငြိမ်လာလို့ စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်း စပြန်နေကြပါပြီ။ ဒါပေမဲ့ မုန်းကိုး ဒေသဘက်မှာတော့ တရုတ်နယ်စပ်ရောက် ဒုက္ခသည်တွေ နေရပ်ရင်းမပြန်နိုင်သေးဘဲ စစ်ရေးအခြေအနေလည်း ပြင်းထန်ဆဲပါ။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အတွင်း မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့နဲ့ မြန်မာ့တပ်မတော် တို့အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ မူဆယ်မြို့နဲ့ တရုတ်နယ်စပ်ဒေသတွေမှာ စစ်ဘေး တိမ်းရှောင်နေကြရာကနေ မူဆယ်မြို့နယ်ဘက်မှာအခြေအနေအေးချမ်းသွားခဲ့လို့ နေရပ်ရင်းကို စတင်ပြန် နေကြပြီးလို့ ဒုက္ခသည်အကူညီပေးရေးအဖွဲ့ ဂရုဏာပရဟိတအသင်း ဥက္ကဋ္ဌဦးသောင်းထွန်းအခုလိုပြောပါတယ်။

"တချို့ရှမ်းတွေကတော့ တော်တော်များများ ပြန်ကုန်ကြပါပြီ။ တချို့ရှမ်းပဲ ကျန်တော့တယ်။ ကယ်ဆယ်ရေးစခန်းက တရားဝင်က ငါးခုရှိတယ်။ ကျန်တာက နီးစပ်ရာ တည်းကြတော့ ဘုန်းကြီးကျောင်းတွေအပါအဝင် အားလုံး ကိုးခုရှိတယ်။ အဲ့အထဲမှာ ၈၀၀ကျော်ရှိတဲ့ စခန်းဆိုရင် အခုဆိုရင် အယောက်(၃၀) လောက်ပဲ ကျန်ပါတော့တယ်။ နောက် တချို့ဘုန်းကြီးကျောင်းတွေကနေလည်း ဒီနေ့ပြန်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ အခုကတော့ လေးထောင်ကျော် ငါးထောင်နီးပါးရှိတဲ့စခန်းတွေမှာ အခုတော့ နှစ်ထောင်ကျော်ကျော်ပဲ ကျန်ပါတော့တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းကတော့ ပြန်လည်လှုပ်ရှားဖွင့်လှစ်နေပြီဖြစ်ပါတယ်။မုန်းကိုး၊ မုန်းပေါ်၊ပန်ဆိုင်းကတော့ တိုက်ပွဲဖြစ်နေပါတယ်။"

လက်ရှိမူဆယ်မြို့အတွင်းမှာ အခြေအနေငြိမ်သက်သွားတာကြောင့် ကုန်သွယ်ရေးဇုံကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပေမဲ့ မုန်းကိုး ဒေသဘက်မှာတော့ စစ်ရေးအခြေအနေတင်းမာနေဆဲလို့ ဂရုဏာပရဟိတအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်း ပြောပါတယ်။

တရုတ် – မြန်မာ နယ်စပ် ကြူကုတ်-ပန်ဆိုင်း မုန်းကိုးဒေသအတွင်း တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွါးနေသေးသလို ဒေသခံ (၄၀၀၀) ကျော်ဟာ တရုတ်နိုင်ငံ ၀မ်တိန်မြို့မှာ စစ်ဘေး တိမ်းရှောင်နေရဆဲလို့ ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့ တဲ့ တိုင်းရင်း သတင်းလွှာ သတင်းထောက် အားမီက အခုလိုပြောပါတယ်။

"တရုတ်ဘက်မှာက အခုလေးထောင်ကျော်သွားပြီ။ တရုတ်ဘက်မှာဆိုတာက အခု ဝမ်စိန်ပေါ့နော် ပန်ဆိုင်းရဲ့ ဒီဘက်ကမ်း ကျမတို့ရောက်ခဲ့တဲ့ နေရာပေါ့။ အဲ့ဒီ့ဝမ်စိန်မှာပဲ လေးထောင်ကျော်က။ မုန်ကိုးရဲ့ ဒီဘက်ခြမ်းကတော့ မန်ချိုင်းလေ။ အဲ့ဒီ့ဘက်က အခြေအနေက အတိအကျလိုက်လို့မရဘူးဖြစ်နေတာ။ အဲ့ဘက်မှာ ခန့်မှန်းခြေက နှစ်ထောင်ကျော်နေပြီ။"

တရုတ်နိုင်ငံ ၀မ်တိန်မြို့က စစ်ဘေးတိမ်းရှောင်တွေကို တရုတ်အာဏာပိုင်တွေအပြင် မူဆယ်မြို့လူမှုကူညီရေးအဖွဲ့တွေ ကနေ အကူညီပေးဆောင်နေပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင် ဒုက္ခသည်တွေဟာ တရုတ်နိုင်ငံ နယ်စပ်မြို့ ၀မ်တိန်မြို့ကို ထွက်ပြေးလာခဲ့တာဖြစ်ပြီး ၄င်းတို့နေရပ်ရင်းပြန်ရေးမှာ မရေရာသေးတဲ့အခြေအနေမှာရှိနေ ပါတယ်။

လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စတဲ့ မြောက်ပိုင်း မဟာ မိတ်တပ်ပေါင်းစုအဖွဲ့နဲ့ မြန်မာ့တပ်မတော် တို့အကြားတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ မုန်းကိုးဒေသမှာ စစ်ရေးအရအခရာကျတဲ့ ဗျုဟာကုန်းကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်း စုအဖွဲ့ကနေ ထိမ်းချုပ်ထားသလို မြန်မာ့တပ်မတော်ဘက်ကလဲ အပြင်းအထန်ထိုးစစ်ဆင်နေဆဲလို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာပန်းလှကပြောပါတယ်။

"(မုန်းကိုးဒေသ) အဲ့ဒီ့မှာတော့ တောက်လျှောက် ထပ်ဆက်ဖြစ်နေဆဲဘဲ။ ခုဒီမနက်ပိုင်းမှာလဲ လေယာဉ်နဲ့သွားရောက် ဆက်ပစ်တာမျိုးတွေ။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်ကတည်းကကျွန်တော်တို့ထိန်းချုပ်လိုက်ပြီး။ ခုဟာက မြန်မာ့တပ်မတော်ကနေပြီးတော့ သူတို့ရဲ့ဗျူဟာကုန်း စခန်းကို ပြန်လည်ရယူဖို့သူတို့ကြိုးပမ်းတာပေါ့လေ။ ကြိုးပမ်းတဲ့အခါမှာ လက်နက်ကြီးတွေနဲ့ရော လေယာဉ်တွေ ဟယ်လီကော့ ပတာတွေနဲ့ရော လာရောက်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲကတော့နေ့တိုင်းလိုလိုပြင်းထန်နေတာပေါ့။

ဒါ့အပြင် ဒီကနေ့မှာလဲမန်တုံမြို့နယ်၊ ပန်ဝါကျေးရွာအနီးမှာ TNLA တပ်ဖွဲ့နဲ့မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် KIOကချင်လွတ်လပ်ရေးအဖွဲ့ရဲ့လိုင်ဇာမြို့အ၀င်ဝမှာလဲ ဒီကနေ့မှာမြန်မာ့တပ်မတော်နဲ့KIOတပ်တို့ အကြား တိုက်ပွဲဖြစ်ပွါးနေတယ်လို့လဲ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ(၂၀)ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေအပါအ၀င် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့စပ်လျဉ်းပြီး လက်နက်ကိုင်နည်းလမ်းနဲ့ပြဿနာကိုဖြေရှင်းခဲ့ကြလို့ပြည်တွင်းစစ် အဓွန့်ရှည်ကာ နိုင်ငံနှင့်ပြည်သူတွေ ဆိုးကျိုးခံစားခဲ့ရသလို ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစုပင်လုံဟာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း၊ အဲဒီ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် (NCA) အပစ်ရပ် စာချုပ်ကို လက်မှတ်ထိုးဖို့ လိုအပ်တယ်လို့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသား မဟာမိတ်တွေအနေနဲ့ကတော့ မြန်မာတပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကို အဆက်မပြတ်ပြုလုပ်နေတဲ့အတွက် တန်ပြန်တိုက်ခိုက်ရတာဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ ထိုးစစ်တွေရပ်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့ကလည်း သူတို့ရဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းရပ် မှာဖြစ်တယ်လို့နိုဝင်ဘာလ (၂၅)ရက်နေ့ ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်။
VOA Burmese News


Photo- ရန်ကုန်သို့လာရောက်၍ အမှိုက်ကောက်ပေးသည့် ဂျပန်လူမျိုး စေတနာ့ဝန်ထမ်းများအား တွေ့ရစဉ်
မြောက်ဒဂုံဘီအမ်ကားကို တာမွေအ၀ိုင်းမှ ဆူးလေသို့ စီးလာသည်။ ယာဉ်မောင်း နောက်ဘက်ခေါင်းပေါ်တွင် ''ဆေးလိပ်မသောက်ရ၊ အမှိုက်မပစ်ရ၊ ကွမ်းတံတွေးမထွေးရ၊ တွေ့ရှိပါက ဒဏ်ငွေ ၁၀၀၀၀''စာတန်းကပ်ထား သည်။ ယာဉ်မောင်းက ကားမောင်းရင်း ဆေးလိပ်သောက်နေသည်။ ယာဉ်နောက်လိုက်က ကွမ်းတံတွေး တပျစ်ပျစ်ထွေးသည်။ ခရီးသည် အမျိုးသမီးတဦးက မုန့်စားပြီး မုန့်ထုပ်စက္ကူကို ကားပေါ်မှ လမ်းမပေါ်သို့ ပစ်ချသည်။ ကားသည် ခြောက်ထပ်ကြီးဘုရားကိုကျော်လာစဉ် ရပ်ကွက်၏ လမ်းထိပ်တနေရာ၌ ''မည်သည့်ယာဉ်မျှ မရပ်ရ'' ဆိုင်းဘုတ်တည့်တည့်တွင် ကိုယ်ပိုင်ယာဉ်တစီးရပ်ထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် သက်ဆိုင်ရာတို့က စည်းမျဉ်းစည်းကမ်းများ ဒေသန္တရအမိန့်များကို ထုတ်ပြန်ကြသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များသည် သက်ဝင်လှုပ်ရှားမှုမရှိ၊ ပြည်သူလူထုကလည်း အလေးထားလိုက်နာ မှုမရှိကြ။ လိုက်နာရကောင်းမှန်း အသိစိတ်ဓာတ်လည်း မရှိကြပေ။စစ်အစိုးရတခေတ်က စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ဆိုသည့် ကြွေးကြော်သံကို သတိရမိကာ နိုင်ငံ၏ရှေ့ရေးအတွက် ရင်လေးမိသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီး ပြီးခါစ ဒေါ်အောင်ဆန်းစုကြည်က NLD အမတ်တွေ အမှိုက် ကောက်ကြဖို့ တိုက်တွန်းသည်။ ၂၀၁၅ ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှူးမြို့နယ်မှာ အမှိုက်ကောက်ပြခဲ့သည်။ သူမ၏စကားကိုနားထောင်ကာ NLD အမတ်အချို့ အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် ပြီးတော့လည်း ပြီးတာပဲဆိုသလို ဖြစ်သွားကြသည်။

NLD အစိုးရတက်ခါစက ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ကွမ်းယာရောင်းချမှုများကို ကန့်သတ် မည်ဆို သော သတင်းများထွက်ပေါ်လာပြီး ကွမ်းယာရောင်းသူနှင့် ကွမ်းယာစားသူများအကြား အကြီးအကျယ် ဂယက် ရိုက်ခတ်သွားခဲ့သည်။ ကျွန်ုပ်တို့သည် ကွမ်းယာရောင်းမှု၊ ကွမ်းယာစားမှုကို အားမပေးပါ။ ဆန့်ကျင်မှုလည်း မပြုပါ။ သို့ရာတွင် စည်းကမ်းတကျ ကွမ်းတံတွေးထွေးစေချင်သည်။ ကျွန်ုပ်တို့၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကွမ်းယာရောင်းချသူများသည် ကွမ်းယာဝယ်သူများကို စည်းကမ်းမဲ့ ကွမ်းတံတွေးမထွေးကြရန် သတိပေးသည်ဟု သိရသည်။ ဆေးလိပ်သောက်ချင်လျှင်လည်း လူတွေနှင့်ဝေးဝေး သတ်မှတ်ထားသည့်နေရာ၌ သွားရောက်ပြီး သောက်ကြရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် စစ်အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှုအလွဲကြောင့် ရုပ်ပစ္စည်းဆိုင်ရာ ချို့တဲ့နွမ်းပါးသလို ပညာ ရေးစနစ် အဖျက်ဆီးခံရသောကြောင့် စိတ်ပိုင်းဆိုင်ရာလည်း ပျက်စီးလျက်ရှိသည်။ ပိုက်ဆံ ရှိသူများအကြား၌ ပင် 'ပြည်သူ့နီတိ'အခြေခံသဘော တရားမရှိကြပုံကို 7 Day Daily ပါ ဖေ့စ်ဘွတ်တခွင် ကဏ္ဍ၌ အောက်ပါအတိုင်းတွေ့ရသည်။

'' . . . ဂီတဖျော်ဖြေပွဲတခုတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ကြသည်ကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံတပုံနှင့်အတူ ''လက်မှတ်တစောင် ရှစ်သောင်း၊ တသိန်းဆိုရင်ကြည့်လိုက်ကြတာပဲ။ ပွဲတက်ဝတ်စုံနဲ့ ဘာနဲ့။ စိန်ဘယက်နဲ့ ဘာနဲ့လာကြပြီး အမှိုက်ကျ အမှိုက်ပုံးဆီထ မပစ်တတ်ကြပါလား။ အမှိုက်ပစ်တာကို မရှက် တတ်ကြဘူး။ ဒါကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးရမှာ။ ဒီမျိုးဆက်ကတော့ ပရမ်းပတာကြီးလာကြတာ။ နောက်မျိုးဆက်ကျမှ ကျောင်းစည်းကမ်းအနေနဲ့ ကြပ်ကြပ်မတ်မတ်သင်ပါ။ မလိုက်နာရင် ဒဏ်ရိုက်ပါ။ နေရာတိုင်းမှာ CCTV တပ်ဖို့လိုနေပြီ။ တိုးတက်တဲ့လူမျိုးဆိုတာ အမှိုက်ပစ်တာနဲ့ သိနိုင်တယ်။
အမှိုက်ပုံးများကိုလည်း စနစ်တကျထားပေး စေချင်ပါတယ်။ အမှိုက်စနစ်တကျစွန့်ပစ်ချင်တာမှာ တခါတလေ ပုံးရှာမရပါတဲ့။''

မှန်ပါသည် ခင်ဗျာ။ စာရေးသူသည် တခါက မြို့တွင်းဆူးလေအနီးမှ နေအိမ်သို့အပြန် မျက်နှာသုတ်သော တစ်ရှူးစက္ကူစကိုပစ်ဖို့ အမှိုက်ပုံးရှာဖွေရာမှာ မတွေ့ရတာကြောင့် တစ်ရှူးစမှာ အိမ်အထိပါလာပါသည်။ အင်္ဂလန်နိုင်ငံ မြို့လေးတမြို့တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံမှ အမျိုးသမီးတဦးက သူမတို့ မြို့ရှိ ပန်းခြံ အတွင်း၌ ကိုက် ၅၀ အကွာအဝေးတိုင်းမှာ အမှိုက်ပုံးတခုရှိကြောင်း ဆောင်းပါးတပုဒ်တွင် ရေးသားထားသည် ကို မှတ်သားမိပါသည်။ ထို့ကြောင့် စည်ပင်သာယာအနေနှင့် ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊ ပန်းခြံတိုင်း၌ အမှိုက်ပုံး များထားရှိပေးရပါမည်။ ပြည်သူလူထုအနေနှင့်လည်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရပါမည်။
နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့တော် ပတ်ဝန်းကျင်ရေးရာဌာနတို့ ပူးပေါင်းပြီး အမှိုက်ကောက်ပြိုင်ပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ''အမှိုက်ဟာ ကျန်းမာရေးအတွက် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ ဖြစ်နိုင်တယ်။ အခု အမှိုက်ကောက်ပြိုင်ပွဲလုပ်တာဟာ ကလေးတွေရဲ့ စာရိတ္တအတွက် သင်ကြားရေးစနစ်တခုလည်း ဖြစ်ပါတယ်။ အမှိုက်ကောက်တာဟာ ရှက်စရာအလုပ် မဟုတ်ဘဲ ဂုဏ်ယူစရာ ဖြစ်တယ်ဆိုတာ လူတိုင်းသိရှိစရာဖြစ်တယ်ဆိုတာ လူတိုင်းသိရှိအောင် ပြန့်ပွားသွားအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

အမှိုက်ကောက်ပြိုင်ပွဲတွင် ဂျပန်နိုင်ငံသားများ အပါအ၀င် လူပေါင်း ၁၀၀ ကျော် ဆင်နွှဲခဲ့ပြီး အဖွဲ့တဖွဲ့လျှင် ငါးဦးနှုန်းဖြင့် အဖွဲ့ပေါင်း ၂၂ ဖွဲ့ ပါဝင်ဆင်နွှဲခဲ့သည်။ နံနက် ၈ နာရီတွင် မြို့တော်ခန်းမရှေ့မှ စတင်တာလွှတ်ပြီး အနီးပတ်ဝန်းကျင်လမ်းများသို့ ၀င်ရောက်ကာ အမှိုက်ကောက်ခဲ့ကြသည်။ ပြည်သူလူထုအတွင်း အမှိုက်ကောက်ခြင်း အလေ့အထများ ရှင်သန်လာပြီး မိမိတို့ရပ်ကွက်လမ်း၊ ကျေးရွာအစရှိသဖြင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အလေးထားဆောင်ရွက်တတ်စေရန် အမှိုက်ကောက်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ဆိုပါသည်။

စာရေးသူတို့ ရွှေဗမာများ အမှိုက်ကောက်သည့်ကိစ္စ၌ပင် ဂျပန်လူမျိုးများထံမှ အတုယူရမလို ဖြစ်နေသည်။ လူထုအတွင်း အမှိုက်ကောက်ခြင်း အလေ့အထများ ရှင်သန်လာစေရန်ပြိုင်ပွဲတခု လုပ်ပြရုံမျှဖြင့် ရပ်ထားရန် မသင့်ပေ။ ရန်ကုန်မြို့တော်ဝန်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အနုပညာရှင်များပါဝင်လျက် လူထုလှုပ်ရှားမှုများ အပတ်စဉ်သို့မဟုတ် လစဉ်ဆိုသလို စဉ်ဆက်မပြတ်ပြုလုပ်သင့်သည်။ အိမ်စောင့်အစိုးရ လက်ထက်တုန်းက မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်သည် ''မြို့တော်ကို ချွေးဖြင့် ဆေးကြောမည်''ဆိုသော ဆောင်ပုဒ်ချမှတ်ကာ မြို့တော်သန့်ရှင်းရေး အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ဖူးသည်။ အဆိုပါ လှုပ်ရှားမှုမျိုး ယခုပြန်လည်ဖော်ဆောင်သင့်သည်။ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် လူထုကို ပညာပေးစည်းရုံး လှုံ့ဆော်ရသည်။ အမှိုက်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်းတို့အတွက် ဆုပေးဒဏ် ပေးစနစ်ကို တိတိကျကျ ကျင့်သုံးရမည်။ မြို့တော်အတွင်း မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် သန့်ရှင်းရေးပြိုင်ပွဲများ ကျင်းပရမည်။ လစဉ် အသန့်ရှင်းဆုံးမြို့နယ်၊ အသန့်ရှင်းဆုံးရပ်ကွက် စာရင်းရွေးချယ်ပြီး အခမ်းအနားဖြင့် ဆုချီးမြှင့်ရမည်။ ခရီးသည်တင်ယာဉ်များပေါ်တွင် ''ဆေးလိပ်မသောက်ရ၊ အမှိုက်မပစ်ရ၊ ကွမ်းတံတွေး မထွေးရ''သတိပေးစာတန်းများ အသက်ဝင်လာအောင် လုပ်ရမည်။ နည်းလမ်းများ ရှာဖွေရမည်။ ကျူးလွန်သူများကို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ရမည်။ ''သူ့ဘာသာသူ ဆေးလိပ်သောက်၊ ကွမ်းတံတွေးထွေးတာ၊ ငါတို့နဲ့ ဘာဆိုင်သလဲဆိုသော တာဝန်မဲ့စိတ်ဓာတ်များ ပပျောက်အောင် အသိပညာ ပေးကြရမည်ဖြစ်သည်။ ဤအတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များနှင့် ယာဉ်ထိန်းရဲ အားလုံးတွင် တာဝန်ရှိသည်။

ဗျသခငအေငသည်သမျွနါနငညွှညေသြငြှုညအနမညအေငသညေူ (ဗွှျှုဃ) မှ ပရောဂျက်ဒါရိုက်တာ မစ္စတာဟီရာနိုနိုဘုယုခိက ''၄ လပိုင်းမှာ အစိုးရတက်တယ်။ အစိုးရတော့ ပြောင်းသွားတယ်။ ဒါပေမဲ့ ဒီနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေကိုယ်တိုင်က မပြောင်းဘူးဆိုရင် လုံးဝမပြောင်းလဲဘူး။ နောက်ထပ်နှစ် ၅၀ လည်း မပြောင်းဘူး။ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ပြောင်းလဲမှ ဖြစ်မယ်''ဟု အင်တာဗျူးတခုတွင် ပြော ကြားခဲ့သည်။

စာရေးသူ၏ အမြင်ကတော့ ပြည်သူလူထုအနေနှင့် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း အကျင့်ဆိုးများကို ပြုပြင်ပြောင်းလဲပစ်ရမည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ်ရောက်ရှိမည်မဟုတ်သလို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတနိုင်ငံအဆင့်သို့ ရောက်ရှိမည်မဟုတ်ကြောင်း ဆိုဝံ့ကြောင်းပါဗျာ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)



မြန်မာလူငယ်အမျိုးသမီးတစ်ဦး ရဲ့ ကမ္ဘာ့ နိုင်ငံ (၁၉၆) နိုင်ငံက လူငယ် ထောင်ကျော်ရှေ့ မှာ စကားပြောခဲ့သော(၅) မိနစ်စာ မိန့် ခွန်းဖြစ်ပါတယ်။
================================================================
ကမ္ဘာ့လူငယ်တွေရှေ့ မှာ "လူငယ်၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ" မိန့် ခွန်းကို မဖတ်ကြားခင်မှာ Sir Bob Geldof က မသဉ္ဖာရွှန်းလဲ့ရည်ကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ပန့် ဂီတအဖွဲ့ ခေါင်းဆောင်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Sir Bob Geldof ဟာ ကမ္ဘာ့ နိုင်ငံရေးဆိုင်ရာ၊ လူသားချင်းစာနာမူဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ကျော်ကြားလှတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးလဲဖြစ်ပါတယ်။ ဒါ့အပြင် Bob Geldof ဟာ One Young World ရဲ့ နာမည်ကြီး counsellor တစ်ဦးလဲဖြစ်ပါတယ်။

မသဉ္ဖာရွှန်းလဲ့ရည် ၄င်းရဲ့ မိန့် ခွန်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းနဲ့ ဆယ်စုနှစ် (၆) ခုစာ ကြာရှည်လျက်ရှိတဲ့ ပြည်တွင်းစစ်ရဲ့ အရင်းခံအကြောင်းအရာတွေကို ရှင်းပြခဲ့ပါတယ်။ လက်ရှိ ပြည်သူ့ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ရှိလာပြီဖြစ်ပေမယ့်လည်း စစ်အစိုးရ လက်ထက်အတည်ပြုခဲ့တဲ့ အခြေခံဥပဒေ ဟာ အစိုးရသစ်အတွက် အတားအဆီးဖြစ်နေတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ သူမ အနေနဲ့ လည်း စစ်အာဏာ သက်ရောက်မှု ရှိနေသ၍ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိမှာ မဟုတ်ဘူးဆိုတာယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။

လူငယ်ထုရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အဓိက ကျတဲ့ ပါဝင်မှုကိုဂုဏ်ယူစွာပြောဆိုခဲ့ပြီး လူငယ်တွေဟာ အပြောင်းအလဲ ဖော်ဆောင်သူ သံတမန်တွေ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ သူမရဲ့ လူငယ်လှုပ်ရှားမှုတွေကို ဝေမျှခဲ့ပြီး အဆိုပါလုပ်ငန်းတွေဟာ လူငယ်တွေ အချင်းချင်းကြား dialogues အပြန်အလှန်ပြောဆိုဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ ရည်သန်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ လူငယ်တွေအတွက် ဘယ်တော့မဆို #ရွေးချယ်စရာ #alternatives တွေ ရှိနေဖို့ အရေးကြီးတယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ အချင်းချင်း နားလည်ယုံကြည်မှုတွေကနေမှ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ခြင်းတို့ ကိုဖော်ဆောင်နိုင်မှာဖြစ်ကြောင်း သူမရဲ့ လှုပ်ရှားမှုတွေနဲ့ ယှဉ်ထိုးပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ တက်ကြွလှုပ်ရှားသူတွေအတွက် (စစ်တပ်နဲ့  ပက်သက်လာရင်) ခြိမ်းခြောက်မှုတွေနဲ့  အန္တရယ်ရှိနေဆဲဖြစ်ပြီး သူမကတော့ ပြည်ထဲရေးဝန်ကြီးဌာနဲ့ ပက်သက်ပြီး ဥပဒေပြင်ဆင်ရေးလုပ်ဆောင်မှုတွေအတွက် ကြိုးစားနေတယ်ဆိုတာ ဝေမျှခဲ့ပါတယ်။

အကြမ်းဖက်မှုနဲ့ ပက်သက်ပြီး လက်နက်သုံးပြီး အကြမ်းဖက်မှုကို တားဆီးလို့ မရကြောင်း ၊ ကမ္ဘာ့ နိုင်ငံတွေရဲ့ အကြမ်းဖက်မှု တားဆီးမှုတွေက အမုန်းတရားအပေါ်အခြေခံပြီး၊ ကိုယ့်ရဲ့ identity ပျောက်ဆုံးမှာ ကြောက်ရွံ့ စိတ်၊ မလုံခြုံမှုစတာတွေအပေါ်မှာသာ တန်ပြန်နေကြတာ ဖြစ်လို့ ဘယ်တော့မှ ပြီးဆုံးနိုင်မှာ မဟုတ်ကြောင်း၊ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှု၊တွေ ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ လူနည်းစု တွေကို ဆက်လက်ကူညီအားပေး၊ နားထောင်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် One Young World စင်မြင့်ကနေ သူမ ဘ၀တလျှောက် တွေ့ သိခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေဆီကနေ မတူကွဲပြားတဲ့အမြင်တွေ၊ အတွေးတွေ သင်ယူလေ့လာခဲ့ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်။ One Young World တက်ရောက်လာကြတဲ့ လူငယ်များကိုလည်း သူငယ်ချင်းတွေ တိုးပွားလာအောင် ချိတ်ဆက်ကြဖို့ ၊ မိတ်ဆွေသူငယ်ချင်းတွေဆီကနေ မတူညီတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာ၊ ယုံကြည်မှုတွေကို လေ့လာပြီး နားလည်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Myanmar’s 60 year civil conflict is the longest running in the world and is the most complex because of the numerous ethnic and communal groups involved. Thinzar believes the county’s military constitution inhibits Myanmar’s path to true democracy and is campaigning for change. She also advocates for more trust and understanding between the various social factions. Her #MyFriendCampaign publishes positive stories about cross-cultural friendships, allowing moderate voices to be raised. Today people post on-line saying ‘despite our differences we can be friends’. She calls on One Young World to share their stories.

Thinzar Shunlei Yi - သဉ္ဇာရွှန်းလဲ့ရည်'s video.



တရုတ်နိုင်ငံချွန်းကင်းမြို့ရဲ့ Southwest University က နှောင့်ယှက်မှုကင်းတဲ့ မိုဘိုင်းလ်ဖုန်း ကင်းလွတ်ရေး သီးသန့်စာဖတ်ခန်း အစီအစဉ်တခု ပြုလုပ်ခဲ့တယ်လို့ စီစီတီဗွီရဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။

မိုဘိုင်းလ်ဖုန်းကင်းလွတ်ရေး စာဖတ်ခန်းတွေကို လာတဲ့ကျောင်းသားတွေဟာ သူတို့ရဲ့ ဖုန်းတွေကို စာသင်ခုံတွေအရှေ့က အိတ်သေးလေးတွေထဲမှာ ထည့်ထားရပါတယ်။ အခန်းထဲက မထွက်ခင်အထိ သူတို့ရဲ့ဖုန်းတွေကို လုံးဝမထိရဘူးလို့လည်း သိရပါတယ်။

“ကျောင်းသားအများစုက သူတို့စာလုပ်နေတဲ့အချိန်မှာ အချိန်တိုင်း ဖုန်းမသုံးပဲ ဖုန်းနဲ့မကစားပဲ မနေနိုင်ကြဘူး” လို့ ဖုန်းကင်းလွတ်ရေး စာဖတ်ခန်းတွေကို စတင်ဖန်တီးခဲ့တဲ့ ဇန်ရှုရန်က ပြောပါတယ်။ ဒီလိုစာလုပ်နေရင်း ဖုန်းသုံးတာက အချိန်ကုန်ပြီး ကျောင်းသားတွေရဲ့ လေ့လာမှု စွမ်းရည်ကို အနုတ်လက္ခဏာပဲ ဖြစ်စေတယ်လို့လည်း ဖြည့်ပြောပါတယ်။
စာဖတ်ခန်းအတွင်းက အိတ်တွေထဲ ထည့်ထားရတဲ့ ဖုန်းတွေကို အခန်းထဲက ဝန်ထမ်းတွေက ကြည့်ထားပြီး ကျောင်းသားတွေရဲ့ မိဘနဲ့ဆရာစတဲ့ အရေးကြီးတဲ့ဖုန်းတွေအတွက်ကိုပဲ ကျောင်းသားတွေကို အကြောင်းကြားပေးတယ်လို့ ဆိုပါတယ်။

ဒီဖုန်းကင်းလွတ်ရေး စာသင်ခန်းတွေက ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိပါလဲ။
တနေ့ကို ၈ နာရီကျော် ဖုန်းဂိမ်းတွေ ကစားတဲ့ ဇီယိုလျူဆိုတဲ့ ဒုတိယနှစ်ကျောင်းသားကတော့ ဒီလို သူရဲ့ဖုန်းနဲ့ ခွဲနေပြီးနောက် သူက မိနစ် ၂၀ လောက်ပဲ ဖုန်းနဲ့ကစားတော့တယ်လို့ ဆိုပါတယ်။

“ဒါက ကိုယ့်ကိုယ်ကို စည်းကမ်းလုပ်နေတဲ့သူ တစ်ဦးအတွက်တော့ တကယ့်စိန်ခေါ်မှုကြီးပဲ” လို့ ဇီယိုလျူက ပြောပါတယ် သူရဲ့စမတ်ဖုန်းကို မသုံးဖြစ်အောင် ဖုန်းကင်းလွတ်ရေး စာဖတ်ခန်းတွေ ဆီ မကြာခဏ လာရမယ်လို့လည်း ဇီယိုက ဖြည့်ပြောပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာတွေ အကြီးအကျယ်တိုးတက်လာသလို ခေတ်သစ်မိုဘိုင်းလ်ဖုန်းတွေကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်မှုက ပြီးခဲ့တဲ့ နှစ်တွေအတွင်း တရုတ်နိုင်ငံမှာ (တစ်နေ့အတွင်း အချိန်တော်တော်များများ ဖုန်သုံးနေကြတာနဲ့အတူ) တယ်လီဖုန်း သုံးစွဲသူ ပိုမိုများပြားလာတာပါ။

၂၀၁၆ ခုနှစ် ဇွန်လမှာ တရုတ်နိုင်ငံအတွင်း အင်တာနက်အသုံးပြုနိုင်တဲ့ မိုဘိုင်းလ်ဖုန်း သုံးစွဲသူအရေအတွက်ဟာ ၆၅၆ သန်းထိ ရှိသွားပြီလို့ သြဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံ အင်တာနက်ဖွံ့ဖြိုးမှု အစီရင်ခံစာအရ သိရပါတယ်။ ဇူလိုင်လအထိ လေ့လာချက်အရ အင်တာနက်မိုဘိုင်းလ်ဖုန်း သုံးသူတွေဟာ အင်တာနက်မှာ ရှာဖွေကြည့်ရှုတာကို တဦးလျှင် တနေ့ မိနစ် ၁၁၀ လောက် သုံးကြတယ်လို့လည်း နောက်အစီရင်ခံစာ တခုအရ သိရပါတယ်။

“ကျောင်းသားတွေ ဖုန်းစွဲနေတာကို ပြတ်နိုင်အောင် ကူညီဖို့ ဒီလိုစာဖတ်ခန်းတွေ ဖန်တီးရတဲ့ အကြောင်းတရားတော့ ဒါတွေကြောင့်ပါပဲ”လို့ ဇန်ရှုရန်က ပြောပါတယ်။ သူက ကျောင်းသားတွေ ကို မင်းတို့ဖုန်းတွေချပြီး စာအုပ်များများ ဖတ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဓာတ်ပုံ – စီစီတီဗွီ

DVB TV News


စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်ကျင်းပနိုင်ရေး တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးရန် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက မေတ္တာရပ်ခံလိုက်ပါတယ်။
တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်တဲ့ ကေအိုင်အေ၊ အမ်အန်ဒီဒီအေ၊ တီအန်အယ်လ်အေနဲ့ အေအေ စတဲ့ တပ်ဖွဲ့ ၄ ခုပေါင်းစည်းထားတဲ့ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုရဲ့ နိုဝင်ဘာ ၂၅ ရက်ထုတ် ကြေညာချက်မှာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မဟာမိတ်တပ်ပေါင်းစုရဲ့ ပြောခွင့်ရ မိုင်အိုက်ကျော်က တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့တိုက်ပွဲ ဖြစ်တာနဲ့ တရုတ်စီးပွားရေးကိစ္စ ပါနေလို့ တရုတ်ပါဝင်စေချင်တာဖြစ်ကြောင်း ပြောပါတယ်။

“အဓိက ကတော့ တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာလည်း ဟုတ်တယ်၊ တရုတ် -မြန်မာနယ်စပ်မှာလည်းဖြစ်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးကိစ ဖြစ်နေတာ ပေါ့နော်။ အဲ့လိုမျိုး တရုတ်က ပိုပြီး နီးစပ်တာပေါ့။”

တရုတ်နိုင်ငံတင်မဟုတ်ဘဲ တခြားနိုင်ငံတွေက ကြားဝင်ညှိနှိုင်းပေးရင်လည်း ကြိုဆိုတဲ့အကြောင်း လည်း ပြောပါတယ်။

စစ်ရေးလေ့လာနေတဲ့ စာရေးဆရာ သန်းစိုးနိုင်က တရုတ် ၀င်ညှိပေးရင် တစုံတရာ တင်းမာမှု လျော့ကျသွားနိုင်တဲ့ အနေအထား ရှိတယ်လို့ သုံးသပ် ပြောပါတယ်။

“တရုတ်ဝင်လို့ရှိရင် လတ်တလော အနေအထားအရ တစုံတရာ တင်းမာမှု လျော့ကျသွား နိုင်တယ်ဗျ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ မိုင်းလားနဲ့ ၀နဲ့ တပ်မတော်နဲ့ တင်းမာမှုကို ပြေလျော့သွားအောင်လုပ်တာ တရုတ်ပြည်က ခေါ်ယူဆွေးနွေးမှုတွေကြောင့်လို့ သိရတယ်ဗျ။ ဒီ အဖွဲ့တွေအနေနဲ့ကလည်း တရုတ်ပြည်ကို မလွန်ဆန်နိုင်ဘူးပေါ့ဗျာ။ ဒီကိစ္စက နှစ်နိုင်ငံကြားထဲမှာ နှစ်နိုင်ငံအကျိုးစီးပွား ထိခိုက်တဲ့ကိစ္စ ဖြစ်နေတာကိုး၊ အဲ့ဒါကြောင့် တရုတ်ပြည်က ၀င်ရောက် ဖျန်ဖြေ ပေးပါလို့ ပြောတယ်လို့ ထင်ပါတယ်။”

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၅ ထုတ်ပြန်ချက်ထဲမှာ မြန်မာ့တပ်မတော်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်ဘဲ စစ်ရေးအရ အလုံးစုံချေမှုန်းရေးကိုပဲ ဆက်တိုက် လုပ်ဆောင်နေတယ်။

မြောက်ပိုင်းတပ်ဖွဲ့တို့အနေနဲ့ ခုခံတော်လျန်ရေးစစ်ကို ဆက်လက် ဆင်နွှဲနေရမယ်၊စစ်မှန်တဲ့ နိုင်ငရေးဆွေးနွေးပွဲရောက်ဖို့အတွက် တရုတ်နိုင်ငံက တန်းတူညီမျှတဲ့ အခြေခံရပ်တည်မှုနဲ့ ပါဝင်ညှိနှိုင်းပေးဖို့ မေတာရပ်တယ်။

မြောက်ပိုင်းစစ်ပွဲရပ်စဲရေး ကြားဝင်ကူညီပေးမယ်ဆိုတဲ့ ၀ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆို ထောက်ခံတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွင် တပ်မတော်က ထိုးစစ်တွေ ချက်ခြင်းရပ်ပြီး တိုင်းရင်းသားဒေသတွေက ဆုတ်ခွာပေးရမယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို ကူညီပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်တယ် စသဖြင့် အချက် ၇ ချက် ဖော်ပြပါရှိပါတယ်။

By ရွှေအောင်
DVB TV News


၁၆.၁၁.၂၀၁၆ မလေးရှားနှင့် မြန်မာ ၂၀၁၆ အာဆီယံဆူဇူကီးဖလား ဘောလုံးကန်သည့်နေ့ က ရန်ကုန်မြို့  သုဝဏ္ကဘောလုံးကွင်းသို့  စာရေးသူနှင့် သားအငယ်ကောင် သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည် ။ ဘောလုံးကို ၀ါသနာပါတာရော ၊ မြန်မာအသင်းကိုအားပေးချင်တာရော ၊ သားအကြီးကောင် ၁၈ နှစ် ၊သားအငယ်ကောင် ၁၄ နှစ်တို့ သည် ဘောလုံးပွဲကို ကွင်းတွင် တစ်ခါမှကိုယ်တိုင်ကိုယ်ကျမကြည့်ဖူးသဖြင့် ကြည့်ချင်သည်ဆိုတာကြောင့်ရောအကြောင်းကြောင်းကြောင့် သွားရောက်ခဲ့ခြင်းဖြစ်သည် ။ ထိုပွဲကိုကြည့်ရသည်မှာ မလွယ်ပါ ။ ၂၆ ရက်နေ့ကန်မည့်ပွဲအတွက် ၂၅ ရက်နေ့ ကပင်သားကြီးကိုကြိုတင်လက်မှတ်သွားဝယ်ခိုင်းရပါသည် ။ မြောက်ဥက္ကလာနှင့်အနီးဆုံးဖြစ်သော မြန်မာပလာဇာ သို့သွားဝယ်ခိုင်းလိုက်ပါသည် ။ ဟိုရောက်တော့သားကဖုန်းဆက်သည် ။မှတ်ပုံတင်ပြနိုင်မှ လက်မှတ်ရောင်းပေးသည်တဲ့ ။သေရော ။ဘောလုံးပွဲ တို့  ရုပ်ရုံလက်မှတ်တို့ နှင့် နိုင်ငံသားဖြစ်ကြောင်းသက်သေခံလက်မှတ် (မှတ်ပုံတင်)ကိုဆက်စပ်မစဉ်းစားမိသော ကိယ့်ရဲ့ညံ့ကွက်ပဲဖြစ်သည် ။ ထို့ ကြောင့်ဖြတ်လမ်းနည်းကိုသုံးရသည် ။ကျွန်တော့်အစ်မသည် ရန်ကင်းရွှေအုန်းပင်အိမ်ယာတွင်နေသည်ဖြစ်ရာ မြန်မာပလာဇာနှင့် မနီးမဝေး တွင်ရှိပါသည် ။ လမ်းလျှောက်သွားလျှင် ၁၅ မိနစ်ခန့်ပေါ့  ။ ထို့ကြောင့်အစ်မ အိမ်သို့ သွားကာ မှတ်ပုံတင်ခနငှားခိုင်းရသည် ။ မှတ်ပုံတင်ရလာတော့ လူတစ်ယောက် လက်မှတ်နှစ်စောင်ပဲရောင်းမည်တဲ့ ။ ကျွန်တော်တို့ကသားအဖသုံးယောက်ကြည့်ချင်သည်ဖြစ်ရာ သားအကြီးက သူမလိုက်တော့ပါဟု ဆိုကာ နှစ်စောင်ပဲဝယ်သည် ။ ထိုအခါကျွန်တော်ကြည့်ချင်သော အထူးတန်း (ကျပ်ငါးထောင်တန်း) အားလုံးကုန်ပြီဟုဆိုပြန်သည် ။ ရိုးရိုးတန်း(သုံးထောင်တန်း)ပဲရှိတော့သည်ဟုဆို၏ ။ ရိုးရိုးတန်းက နေထိုးသဖြင့် မကြည့်ချင် ။ဒါပေမယ့် အရိုးများသောချေးခါးသောလုပ်နေလို့မရ ။ ရတဲ့ဟာပဲဝယ်ခိုင်းရသည် ။ပြီးတော့ ရွှေအုန်းပင်အိမ်ယာသို့ပြန်ကာ ငှားလာသောမှတ်ပုံတင်ပြန်သွားပေး ။ သွားလိုက်ပြန်လိုက် ၄ ခါလုပ်လိုက်ရသဖြင့် လမ်းလျှောက်ချိန် တစ်နာရီခန့်ဖြစ်သွားကာသားကြီး ခြေထောက်တွေညောင်းသွား၏ ။

မြန်မာ -မလေးရှားပွဲကိုလူတွေအတော်စိတ်ဝင်စားကြောင်း ထိုအခါမှသိရလေ၏ ။ ဖြစ်ရပုံမှာ ဘောလုံးပွဲမှာ ဘောလုံးနှင့်မဆိုင်သော ကိစ္စတွေလည်းပါဝင်နေ၏ ။ နိုင်ငံခြားသတင်းဌာနများအဆိုအရ မြန်မာတို့သည် (သူတို့အခေါ်) ရိုဟင်ဂျာ မူဆလင်များကို အနိုင်ကျင့်သတ်ဖြတ်နှိပ်စက်နေသည် ။ ထိုကိစ္စကို ကန့်ကွက်သည့်အနေဖြင့် မလေးရှားဘောလုံးအသင်း အာဆီယံ ဆူဇူကီးဖလားပွဲမှ နုတ်ထွက်သင့်သည်ဟု မလေးရှား လူငယ်နှင့်အားကစားဝန်ကြီး က မလေးရှားအစိုးရအားတိုက်တွန်းသည်ဆို၏ ။ ထိုတိုက်တွန်းမှုမှာ အတော်ဂယက်ရိုက်သွားသည် ။အားကစားကိုနိုင်ငံရေး ၊ဘာသာရေးတို့နှင့်မရောနှောသင့်ကြောင်းလူအများစုကဆိုကြသည် ။ အာရှဘောလုံးအဖွဲ့ ချုပ်ကလည်း ထိုသို့ မလေးရှားအသင်းပြိုင်ပွဲမှနုတ်ထွက်ပါကအာရှဘောလုံးအဖွဲ့ချုပ်ကကျင်းပသော ကမ္ဘာ့ဖလားခြေစစ်ပွဲအပါအ၀င်အခြားပြိုင်ပွဲများတွင်ပိတ်ပင်အပြစ်ပေးခြင်းခံရမည်ဟု သတိပေးသည် ။နောက်ဆုံးတွင် မလေးရှားအစိုးရက ဆူဇူကီးဖလားပြိုင်ပွဲမှနုတ်ထွက်ခြင်းမပြုပါဟုကြေငြာသည် ။ ထိုကိစ္စကိုသဘောထား မှတ်ချက်မပေးလိုဟု မလေးရှားအသင်းနည်းပြချုပ် ကင်ဆွီးက ပြောဆိုခဲ့သည် ။ ထို့ ကြောင့်မြန်မာမလေးရှားပွဲ သည် လူထုစိတ်ဝင်စားမှုမြင့်လာသည် ။ အုပ်စုအနေအထားအရ မြန်မာနှင့်မလေးရှားသည် အုပ်စွဲတွင်း နှစ်ပွဲကစားပြီးချိန်တွင် သုံးမှတ်စီရရှိထားသဖြင့် နိုင်သည့်အသင်း ဆီမီးဖိုင်နယ်သို့ တက်မည်ဖြစ်သည် ။ ဂိုးကွာခြားချက်အရ သရေကျလျှင် မြန်မာအသင်း နောက်တစ်ဆင့်တက်မည်ဖြစ်သည် ။ ထို့ကြောင့်နှစ်သင်းလုံး အကြိုဗိုလ်လုပွဲ တက်ရန်အခွင့်အရေးဆတူရှိနေသည် ။ ထို့ကြောင့် ထိုဘောလုံးပွဲကို ပရိသတ်များလေးဖက်လေးတန်ကွင်းလုံးပြည့်လာရောက်အားပေးကြသည် ။ လူ သုံးသောင်းနှစ်ထောင် ကျော်ခန့်လာရောက်ကြည့်ရှုအားပေးသည်ဟု သိရသည် ။ မြန်မာပရိသတ်၏အော်သံဟစ်သံအားပေးသံမှာ တကွင်းလုံးသိမ့်သိမ့်တုန်နေသည် ။ စာရေးဆရာဆွေလိုင်ဦး၏ လေဟုန်စီး၍ မြေကြီးတုန် ဆိုသည်မှာ ဒါမျိုးဖြစ်ပုံရသည် ။

အကျဉ်းချုပ်ပြောရလျှင် ထိုနေ့ ကဘောလုံးပွဲတွင် မြန်မာ.လက်ရွေးစင်အသင်းက မလေးရှားလက်ရွေးစင်အသင်းကို ၈၈ မိနစ်တွင် ဒေဗစ်ထန်း၏ သွင်းဂိုးဖြင့်အနိုင်ရသည် ။ ဘောလုံးပွဲကြည့်ပြီး၍အိမ်ပြန်ရောက်သော အခါ ကျွန်တော်သည် ဖေ.စ်ဘွတ်ဖွင့်ကြည့်ရင်း AFF Suzuki Cup 2016 ၏တရားဝင်ဖေ.စ်ဘွတ်စာမျက်နှာကိုဝင်ကြည့်မိသည် ။ ဘောလုံးပွဲသတင်းများကို ထို ဖေ.စ်ဘွတ်မှအချိန်နှင့်တပြေးညီ အင်္ဂလိပ်ဘာသာဖြင့် ၊ ဓာတ်ပုံဝေေ၀ဆာဆာဖြင့်တင်ထားပါသည် ။ အထူးသဖြင့် မြန်မာနှင့် မလေးရှား အသင်းပြိုင်ပွဲ ရလာဒ်များကို ပွဲမစမီ ၊ ပထမပိုင်းအပြီး ၊ မိနစ်ကိုးဆယ် ပြိုင်ပွဲအပြီးတွင် ဝေေ၀ဆာဆာ ရေးသား လှါင့်တင်ထားပါသည် ။ သတင်းရေးသားမှုနှင့်အတူ အောက်တွင်မျတ်ချက် ( comment ) ရေးသားထားမှုပေါင်းမှာလည်း သုံးရာကျော်သည် ။ Like မှာ ထောင်ကျော်သည် ။ အချို့ မြန်မာပွဲသတင်းများတွင် like 4000 ခန့်ရှိတာလည်းတွေ့ရသည် ။ ကွန်မန့် များကိုဖတ်နိုင်သလောက်ဖတ်ကြည့်သောအခါ မြန်မာနိုင်သဖြင့် သမာသမတ်ကျကျချီးကျူးထားသော မလေးရှားနိုင်ငံသားအချို့ ကိုတွေ့ ရသလို အချို့ နိုင်ငံခြားသားများမှာလည်း ဘောလုံးနှင့်မဆိုင်သော ကိစ္စများကိုအရင်းခံ၍ မြန်မာနိုင်ငံသားများကိုရိုင်းပြစွာ ရေးသားမှတ်ချက်ပြုထားသည်များကိုလည်း တွေ့ ရပါသည် ။အထူးသဖြင့် မလေးအချို့ နှင့် အင်ဒိုနီးရှားနိုင်ငံသားအချို့က မြန်မာတို့ အား လူသတ်သမားတွေ ၊ အပြစ်မဲ့ လူတွေကိုသတ်တဲ့ကောင်တွေ စသည်ဖြင့် ရေးသားထားပေ၏ ။ ထိုင်းနိုင်ငံသားတစ်ဦးကမူ

poor country ,killing innocent ,no one wanna make relationship = Myanmar ( ဆင်းရဲတဲ့နိုင်ငံ ၊ အပြစ်မဲ့သူတွေကိုသတ်နေတဲ့နိုင်ငံ ၊ မြန်မာနဲ့ဘယ်သူကမှအဆက်အဆံမလုပ်ချင်ဘူး )

စသည်ဖြင့် ရေးသားထား၏ ။ ထိုရေးသားချက်ကိုရိုင်းပျသည်ဟု ထိုင်းနိုင်ငံသားအချို့ကပင်ပြန်လည်တောင်းပန်ရေးသားထားပေသည် ။ မြန်မာနိုင်ငံသားများကလည်း

Most of Thailand people are polite and possess kind heart and sweet smile but not you .I saw jealous mind and shame on you ( ထိုင်းနိုင်ငံသားအများစုက ယဉ်ကျေးမှု နူးညံတဲ့နှလုံးသာနဲ့ ချိုသာတဲ့အပြုံးရှိကြတယ် ။ နင်ကတော့မနာလိုစိတ်တွေနဲ့ ရှက်ဖို့ကောင်းလိုက်တာ )

ဟုတုန့် ပြန်ရေးသားကြလေသည် ။ အထူးသဖြင့် မလေးရှားနိုင်ငံသားအတော်များများသည် ရခိုင်ဒေသ ဘူးသီးတောင်မောင်တောတွင် မူဆလင်များသေကြေခြင်းမှာ မြန်မာများကအနိုင်ကျင့်သတ်ဖြစ်၍ဖြစ်သည်ဆိုသော ဘင်္ဂလီများ၏လိမ်ညာဝါဒဖြန့်မှုကို အဟုတ်ထင်၍ မြန်မာနိုင်ငံသားများအပေါ်အခဲမကြေသော မှတ်ချက်များကိုရေးနေကြခြင်းဖြစ်သည် ။ထိုသို့ ထင်နေကြခြင်းဖြစ်သည် ။ အထင်မှားနေ၍ထိုသို့ပြောခြင်းဖြစ်သည်ကို ကျွန်တော်တို့မြန်မာများကသိ၏ ။သို့ သော်ကမ္ဘာကမသိချေ ။ ကမ္ဘာပေါ်ရှိလူအားလုံး ဘင်္ဂလီတို့ လိမ်ညာပြောဆိုနေတာပါ ။ကျွန်တော်တို့ မြန်မာတွေသည် မူဆလင်တွေကိုရွေးပြီးသတ်နေတာမဟုတ် ။ ရဲစခန်းကိုဝင်စီးပြီးလက်နက်များလုသွားသော အကြမ်းဖက်သမား ( Terrorists ) တွေကို နှိမ်နှင်းတိုက်ခိုက်နေတာပါဆိုတာ တစ်အိမ်ဝင်တစ်အိမ်ထွက်အားလုံးသိအောင်လိုက်ပြောနိုင်ခြင်းငှာ မစွမ်းသာပေ ။ ထိုအခါမှ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးလိုက်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်းကိုဖီအာနန်ဦးဆောင်သည့် နိုင်ငံခြားသားများပါဝင်သည့်ရခိုင်အရေးစုံစမ်းရေးကော်မရှင်၏အရေးပါမှုကို သတိထားမိသည် ။ ရခိုင်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ကမ္ဘာကိုပေါက်အောင်ကျွန်တော်တို့ မပြောနိုင် ။ သို့ သော် ကိုဖီအာနန်ကတော့ ကမ္ဘာကိုပေါက်အောင်ပြောနိုင်သည် ။ ကိုဖီအာနန်သိအောင် ထိုဘင်္ဂလီတို့ ၏ အကြမ်းဖက် လုပ်ရပ်များကိုလည်း နိုင်ငံတော်သမ္မတရုံးက အချိန်နှင့်အမျှ သတင်းထုတ်ပြန်သတိပေးနေသည် ။ ထိုအခါ ကိုဖီအာနန်သည် အနည်းဆုံးတော့ ကမ္ဘာ့မီဒီယာများတွင် ဘင်္ဂလီတို့ ကလိမ်ညာဝါဒဖြန့်နေစသလို မူဆလင်တွေအားလုံးကိ မြန်မာအားလုံးက သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်နေတာမဟုတ်ဘူးဆိုတာ သိနေပေလိမ့်မည် ။ သူ၏အစီရင်ခံစာထွက်လာသည့်အခါ ထိုအချက်များကိုလည်းကမ္ဘာကသိအောင်ပြောနိုင်ပါလိမ့်မည် ။

အကြမ်းဖက်မှုနှိမ်နှင်းရေးဆိုသည်မှာ ပန်းမွေ့ ယာရွှေကော်ဇောပေါ်တွင် ပန်းနှင့်ပေါက်တန်းကစားကြသည်မဟုတ် ။ အထိအခိုက်အကျအဆုံးတော့ရှိကြစမြဲပင် ။စစ်ဆင်ရေးကာလအတွင်း ဘီလူးဆိုင်းတီး၍ထွက်ရသည်များလဲရှိကြမည်ပင် ။ ဘင်္ဂလီဘက်မှာသာမဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်တပ်မတော်ဘက်မှလဲ ဘင်္ဂလီအကြမ်းဖက်သမားများ၏သတ်ဖြတ်ခံရသည်များ ရှိခဲ့သည်ပင် ။ ထိုသတင်းကိုလဲကိုဖီအာနန်အပါအ၀င် ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံးမှလည်း အသေအချာသိကြသည်ပင် ။ သို့ သော် မသိသော မူဆလင်နိုင်ငံအချို့နှင့် ကမ္ဘာတစ်လွှားမှအချို့သောပုဂ္ဂိုလ်များကတော့ မြန်မာများ အပေါ်အထင်အမြင်လွဲမှားစွပ်စွဲပြောဆိုမှုများလည်းရှိနေမည်ပင် ။ ထိုထင်မြင်ချက်အမှားများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကုလသမဂ္ဂ UNHCR ရုံးအမှုထမ်း John Mc Kissick မှ အခြေအမြစ်မရှိသောစွပ်စွဲပြောဆိုမှုများပြုလုပ်ခဲ့ရာ မြန်မာကကုလသမဂ္ဂကို ဂျနီဗာတွင်တရားဝင်ကန့်ကွက်ပြောကြားခဲ့ပါသည် ။ မလေးရှား တွင်လည်း မြန်မာသံရုံး ရှေ့ တွင် မလေးရှားနိုင်ငံသားများနှင့်င်္ဂလီများစုပေါင်းကာလာရောက် ဆန္ဒပြကြပါသည် ။ မူဆလင်နိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင်လည်း မြန်မာသံရုံးအပါဝင်နေရာအတော်တော်များများကို အင်အားပြင်း ဖောက်ခွဲရေးပစ္စည်းများနှင့် ဗုံးခွဲရန်ကြံစည်သူအကြမ်းဖက်သမားတစ်ဦးကို အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့ပါသည် ။ထိုအချက်များကိုကြည့်ခြင်းဖြင့် ရခိုင်အရေးကိစ္စတွင် စတင်ကျူလွန်သူက ဘင်္ဂလီအကြမ်းဖက်သမားများဖြစ်သော်လည်း ထိုသူများ၏မုသာဝါဒက ကမ္ဘာသို့ပြန့်နှံ့အောင်လိမ်ညာနိုင်စွမ်းရှိကြောင်း ဘောလုံးလောကအထိ ရိုက်ခတ်လာကြောင်းတွေ့ ရပါသည် ။

မြန်မာကရရှိထားသောအကြီးမားဆုံးတန်ပြန်တိုက်စစ်မှာ ကမ္ဘာ အထိပေါက်ရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ အသံကို သမ္မတရုံးမှတဆင့် ဖော်ပြနိုင်ခြင်း နှင့် ကိုဖီအာနန်လို UN အကြီးအကဲဟောင်းမှတဆင့် ကောလဟလစွပ်စွဲချက်များကိုရှင်းထုတ်နိုင်ခြင်းဖြစ်သည် ။ထို့ကြောင့် ကိုဖီအာနန်ကော်မရှင်ဖွဲ့စဉ်က ခါးခါးသီးသီးဆန့်ကျင်ခဲ့ကြသော ဆန့်ကျင်ဆဲဖြစ်သော မြန်မာပြည်တွင်းမှအဖွဲ့အစည်းများ နှင့် ပုဂ္ဂိုလ်များမှာ မိမိမလုပ်နိုင်သောအမှုကို ကိုဖီအာနန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ကသာ စနစ်တကျ ကမ္ဘာ သို့ ပျံ့ နှံအောင်လုပ်ကိုင်နိုင်ကြမည်ဖြစ်၍ ကိုယ့်လူကိုယ်ဆန့်ကျင်နေကြမည့်အစား ကောလဟလတိုက်ဖျက်ရေးတွင် ကမ္ဘာသို့ ပေါက်ရောက်သူများနှင့်ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း ။

သရ၀ဏ်(ပြည်)



 တရားရုံးသို့လာရောက်ကြသည့် မြ၀တီဒေသခံများကို တွေ့ရစဉ်

မြ၀တီမြို့တွင် ကျောင်းထိုင်ဘုန်းကြီးတပါးက ကျောင်းသူလေးတဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၃ ရက်တွင် တတိယရုံးချိန်းအဖြစ် မြ၀တီခရိုင်တရားရုံး၌ သက်သေများအား စစ်ဆေး မေးမြန်းရာ ဒေသခံပြည်သူ ၅၀ ၀န်းကျင်ခန့်က ခရိုင်တရားရုံးသို့ သွားရောက်ခဲ့၊ နားထောင်ခဲ့ကြကြောင်း သိရသည်။ ဒေသခံပြည်သူများက ယင်းသို့စစ်ဆေးမေးမြန်းမှုများကို နားထောင်လိုသော်လည်း ဒု/ခရိုင်တရား သူကြီး ဦးသန်းထွေးက ပွင့်လင်းမြင်သာမှုမရှိဘဲ တံခါးပိတ်စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့သည့်အပြင် စိတ်ဝင် တစား လာရောက်နားထောင်သည့် ပြည်သူများအား 'ခင်ဗျားတို့ အလုပ်အကိုင်မရှိကြဘူးထင်တယ်' ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါပြည်သူများထဲတွင် လူမှုရေးအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ဆရာဝန်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းများမှ ပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများ၊ နိုင်ငံရေးပါတီများစုံလင်စွာပါရှိခဲ့ကြသည်။ အမှုမှာ လွန်ခဲ့သည့် သြဂုတ် ၂၇ ရက်က မြ၀တီမြို့ ပုညရှင်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဦးပုည တေဌ (ခ)မိုးကျော်သူဆိုသူက ၎င်းကျောင်းတွင်နေထိုင်ပြီး အမှတ်(၂၇၅) အလကခွဲ ကျောင်းတွင် ပညာ သင်ကြားနေသော အသက် (၁၃)နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူလေး မ . . . အပေါ် မုဒိမ်းမှုကျူးလွန်ခဲ့ သည်ကို အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းစံက စက်တင်ဘာ ၄ ရက်တွင် သင်္ဃန်းညီ နောင်ရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပုညရှင်ကျောင်းထိုင်ဆရာတော် ဦးပုညတေဌ(ခ) မိုးကျော်သူ (၃၆)နှစ်အား သင်္ဃန်းညီနောင်ရဲစခန်းမှ (ပ)၂၅၁/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထား သောအမှုဖြစ်သည်။

''တရားရုံးမှာ စစ်ဆေးတာကို ပြည်သူတွေလာရောက်နားထောင်လို့ရပါတယ်။ ဒါကိုဒု/ခရိုင်တရားသူကြီးက ပွင့်လင်းမြင်သာမှုမရှိဘဲ တံခါးတွေပိတ်ထားတယ်။ နောက်ပြီး လာရောက်နားထောင်တဲ့ ပြည်သူတွေကို 'ခင်ဗျားတို့ အလုပ်အကိုင်မရှိကြဘူးလား'ဆိုပြီး ပြောတယ်။ သူဆိုလိုချင်တာက အားအားယားယားတရားရုံး ကိုဘာ လာလုပ်ကြတာလဲဆိုတဲ့ သဘောပေါ့။ တရားသူကြီးတယောက်အနေနဲ့ ဒီလိုတော့မပြောသင့်ဘူးလို့ ထင်ပါတယ်။ လာနားထောင်တဲ့ပြည်သူတွေကို လေးစားသင့်ပါတယ်''ဟု မြ၀တီမြို့နယ် NLD ပါတီမှ ပြန်ကြားရေးမှူးဒေါ်မိုးသူက News Watch သို့ ပြောသည်။

ကိုကိုမောင်(မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


တက်ဘလက်တွေဟာ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်တာကြောင့် နာမည်ကြီးပြီး ရွေးချယ်စရာ ဖြစ်လာပါတယ်။ အသုံးပြုရလွယ်တဲ့ လုပ်ဆောင်ချက်တွေ ၊ များပြားတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်နိုင်ပါတယ်။ အတော် များများကတော့ အိတ်ဆောင်ကွန်ပျူတာ (laptop) တွေနေရာမှာ တက်ဘလက် (tablet)တွေ သုံးမယ့်သူတွေအတွက် ရွေးချယ်စရာ ဖြစ်လာပါပြီ။

စက်ပစ္စည်းထဲသို့ ရိုက်သွင်းခြင်း
တက်ဘလက်နဲ့ လက်ပ်တော့ ကြား သိသိသာသာ ကွဲပြားခြားနားတဲ့ အပိုင်းပါ။  ကီးဘုတ်ရှိတာနဲ့ မရှိ တာပါ။ တက်ဘလက်တွေက touch screen မျက်နှာပြင်မှ တစ်ဆင့် စက်အတွင်းသို့ အချက် အလက်တွေ ခိုင်းစေနိုင်ပါတယ်။ ဒါ က ညွှန် ပြခြင်းတွေ၊ ဆွဲယူခေါ် ထည့်ခြင်း၊ ခလုတ်နှိပ်တာတွေကို လုပ်ဆောင် နိုင်ပါတယ်။  ပြဿနာ က တော့ အီး မေးလ်ပို့တာ၊ ရုံးစာရွက် စာတမ်းတွေ လုပ်ဆောင်တဲ့ အခါ မှာ စာတွေ ရိုက်ထည့်ဖို့ လိုလာပြီဖြစ်ပါ တယ်။ တက်ဘလက် တွေဟာ ကီး ဘုတ်မရှိတာကြောင့် အသုံးပြုသူတွေ အနေနဲ့ ပုံစံ အ မျိုးမျိုး၊ အောက် ခံအမျိုးမျိုးရှိ တဲ့(ပုံရိပ်ယောင်)ကီး ဘုတ် ပုံစံတွေနဲ့ တွဲဖက်လုပ်ဆောင် ရပါတယ်။  ကွန်ပျူ တာ သုံးသူ အ များစုဟာ တက်ဘလက်ပေါ်က ကီးဘုတ် အတွက် ကွန်ပျူတာ ကီး ဘုတ်တွေလောက် မြန်မြန်ဆန်ဆန်   မရိုက်နိုင်ပါဘူး။
အသုံးပြုသူ အချို့ကတော့ တက်ဘလက်တွေနဲ့   အပြင်ကီး ဘုတ်တွေကို ဘလူးတုသ်နဲ့ ချိတ် ဆက်ပြီး သုံးကြတာလည်း ရှိပါ တယ်။ ဒါက အပိုပစ္စည်း၊  ကုန်ကျစရိတ် ထပ်လိုပါတယ်။  စာများမျာ ရိုက်ရန် လိုအပ်သူတွေကတော့ ခိုင်းစေချက်တွေကို စက်ပစ္စည်းထဲသို့ ရိုက်သွင်းခြင်း (Input Method) အရ  လက်တော့ပ်ကို ရွေးချယ်သင့်ပါတယ်။

အရွယ်အစားအရ ရွေးချယ်ခြင်း
တက်ဘလက်တွေကတော့ အများဆုံး နှစ်ပေါင်အောက်မှာပဲ အလေးချိန်ရှိတာပါ။ လက်ပ်တော့ အများစုကတော့ ကြီးမားပြီး လေးလံကြပါတယ်။ ပေါ့ပါး အသေး ငယ်ဆုံးဖြစ်တဲ့ Apple Mac Book Air  11 တောင်မှ အလေး ချိန်က နှစ်ပေါင်ကျော်ပါတယ်။  တက်ဘလက်တွေကတော့ လက်ပ်တော့ ထက်စာရင် သယ်ဆောင်ရ လွယ်ကူ ပြီး ခရီးသွားရင်တောင်မှ ယူဆောင်ပြီး  အလုပ်လုပ်လို့ ရမှာ ဖြစ် ပါတယ်။

ဘက်ထရီသက်တမ်း
တက်ဘလက်တွေက သူတို့ အသုံးပြုထားတဲ့ ဟာ့ဒ်ဝဲ ပစ္စည်းတွေရဲ့ ပါဝါသုံးစွဲမှု အနည်းဆုံး လိုအပ်ချက်ကို မူတည်ပြီး ဒီဇိုင်းဆွဲ ထားကြတာ ဖြစ်ပါတယ်။ လက်ပ်တော့တွေမှာ အသုံးပြုထားတဲ့  ဟာ့ဒ်ဝဲပစ္စည်းတွေက ပါဝါသုံးစွဲမှု များပါတယ်။ မြင့်မားတဲ့ ဓာတ်အား သိုလှောင်နိုင်စွမ်းရှိတဲ့ ဘက်ထရီတွေနဲ့ လက်ပ်တော့တွေတောင်မှ တက်ဘလက်တွေလောက် အားမခံကြပါဘူး။  တက်ဘလက်တွေက အားတစ်ခါသွင်းရုံနဲ့ ဆယ်နာရီကြာ ဆက်တိုက် အသုံးပြုနိုင်ကြ ပါ တယ်။ ပုံမှန်အား ဖြင့် လက်ပ်တော့ အ များစုကတော့ ငါးနာရီလောက်ပဲ ကြာပြီး မော်ဒယ်အသစ် လက်ပ်တော့တွေကတော့ ရှစ်နာရီအထိ  အားခံနိုင်အောင် ဒီဇိုင်းဆွဲ တည် ဆောက်ထားကြပါတယ်။

သိုလှောင်သိမ်းဆည်းနိုင်မှု
အရွယ်အစားနဲ့ ကုန်ကျစရိတ် တွေမှာ လက်ပ်တော့နဲ့ ယှဉ်ရင် သက်သာပေမဲ့ အချက်အလက် သို လှောင်နိုင်တဲ့ ပမာဏမှာတော့ တက်ဘလက်တွေဟာ လက်ပ် တော့ လောက် မသိမ်းဆည်းနိုင် ကြပါဘူး။ တက်ဘလက်အများစု ဟာ 16 GB ကနေ 128 GB အထိပဲ ရှိကြပါတယ်။  ဈေးနှုန်းသင့် လက်ပ် တော့ တစ်လုံးမှာ တောင် 500 GB အထိ ပါဝင်ပါတယ်။ လက် ပ်တော့တွေက USB port အပေါက်တွေက တစ်ဆင့် external hardisk တွေနဲ့တွဲဖက်သုံးနိုင် ပါ သေးတယ်။ တက်ဘလက် အနေ နဲ့ တော့micro SD နဲ့ အသုံးပြုနိုင် ပြီး သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာ ဏ ကတော့ လက်ပ်တော့ ထက်တော့ လုံးဝမများပါဘူး။ အချက်အလက်  သိုလှောင်မှုများများလိုတဲ့သူကတော့ လက်ပ်တော့ကို ပဲ ရွေးချယ်သင့်ပါတယ်။

စွမ်းဆောင်ရည်ပိုင်း
တက်ဘလက်တွေမှာ အသုံး ပြုတဲ့ ပရော်ဆက်ဆာတွေက တွက်ချက်မှုတွေ လုပ်ဆောင်တဲ့ အခါ မှာ လက်ပ်တော့ရဲ့ နောက်မှာပဲ ကျန်ခဲ့ပါတယ်။ အီးမေးလ်ပို့တာ၊ ဝက်ဘ် ဆိုက် အသုံးပြုတာ၊ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ ကြည့်ရှုတာ တွေ အတွက်ကတော့ စွမ်းဆောင် ရည်ပိုင်း မြင့်မြင့်မားမား မလိုပါဘူး။ ဂရပ်ဖစ်ပိုင်းဆိုင်ရာ လိုမျိုး ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေ၊ အလုပ်တွေ အများကြီး တစ်ပြိုင် တည်း လုပ်ခိုင်းဖို့ လိုရင်တော့ လက်ပ်တော့က ပို ပြီး သင့်တော်ပါတယ်။

ဆော့ဖ်ဝဲပိုင်း
တက်ဘလက်ပေါ်မှာ ဝင်းဒိုး စ် ကို အလုပ်လုပ်ခိုင်းရင်တော့ သီအို  ရီအရ လုပ်ဆောင်နိုင်ပေမဲ့ လက်ပ် တော့လောက် တော့ မြန်ဆန် မှာ မဟုတ်ပါဘူး။ တက်ဘလက်တွေ အတွက် အခြားပလက်ဖောင်း အိုအက်စ်တွေကတော့ အန်းဒရွိုက်နဲ့ အိုင်အိုအက်စ်ပါ။ သည်အိုအက်စ် နှစ်ခုစလုံးအပေါ်မှာ လက်ပ်တော့တွေမှာ လုပ်နိုင်တဲ့ လုပ်ငန်းဆောင်တာတွေအတိုင်း ပြုလုပ်နိုင်တဲ့ အ ပလီကေးရှင်းတွေတော့ ရှိပါတယ်။ ပြဿနာကိinput သွင်းမယ့် စက်ပစ္စည်းတွေနဲ့ ဟာ့ဒ်ဝဲ လုပ်ဆောင် ချက်တွေရဲ့ စွမ်းဆောင်နိုင်မှု အကန့် အသတ်တွေ တက်ဘလက်မှာ ရှိပါတယ်။

ကုန်ကျစရိတ်
တက်ဘလက်တွေကတော့ ဒေါ်လာ ၁၀ဝ အောက် (မြန်မာငွေ ၁၅၀,ဝ၀ဝ ဝန်းကျင်) အောက် တန်ဖိုးသင့်  ထုတ်ကုန်တွေရှိပါတယ်။ အလယ်အလတ်အဆင့်ဆိုရင် ဒေါ် လာ ၂၀ဝ ကနေ ဒေါ်လာ ၄၀ဝ အထိပါ။ ဒါက လက်ပ်တော့ထက်စာရင် တတ်နိုင်ပါတယ်။ တန်ဖိုးသင့် လက်ပ်တော့တစ်လုံးကတော့ အနည်းဆုံး ဒေါ်လာ ၄၀ဝ လောက် ရှိပါတယ်။

Author ကိုသက်ဖြိုး

Kumudra


၂၀၁၇ ခုနှစ် ဧပြီလမှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ ခု ရှိပြီး ဒီထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ်လည်း ပါပါတယ်။

အန်အယ်လ်ဒီက ၂၀၁၇ ကြားဖြတ်အတွက် ကော့မှူးမှာပြိုင်မယ့် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့သူဟာ ထူးထူးခြားခြားဆိုသလို ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကော့မှူးက အနိုင်ရ ကိုယ်စားလှယ် မြောင်းမြဘဆွေရဲ့သား ဦးကျော်ဆွေဝင်း ဖြစ်ပါတယ်။

ဦးကျော်ဆွေဝင်းဟာ လတ်တလော ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာနေပြီး အင်္ဂလိပ်စာပြ ကျုရှင်ဆရာတယောက်ဘ၀နဲ့ အသက်မွေးဝမ်းကျောင်းနေသူ တဦး ဖြစ်ပါတယ်။
သူဟာ ဖခင်ဖြစ်သူ မြောင်းမြဘဆွေ ၁၉၉၀ ရွေးကောက်ပွဲဝင်တုန်းက စည်းရုံးလှုပ်ရှားပေးခဲ့သူ ဖြစ်သလို အန်အယ်လ်ဒီကော့မှူးရဲ့ လူငယ်ခေါင်းဆောင်တဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။

ဦးကျော်ဆွေဝင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး – အဖွဲ့ချုပ်က ဦးကျော်ဆွေဝင်းကို ဘယ်လို အကျိုးအကြောင်းတွေကြည့်ပြီး ရွေးချယ်ခဲ့တယ်လို့ ထင်လဲ။
ဖြေ – ကျနော့်အဖေက ၁၉၉၀ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ရဲ့ ကိုယ်စားလှယ်ပါခင်ဗျ။ ကျနော်ကလည်း အဲ့ဒီတုန်းက တကသုလ်ကျောင်းသားတဦးအနေနဲ့ ကျနော့်အဖေနဲ့အတူ နိုင်ငံရေးထဲမှာ ပါဝင်ခဲ့တယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဖေ့ကို ၀ိုင်းဝန်း ကူညီ ခဲ့တယ်။ နောက်ပိုင်းမှာလည်း ပါတီရဲ့တာဝန်တွေဖြစ်တဲ့ လူငယ် လုပ်ငန်းတာဝန်မှာလည်း ကျနော် တာဝန်ခံ တစ် အဖြစ် လုပ်ခဲ့ပါတယ်။ အဲ့ဒီ သမိုင်းကြောင်းတွေအရ ကျနော့်ကို ရွေးချယ် တယ်လို့ ယူဆပါတယ်။ ကျနော်ကလည်း အဖေ့ရဲ့အမွေကို လိုလိုလားလား ဆန္ဒရှိတယ်။ တိုင်းပြည်အတွက် အဖေ မပြီးပြတ်ခဲ့တဲ့နေရာလေးကို ကျနော်ဆက်ပြီးတော့ တာဝန် ထမ်းဆောင်ချင်တယ်ပေါ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကော့မှူးက ခေါ်တဲ့အခါ ကျနော် ၀င်ရွေး လျှောက်ခဲ့တာပါ။

မေး – အခု ဦးကျော်ဆွေဝင်း ၀င်ပြိုင်မယ့် နေရာက ကမာသိ ဒေါ်အောင်ဆန်းစုကြည်နေရာ ဖြစ်နေတယ်။ ရွေးကောက်ပွဲ စည်းရုံးရေးကာလကျ ဘယ်လို တွေဖြစ်လာနိုင်လည်း၊ ဘယ်လို မြင်လည်း။
ဖြေ – ကျနော်က ကြိုးစားအားထုတ်မှုနဲ့ အစွမ်းကုန် ကြိုးစားမယ်။ ကျနော့် နိုင်ငံရေးခံယူချက်လေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော့် တာဝန်နဲ့ တထောင့်တနေရာကနေပြီးတော့ ကူညီခွင့်ရတာ ကိုပဲ ၀မ်းသာတယ်။

မေး – နောက်တခုက ဦးကျော်ဆွေဝင်းကို ရွေးချယ်တဲ့နေရာမှာ အဖေဖြစ်တဲ့ မြောင်းမြဘဆွေရဲ့ မျက်နှာကြောင့် ဖြစ်နိုင်သလား။
ဖြေ – ဟုတ်ကဲ့၊ ကျနော့်အဖေ အနစ်နာခံပြီးတော့ လုပ်ခဲ့တဲ့ သမိုင်းကြောင်းအရ ကျနော့်ကို ရွေးချယ်တယ်လို့ ယူဆပါတယ်။

မေး – လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၁၅တုန်းကလို အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အလွယ်တကူ အနိုင်ရနိုင်ပါ့မလား။ ဦးကျော်ဆွေဝင်း ဘယ်လို သုံးသပ်မိလဲ။
ဖြေ-အမေစု နယ်မြေဖြစ်တဲ့အတွက်တော့ ကျနော်တို့ နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမေစုရဲ့ လုပ်ဆောင်ချက်တွေကလည်း ကော့မှူးအပေါ် အများကြီးရှိတဲ့အတွက်ကြောင့်မို့ ကော့မှူး မဲဆန္ဒနယ်မှာ နိုင်လိမ့်လို့ ယုံကြည်တယ်ခင်ဗျ။

မေး – နောက်တခုက ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဘယ်လောက် ရှိလဲ။
ဖြေ – လက်ရှိ ကျနော်က ကျူရှင် လုပ်ငန်း လုပ်တယ်လေ၊၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် အများကြီး အလေးထား ပြင်ဆင်ထားတာ ရှိပါတယ်။ အခက်အခဲတွေကတော့ ရှိမှာပဲလေ၊ ဒါတွေကို တွန့်ဆုတ်လို့မရဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမှာပဲလေ။

မေး -၂၀၁၅ ကိုယ်စားလှယ်တွေတုန်းကလို အလွယ်တကူပဲ အနိုင်ရမယ်လို့ ခန့်မှန်း ကြည့်လား။
ဖြေ – အမေစုရဲ့ နယ်မြေဖြစ်တဲ့အတွက် နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။
DVB TV News


၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ပဲခူးမြို့က မစန္ဒီမြင့်အောင်က မအူပင်မြို့က ချစ်သမီး (ခ) မချောစန္ဒီထွန်းကို ၆၆(ဃ) နဲ့ အမှုဖွင့်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ညစ်ညမ်းစွားရေးသားဖော်ပြလို့ဆိုပြီး ၆၆(ဃ) နဲ့အမှုဖွင့် တိုင်ကြား ခံထားရတဲ့ ပဲခူးမြို့ကလျာဏီရပ်ကွက်က မစန္ဒီမြင့်အောင်က မအူပင်မြို့နယ်က မချောစန္ဒီထွန်း(ခ) ချစ်သမီးကို နိုဝင်ဘာ ၁၈ ရက်နေ့က ပဲခူးမြို့နယ် အမှတ် (၂) ရဲစခန်းမှာ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတာရှိတယ်လို့ အမှတ်(၂)နယ်မြေရဲစခန်းကပြောပါတယ်။

ချစ်သမီးကို အမှုဖွင့်တိုင်ကြားရတာကတော့ နိုဝင်ဘာ ၁၇ ရက်နေ့က ချောစန္ဒီထွန်း(ခ)ချစ်သမီး အကောင့်ကနေ ပဲခူးက စန္ဒီမြင့်အောင် ဖွတ်မ ဆိုပြီး တိရစ္ဆာန်တကောင်နဲ့ ခိုင်းနှိုင်းသုံးနှုန်းပြီး တင်လိုက်တဲ့အတွက် တိုင်ကြားတာဖြစ်တယ်လို့သိရပါတယ်။

“သမီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညစ်ညမ်းစွာဆဲဆိုမှုနဲ့ တရားစွဲခံထားရပါတယ်။ အဲဒီ အမှုကို သမီးအနေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ တဖက်ကနေပြီးတော့ ထိုးနှပ်လာတယ်။ သူတို့ အနေနဲ့ကတော့ ဖွတ်မဆိုပြီးသုံးတာမရိုင်းဘူးဆိုပြီးတင်တယ်၊ ဒါပေမယ့် အဲဒီစကားတွေရဲ့ အောက်မှာ ကွန်းမန့်တွေက ကြတော့ ပုဂ္ဂိုလ်ရေးဆန်တယ်။ မဟုတ်တာတွေရော။ ဟုတ်တာတွေ ရော၊ အကုန်ဝိုင်းဆဲတာတွေ လုပ်တယ်။ ကိုယ့်ရဲ့သိက္ခာကိုလည်း ထိခိုက်နေတဲ့ အတွက် တယောက်ကို သာဓက အနေနဲ့စွဲပြလိုက်တာပါ”လို့ မစန္ဒီမြင့်အောင် က ပြောပါတယ်။

“ကျနော်တို့ ၂၃ ရက်နေ့က ချစ်သမီး ရှိတဲ့ မအူပင်ကိုသွားတယ်။ ချစ်သမီးကို စစ်တယ်။ သူအသုံးပြုတဲ့ ဖုန်းကိုသိမ်းခဲ့တယ်။ ၂၈ ရက်နေ့မှာ နေပြည်တော်က CID ပေးပို့ပြီး ဒီဖုန်းနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်ကို တောင်းမယ်။ ပြီးမှ အမှုကို ဆက်လက်တည်ဆောက်သွားမယ်”လို့ အမှတ် (၂) နယ်မြေရဲစခန်းက အမှုစစ် ဒုရဲအုပ်ထွန်းအောင်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

သတင်း – အောင်စိုးမိုး (ပဲခူး)
DVB TV News


သေဆုံးသူ မိသားစုဝင်တဦးရဲ့ သေတမ်းစာအရ အမတန်ကြီးကျယ်ခန်းနားလှတဲ့ အိမ်ကြီး တလုံး အမွေဆက်ခံရရှိသူ ပြင်သစ်အမျိုးသားတဦးဟာ အဲ့ဒီအိမ်ရဲ့ ပရိဘောဂတွေထဲမှာ ဝှက်ထားတဲ့ ရွှေ ၁၀၀ ကီလိုဂရမ် ကို ထပ်တွေ့ရှိတယ်လို့ မေရာရဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

အမွေဆက်ခံသူ အမည်မဖော်ပြထားတဲ့ ပြင်သစ်အမျိုးသားဟာ လိုင်နင်အစပုံရဲ့အောက်၊ ထိုင်ခုံတွေရဲ့အောက်ဖက် တွဲကပ်ထားတဲ့ သံဘူးတွေ၊ ရေချိုးခန်းထဲတွေ အပါအဝင် အမွေဆက်ခံရရှိတဲ့ အိမ်နဲ့ခြံကြီးရဲ့ဝန်းကျင်မှာ အံသြလောက်အောင် စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ ဝှက်ထားတဲ့ များပြားလှတဲ့ ပစ္စည်းဥစ္စာတွေကို ရှာတွေ့ခဲ့တာပါ။

“ရွှေထည်ပစ္စည်းက အခု ၅၀၀၀၊ ၁၂ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ရွှေချောင်း ၂ ချောင်း၊ ၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေတုံးက ၃၇ တုံး” လို့ လေလံပစ်သူ နစ်ကိုးလက်စ်ဖီရာဖို့တ်က အေအက်ဖ်ပီသတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။

အိမ်ပိုင်ရှင်အသစ်က ပရိဘောဂပစ္စည်းတွေကို ရောင်းချင်လို့ ပစ္စည်းဈေးနှုန်းတွေဖြက်ဖို့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း နော်မာန်ဒီခရိုင် အက်ဗရက်စ်မြို့က အိမ်ကြီးကို သွားရောက်ခဲ့တယ်လို့ နစ်ကိုလက်စ်က ပြောခဲ့ပါတယ်။

ရွှေတွေကို မမြင်နိုင်အောင်“သေသေချာချာကို ဝှက်ထားတာဗျ” လို့ နစ်ကိုးလ်က ပြောပါတယ်။

အမွေဆက်ခံရရှိသူက အိမ်ထဲက ပရိဘောဂပစ္စည်းတွေကို အရွှေ့အပြောင်းလုပ်ရာကနေ ရွှေဒင်္ဂါပြားတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး၊ ပရိဘောဂတွေရဲ့အောက်ထဲက ဘူးတခုထဲမှာ ရွှေဒင်္ဂါးပြားတွေ နောက်ဝီစကီဘူးထဲမှာလည်း ထပ်တွေ့ခဲ့တယ်လို့ ပြောပါတယ်။

ပြီးတော့ ဒီလူဟာ ရွှေချောင်းတွေနဲ့ ရွှေတုံးအပုံလိုက်ကို ထပ်တွေ့တယ်လို့လည်း သိရပါတယ်။

အိမ်ထဲမှာတွေ့ရှိတဲ့ ဘောက်ချာတွေအရ ဒီရွှေထည်တွေဟာ ၁၉၅၀ ခုနဲ့ ၆၀ ခုနှစ်တွေမှာ တရားဝင် ဝယ်ထားတဲ့ ပစ္စည်းတွေလို့ သိရပါတယ်။

ဒီတွေ့ရှိတဲ့ ရွှေထည်တွေအားလုံးကို ရောင်းချပြီးဖြစ်ပြီး၊ အမွေဆက်ခံသူအနေနဲ့ အမွေဆက်ခံသူများ ပေးဆောင်ရမည့်အခွန် ၄၅ ရာခိုင်နှုန်း ပြင်သစ်အစိုးရကို ပေးဆောင်ရမယ်လို့ ဒီသတင်းကို ဦးစွာထုတ်ပြန်ခဲ့တဲ့ ဒေသခံသတင်းစာ La Depeche ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
DVB TV News



Photo The Ayeyarwaddy Times
နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ အဝေးပြေးကာဝန်း တည်ဆောက်ခွင့်ရရှိထားသည့် လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းအား ကျပ်သိန်း ၁ သောင်းကျော်လိမ်လည်မှုဖြင့် မြောင်းမြမြို့ခံများနှင့် Sky Engineering Group ကုမ္ပဏီတို့က မြောင်းမြမြို့မရဲစခန်း တွင် အမှု ၅ မှုဖွင့်၍ တရားစွဲဆိုထား ကြောင်းသိရသည်။

အဆိုပါ အဝေးပြေးကားဝန်းကို ၂၀၁၄ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်လက်ထက်က စတင်လုပ်ကိုင်ခွင့်ရရှိခဲ့သော သံတောင်မြို့နယ် ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းမှာ ကားဝန်းအတွင်းရှိ ဆိုင်ခန်းများကို ရောင်းချငွေချေပြီးသော်လည်း ဆိုင်ခန်းများပြီးဆုံးသည်အထိ ဆောက်မပေးခြင်း ၊ ဆိုင်ခန်းများကို လိမ်လည်ရောင်းချခြင်း ၊ အကျိုးတူလုပ်ကိုင်သည့် ကန်ထရိုက်တာများကို ငွေမပေးဘဲ ရှောင်တိမ်းနေခြင်းများပြုလုပ်ကြောင်း ၊ ဦးသော်လင်းထွန်းကို မြောင်းမြမြို့ခံ၂ဦးနှင့် ပူးပေါင်းလုပ်ကိုင်သည့် ကုမ္ပဏီတို့က လိမ်လည်မှုပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ထားကြောင်း မြောင်းမြရဲစခန်းမှသိရသည်။
“ ဦးသော်လင်းထွန်း (လဝန်းသစ္စာကုမ္ပဏီပိုင်ရှင်) ကို ကျနော်တို့စခန်းမှာ ပုဒ်မ ၄၂၀ နဲ့ အမှုလာဖွင့်ထားတာ ၅ မှုရှိပါတယ်။ စစ်ဆေးမှုအားလုံးပြီးစီးတဲ့အခါ အမှုတွေ တရားရုံးကိုတင်ပို့သွား မှာပါ ”ဟုမြောင်းမြမြို့မစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းက ပြောသည်။

ဦးသော်လင်းထွန်းမှာအကျိုးတူကန်ထရိုက် Sky Engineering Group ကုမ္ပဏီထံမှ ငွေကျပ် ၆၀၉၆ သိန်း၊ မန္တလေးမြို့နေဦးပြည့်စုံဝင်းထံမှ ငွေကျပ် သိန်း ၆၀၀ ၊ မြောင်းမြမြို့ခံ ဦးဌေးအောင် ထံမှ ကျပ် သိန်း ၄၀၀၀ ကျော်၊မြို့ခံ ဒေါ်မူမူစန်း ထံမှ ငွေကျပ် ၁၄၀ သိန်းတို့ကိုလိမ်လည်သည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်း နစ်နာသူများက ပြောသည်။
“ကျွန်တော့်အနေနဲ့ ဆိုင်ခန်းတွေကိုသိန်း ၄ ထောင် ကျော်ဖိုးအထိ ဝယ်ယူခဲ့တယ်။ ငွေလည်းတပြား မကျန် ဦးသော်လင်းထွန်း ကိုပေးခဲ့ပြီးသားပါ။ ငွေကျတော့ယူပြီး ဆိုင်ခန်းကျတော့ ပြီးအောင်ဆောက်မပေး ဘူး။ ဆောက်လက်စတန်းလန်းနဲ့ ပစ်ထားတာ ၆ လလောက် ဖြစ်နေပြီ။ ပြီးတော့ ဆိုင်ခန်းတွေကိုအောက်တိုဘာလ ၃၀ နောက်ဆုံးထားပြီး ဝယ်သူဆီအပ်နှံ မယ်၊ မအပ်နိုင်ခဲ့ရင် ဝယ်ထားတဲ့ငွေရဲ့ ၂ ဆကို ပြန်လျော်ပါမယ်လို့ ဦးသော်လင်းထွန်းနဲ့ ကျနော်တို့ စာချုပ် ချုပ်ဆိုထားတယ်။ အဲတော့ သတ်မှတ်အချိန်ကာလကျော်လွန်နေလို့ အခုလိုအမှုဖွင့်တာပါ” ဟု ဆိုင်းခန်း ဝယ်ယူခဲ့သူ မြောင်းမြမြို့ခံ ဦးဌေးအောင် ကပြောသည်။

တည်ဆောက်ရေးအတွက် လဝန်းသစ္စာကုမ္ပဏီက Sky Engineering Group၊ Summit Top၊ YET Engineering Group၊ ပါရှန်းပုလဲစသည့်ကုမ္ပဏီများနှင့် အကျိုးတူကန်ထရိုက် စာချုပ်ချုပ်၍ အဝေးပြေး ကားဝန်းကို တည်ဆောက်ခဲ့ သော်လည်း လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းက ငွေပေးချေခြင်း မရှိသည့်အတွက် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး အဝေးပြေးကားဝန်းမှာလည်း စီမံကိန်း ကာလအတွင်း မပြီးစီးသည့်အခြေအနေ ဖြစ်ပေါ်နေသည်။

“ဦးသော်လင်းထွန်းဟာ ကျမတို့ကို ဖိတ်ခေါ်လို့ အဝေးပြေးကားဝန်း တည်ဆောက်မှုမှာ ဆပ်ကန်ထရိုက်အနေနဲ့ ပွဲရုံဆိုင်ခန်း ၄၂ ခန်း တည်ဆောက်ဖို့ ၂၀၁၅ မှာ စာချုပ်ခဲ့တယ်။ စရံအဖြစ် သူ့ကို (ဦးသော်လင်းထွန်း) သိန်း ၆၀၀ ပေးပြီး ဆောက်ရာမှာ ပြီးစီးမှုအဆင့်လိုက် ငွေချေပေးမယ်ပြောပြီး အခုချိန်အထိ ကျမတို့ စရံပေးထားတဲ့ ငွေတွေအပါအဝင် ကျပ်သိန်း ၆၀၀၀ ကျော်ကို ဦးသော်လင်းထွန်းက တပြားမှပြန်မပေးလို့၊ ပြီးတော့ ဟိုနေ့ ပေးမယ်၊ ဒီနေ့ပေးမယ်နဲ့ ကတိတွေအကြိမ်ကြိမ်ဖျက်ခဲ့လို့ တရားစွဲတာပါ”ဟု Sky Engineering Group ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဒေါ်ခိုင်စုယဉ်က ပြောသည်။

လဝန်းသစ္စာကုမ္ပဏီ အနေဖြင့် ကျပ်သိန်း ၄ သောင်းကျော် တန်ဖိုးရှိမြောင်းမြမြို့၊ အဝေးပြေးကားဝန်း စီမံကိန်းကို ကျပ်သိန်း၂ သောင်းကျော် စိုက်ထုတ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ အကူးအပြောင်း ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းမှုနှင့်အတူဈေးဆိုင်ခန်း များလည်းမျှော်လင့်ထားသလိုရောင်းချနိုင်ခြင်းမရှိသည့်အတွက် ငွေမချေနိုင်ခြင်း ဖြစ်ပြီး ပြေလည်အောင်ဖြေရှင်း ပေးသွားမည် ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဦးသော်လင်းထွန်း ကပြောသည်။

`ဆိုင်ခန်းတည်ဆောက်မှုတွေကိုနောက်လမှာ ပြန်လည်စတင်မှာပါ။ နိုင်ငံခြားကုမ္ပဏီတွေကိုကျနော်တို့ အကူအညီတောင်းတော့ ငွေကြေးပိုင်း ဆိုင်ရာကူညီပေးမယ့်ကတိတွေ ရထား ပါတယ်။ ဒါကြောင့် ဆိုင်ခန်းတွေကို ပြီးဆုံးအောင်ဆောက်ပြီး ပိုင်ရှင်လက်ဝယ် အပ်နှံပေးသွားမှာပါ´ဟု လဝန်းသစ္စာ ကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်း ကပြောသည်။

မြောင်းမြမြို့၊ အဝေးပြေး ကားဝန်းစီမံကိန်း ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် လဝန်းသစ္စာကုမ္ပဏီတို့ ၂၀၁၄ ခုနှစ်အောက်တိုဘာလတွင် စာချုပ်ချုပ်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ကားဝန်းအတွင်း ပွဲရုံနှင့် လူနေဆိုင်ခန်းပေါင်း ၁၀၈ ခန်းအပါအဝင် ကားပြင်နေရာ၊ ကွန်ကရစ်လမ်း၊ ကားရေဆေးခုံ၊ ဆီဆိုင်စသည့် အခြေခံအဆောက်အဦး ၁၇ ခုတို့ကို၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်တွင်အပြီးတည်ဆောက်ရန် သတ်မှတ်ထားကြောင်း သိရသည်။

Ayeyarwaddy Times
https://www.facebook.com/ayetimes



ကျူးဘားခေါင်းဆောင် Fidel Castro ကွယ်လွန်သွားတဲ့ အတွက် ကျူးဘားပြည် သူတွေ ၀မ်းနည်းမှုအထိမ်းအမှတ် စုဝေးနေကြစဉ် (နိုဝင်ဘာလ ၂၆ ရက် ၂၀၁၆)
ကျူးဘားခေါင်းဆောင် Fidel Castro ကွယ်လွန်သွားတဲ့ အတွက် ကျူးဘားပြည် သူတွေနဲ့ ထပ်တူ ဝမ်းနဲကျေကွဲရကြောင်းနဲ့ကျူးဘား အမေရိကန် ၂ နိုင်ငံ ပုံမှန် ဆက်ဆံရေး ရဖို့ သူ့အနေနဲ့ ဆက်လက်ကျိုးပမ်းသွားမှာ ဖြစ်ကြောင်း ကျူးဘားပြည် သူတွေကို အမေရိကန် သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

Fidel Castro ရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနဲမိကြောင်းနဲ့ ကျူးဘားပြည်သူတွေအတွက် ဆုတောင်းပေးနေကြောင်း သမ္မတ အိုဘားမားက ကြေညာချက် ထုတ်ပြန်ပြောဆို ခဲ့ပြီး ရှေ့ဆက်ရမယ့် ခရီးအတွက် ကျူးဘားပြည်သူတွေ အနေနဲ့ အမေရိ ကန်ပြည်ထောင်စုဟာ သူတို့ရဲ့ မိတ်ဆွေလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက် လည်း ဖြစ်ကြောင်း သိထားစေလိုတယ်လို့ ပန်ကြားခဲ့ပါတယ်။

ကျူးဘားနဲ့ အမေရိကန်နိုင်ငံ ၂ နိုင်ငံစလုံးမှာ နေထိုင်ကြတဲ့ ကျူးဘားပြည်သူတွေ အနေနဲ့ သဘောထား အမျိုးမျိုး ရှိပေမယ့်လည်း ကျူးဘား ပြည်သူတွေ အပေါ် နားလည်မှု ရှိတဲ့အနေနဲ့ မစ္စတာ Castro နဲ့ ပါတ်သက်ပြီး သမ္မတ အိုဘားမားက တခြား နိုင်ငံ့ခေါင်းဆောင်တွေလို အဆိုးအကောင်း ဘာမှ မဝေဖန်ပဲ သမိုင်းက အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့သမ္မတ သက်တမ်းအတွင်း အတိတ်ကို နောက်ချန်ထားပြီး ၂ နိုင်ငံ မတူညီမှုတွေ ထက် အိမ်နီးချင်းနိုင်ငံတွေကြား မိသားစု၊ ယဉ်ကျေးမှု၊ စီးပွါးရေးနဲ့ လူသားချင်းစာနာ မှု ဆိုင်ရာတွေမှာ မျှဝေပြီး အနာဂါတ် အတွက်ရည်မျှော်လုပ်ဆောင်ခဲ့တယ်လို့လည်း သမ္မတ အိုဘားမားက ပြောကြားခဲ့တာပါ။

ရွေးကောက်ခံ သမ္မတ Donald Trump ကတော့ အမေရိကန်နဲ့ ကျူးဘား အစိုးရ တို့ကြား ပုံမှန် ဆက်ဆံရေး ပြန်ရဖို့ သမ္မတ အိုဘားမားရဲ့ ကျိုးပမ်းမှုတွေအတွက် အစဉ်တစိုက် ဝေဖန်ခဲ့သူ ဖြစ်ပြီး ကျူးဘားအရေးနဲ့ ပါတ်သက်ပြီး အိုဘားမားရဲ့ သမ္မတအာဏာသုံး လုပ်ဆောင်မှုတွေ အားလုံးကို ပြန်လည် ရုတ်သိမ်းမယ် လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်မှုတွေ လုပ်နေတဲ့ စက်တင်ဘာလ ထဲမှာတော့ သူသာ သမ္မတ ဖြစ်ခဲ့ရင် ကျူးဘားပြည်သူတွေ ဘက်က ရပ်တည်ပြီးကွန်မြူနစ်ဖိနှိပ်မှုတွေကို တွန်းလှန်ဆန့်ကျင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရိုဟင်ဂျာအရေး မလေးရှားနိုင်ငံမှာ ဆန္ဒပြနေကြစဉ် (နိုဝင်ဘာလ ၂၅ ရက် ၂၀၁၆)
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် ပြုလုပ်နေတဲ့ အကြမ်းဖက် မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ မလေးရှားမှာရှိနေတဲ့ မြန်မာသံအမတ်ထံ မလေးရှား အစိုးရက ကန့်ကွက်စာ ပေးပို့မယ်လို့ မလေးရှားနိုင်ငံထုတ် New Straits Times အွန်လိုင်း သတင်းစာမှာ ရေးသားထားပါတယ်။

ကန့်ကွက်စာ ပေးပို့မယ့်အကြောင်း သောကြာနေ့က ပြုလုပ်တဲ့ အပတ်စဉ် အစိုးရ၀န်ကြီးအဖွဲ့ စည်းဝေးပွဲမှာ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း မလေးရှား ဒုတိယ၀န်ကြီးချုပ် ဒေါက်တာ Ahmad Zahid Hamidi က ပြောကြောင်း သတင်းစာမှာ ကိုးကား ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် တခြား အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ခွင့် မရှိပေမယ့် မလေးရှားနိုင်ငံအနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စအ တွက် အထူး စိုးရိမ်ပူပန်မိတယ်ဆိုတာကို ကမ္ဘာကသိစေချင်ကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ ညစာစားပွဲ တခုမှာ ဒုဝန်ကြီးချုပ် က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေ၊ ရိုဟင်ဂျာတွေနဲ့ သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၉ နာရီမှာ လူတွေ စုဝေးကြဖို့ စီစဉ်ထားကြောင်းလည်း ဒုတိယ ၀န်ကြီးချုပ်က ပြောပါတယ်။

အဲဒီ စုဝေးပွဲ အခမ်းအနားကို ၀န်ကြီးချုပ် Najib Razak ၊ သူနဲ့ တခြား ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်တယ်လို့ ဒုတိယ၀န်ကြီးချုပ် ဒေါက်တာ Hamidi က ပြောပါတယ်။

တက္ကသိုလ်ကျောင်းသားဟောင်းတွေနဲ့ တခြား အစိုးရမဟုတ်တဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းတွေလည်း အဲဒီ စုဝေးပွဲကို တက်ရောက်ကြဖို့ ဒုဝန်ကြီးချုပ် Hamidi က တိုက်တွန်းထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



Photo The Ayeyarwaddy Times
ပုသိမ်၊ နိုဝင်ဘာ ၂၅၊ ၂၀၁၆ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် NLD ပါတီ ဒုဥက္ကဌ ဦးစန်းရွှေကို ဆင်မကျေးရွာအုပ်ချုပ်ရေးမှုး ဦးအောင်ကိုလွင်မှ အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆ ဃ ဖြင့်နိုဝင်ဘာလ ၂၄ ရက်နေ့က ငွေဆောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ငွေဆောင်ရဲစခန်း မှသိရသည်။

ဆင်မကျေးရွာ NLD ပါတီ ဘဏ္ဍာရေးမှုးလည်းဖြစ်သူ ဦးအောင်ကိုလွင်သည် ကျေးရွာအတွင်း အရက်ဖြန့်ဖြူးသည် ဟု ဦးစန်းရွှေ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ခဲ့ခြင်းနှင့်ပတ်သတ်၍ အရေးယူ ပေးပါရန် အမှုဖွင့်တိုင်ကြားလာသဖြင့် နိုဝင်ဘာလ ၂၄ ရက်ညပိုင်းမှ စတင်ကာ ဦးစန်းရွှေကို ဖမ်းဆီးထားကြောင်း ငွေဆောင်ရဲခန်းမှ သိရသည်။

ဦးစန်းရွှေသည် နိုဝင်ဘာလ ၁၉ ရက်နေ့ကဆင်မကျေးရွာရှိ NLD ပါတီဝင်များ၏ တိုင်ကြားစာပါ အကြောင်းအရာများဖြစ်သော ဦးအောင်ကိုလွင်မှ ဆင်မကျေးရွာအတွင်း အရက်ပုံးဆိုင်များကို ရန်ပုံငွေကိစ္စပြောပြီး အရက်ဆီယူပေးရန် တစ်လလျှင် ၅ ဂါလံ ဖြန့်ပေးရန် ပြောဆိုခြင်း၊ ငါးဖမ်းစက်လှေ များကို အစည်းအဝေးခေါ်ယူ၍ ရန်ပုံငွေအတွက် ငွေတောင်းခံရန် ညှိုနှိုင်းခြင်း၊ ငွေကောက်ခံ၍ မရသည့်အခါတွင် စက်လှေအဖွဲ့ ကိုတိုင်ကြားခြင်းများ ပြုလုပ်နေကြောင်း လူမှုကွန်ယက်တွင် တင်ခဲ့သည်ဟု သိရသည်။

လူမှုကွန်ယက်တွင် မိမိအားမဟုတ်မမှန်ရေးသားသည်ကို အရေးယူပေးပါရန် ဦးအောင်ကိုလွင်၏ တိုင်ကြားမှုကြောင့် ယခုအခါ ဦးစန်းရွှေကို ငွေဆောင်ရဲစခန်းမှ(ပ)၃၉/၂၀၁၆ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Ayeyarwaddy Times
https://www.facebook.com/ayetimes/


Photo-တိုက်ပွဲများကြောင့် ၀မ်ဒိန်းမြစ်ကိုဖြတ်၍ တရုတ်ပြည်တွင်းရှောင်တိမ်းဝင်ရောက်ရန်ကြိုးပမ်းနေသော မြန်မာနိုင်ငံသားတဦးအား တွေ့ရစဉ်)
တရုတ်-မြန်မာနယ်စပ်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား လတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်၍ တရုတ်နိုင်ငံထဲသို့ ၀င်ရောက်လာခဲ့ကြသည်။ နယ်စပ်ဒေသတလျှောက်ရှိ တရုတ်နိုင်ငံသားတို့၏ အလုပ်အကိုင်နှင့်လူနေမှုဘ၀များအပေါ် ဆိုးရွားစွာ ထိခိုက်ခဲ့ပြီဖြစ်သည်။

သမိုင်းတွင် အရှည်လျားဆုံး ပြည်တွင်းစစ်များထဲမှတခုဖြစ်သော မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့သောစစ်ပွဲကာလတလျှောက် ဘယ်သောအခါကမှ စစ်မှန် သော စစ်ပြေငြိမ်းမှုမရရှိခဲ့ချေ။ အကျိုးဆက်အဖြစ် တရုတ်-မြန်မာနယ်စပ်ဒေသ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထိခိုက်မှုများရှိပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေး ကော်ရစ်ဒါနှင့် ၂၁ ရာစုပိုးလမ်းမဖော်ဆောင်မှု လုပ်ငန်းစဉ်များအတွက် အဟန့်အတားဖြစ်လျက်ရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ခြွင်းချက်မရှိ အမြန်ဆုံးစစ် ပြေငြိမ်းရေးသဘောတူညီမှုရရှိရန် လိုအပ်ပြီး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန်အတွက် မူဘောင်တခုချ၍ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်သည်။ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးတွင် တာဝန်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကလည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အချိန်အခါနှင့် ကိုက်ညီစွာ အာလုံးပါဝင်နိုင်မည့် ချဉ်းကပ်ပုံလမ်းစဉ်ကိုရွေးချယ်ထားသည်။ မြန်မာ့ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NLD အစိုးရနှင့်အတူတကွ တက်ကြွစွာ ပါဝင်သင့်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ဖိအားပေးမည့်အစား တပ်မတော်အနေဖြင့် လူနည်းစု တိုင်းရင်း သားများ၏ ယုံကြည်မှု ရရှိရန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးရရှိရန် ယခုထက်ပို၍ ဘက်စုံပါဝင် ရေးရပ်တည်မှုကို ကိုင်စွဲသင့်သည်။

တိုင်းရင်းသားလက်နက်ကိုင်များဘက်မှလည်း စစ်ရေး၊ သံတမန်ရေးဆိုင်ရာ အာဏာများတောင်းဆိုခြင်းထက် ၎င်းတို့၏ ရပ်တည်ချက်ကို ပို၍လက်တွေ့ကျကျ အတိုးအလျှော့လုပ်သင့်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ခြင်းဖြင့်သာ(ဒေသ)ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ပြီး ၎င်းတို့အတွက် ထိုက်တန်သော တရားဝင်အခွင့် အရေးများလည်း ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ထို့ပြင်လူများစုလူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း သဘောပေါက်နားလည်သင့်သည်။ သို့ရာတွင် အချို့သောလက်နက်ကိုင် အဖွဲ့အစည်းများသည် လက်တွေ့မကျသော အမြင်မှား အတွေးမှားများကို ကိုင်စွဲထားသည်ကို တွေ့မြင် ရသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် မြန်မာအစိုးရအပေါ် ဖိအားပေးရန် ၎င်းတို့က လိုလားသည်။ ထိုသို့ဖြင့် အချို့သော လက်နက်ကိုင်များက တရုတ်အစိုးရကို နွံထဲဆွဲခေါ်ရန် ကြိုးစားခဲ့ကြသည်။ ထိုအချက်မှာ လက်တွေ့မကျသည့်အပြင် အန္တရာယ်လည်း ရှိသည်။ ထိုလမ်းစဉ်၏အဆုံးသည် မရဏဖြစ်ပြီး တရုတ်အစိုးရ အနေဖြင့် ၎င်းတို့အလိုကျ ဆောင်ရွက်ပေးမည် မဟုတ်ချေ။

၂၀၁၅ ခုနှစ်က ကိုးကန့်တိုက်ပွဲများကြောင့် မြန်မာပြည်သူများ အတိဒုက္ခ ရောက်ခဲ့ကြသည်။ ယခုတကြိမ်တွင် လည်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အဆိုပါပရိယာယ်ဟောင်း နည်းလမ်းဟောင်းများကို အသုံးပြုလိုပါက ၎င်းတို့၏ ရွေးချယ်မှုပင် ဖြစ်သည်။ ၎င်းတို့က တရုတ်-မြန်မာဆက်သွယ်ရေးလမ်းကြောင်း အတွက် အရေးပါသည့်ဂိတ်များကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ယင်းကြောင့် အများပြည်သူ၏ ထောက်ခံ မှုကို ဆုံးရှုံးခဲ့ကြသည်။ ထိုအခြေအနေမှ လွန်မြောက်ရန် တတိယပါတီဖြစ်သည့် တရုတ်အစိုးရ၏ ၀င်ရောက် ဆောင်ရွက်မှုကို သက်ဆိုင်ရာ အဖွဲ့အစည်းများက မျှော်လင့်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နီးကပ်မှုရှိသည့်အလျောက် တရုတ်သည် ၎င်းတို့ အပေါ်သြဇာသက်ရောက်နိုင်စွမ်းရှိပါသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားနေဆောင်ရွက်မည်ဟု ပြောထားခဲ့သည်။ တရုတ်၏ ကြားဝင်စေ့စပ်မှုကိုလည်း အားလုံးက လက်ခံသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ရလာရန် တရုတ်က ထိရောက်စွာဆောင်ရွက်ပေးနိုင်သည်။ ဆယ် စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာပြည်တွင်း ပဋိပက္ခများအဆုံးသတ်ရေးအတွက် တရုတ်အစိုးရအနေဖြင့် ဦးဆောင်ဦးရွက်ပြု၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သင့်သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ အ၀န်းအ၀ိုင်းတလျှောက်တွင် တည်ငြိမ်အေးချမ်းမှုတည်ဆောက်ရေးနှင့် သြဇာအာဏာထူထောင်ရေးအတွက် အရေးကြီးခြေလှမ်းတခုဖြစ်သည်။

အော်စကာ

(The Global Times သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်က ဖော်ပြခဲ့သော China’s role needed for truce in Myanmar ကို ပြန်ဆိုသည်။)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



"မြန်မာ ၁-၀ မလေးရှား"

၂၀၀၄ခုနှစ် တိုက်ဂါးဖလားအမည်နဲ့ ကျင်းပတဲ့ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အမြင့်ဆုံး ရောက်ခဲ့ဖူးတဲ့ မြန်မာအသင်းဟာ အိမ်ကွင်းမှာ ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ မလေးရှားကို နိုင်လို့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ သရေကျရုံနဲ့ ဆီမီးတက်နိုင်မှာဖြစ်ပေမယ့် မြန်မာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်အရောက်မှာ ဒေးဗစ်ထန်က သွင်းယူခဲ့တာပါ။ မြန်မာအသင်းဟာ အုပ်စုအတွင်းမှာ ဗီယက်နမ်ကို အဖွင့်ပွဲမှာ ရှုံးခဲ့ပြီးနောက် ကမ္ဘောဒီးယား၊ မလေးရှားတို့ကို နိုင်လို့ ၂ပွဲနိုင် ၆မှတ်နဲ့ ဗီယက်နမ်နောက် ဒုတိယနေရာက ဆီမီးတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်ကတော့ အစောပိုင်းပွဲမှာ တစ်ယောက်လျော့နဲ့ကစားခဲ့ရပေမယ့် ကမ္ဘောဒီးယားကို ၂ဂိုး-၁ဂိုးနဲ့နိုင်လို့ ၃ပွဲစလုံးနိုင်ပြီး ပထမနေရာရခဲ့ပါတယ်။
ဒီနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စုပွဲတွေအပြီးမှာတော့ အုပ်စု ( A)မှာ လက်ရှိချန်ပီယံ ထိုင်းနဲ့ အင်ဒိုနီးရှား၊ အုပ်စု (B)မှာ ဗီယက်နမ်နဲ့ မြန်မာတို့ ဆီမီး တက်နိုင်ခဲ့ကြပါတယ်။ ဆီမီးဖိုင်နယ်မှာ မြန်မာက ထိုင်းနဲ့ ဆုံတွေ့ပြီး ဗီယက်နမ် က အင်ဒိုနီးရှားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲတွေကို အိမ်ကွင်း၊ အဝေးကွင်း ၂ကျော့ကစားရမှာဖြစ်ပါတယ်။

"ဆီမီးဖိုင်နယ်ပွဲစဉ်များ (ပထမအကျော့ )"

အင်ဒိုနီးရှား - ဗီယက်နမ် ( ဒီဇင်ဘာ ၃ရက်)
မြန်မာ - ထိုင်း ( ဒီဇင်ဘာ ၄ရက်)

"( ဒုတိယအကျော့)"

ဗီယက်နမ် - အင်ဒိုနီးရှား ( ဒီဇင်ဘာ ၇ရက်)
ထိုင်း - မြန်မာ ( ဒီဇင်ဘာ ၈ရက်)

"ဂိုးအများဆုံးသွင်းထားသူများ"

၁) Teerasil Dangda (ထိုင်း) - ၃ဂိုး
၂) အောင်သူ၊ ဇော်မင်းထွန်း ( မြန်မာ) - ၂ဂိုး
လီကောင်ဗင် ( ဗီယက်နမ် ) - ၂ဂိုး
Boaz Solossa ( အင်ဒိုနီးရှား) - ၂ဂိုး
Sarawut Masuk ( ထိုင်း) - ၂ဂိုး
BBC Burmese


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်အစိုးရ တာဝန်ရှိသူများနဲ့ တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်အစိုးရ တာဝန်ရှိသူများနဲ့ တွေ့ဆုံစဉ်

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုင်းရင်းသား လက်နက် ကိုင် ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်နေဆဲ ဖြစ်ပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ ဘက်ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးပေါင်းပါဝင်ကြဖို့ ငြိမ်း ချမ်းရေး တံခါးကို ဖွင့်ထားဆဲဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရက ပြောဆိုလိုက် ပါ တယ်။ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ကတော့ စစ်မှန်တဲ့ ငြိမ်း ချမ်းရေး တည်ဆောက်ဖို့ဆိုရင် တပ်မတော်ဘက်က ထိုးစစ်တွေကိုရပ် တိုင်းရင်းဒေ သတွေက ဆုတ်ခွာပေးဖို့ တောင်းဆိုလိုက်ပြီး သူတို့အနေနဲ့ကတော့ ခုခံတော်လှန်ေ ရးစစ်ကို ဆက်ဆင်နွှဲရ ဦးမယ်လို့ ကြေညာချက်ထုတ်ပြန် ပါတယ်။ ဒေသခံတွေ ကတော့ နယ်မြေတည်ငြိမ်ရေး နိုင်ငံရေးအရဆွေးနွေးကြဖို့ လိုလားနေတာပါ။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြော က်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ (၁၀၅)မိုင် ကုန်သွယ်ရေး စခန်းတွေနဲ့ ရဲကင်းစခန်းတွေ၊ တပ်မတော်တပ်စခန်းတွေကို အဓိက ပစ်မှတ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA၊ TNLA ၊ AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတာ သီတင်းတပတ်ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့လို့ အခု အချိန်အထိကတော့ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။

အခုဖြစ်နေတဲ့ ရှမ်းမြောက်ပိုင်းက စစ်ရေးတင်းမာမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်သူတွေ အားလုံးပါဝင်ရေး တံခါးဖွင့်ထားပြီး ငြိမ်းချမ်းရေး ခရီးကို အတူလျှောက် လှမ်းဖို့ကို ကြေညာချက်ထုတ်ပြန် တိုက်တွန်း ထားပါတယ်။ မြန်မာအစိုးရဘက်ကလည်း အခုအချိန်အထိလည်း တံခါးဖွင့်ကြိုဆိုနေ ဆဲဖြစ်တယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေမြန်မာ ပိုင်းကိုပြော ပါတယ်။

"ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ ကျနော်တို့ စစ်ဘက်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေ အ များကြီး ထိခိုက်ဒဏ်ရာရ သေကြေပျက်စီးတာတွေရှိတယ်။ အခုဒဏ်ရာရ သေဆုံး စာရင်းကို ကြည့်လိုက်ရင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က နည်းတယ် ကျနော်တို့ ပြည်သူ လူထုက များပါတယ် ။ အဲ့တော့ ဒီရည်ရွယ်ချက်က ဘာလဲဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေတယ်။ လက်ရှိအချိန်မှာလည်း တံခါးဖွင့်ထားတယ်။ ကမ်းလှမ်းထားတယ်။ သို့သော် ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် NRPC ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ကြေညာချက်မှာပါတဲ့အတိုင်း ဒီရှမ်းမြောက်ဒေသအပါအဝင် တည်ငြိမ်အေးချမ်းမှုရအောင် အစိုးရက အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ် ဆိုတာ ပြောထားပြီးသားဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျနော်တို့က တံခါးဖွင့် ထားဆဲဖြစ်တယ်။ ကျနော်တို့က တိုက်တွန်းနေဆဲ ဖြစ်တယ်ပေါ့နော်။ နောက်ဆုံး ကျရင်တော့ ကျနော်တို့တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် အခု လက်ရှိပေါ့နော် ကျနော်တို့ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံေ ရးမတည်ငြိမ်မှုတွေဖြစ်အောင် စီးပွားရေးအရ ကမောက်ကမတွေဖြစ်အောင် ခုနကပြောတဲ့ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်လာတာတွေ ဒီထက်ပိုပြီး ကြာရှည် လာအောင် ဒီ့ထက်ပိုပြီး ပြင်းထန်လာမယ်ဆိုရင်တော့ ဒီတာဝန်က အခု တိုက်ခိုက်တဲ့ လက်နက်ကိုင်ပေါ့နော် တာဝန်အပြည့်အဝ ဖြစ်လာပါလိမ့်မယ် ”
တရုတ်မြန်မာ အဆင်မြင့်အရာရှိများဆွေးနွေးပွဲ
တရုတ်မြန်မာ အဆင်မြင့်အရာရှိများဆွေးနွေးပွဲ
တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ဘက်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းေ ရး တည်ဆောက်ဖို့ဆိုရင် တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာတွေကို ရပ်ပြီး တိုင်းရင်းဒေသတွေက ဆုတ်ခွာပေးဖို့ တောင်းဆိုလိုက်ပြီး သူတို့အနေနဲ့ ကတော့ မြန်မာ့ တပ်မတော်ကို မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် ပူးပေါင်း တိုက်ပွဲဝင်နေတာဖြစ်ပြီး ခုခံတော်လှန်ရေးစစ်ကို ဆက်ဆင်နွှဲ သွားမှာဖြစ်တယ် လို့ နိုဝင်ဘာလ ၂၅ရက်နေ့ နေ့စွဲက ပူးတွဲကြေညာချက် တစောင်ထုတ်ပြန်ပါတယ်။ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေး ထားတဲ့အတွက် တရုတ်နိုင်ငံကို လည်း ကျေးဇူးတင်တယ် ဆိုတာကို မဟာမိတ်အဖွဲ့ဘက်က မှတ်တမ်းတင်ဖော်ပြ ပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်တို့ တရုတ် မြန်မာ နယ်စပ် အနီး တိုက်ခိုက်နေတာတွေကို ရပ်စဲကြဖို့ တရုတ်နိုင်ငံ ဘက်က တောင်းဆိုထား ပါတယ်။ ခုလိုတိုက်ပွဲဖြစ်နေချိန်မှာ တရုတ်နိုင်ငံဘက်က အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ တရုတ် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

“ ကျနော်တို့ 2+2 Meeting ပေါ့။ 2+2 ဆိုတာက နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငြံ ခားရေးဝန်ကြီးဌာနက ဒုဝန်ကြီးတွေ ဦးဆောင်ပြီးတော့ လုပ်တဲ့သဘောပေါ့။ အဲ့တာ ဘာကြောင့်လုပ်ရလဲဆိုတော့ ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နယ်ခြား နယ်စပ်ဒေသနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ် တယ်ဆိုရင် အဆင့်လိုက်ကော်မတီတွေရှိတယ် နယ်ခြားကော်မတီတွေပေါ့နော် အဲ့တာတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့နဲ့ တရုတ်နိုင်ငံက မရှိဘူး။ ဘာကြောင့် မရှိလဲဆိုတော့ တရုတ်-မြန်မာနယ်စပ်ပေါ့ နယ်နမိတ်မျဉ်းကို ဗဟိုပြုပြီးတော့ ဗဟို ချက်ပြုပြီးတော့ လုပ်နေတဲ့အခု လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေက အဲ့မှာရှိတယ်။ ရှိတဲ့အတွက် ကျနော် တို့နဲ့ တရုတ်နိုင်ငံနဲ့ကြားမှာ နယ်စပ်ဒေသ မှာဖြစ်ဖြစ် ဟိုဘက်ဒီဘက် တခုခုပေါ့နော် တည်ငြိမ်အေးချမ်းမှု လုံခြုံမှုကို ထိခိုက်စေ နိုင်တဲ့ဟာ ဖြစ်လာရင်ပဲဖြစ်ဖြစ် ကျနော်တို့ နှစ်နိုင်ငံကြားမှာ ပြောရရင် ဗဟို အဆင့်တွေမှာ သွားသွားပြောနေရတယ်။ ပြောနေရတော့ ကျန်တဲ့နိုင်ငံတွေနဲ့ အလားတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဒါက နှစ်ဘက်စလုံးကိုပြောတာပါ ပူးပေါင်းဆောင်ရွက်ဖို့အတွက် နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးပါတဲ့ ကျနော် တို့ 2+2Meeting တွေ လုပ်သင့်တယ်ဆိုတဲ့ဟာနဲ့ဒီအစိုးရလက်ထက်မှာ စပြီးဆောင်ရွက်တာဖြစ်ပါတယ် ”

တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုနောက်ပိုင်း တပ်မတော် စစ်ကြောင်းတွေဘက်ကလည်း ဒေသတွင်း နယ်မြေလိုက် ရှင်းနေသလို တိုက်ပွဲေ တွကြောင့် အရပ်သားအချို့ အသက်သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလို အသက်အန္တရာယ် နဲ့ ဒေသတွင်း လုံခြုံရေး စိုးရိမ်ရလို့ တရုတ်နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ရသူတွေ အပါအဝင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့သူ ထောင်ပေါင်းများစွာ ရှိလာနေပြီလို့ ကူညီ ကယ်ဆယ်ပေးနေ သူတွေကပြောပါတယ်။ ဒါကြောင့် ဒီပဋိပက္ခကို စစ်ရေး နည်းနဲ့ မဖြေရှင်းကြပဲ နိုင်ငံရေးနည်း လမ်းနဲ့ဖြေရှင်းကြပါလို့ ဒုက္ခသည်တွေကို လိုက်လံ ကူညီပေးနေတဲ့ ရှမ်းလူငယ်ကွန်ရက်အဖွဲ့က စိုင်းနော်စိုင်းက မေတ္တာရပ် ခံပါတယ်။

“နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့ပဲကောင်းပါတယ်။ အခုက ပြည်သူလူထုပဲ နစ်နာ တယ်လေ။ အနာရှိရင် ဆေးရှိတယ်လေ။ ဆိုတော့ အမြန်ဆုံး ဖြေရှင်းဖို့ ကျနော်တို့ေ တာင်းဆိုချင်ပါတယ် ”

နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၄)ဖွဲရဲ့ တပ်မတော်တပ်စခန်းတွေ၊ ရဲစခန်းတွေနဲ့ ၁၀၅ မူဆယ် ကုန်သွယ်ရေးစခန်းကို ပစ်မှတ်ထားတဲ့ ပူးပေါင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား (၈)ဦးသေ ဆုံးခဲ့ရသလို အရပ်သား ၃၀ နီးပါး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အခု လက်ရှိအခြေအနေမှာလည်း ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်ဘက်တွေမှာတော့ တံတားတွေ ရဲကင်းတွေကို တိုက်ခိုက်မှုတွေရှိနေဆဲဖြစ်သလို ကုန်ကားတွေကို မီး ရှို့မှုတွေနဲ့ တံတားတွေမှာ မိုင်းထောင်ဖောက် ခွဲမှုတွေရှိနေပြီး အပြန်အလှန် ပစ်ခတ် မှုတွေနဲ့ ပေါက်ကွဲမှုတွေရှိပြီး အရပ်သားအချို့သေဆုံးမှုရှိနေပါတယ်။

တရုတ်နိုင်ငံ ဘက်ကို ထွက်ပြေးကြသူတွေရှိသလို ကွတ်ခိုင် မူဆယ်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ နဲ့ အနီးနားကျေးရွာက ဘုရားကျောင်းမှာ ခေတ္တ စစ်ရှောင် စခန်းတွေ ဖွင့်လှစ်ပြီး ဒေသခံပြည်သူတွေနဲ့ ရပ်မိရပ်ဖတွေက စောင့်ရှောက်ပေးေ နကြပါတယ်။ ဒုက္ခသည်စခန်းမှာ အများစု လာရောက်ခိုလှုံနေကြသူတွေကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်တွင်း က ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး လောလောဆယ်မှာတော့ ဆောင်းရာသီ ဖြစ်နေလို့ ရာသီဥတုဒဏ်ခံနိုင်ဖို့ စောင်တွေနဲ့ အနွေးထည်တွေ လိုအပ်နေပါတယ်။
VOA Burmese News



AFF SUZUKI CUP 2016 အုပ်စု(ခ)နောက်ဆုံးပွဲစဉ်အဖြစ်
အိမ်ရှင်မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင်
ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင်
ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက မလေးရှားအသင်းကို ၁-၀ ဂိုးဖြင့်
အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
မြန်မာအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ ဒေးဗစ်ထန်က ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို အနိမ့်ဘော ကန်သွင်း ယူခဲ့ပါသည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ
Mizzima - News in Burmese


နိုဝင်ဘာလ ၂၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော်နှင့်မြောက်ပိုင်း မဟာမိတ် တပ်ကြား တိုက်ပွဲများတစ်နေ့တစ်ခြားပြင်းထန်လာမှုကြောင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တရုတ်နိုင်ငံဘက်ခြမ်း ၌ တရုတ် စစ်တပ်များ၊ သံချပ်ကားများနှင့်နောက်ဆုံးပေါ် တာဝေးပစ် ဒုံးကျည်ပစ်ကားများ တပ်ဖြန့်ထားကြောင်း သတင်းရရှိသည်။


နိုဝင်ဘာလ (၂၀)ရက်ကစတင်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်ကြေ သာ မုံးကိုး ၊ပန်ဆိုင်း၊ မူစယ် (၁၀၅မိုင်) နှင့် နမ့်ခမ်းမြို့နယ် အတွင်း၌ အစိုးရ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ( KIA ၊ MNDAA ၊TNLA ၊ AA ) များအကြားတိုက်ပွဲများပြင်းထန်လာမှုကြောင့် ယနေ့ မနက်ပိုင်း တွင် တရုတ် - မြန်မာ နယ်စပ်တစ်လျှောက်တရုတ်နိုင်ငံဘက်ခြမ်းရှိ မြို့များ၌ တရုတ် လုံခြုံရေးတပ်က ဖြန့်ကျက်နေရာ ယူထားကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့ေ ရာက် မူစယ်သား စိုင်းပီး ကဆိုသည်။

“ တရုတ်အထူး ကွန်မန်ဒိုတပ်သားများ နဲ့ တင့်ကား ၊ သံချပ်ကာကား ပြီးတော့ ဒုံးကျည်တင်ကား အစီး ၂၀၀ ထက်မနဲ ရောက်ရှိနေတာ တွေ့ရပါတယ်ဗျ၊ အဓိက က သူတို့မြေ ကို သူတို့ ကာကွယ်ဖို့ ရောက်လာတယ် လို့ ပြောတာပဲ အခြေအနေ ဘယ်လိုထပ်ဖြစ်လာမလဲဆိုတာ အခုတော့ စောင့်ကြည့် ရတာပေါ့ ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။


နိုဝင်ဘာလ ၂၅ ရက်ကလဲ မူစယ်မြို့ထဲရှိ အစိုးရတပ်မတော်အား လားရှိုးမြို့မှ တပ်မတော်စစ်ရဟတ်ယဉ် ၁၀ စီးထက်မနဲ စစ်အင်အားနှင့် စစ်လက်နက်များ လာရောက်ပို့ဆောင်နေပြီး ၄င်းစစ် သားများကို မြေသယ် ကားကြီး ဖြင့် တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်ကြသည့် ၁၀၅ မိုင် ၊ ပန်ဆိုင်း ၊မုံးကိုး မြို့များဘက်သို့ ဆက်လက်ပို့ဆောင်သွားကြောင်း တွေ့မြင်ရသည် ဟု မူစယ်ဒေသခံ ကိုအောင်အောင် ကဆို သည်။

“ ကျနော်တို့ မူစယ်မြို့မှာတော့ ဒီရက်ပိုင်း သေနတ်သံတွေတော့ မကြားရ သလောက်ပါပဲ ၊ ဒါပေမဲ့ မြို့ က အရင်လိုတော့ မစည်ကားသေးဘူးပေါ့၊ လုံခြုံရေးတွေတော့ နေရာတိုင်းမှာ အပြည့်ပါပဲ ” ဟု ၄င်းကပြောသည်။


အလားတူ တရုတ်- မြန်မာ နယ်စပ်ဖြစ်သည့် နမ့်ခမ်းမြို့တွင်မြန်မာအစိုးရ တပ်မှ မြို့ဝင်/ထွက် နေရာများကို လုံခြုံရေးယူထားပြီး ကချင်ပြည်နယ်သို့ သွားသော ရွှေလီကြိုးတံတားကြီး ကို နိုဝင်ဘာလ (၂၃)ရက်နေ့က တည်းက ဖြတ်သန်းသွားလာခွင့်ကိုရက်အကန့်အသန့်မရှိ ပိတ်ထားကြောင်း ၊ ရွှေလီမြစ် ကမ်းတစ် လျှောက်ရှိ ကူးတို့ဆိပ်အားလုံးကိုလည်း အချိန်ကန့်သတ်ပြီး လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုများလဲ ရှိနေပါကြောင်း၊ ယခုအခါ နမ့်ခမ်းမြို့ တွင်းတွင်လည်း ည ၇း၀၀ နာရီအချိန်ခန့်တွင် လူသွားလူလာ မရှိ သလောက် ခြောက်ကပ်နည်းပါးနေသည် ဟု နမ့်ခမ်းမြို့ဒေသခံများ ထံမှသိရှိရသည်။

သျှမ်းသံတော်ဆင့်၊ နန်းသိရိခမ်း(မူစယ်)
Panglong(Burmese)
https://www.facebook.com/Panglong.burmese