12/14/16



အလက်ပိုမြို့မှာ အရပ်သားတွေ ပိတ်မိနေ
ဆီးရီးယား နိုင်ငံ အလက်ပိုမြို့မှာ စစ်တပ်က သူပုန်တွေကို အနိုင်ရနိုင်ပြီ ပြောနေချိန်မှာ အဲဒီမှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ အထောက်အထား အသေးစိတ် ရထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အရာရှိ Jan Egeland က ပြောပါတယ်။

ဒီ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ နီးစပ်တဲ့ လက်နက်ကိုင်တွေရဲ့ လက်ချက်လို့ ဆိုပြီး သေဆုံးသူတွေထဲ ကလေးတွေနဲ့ အမျိုးသမီးတွေ ပါတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အရပ်သား ရှစ်ဆယ်ကျော် သေဆုံးသွားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရနဲ့ ရုရှား မဟာမိတ်တွေက တာဝန်ယူရမယ်လို့ မစ္စတာ အက်ဂလန်က ဆိုပါတယ်။

အရပ်သား ထောင်ပေါင်းများစွာဟာ သူပုန်တွေနဲ့ အတူ တိုက်ပွဲတွေကြား ပိတ်မိနေပြီး အကူအညီ အရေးတကြီး လိုအပ်နေကြောင်းသိရပါတယ်။

BBC Burmese
http://www.bbc.com/burmese



TNLA ရှေ့တန်းတပ်များ (PSLF -TNLA News & Information Department)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မန်တုံ နမ္မတူမြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ တို့အကြား ဒီကနေ့မှာ စစ်ရေးတင်းမာနေဆဲဖြစ်သလို တိုက်ပွဲအတွင်းဒေသခံတွေ နေရပ်ကနေ တိမ်းရှောင်ထွက်ပြေး နေရဆဲဖြစ်ပါတယ်။ ရှမ်းပြည်နယ်စစ်ရေးတင်းမာနေမှုအခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနမ္မတူမြို့နယ်မန်တုံကွတ်ခိုင် မြို့နယ်ဘက်တွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ မဟာမိတ်တပ်ဖွဲ့ဝင် TNLA နိုင်ငံခြားဆက်ဆံရေး ဌာနတာဝန်ခံ တာပန်းလှကပြောပါတယ်။

“ဒီနေ့မနက်ပိုင်းမှာရော၊ ညနေပိုင်းမှာေ၇ာ တိုက်ပွဲတွေတော့ဖြစ်နေပါ တယ်။ ဖြစ်တာက ဖောဆိုင်၊ မန်တုံဘက်မှာလည်းဖြစ်တယ်။ လေယာဉ် ၂ စီးနဲ့လာရောက်ပစ်ခတ်တာမျိုးရှိပါတယ်။”

ဒီကနေ့မနက်မှာကွတ်ခိုင်မြို့နယ်၊ မန်ကျယ်ကျေးရွာနှင့် ကောင်းနိမ်ကျေးရွာကြားတိုက်ပွဲဖြစ်ပွါးခဲ့သလို မန်တုံမြို့ နယ်၊ မန်အီကျေးရွာ အနီးမှာလဲ တအာင်းတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့သူကဆိုပါတယ်။

ဒီကနေ့ဖြစ်ပွါးတဲ့နမ္မတူမြို့နယ်မိုင်းတတ်ကျေးရွာနဲ့ ပန်ဝါကျေးရွာ ကြားတိုက်ပွဲမှာ မြန်မာ့တပ်မတော်ကနေ စစ်ရ ဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်မှုရှိခဲ့ တယ်လို့ TNLA တအာင်းပလောင်တပ်ဖွဲ့ကနေထုတ်ပြန်ထားပါတယ်။

နမ္မတူမြို့မြောက်ဘက်(၁၀)မိုင်ခန့်အကွာ မိုင်းတတ်ကျေးရွာနဲ့ပန်ဝါကျေးရွာကြားမှာ ဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ဒေသ ခံတွေ နေရပ်ကနေ တိမ်းရှောင်နေရတယ်လို့မိုင်းတတ် ဒေသခံစိုင်းပန်ခမ်းက ရှမ်းဘာသာနဲ့အခုလို ပြောပါတယ်။

“တိုက်ပွဲကြောင့် ပန်ဝါဒေသခံ မိုင်းတပ် ဘက် ရောက်လာတယ်။ အယောက် ၃၀ လောက်ရှိမယ်။။ ပိတ်မိနေတဲ့သူ တွေလဲရှိတယ်။ သိန္နီဘက်သွားတဲ့သူ နမ္မတူ လားရှိုးဘက်သွားတဲ့သူတွေရှိတယ်။ တောတောင်ထဲမှာလဲ အများကြီး ကျန်နေတယ်။ သူတို့ ကို သွားကြိုလာဖို့ ဒီနေ့ လူထပ်လွတ်ထားတယ်။”

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာပန်ဝါဒေသခံတွေအနေနဲ့ နေရပ်ကနေတိမ်းရှောင်နေရတယ်လို့ နမ္မတူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းစံကအတည်ပြုပြောခဲ့ပါတယ်။

လက်ရှိ နမ္မတူစစ်ရှောင်စခန်း မှာပန်ဝါစစ်ပြေးဒုက္ခသည်(၅၀)ဦးရောက်ရှိနေသလို စုစုပေါင်းဒုက္ခသည်ဦးရေ (၁၄၀၀) ကျော်ပြီးလို့ စခမ်းဒုဥက္ကဌ စိုင်းဘညာဏ်ကပြောပါတယ်။

“ပန်ဝါကတော့ ကျနော်တို့ ခရစ်ယာန်ဘုရားကျောင်းမှာ နေရာချပေးထားပါတယ်။ ပန်ဝါမှာကတော့ ကျနော်တို့ အိမ်ထောင်စု ၁၉ စုရှိတယ်ခင်ဗျ။ လူဦးရေကတော့ ၅၀ ၀န်းကျင်လောက်ရှိတယ်။ ကျနော်တို့ ဒီနေ့ စာရင်းချုပ်ဆိုရင် ၃၆၁ စုပေါ့နော် ကျနော်တို့ စခန်း ၅ ခုပေါ့နော် အဲဒါ ၁၄၀၁ ဦး ဒီနေ့ ကျနော်တို့ စာရင်းချုပ်တဲ့ အခါမှာ ရရှိပါတယ်။”

အလားတူ စစ်ရေးအခြေအနေတည်ငြိမ်စပြုနေတဲ့မူဆယ်ဘက်မှာလဲ ဗုံးဖေါက်ခွဲမှုဖြစ်စဉ်တွေရှိနေပေမဲ့ ထိခိုက်မှုတစုံ တရာမရှိဘူးလို့ မူဆယ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းကပြောပါတယ်။

“ကျနော်တို့ နမ့်ခမ်းနဲ့ မူဆယ်ကြားမှာ ဆွဲမိုင်းတခုပါ။ ကားလမ်းဘေးကနေပြီးတော့ ဆွဲမိုင်း ၁ ခုပေါ့နော် အဲဒီဖြစ်စဉ်တော့ရှိတယ်။”

လက်ရှိမူဆယ်မြို့နယ်မှာ မြန်မာ့တပ်မတော်ကနေနယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတာကြောင့် ကုန်သွယ်ရေး အခြေအနေလဲ ပုံမှန်အနေအထားရောက်လုနီးပြီးလို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။

မနေ့ကနဲ့ ဒီကနေ့တိုက်ပွဲဖြစ်ပွါးမှုအခြေအနေနဲ့ပက်သက်လို့ မြန်မာ့တပ်မတော်ဘက်ကနေ သတင်းထုတ်ပြန်တာ မျိုးတော့မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၀)ရက်နေ့ကစပြီး KIA / TNLA / MNDAA / AAစတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော်တို့အကြား မူဆယ် ကြူကုတ် ပန်ဆိုင်း မုံးကိုး ဖေါင်းဆိုင်ဒေသ ဘက်မှာ စစ်ရေးတင်းမာခဲ့ကြသလို တိုက်ပွဲတွေအတွင်းဒေသခံ(၂)သောင်းခန့်ဟာလဲ တရုတ်နိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာ မူဆယ်ခရိုင်မုံးကိုးဒေသဘက်မှာ မြန်မာ့တပ်မတော်ကနေထိမ်းချုပ်ထားနိုင်ပြီး စစ်ရေးတည်ငြိမ်မှုရှိ လာလို့ မုံးကိုးဒေသခံစစ်ဘေးရှောင်(၄၀၀၀)နီးပါးနေရပ်ပြန်နေကြပြီးဖြစ်ပေမဲ့ကျောက်မဲ နောင်ချို နမ္မတူလားရှိုးမြို့ နယ် စစ်ဘေးရှောင်စခမ်းမှာရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ တင်းမာနေဆဲစစ်ရေးအခြေအနေကြောင့် နေရပ်ကို မပြန်နိုင်သေးတဲ့အခြေအနေရှိနေပါတယ်။

နိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဥရောပလွှတ်တော်ရဲ့ Sakharov ဆု Yazidi အမျိုးသမီး ၂ ဦးရရှိ
၂၀၁၄ ခုနှစ်က IS စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာ ခံရပြီး လိင်ကျွန်တွေအဖြစ် အသုံးပြုခံခဲ့ရတဲ့ အီရတ်နိုင်ငံက Yazidi လူမျိုး အမျိုးသမီးနှစ်ဦးကို ဥရောပလွှတ်တော်က ပေးအပ်တဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ Sakharov ဆု ချီးမြှင့် လိုက်ပါတယ်။

Nadia Murad နဲ့ Lamiya Aji Bashar တို့နှစ်ဦးကို Sakharov ဆုရှင်တွေအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက ကြေညာခဲ့တာ ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ ဒီကနေ့ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာ ကျင်းပတာပါ။ သူတို့ နှစ်ဦးဟာ IS စစ်သွေးကြွတွေ ထိန်းချုပ် ထားတဲ့ နယ်မြေတွေမှာ ပြန်ပေးဆွဲခံရပြီး လိင်ပိုင်းဆိုင်ရာ ကျေးကျွန်တွေအဖြစ် အသုံးချခံနေရတဲ့ ထောင်နဲ့ချီတဲ့ Yazidi အမျိုးသမီးနဲ့ မိန်းကလေးငယ် ၇,၀၀၀ လောက်ထဲမှာ ပါဝင်သူတွေပါ။

ဒီလိုလူတွေအပြင် နောက်ထပ် လူ ၅,၀၀၀ လောက်ဟာလည်း ကိုးကွယ်တဲ့ ဘာသာတရား မတူသူတွေကို ရှင်းလင်းဖို့ကြိုးစားတဲ့ အစွန်းရောက်တွေ ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အခု ဆုရှင်နှစ်ဦးကတော့ ၂၀၁၄ ခုနှစ်က အီရတ်နိုင်ငံ အနောက်မြောက်ပိုင်း Sinjar မြို့အနီးက သူတို့ရဲ့ရွာမှာ IS တွေက အဓမ္မ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရတာပါ။ Yazidi လူမျိုးတွေအပေါ် ဖိနှိပ်မှုတွေဟာ လူသားတွေကို အစုအလိုက်အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး၊ ဒီလို ဖိနှိပ်မှုတွေအကြောင်းကို Murad နဲ့ Bashar တို့က နိုင်ငံတကာက သိအောင် ကြိုးပမ်းခဲ့ကြတာကြောင့် Sakharov ဆု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


လွှတ်တော်အမတ် ဦးညီညီအား ရန်ပြုခံရသည်ဟု ဆိုသောဖြစ်စဉ်မှာ လွှတ်တော်ကိုယ်စားလှယ်ဟု မသိရှိဘဲ ရန်ငြိုးရန်စမရှိ၊ နားလည်မှုလွဲခြင်းသာဖြစ်သည်ဟု ယနေ့ ဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးဖြစ်သူ ကိုထွန်းထွန်းငြိမ်းမှ ၎င်းတို့ ကျော်တက်မောင်းနှင်ခဲ့သော ကင်တာယာဉ်ပေါ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ စီးနင်းလိုက်ပါသည်ကို မသိရှိသည့်အပြင် ရန်ငြိုးရန်စလည်း မရှိကြောင်း၊ မည်သူ့ ကိုယ်မှ လုပ်ကြံစရာမရှိကြောင်း မဇ္စျိမသို့ ပြောသည်။

“ အခုဖြစ်တာက နားလည်မှုလွဲတာ။ သူတို့ကားနောက်ကို လိုက်တယ်လို့ ထင်ရင်ထင်မှာပဲ။ သူတို့ ရဲစခန်းထဲဝင်သွားတာလည်း ကျွန်တော်တို့ တွေ့တယ်။ ဒါပေမယ့် ဘရိတ်တောင် တစ်ချက်မနင်းဘူး။ ကျွန်တော်တို့ဖာသာ ဆက်သွားတယ်။ သူ့လူမှုကွန်ယက်မှာ ဒီလိုမျိုးကြီး တက်လာမှ ကျွန်တော်တို့သိတာ ” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်၊ တောင်ဒဂုံမဲဆန္ဒနယ် ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးညီညီသည် ပါတီရုံးခန်းရန်ပုံငွေပွဲကျင်းပသည့် လေးထောင့်ကန်ရပ်ကွက်ဘက်မှ အပြန် လူအပြည့်ပါသည့် တက္ကစီအနက်ရောင်ကားတစ်စီးက လိုက်ပါအန္တရာယ်ပြုခဲ့ကြောင်း ဦးညီညီပြောထားပြီး ယင်းအမှုအတွက် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ဦးမြင့်ဝင်းက အမှုဖွင့်
တိုင်ကြားခဲ့သဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၂၁၉၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/ ၁၁၄ဖြင့်အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်နေကြောင်း သိရှိရသည်။

" ကျွန်တော်တို့ ကားကို ဆဲတယ်။ ဆင်းခိုင်းတယ်၊ ရိုက်မယ် သတ်မယ် ပြောတယ် " ဟု ဦးညီညီက ဆိုသည်။

အဆိုပါဖြစ်စဉ်အတွင်း တောင်ဒဂုံရဲစခန်းသို့ ဆက်သွယ်၍မရဟု ဦးညီညီက ပြောဆိုခဲ့ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ “ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ အကြောင်းကြားချိန်၌ ရဲစခန်း တာဝန်ကျတာဝန်မှူးမှာ ၉ နာရီ ၄၀ အချိန်တွင် ဖြစ်ပွားခဲ့သော သေမှုသေခင်း စစ်ဆေးရန် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံသို့သွား ရောက်နေချိန်ဖြစ်ကြောင်း ” တုံ့ပြန်ပြောကြားသည်။ ရဲစခန်းဝင်းတံခါးပိတ်ထားရခြင်းမှာ ညအချိန်ဖြစ်သဖြင့် ရဲစခန်းလုံခြုံရေး၊ တပ်ဖွဲ့ဝင်မိသားစုများ၏ လုံခြုံရေးအရ ပိတ်ထားရခြင်းဖြစ်ပြီး တံခါးအနီး ရှေ့ဂိတ်ကင်းတွင် ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီအား ရန်ပြုခံရသောအမှုအားတစ်ဘက်မှ ရန်ပြုသူဟု ယူဆရသူ ၅ ဦးသည် ဒီဇင်ဘာ ၁၂ ရက်နေ့ ၆နာရီခွဲခန့်တွင်ယာဉ်မောင်း မင်းခိုင်ဦးပါ(၅) ဦး တို့မှ ပြဿနာ ဖြေရှင်းရန်အတွက်ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။

============

Mizzima - News in Burmese

http://www.mizzimaburmese.com/article/21220


၁၃၊ဒီဇင်ဘာ၊ရန်ကုန်။ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကို လိုက်လံနှောင့်ယှက်တယ်လို့ဆိုပြီး အမှုဖွင့်ခံထားရတဲ့ သူတွေက လွှတ်တော်ကိုယ်စားလှယ်ဘက်က ကျေအေးပေးခြင်းမရှိပါက ပြန်လည်တရားစွဲဆိုသွားမယ်လို့ဒီကနေ့သာကေတမြို့နယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တောင်ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီ က ဒီဇင်ဘာ ၁၀ရက်နေ့ည ဆယ်နာရီခန့် အချိန်က လမ်းပေါ်မှာ အနက်ရောင်တတ်စီ မောင်းနှင်လာတဲ့လူအစုအဖွဲ့က သူ့ကိုလုပ်ကြံဖို့ကြိုးစားပြီး ကားရှေ့ပိတ်ရပ်ကာ ၀ိုင်းဝန်းရိုက်နှက်ဖို့ကြိုးစားခဲ့ကြောင့်ကားကိုထွက်ပြေးမောင်းနှင်ကာ တောင်ဒဂုံရဲစခန်းမှာသွားရောက် အမှုဖွင့်ခဲ့တယ်လို့ပြောဆိုထားပါတယ်။

အမှုဖွင့်ခံထားရတဲ့ အနက်ရောင် တက်စီ 7 G.5960 ကိုမောင်းနှင်တဲ့ ကိုမင်းခိုင်ဦးက “ကျွန်တော်တို့ကားနဲ့ရှေ့ကိုကျော်တက်ဖို့ကြိုးစားတယ် အနောက်ကနေမီးထိုးတယ် ဟွန်းတီးတယ် အချက်ပြတယ်။ သူ့ကားခေါင်းကဘေးကိုထွက်ထွက်လာတယ်။
အဲ့လိုနဲ့ဘေးချင်းယှဉ်ကျော်တက်ပြီး ခင်ဗျားအနောက်မှာကားပါလာတာမမြင်ဘူးလားလို့ပြောလိုက်တော့ သူတို့ဘက်ကဆဲပါတယ်။

ကျွန်တော်တို့လည်းပြန်ဆဲပါတယ် နောက်တော့သူတို့ပြန်ကျော်တက်သွားပါတယ် စခန်းအရှေ့ရောက်မှ သူတို့ကားဘေးဝင်လိုက်တော့ ကျွန်တော်တို့ကကျော်တက်သွားတာပါ”လို့ ကပြောပါတယ်။
သံသယရှိသူလို့ယူဆထားတဲ့သူတွေဟာ သာကေတမြို့နယ်စက်မှုလက်မှုရပ်ကွက်မှာ နေထိုင်ကြတာဖြစ်ပြီး အခင်းဖြစ်ပွားတဲ့ညက ကျိုက်ထီးရိုးဘုရားဖူးမှပြန်လာကြတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်မှန်းလည်းမသိပါဘူး နောက်ပြီးကားကိုရှေ့ကပိတ်ရပ်တာ လည်းမဟုတ်ပါဘူး။
ကျွန်တော်တို့ကျော်တက်တဲ့အချိန်မှာ သူတို့ကားထဲကနေပြီး မင်းတို့ကားအခုချက်ချင်းရပ်စမ်းဆိုလို့ ရပ်ခဲ့တာ ကျွန်တော်တို့အားလုံးပေါင်း ကားလေးစီးနဲ့ဘုရားဖူးထွက်တာပါ။
ဖြစ်တာတော့ကျွန်တော်တို့မောင်းတဲ့ကားနဲ့ပါ သူတို့ဘက်ကကျေအေးပေးမယ်ဆိုရင်တော့ နှစ်ဖက်စလုံးအလုပ်တွေမပျက်တော့ဘူးပေါ့ “လို့အခင်းဖြစ်ပွားမှုမှာပါဝင်တဲ့သာကေတမြို့နယ်မှာနေထိုင်သူကိုပြည့်စုံထွန်းကပြောပါတယ်။
အဲသည်ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အမှုဖွင့်အရေးယူထားတာ ရုတ်သိမ်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ကအသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ ရန်မူခံရတာ ပြီးတော့ ကားကိုအရှေ့ဘက်ကို ပိတ်ရပ်လို့လည်း ကျွန်တော်တို့ကားနံပါတ်ကို သေချာမှတ်ပြီးမှ အမှုဖွင့်တာပါ”လို့ လွတ်တော်ကိုယ်စားလှယ်ရဲ့ကားပေါ်မှာ စီးနှင်းလိုက်ပါခဲ့ပြီး ဖြစ်ရပ်တွေကို အစအဆုံးတွေ့မြင်ခဲ့သူ တောင်ဒဂုံမြို့နယ် NLD အလုပ်မှုဆောင် ဦးမြင့်ဝင်းကပြောပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သတ်ပြီး မနေ့ညနေပိုင်းကလည်း လွတ်တော်ကိုယ်စားလှယ်ဦးညီညီက သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီးတောင်ဒဂုံရဲစခန်းကလည်း သံသယရှိသူငါးဦးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

Author ဝင်းနန္ဒာ
Kumudra


ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည် ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည် ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လီဒိုလမ်းမကြီးပေါ်က မြစ်ကြီးနား-တနိုင်း-ပန်ဆောင် လမ်းပိုင်းပြုပြင်ရေးတွေ ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံသား နှစ်ရာကျော်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ အတိုင်း နေထိုင်လုပ်ကိုင်ခွင့်ပြုထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံသား လုပ်သားအများစုဟာ ကာလတို နေထိုင်ခွင့်နဲ့ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည် က ပြောပါတယ်။

ဒီနှစ် ပွင့်လင်းရာသီမှာ လာရောက်လုပ်ကိုင်မယ့် တရုတ်နိုင်ငံသားတွေအတွက် နေထိုင်ခွင့်တွေကိုလည်း ပြည်နယ် အစိုးရအဖွဲ့က စိစစ်နေတာဖြစ်ပါတယ်။

တရားမဝင် နေထိုင်မှုတွေမဖြစ်အောင် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက နယ်စပ်ဂိတ်ကနေ အသေးစိတ်ဆောင် ရွက်နေပြီး လုပ်သားတွေခေါ်ယူလာတဲ့ ကုမ္ပဏီဘက်ကလည်း စနစ်တကျတာဝန်ယူဖို့ ညွှန်ကြားထားတယ်လို့ ဦးအေးမောင်ကြည် က ပြောပါတယ်။

"တရုတ်နိုင်ငံသားလုပ်သား စလုပ်တဲ့အချိန်တုန်းကတော့ ၂၀၁၅၊ ၁၆ ပေါ့နော်၊ ၂၃၅ ဦးနဲ့ ကျနော်တို့ မြန်မာနိုင်ငံက လုပ်သားကလည်း ၇၀ ဦးလောက်နဲ့ စလုပ်ကိုင်ကြတာပေါ့၊ အတိုး၊ အလျှော့လေးတွေတော့ရှိတယ်၊ ဒီထက်တော့ တိုးလုပ်တာမရှိပဲနဲ့ ပွင့်လင်းရာသီဖြစ်တဲ့အတွက်ကြောင့် ဒီအင်အားတဝိုက်မှာပဲ ကျနော်တို့အဝင်အထွက်ကရှိနေပါတယ်၊ ကာလတိုတွေဖြစ်တဲ့အတွက်ကြောင့် သက်တမ်းကတော့ ကျနော်တို့ပြည်နယ် လူဝင်မှုကြီးကြပ်ဦးစီးဌာနကနေပြီးတော အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဝင်ခွင့်ပြုပြီးတော့ လုပ်ငန်းတွေအကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်"

လီဒိုလမ်းမကြီးပေါ်က မြစ်ကြီးနား-နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင် လမ်းပိုင်းကို နိုင်လွန်ကတ္တရာခင်းနိုင် ဖို့ မြောက်ပိုင်းတော်ဝင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီနဲ့ တရုတ်နိုင်ငံ ပေါင်းဆန်းပြည်နယ် ထိန်မင်ကုမ္ပဏီတို့ ပူးပေါင်းပြီး ခြောက်နှစ်စီမံကိန်းအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးကနေ စစ်ကိုင်းဒေသကြီး ပန်ဆောင်အထိ ၂၂၈ မိုင်ရှည်လျားတဲ့ အဲဒီစီမံကိန်းတစ်ခုလုံး အတွက် တရုတ်ယွမ်ငွေ သန်းပေါင်း ခြောက်ထောင် ရင်းနှီးမြှုပ်နှံထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ကစပြီး ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-နမ္မတီး-တနိုင်းအထိ လမ်းပိုင်းကို စတင်အကောင် အထည်ဖော်နေတာဖြစ်ပါတယ်။
RFA



မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံ(ဓါတ်ပုံ-တရုတ်သံရုံး)
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့် သက်ဆိုင်ရာဘက်အသီးသီးကနေ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးအဖြေရှာကြဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းခဲ့ပါတယ်။

ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ တိုက်တွန်းပြီး ဒီ မြန်မာနိုင်ငံ မြောက်ပိုင်းအရေးကိစ္စဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စ ဖြစ်တာကြောင့် စစ်ပွဲတွေနဲ့ ပြဿနာ ဖြေရှင်းလို့မရဘူးလို့ တရုတ်သံအမတ်ကြီးက ပြောခဲ့တဲ့အကြောင်း ရန်ကုန်တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက် တွန်းအားပေးပြီးတော့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်မယ်လို့လည်း တရုတ်သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေဟာ မြန်မာ-တရုတ် နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အရေးကြီးပြီးတော့ မြန်မာနိုင်ငံဟာ နိုင်ငံရေးနည်းလမ်းတွေနဲ့ သက်ဆိုင်ရာ ပြဿနာရပ်တွေကို ဖြေရှင်းဖို့ အလေးထားတဲ့အကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြန်လည် တုံ့ပြန်ဆွေးနွေးခဲ့တဲ့အကြောင်းလည်း တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ဒုက္ခသည် သောင်းဂဏန်းရှိပြီး တရုတ်နိုင်ငံထဲကို ရောက်သွားတဲ့ ဒုက္ခသည် သုံးထောင်လောက် ရှိနေပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ လွှတ်တော်မှာ သိပ်မကြာခင်က အဆိုပြုခဲ့တာလည်း ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ပြင်သစ်တွင် ဓါးပြများ မီးရှို့ဖျက်ဆီးခဲ့သည့် ကားများအနီး၌ စုံစမ်းစစ်ဆေးနေစဉ် (ဓါတ်ပုံ-အင်တာနက်)
    ပါရီ၊ ဒီဇင်ဘာ ၁၃ရက် (ဆင်ဟွာ)

    ပြင်သစ်နိုင်ငံ တွင် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားလေးဦးသည် ရွှေများ တင်ဆောင်လာသည့် သံချပ်ကာဗင်ကားအား တိုက်ခိုက်ခဲ့ပြီး ယူရို ၂.၅သန်း (အမေရိကန်ဒေါ်လာ ၂.၆၅သန်း) တန် ရွှေများအား လုယူသွားခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဒီဇင်ဘာ ၁၂ရက်တွင်ဖော်ပြခဲ့သည်။

ဓါးပြများသည် ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Dardilly ဒေသ ရှိ ရွှေသယ်ယူပို့ဆောင်ရေးကားတစ်စီး အား ပစ်မှတ်ထား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် ကားအား မီးတင်ရှို့ပြီး မထွက်ပြေးခင် လုံခြုံရေးအစောင့် နှစ်ဦးအား ဗင်ကားအတွင်း၌ သော့ခတ်၍ပိတ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ ဓါးပြများအား ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



Rex Tillerson
ရုရှားသမ္မတနဲ့ ခင်မင်ရင်းနှီးသူအဖြစ် လူသိများထင်ရှားတဲ့ စီးပွားရေးလုပ်ငန်း အမှုဆောင်အကြီးအကဲ Rex Tillerson ဟာ Trump အစိုးရသစ် လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်ခြေရှိသူတဦးအဖြစ် တနင်္လာနေ့အထိ ဆက်လက် ထိပ်ကပြေးနေဆဲ ရှိပါတယ်။ သူဟာ ၄၁ နှစ်တိုင်တိုင် ExxonMobil ရေနံကုမ္ပဏီ မှာ လုပ်ကိုင်ခဲ့သူတယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ Tillerson ကို ခန့်အပ်နိုင်ဖို့ လိုအပ်တဲ့ အထက်လွှတ်တော် republican ပါတီရဲ့ ထောက်ခံမှုကိုရရှိဖို့ အနေအထားက မရေမရာဖြစ်နေ တဲ့အတွက် Donald Trump အနေနဲ့ မန်စီချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း Mitt Romney လို တခြား ပုဂ္ဂိုလ် တယောက်ကို ရွေးချယ်စေဖို့ ဖိအားပေးခံရဖွယ်ရှိပါတယ်။

ရွေးကောက်ခံ သမ္မတ Donald Trump ကတော့ သူ့ရဲ့ Twitter လူမှု့ကွန်ယက် စာမျက်နှာမှာ သူ့အနေနဲ့ Rex Tillerson ကို နိုင်ငံခြားရေးဝန်ကြီးရာထူး အတွက် ရွေးသည်ဖြစ်စေ မရွေးသည်ဖြစ်စေ ExxonMobil ရေနံကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ် ဥက္ကဌ လည်း ဖြစ်တဲ့ သူဟာ ကမ္ဘာ့အဆင့်မီလုပ်နိုင်ကိုင်နိုင်စွမ်းရှိသူ ညှိနှိုင်းနိုင်စွမ်းရှိသူတယောက်ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ရေးသား လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်ရှိရာထားခံရသူစာရင်းမှာ Utah ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်းလည်းဖြစ် တရုတ်နိုင်ငံ သံအမတ်ကြီးလည်း ဖြစ်ခဲ့သူ Jon Huntsman လည်း ပါဝင်ပါတယ်။

Tillerson အနေနဲ့ ရုရှားသမ္မတ Putin နဲ့ ဆက်နွယ်ပတ်သက်မှုရှိနေတယ် ဆိုတဲ့ အချက်က စိုးရိမ်စရာ ကောင်းတဲ့ အချက်တချက်ဖြစ်တယ်လို့ အမေရိကန်အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များရေးရာ ကော်မတီ ဥက္ကဌ John McCain က တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ တခြားသီးသန့် တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောဆိုလိုက်ပါတယ်။

အခုနှစ်စောစောပိုင်း Texas တက္ကသိုလ်မှာ အမှာစကားပြောကြားစဉ် Tillerson က သူဟာ သမ္မတ Putin နဲ့ သိကျွမ်းခင်မင်ခဲ့တာ ၁၅ နှစ်ကျော် ရှိခဲ့ပြီး၊ သူတို့ ၂ ဦးကြားမှာ အလွန်နီးစပ်တဲ့ ဆက်နွယ်ပတ်သက်မှုရှိကြောင်း ပြောကြားခဲ့ဘူးပါတယ်။

အမေရိကန်ပြည်ထောင်စုက ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုကို ဆန့်ကျင်ပြီး ExxonMobil ရေနံကုမ္ပဏီ ကို ရုရှားကုမ္ပဏီနဲ့ ရေနံရှာဖွေတူးဖေါ် ထုတ်လုပ်ရေး ညှိနှိုင်းဖို့ လမ်းညွှန်မှုပေးခဲ့တဲ့ အတွက် Tillerson ကို Mr. Putin က ၂၀၁၃ ခုနှစ်မှာ ရုရှားရဲ့ မိတ်ဆွေကောင်းအဖြစ် ဆုချီးမြှင့်ခဲ့ဖူးပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဒီဇင်ဘာ ၁၃ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ရောက်ရှိလှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းအား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ၂ ရက်ကြာ ဝိုင်းရံပိတ်ဆို့ထားသောကြောင့် တပ်မတော်မှ စစ်ရဟတ် ယာဉ်ဖြင့် ပစ်ကူတိုက်ခိုက်ရသည်ဟု ဒေသခံများ က ပြောသည်။

ဒီဇင်ဘာ ၁၂ ရက် ၁၁ နာရီအချိန် တွင် တိုက်ပွဲ စတင်ကြောင်း၊ မွန်းလွဲ ၂ နာရီအချိန် စစ်ရဟတ်ယာဉ် နှစ်စီးရောက်ရှိလာကာ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်ကြောင်း၊ တိုက်ပွဲမှာ နမ္မတူမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မိုင်းတတ်ကျေးရွာ နှင့် ပန်ဝါကျေးရွာကြား ဖြစ်ပွားကြောင်း၊ တိုက်ပွဲ ကြောင့် ဒေသခံများ မိုင်းတတ်ရွာမသို့လည်းကောင်း၊ နမ္မတူ မိုင်းယင် သို့လည်းကောင်း လားရှိုးမြို့သို့ လည်းကောင်းတိမ်းရှောင်ရကြောင်း ဒေသခံ များ က ပြောသည်။

“အစိုးရတပ် စစ်ကြောင်းက ၁၀ ရက်နေ့လောက်ကတည်း အဲ့ဒီ့ဘက်ရောက် တာ။ ပလောင်တပ်ဖွဲ့က လူခွဲပြီး ဝိုင်းပိတ်ထားတာတဲ့။ အဲဒါ ပိတ်မိနေလို့ ထိုးဖေါက်နိုင်ဖို့ တပ်မတော် က လေယာဉ်နဲ့ လာကူ ပစ်တာ ည အထိ ဘဲ သေနတ်သံထွက်တယ်လို့ ပြောတာဘဲ။ ရွာနားကို အပြိုင်ကပ်လာ ရင်တော့ အ သက်လုထွက်ပြေးရတာဘဲ ” - ဟု သိန္နီမြို့ရောက် စစ်ဘေးရှောင် ဒေါ်ခေါင်ကြာ က ပြောသည်။

“ပန်ဝါ ကချင်ကျေးရွာပါ။ မနေ့က ရွာသားတွေလဲ ပိတ်မိတယ်။ ပန်ဝါမှ အိမ်ခြေ သုံးဆယ်လောက် ရှိမယ်။ ဒီမနက်အထိ သူတို့ကို ထုတ်ယူဖို့ လူလွတ်နေတုန်း။ မနေ့က အယောက် သုံးဆယ်လောက် မိုင်းတတ်ကိုရောက် လာတယ်။ တချို့လဲ သိန္နီ၊ တချို့လဲ တောထဲမှာပုန်းနေတုန်း” - ဒေသခံ အကြီးအကဲ တဦးက ပြောသည်။


ထို့အတူ တအာင်းပလောင်တပ် သတင်း နှင့် ပြန်ကြားရေး ဌာနက - ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တအာင်း တပ် နှင့် အစိုးရ တပ်တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားေ ကြာင်း၊ နမ္မတူမြို့နယ် မိုင်းတတ်ကျေးရွာ နှင့် ပန်ဝါကျေးရွာ ကြား တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်က မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှ စ၍ မိနစ် ၂၀ ကျော်ကြာ လာရောက်ပစ်ခတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ မိုင်းတတ်မှာ လူ ၁၁ ယောက်ဖမ်းသွားတယ်။ ၁၀ ရောက်လွတ်လာတယ်။ အခု တယောက်ကျန်သေး တယ်။ သေလားရှင်လားမသိဘူး။ တအာင်း ပလောင် တပ်က ဖမ်းသွားတာ။ ဒါ့အပြင် တရုတ်ကျောင်း ဆရာ ကိုတော့ သူပုန်ထောက်ပံ့တယ် ဆိုပြီး တပ်မတော် စစ်ကြောင်းက ဖမ်းဆီးရိုက်နှက် တယ်။ နောင် မောင်လောဝ်ဆိုင်း ဆိုတဲ့သူ ဆိုင်ကယ်စီးလာတာ တားမရပ်လို့ ဆိုပြီး လားရှိုး - နမ္မတူကြား တာ့ဆိုင်း ကျေးရွာမှာ ပစ်သတ်ခံရတယ်။ ခမရ ၅၀၂ နဲ့ ခလရ ၄၁ ပူးပေါင်း လှုပ်ရှားတာ အဲဒီမှာ ” - ဟု လူငယ် စိုင်းအောင်ခမ်း က ပြောသည်။

အစိုးရတပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ် တပ်တို့ကြား ဖြစ်ပွားသော စစ်ရေးပြဿနာကြောင့် တပ်နှစ်ခုလုံးမှ ဒေသခံများအား ဖမ်းစီးရိုက်နှက် မှုပြုလုပ်သောကြောင့် ဒေသခံများ အသက်ဘေး နှင့် ရင်ဆိုင်နေရကာ ဘ၀ လုံခြုံမှု ကင်းမဲ့နေကြောင်း ဒေသခံ အကြီးအကဲ ဦးယောန က ပြောသည်။

အစိုးရ စစ်ကြောင်းအား ဖြတ်တောက်ရန်လည်း နမ္မတူ - မိုင်းတတ်ကြား မိုင်းဆင်တံတား အား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ နိုဝင်ဘာလ နှောင်းပိုင်းက မီးရှို့ဖျက်ဆီးခဲ့သည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese


မန္တလေး၊ ဒီဇင်ဘာ ၁၂။

နိုင်ငံသားစီစစ်ရေးကဒ်အား စမတ်ကဒ်ဖြင့် ထုတ်ပေးရန် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဗထူးကွင်းအားကစားရုံတွင် စမ်းသပ်ဆောင်ရွက်ခဲ့သည် ။

ယင်းသို့စမ်းသပ်ဆောင်ရွက်ရာတွင် ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက်နေ ပြည်သူများအား စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၄၅၀၀ ခန့်ရှိကြောင်း သိရသည်။


"ခုလုပ်ပေးနေတာကို အဆင်ပြေမှု ရှိ မရှိ ၊ မြန်ဆန်မှု ရှိ မရှိ စမ်းသပ်ဆောင်ရွက်တာပါ။ အဆင်မပြေရင် စမတ်ကဒ်အဖြစ် လုပ်ဆောင်ပေးဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ လုပ်ဖြစ်လာရင်တော့ ခုလုပ်ပေးပြီးသားလူတွေ ထပ်လုပ်စရာ မလိုတော့တာပေါ့။ အစိုးရကလည်း e - gorverment အဖြစ်လုပ်နေတာရယ်။ လွှတ်တော်မှာ တင်ပြတဲ့ဟာတွေရယ်ကြောင့် စမ်းသပ်ဆောင်ရွက်တာပါ" ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးတင်ချယ်က ပြောသည်။


ယင်းသို့ နိုင်ငံသားစီစစ်ရေးကဒ်အား စမတ်ကဒ်ဖြင့် ထုတ်ပေးရန်ဆောင်ရွက်ရာတွင် ကိုယ်ရေးအချက်အလက် တောင်းယူခြင်း ၊ လက်ဗွေစကမ် ဖတ်ခြင်း ၊ မျက်စိစကမ် ဖတ်ခြင်းများ နှင့် ဓာတ်ပုံရိုက်ခြင်းတို့ကို အဆင့်ဆင့်ပြုလုပ်ရခြင်းဖြစ်သည် ။

"ဒီလိုဆောင်ရွက်ပေးတာ ကောင်းတဲ့အနေအထားပါ ။ ကိုယ်ရေးအချက်အလက်တွေကို တောင်းယူတာဖြစ်တဲ့ အတွက် ပိုမိုလုံခြုံတယ်ထင်တယ်။ အဆင့်မြင့်လာတဲ့ အနေအထားဖြစ်တယ်"ဟု ပတ်ကုန်းဝန်းကျင်ရပ်ကွက် မှ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းက ပြောသည်။

ယင်းသို့ဆောင်ရွက်ပေးမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စတင်၍ စမ်းသပ် လုပ်ဆောင်ပေးပြီးဖြစ်ကြောင်းသိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/


ဒီဇင်ဘာ ၁၂ ရက် ည ၁၂ နာရီခွဲတွင် မောင်တောမြို့နယ် နယ်မြေ ၅ စံပယ်ကုန်းကျေးရွာနေ ဖွေရာဇူလ်၏ နေအိမ် မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှ စတင်၍အနီးရှိ နူရ်ဟူဆောင်း နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ ရွာသားများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းသတ် နိုင်ခဲ့သော်လည်း အလျား ၂၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၈ ပေခန့်ရှိ သက်ကယ်မိုး၊ ၀ါးထရံကာ မြေစိုက် နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် တန်ဖိုးငွေကျပ် သုံးသောင်းခန့် ဆုံးရှုံးခဲ့ရပြီး ဖွေရာဇူလ်အား မီးပေါ့ဆမှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/


ဒါဘန် ဒီဇင်ဘာ ၁၃

တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့တွင် သေဆုံးသည်ဟု သတ်မှတ် ထားသူတစ်ဦး ရေခဲတိုက်တွင် အသက်ပြန်ရှင်လာခြင်းကြောင့် သေဆုံး ကြောင်း အတည်ပြုခဲ့သည့် ဆရာဝန်များကို အရေးယူဖွယ်ရှိနေကြောင်း အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြသည်။

မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိလာသည့် အမ်ခီဇီဆိုသည့် အမျိုးသားတစ်ဦးကို ကုသမှုများ ပြုလုပ်ပေးပြီးနောက် အသက်ရှူခြင်းမရှိတော့၍ တာဝန်ကျဆရာဝန်များ က ရေခဲတိုက်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 သို့သော် ၄င်း၏မိသားစုဝင် များအား အမ်ခီဇီ ဟုတ်မဟုတ်ဆိုသည်ကို အတည်ပြုပေးရန် ရေခဲတိုက် သို့ခေါ်ဆောင်၍ပြသရာတွင် အသက်ရှူနေကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမ်ခီဇီအသက်ရှင်ကြောင်း တွေ့ရှိခဲ့ပြီးနောက်တွင် အရေးပေါ်ကုသမှု များပြုလုပ်ပေးကာ အထူးစောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိသည်ဟု ဒါဘန်မြို့တော်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရေခဲတိုက်အတွင်း၌ ထားရှိချိန်ကြာမြင့်ခဲ့မည်ဆိုပါက အမှန်တကယ် အသက်သေဆုံးနိုင်သောကြောင့် အမ်ခီဇီကို စစ်ဆေးခဲ့သည့်ဆရာဝန်များ အား အရေးယူဖွယ်ရှိနေခြင်းဖြစ်သည်ဟု သိရသည်။

NG(Ref;Independent)
The Union Daily
https://www.facebook.com/uniondaily.net/

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.