12/18/16


ဂျပန်အခြေစိုက် Mizuho ဘဏ် အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်ကျမည့် ဂျပန်ကုမ္ပဏီများကို အထောက်အကူ ပေးနိုင်ရန်အတွက် အကြီးမားဆုံး စီပွားရေး လုပ်ငန်းများ စုစည်းထားသည့် အဖွဲ့ကို ဖွဲ့စည်းထားသည်။ အဆိုပါ အဖွဲ့အစည်းတွင် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး၊ စွမ်းအင်နှင့် စိုက်ပျိုးရေး ကဏ္ဍများ ဦးစားပေး လုပ်ကိုင်နေသည့် လုပ်ငန်းနယ်ပယ် ကျယ်ပြန့်သည့် မက်စ်မြန်မာကုမ္ပဏီလည်း ပါဝင်သည်။

Mizuho ငွေကြေးဆိုင်ရာ အဖွဲ့အစည်းအနေဖြင့် မက်စ်မြန်မာ ကုမ္ပဏီနှင့် စီးပွားရေးဆိုင်ရာ မဟာမိတ်အဖြစ် လုပ်ကိုင်ရန် ကနဦး သဘောတူညီချက် ယူထားသည်။ ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားမှု ရှိသည့်အတွက် Mizuho ဘဏ်အနေဖြင့် ၄င်းတို့အား စီးပွားရေးလုပ်ငန်း အပေါင်းအစုမှ ရရှိလာသည့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ပေးသွားမည်။

အောက်တိုဘာလ အတွင်း အမေရိကန်မှ မြန်မာနိုင်ငံကို စီးပွာရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဖယ်ရှားခဲ့သည်။ Mizuho အနေဖြင့် ဂျပန်နှင့် မြန်မာနိုင်ငံ အကြား ရင်းနှီးမြုပ်နှံမှု တိုးမြှင့်နိုင်ရန် မျှော်မှန်းထားကြောင်း ဆိုသည်။ Mizuho ဘဏ်ကို ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဂျပန်စီးပွားရေး လုပ်ငန်းများ ချိတ်ဆက်နိုင်ရန် အတွက် ဧရာဝတီဘဏ်နှင့် မက်စ်မြန်မာကုမ္ပဏီတို့ဖြင့် စီးပွားရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိကြောင်း သိရသည်။

စိုင်းဟန်

The Ladies News


ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်သားတချို့ကို တွေ့ရစဉ်
ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်သားတချို့ကို တွေ့ရစဉ်
Photo: RFA
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ လိုင်ဖောင်စခန်းမှာ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စခန်း အနီးတ၀ိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။

ဒုက္ခသည်စခန်းတွေအနားကို လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲနေတဲ့အတွက် ဒုက္ခသည်တွေက စိုးရိမ်နေကြပြီး တရုတ်နိုင်ငံဘက်ကိုလည်း ထွက်ပြေးခိုလှုံလို့ မရဘူးလို့ ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။

"စခန်းအနားမှာတင် လက်နက်ကြီးတွေ ကျနေတော့ IDP တွေက စိုးရွံ့နေကြတယ်။ တကယ်လို့ အဲဒီဘက်မှာ ထိုးစစ်က အပြင်းအထန် ပြန်လာမယ် ဆိုရင် ပြေးစရာတော့ မရှိဘူးပေါ့တခြား။ တရုတ်ပြည်ဘက်ကိုလည်း ပြေးလို့ မရတော့ဘူး။ တရုတ်က မုံးကိုးဘက်ကလိုတော့ ဖြစ်မယ်လို့ မထင်ဘူး။ မုံးကိုဘက်ကတော့ တရုတ်က လက်ခံတယ်။ အခုတော့ လက်မခံတော့ဘူး။ အဲဒီလိုမျိုးအခြေအနေမှာရှိတော့ မုံးကိုးဘက်ကနဲ့တော့ ကွာမယ်ထင်တယ်။"

ကေအိုင်အေ တပ်ရင်း ၃ နယ်မြေ စခန်းဖြစ်တဲ့ လိုင်ဖောင် စခန်းအနီးက ဒုက္ခသည်စခန်း ၄ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည် သုံးသောင်းလောက် ရှိတယ်လို့ သိရပါတယ်။

မနေ့ကလည်း KIA အခြေစိုက် ဂီဒွန်စခန်းကို အစိုးရ တပ်မတော်က လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးမျိုးစုံတို့နဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လည်း တပ်မတော်ပိုင် မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာပြည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်သလို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

မြ၀တီရဲ့ သတင်းထုတ်ပြန်ချက်အရ ကေအိုင်အေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ တပ်မတော် နဲ့ အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀နေ့ကစပြီး တပ်မတော်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပါရှိပါတယ်။

KIA ဟာပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူခဲ့ပေမယ့် ၂၀၁၁ခုနှစ် မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။
RFA

 အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ် အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Ye Min/ AAC
ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့က PCG Group တိရိစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တဲ့ ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ် သမားတွေက တရားစွဲဆိုထားတယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC က ပြောပါတယ်။

အလုပ်ရှင်နဲ့ မြန်မာအလုပ်သမားတွေအကြား ထိုင်းအစိုးရဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ကြားဝင်ညှိနှိုင်းပေမယ့် အဆင်မပြေတဲ့အတွက် တရားစွဲဆိုတာဖြစ်တယ်လို့ AAC အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

" ထိုင်းနိုင်ငံမှာ နောက်ထပ်အဖွဲ့တစ်ခုပေါ်လာတယ်၊ ထိုင်းအစိုးရဖွဲ့ထားတာပဲ။ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနဆိုပြီး အဲ့ဌာနက ကြားဝင်စေ့ စပ်ပေးတော့ အလုပ်သမားတွေကို လက်ခံပေးမယ် ဆိုပြီးတော့ အလုပ်သမားတွေက တကယ်လည်းအလုပ်ဆင်းရော အကုန်လုံးဒီလူတွေ ကို ပြန်မောင်းထုတ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က နောက်ထပ်တစ်ဆင့် ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနနဲ့ ပူးပေါင်းပြီး တရားစွဲတာဖြစ်တယ်။"

အဲ့ဒီစက်ရုံဟာ ခွေး၊ ကြောင် စတဲ့ တိရိစ္ဆာန်အစားအစာတွေကို ထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး လက်ရှိ မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်လုပ်နေတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေကို စာချုပ်သက်တမ်းကုန်ပြီဆိုပြီး ဒီလဆန်းလောက်က အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက စက်ရုံမှာ အလုပ်ပြန်ခန့်ပေးဖို့ နဲ့ မခန့်ပေးနိုင်ရင် လျော်ကြေး နဲ့ နစ်နာကြေးတွေ ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေကြောင်းအရ တရားရင်ဆိုင်ချိန်ဟာ ၆ လလောက်အထိ ကြာမြင့်နိုင်တယ်လို့လည်း ကိုရဲမင်း က ပြောပါတယ်။
RFA


၁၈-၁၂-၂၀၁၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တက္ကသိုလ်ကျောင်းသူ(နောင့်ဝမ်) ကြော်ငြာမော်ဒယ်ကို မသေယုံတမယ် ရိုက်နှက် မုဒိန်းကျင့်ဘို့  ကြိုးစားခဲ့တဲ့ တရားခံ ထိုင်းနိုင်ငံသား ၀စ်ချကော် အသက် (၂၄)နှစ်ကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တရားခံက စိတ်ဆိုးပြီး ရိုက်ခဲ့တာပါ မုဒိန်းကျင့်ဘို့ စိတ်မကူးခဲ့ပါဘူး လို့  ပြောကြားတာကို သည်းမခံနိုင် စိတ်မထိမ်းနိုင်ဖြစ်ပြီး ရဲတွေရှေ့ မှာ တင် တရားခံကို ပါးရိုက်ခဲ့လို့  အရာရှိတွေ က ၀ိုင်းတားခဲ့ ရပါ တယ်။


တရားခံဟာ သူငယ်ချင်းဖြစ်ပြီး စားသောက်ဆိုင်ထိုင်ကြရင်း အိမ် အပြန်ကို ဆိုင်ကယ်နဲ့  လိုက်ပို့ စဉ်မှာ အိမ်တစ်အိမ်အတွင်းဆီကို အတင်းခေါ်ဆောင်ပြီး မုဒိန်းကျင့်ဘို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

မိန်းခလေးကလက်မခံဘဲ ပြန်လည်ခုခံခဲ့တာကြောင့်အကြိမ်ပေါင်းများစွာ ထိုးကြိတ် ရိုက်နှက်ခံရပြီး နောက်ဆုံး တိုက်ပြူတွင်းပေါက် ကနေ ခုန်ချ ထွက်ပြေး ခဲ့ရပါတယ်။ ဒဏ်ရာတွေနဲ့  ဆေးရုံမှာ တက်ကုသနေစဉ်ကာလမှာ ခုလို မသေယုံတမယ်အရိုက်ခံခဲ့ရတာကို ရဲတွေက တရားခံဖမ်းမပေးခဲ့လို့  ဆိုရှယ်မီဒီယာတွေကနေ သတင်းထုတ်ပြန် ဖိအားပေးခဲ့ရပါတယ်။

တရားခံဟာ အမျိုးသမီးတွေကို ရိုက်နှက်တဲ့ အမှုဟောင်းတွေလည်းရှိနေပြီး အာမခံနဲ့  တရားရင်ဆိုင်နေရ သူဖြစ်ကြောင်းသိရပါတယ်၊။

dailynewsonlinefan
Social Action for Women - SAW



ကချင် စစ်ပြေးဒုက္ခသည်များ
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လိုင်ဇာစစ်ဌာနချုပ်အနီးက KIA တပ်စခန်းတွေကို ပစ်မှတ်ထားပြီး အစိုးရစစ်တပ်ဘက်က စခန်းသိမ်းတိုက်ပွဲတွေနဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်နေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ဟာ အတော်လေးကို စိုးရိမ်စရာအနေအထားဖြစ်လာနေတယ်လို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ အခုလိုစစ်ရေးတင်းမာလာနေတဲ့အခြေအနေဟာ အစိုးရသစ်ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် များစွာထိခိုက်မှုတွေရှိတဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေး ရနိုင်ရေး ပြည်တွင်းစစ်မီးငြိမ်းအောင် လုပ်နိုင်ပါ့မလားဆိုတဲ့ ဒေသခံတွေဘက်က စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။

ဒီကနေ့ ကချင်ပြည်နယ်တွင်း စစ်ရေးအခြေအနေတွေ၊ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ လုံခြုံရေး အနေအထားနဲ့ပတ်သက်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ထောက်ပံ့ကူညီပေးနိုင်ရေး ဒေသအခြေစိုက်လူမှုအဖွဲ့အစည်း (၉)ဖွဲ့ စုစည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ရဲ့ အတွင်းရေးမှူး U Gum Sha Awng ကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စဖြေပါတယ်။

ဖြေ။ ။တမနက်လုံး ဗုံးသံကြားတော့ IDP တွေတော်တော်လေး ထိတ်လန့်တဲ့ကိစ္စပေါ့။ ဒီနေ့မနက် ၄ နာရီ ၀န်းကျင်မှာ လိုင်ဇာနားမှာရှိတဲ့ IDP စခန်းမှာ သိပ်မဝေးဘူးအဲဒီနားမှာပဲ ဗုံးဆန် ကျတော့ မနက်ကတည်းကနေ IDP တွေတော်တော်လေး စိုးရိမ်ထိတ်လန့်ပြီး သူတို့က အခုနေရာပြောင်းရွေ့ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ အထူးသဖြင့်တော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်း တပ်စခန်းတချို့ပါ ပြန်ပြီးတော့ ဆုတ်ရတဲ့အနေအထားရှိတော့ အနီးအနားဝန်းကျင်မှာရှိတဲ့ IPD camp ပေါ့နော် အထူးသဖြင့် အဲဒီမှာ camp ၂ ခုရှိတာဖြစ်ပါတယ် မဂါယန်ရယ် ၂ ခုရှိတော့ အဲဒီအနီးအနားမှာရှိတဲ့ IPD တွေအတွက်လည်း တော်တော်များများ ထိန့်လန့်နေကြတယ်။ အခုတချို့ဆိုရင် ပစ္စည်းတွေထုတ်ပြီးတော့ ပြေးရမလား ဆိုတဲ့အနေအထားမျိုးရှိနေတယ်။ ဖြစ်ချင်တော့ အဲဒီ IDP စခန်းတွေအားလုံးက တရုတ်ပြည်နယ်စပ်မှာ ဖြစ်နေတော့ သူတို့အတွက် နောက်ဆုံးပြေးဖို့က တရုတ်ပြည်ပဲ ကျန်တာပေါ့နော် ဒါပေမယ့် အဲဒါကလည်း သူတို့အတွက် မသေချာ ဘူးပေါ့နော်။

မေး။ ။ဒီတိုက်ပွဲတွေဖြစ်နေတဲ့ ဒေသ၀န်းကျင်မှာ လုံခြုံရေးအနေအထားကရော ဘယ်လိုများရှိပါသလဲရှင့်။

ဖြေ။ ။လုံခြုံရေးအနေနဲ့ ဆိုရင်တော့ ပြည်သူလူထုအတွက်ကတော့ ဘယ်လိုမှ လုံခြုံတယ်လို့ ပြောလို့မရပါဘူး။ အဲဒီအ၀န်းအ၀ိုင်းမှာတော့ လုံခြံရေးအတွက်ဆိုရင် တော်တော်လေးစိုးရိမ်ရတဲ့ အနေအထားရှိနေပါတယ်။ အခုစစ်ဖြစ်ခဲ့တဲ့ တလျှောက်မှာရှိတဲ့ IDP စခန်းက သူတို့အတွက် သွားဖို့လာဖို့ကတော်တော်လေး ဘေးကျပ်နံကျပ်အနေအထားမှာရှိနေတယ်။ အထူးသဖြင့် အဲဒီဒေသမှာ ကျနော့်အနေနဲ့ စိုးရိမ်တာက ရေရှည်ဖြစ်မယ်ဆိုရင် အဲဒီဒေသကို အကူအညီပေးဖို့ပေါ့နော် ရိက္ခာတို့ ဘာတို့ အကူအညီပေးဖို့ရန် တော်တော်လေးခက်ခဲလာမယ့်အနေအထားရှိတာဖြစ်ပါတယ်။

မေး။ ။အဲဒီမှာ ဒုက္ခသည်ပြည်သူတွေအပါအ၀င် သူတို့အတွက် စားနပ်ရိက္ခာနေဖို့ သူတို့အတွက် အဓိက ဘာများအခက်အခဲရှိပါသလဲရှင့်။

ဖြေ။ ။နံပတ်၁ ကတော့ ဘေးကင်းလုံခြုံဖို့ပေါ့နော်၊ အခုလိုဖြစ်တော့ သူတို့ ကြောက်လန့်နေကြတယ်။ သူတို့အတွက် ဘယ်ပြေးလို့၊ ဘယ်သွားရမလဲ မသိတဲ့အနေအထားမျိုးဆိုတော့ စစ်ဘေးဒုက္ခသည်တွေနဲ့ အရပ်သားတွေနဲ့ နံပတ် ၁ အရေးကြီးဆုံးကတော့ အခုအချိန်မှာ သူတို့ ဘေးကင်းလုံခြုံဖို့က အရမ်းအရေးကြီးနေတယ်။ နံပတ် ၂ ကျတော့ အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ နဲ့ တခြားလိုအပ်တဲ့ကိစ္စပေါ့နော် ၊ အခုက ဆောင်းတွင်းလည်းဖြစ်တယ်၊ အခုနေတဲ့နေရာကနေ ပြေးရမယ်ဆိုရင် ဒီအနေအထားမျိုးမှာ တော်တော်လေးကို ဆိုးဝါး တဲ့အနေအထားမျိုးဖြစ်သွားနိုင်တာပေါ့။ အခုရှိတဲ့ IDP စခန်းတွေတောင်မှ လုံခြုံတဲ့ဟာ မဟုတ်ဘူးပေါ့နော်။ အမိုးအကာကအစ ကာလကြာနေတော့ တော်တော်လေးပျက်စီးနေတဲ့အနေအထားမျိုးမှာ ဒီလိုအနေအထားကနေ ပြန်ပြီးမှ ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုရင်တော့ ဒီလိုကာလမျိုးမှာတော့ တော်တော်လေးဆိုးဆိုးဝါးဝါးဖြစ်လာနိုင်မယ့်အနေအထားမျိုးရှိတာဖြစ်ပါတယ်။

မေး။ ။ U Gum Sha Awng တို့အနေအနဲ့ပေါ့နော် ကချင်ပြည်နယ်အစိုးရကိုရော ပြည်ထောင်စု အစိုးရကိုရော ဘာများတောင်းဆိုချင်တာရှိပါသလဲရှင့်။ ဘာများသူတို့အနေနဲ့ အရေးတကြီးလိုအပ်တာလုပ်ပေးဖို့ ရှိပါသလဲရှင့် ။

ဖြေ။ ။အထူးသဖြင့်တော့ လက်ရှိဖြစ်တဲ့ ကိစ္စတွေက တိုက်ပွဲနဲ့ ဆက်စပ်ပြီးတော့ ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့တော့ အခုဖြစ်နေတဲ့ တိုက်ပွဲအမြန်ဆုံး ရပ်တန့်ဖို့က ပြည်သူလူထုအတွက် အရမ်းအေ၇းကြီးတယ်လို့ မြင်ပါတယ်။ တိုက်ပွဲတွေ ဒါတွေ အမြန်ရပ်တန့်ဖို့လိုတာ ဖြစ်ပါတယ်။ နံပတ် ၂ ကျတော့ လူသားချင်းဆိုင်ရာ ထောက်ထားတဲ့ အကူအညီတွေကို မြန်မြန်ပေးနိုင်ဖို့ရန်အတွက် ကူညီပေးဖို့ ထောက်ပံ့ပေးဖို့ လိုမှာဖြစ်ပါတယ်။

မေး။ ။အခုက အရပ်သားအစိုးရသစ်လက်ထက်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တည်ဆောက်ဖို့ဆိုပြီး ကြိုးစားနေပါတယ်။ တချိန်တည်းမှာလည်း ဒီလိုမျိုး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ အနေအထားမှာ U Gum Sha Awng တို့လို စစ်ပြေးဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုများရှု့မြင်သုံးသပ်မိပါသလဲ၊ အခုသွားမယ့် ငြိမ်းချမ်းရေးခရီးစဉ် အပေါ်မှာပေါ့နော်။

ဖြေ။ ။မနှစ်တုန်းက ဒီလိုမျိုးအချိန်မျိုးမှာ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးခရီးစဉ်အပေါ်မှာ တော်တော်လေး မျှော်လင့်မိတာပေါ့နော်။ အထူးသဖြင့်အစိုးရသစ်တက်လာတဲ့အချိန်မှာ ဒီငြိမ်းချမ်းရေး ပိုပြီးတော့မှ ခရီးတွင်မယ်ဆိုပြီးတော့မှ မျှော်လင့်တယ် ၊ ကျနော်တို့အပြင် IDP တွေကလည်း မျှော်လင့်တာ သိပ်မကြာမီအချိန်မှာ သူတို့မျှော်လင့်သလို ကိုယ့်အ၇ပ်ကိုယ့်ရွာကိုပြန်နိုင်မယ်ဆိုပြီးမှ တော်တော်လေး အဲဒီအပေါ်မှာ မျှော်လင့်တယ်။ အခုက နောက်ဆက်တွဲ တိုက်ပွဲတွေပြင်းထန်လာတယ် ၊နဂို ထက်ဆိုးလာတဲ့အနေအထားရှိတော့ IDP တွေအတွက်လည်း အခုအချိန်မှာ သူတို့မျှော်လင့်ချက်က ရေစုန်မျှောသလို ဖြစ်သွားတာပေါ့နော် ။ ကြောက်လန့်တကြားနဲ့ ထွက်ပြေးတိမ်းရှောင်ရမယ့်အနေအထားဖြစ်တော့ အခုဒီကိစ္စတွေကို အမြန်ဆုံးပေါ့နော် ပြည်သူလူထုအရေး၊ စစ်ဘေးဒုက္ခသည်တွေရဲ့အရေးကို အမြန်အလေးထားပြီး အားလုံးပြန်ပြီးတော့မှ ၀ိုင်းဝန်းလုပ်ဆောင်ဖို့လိုတယ်ဆိုပြီး ကျနော့်အနေနဲ့ တောင်းဆိုချင်တာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ဆရာ U Gum Sha Awng အခုလိုဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဒါကတော့ ကချင်ပြည်နယ်တွင်း စစ်ရေးအခြေအနေတွေ၊ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ လုံခြုံရေး အနေအထားနဲ့ပတ်သက်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ထောက်ပံ့ကူညီပေးနိုင်ရေး ဒေသအခြေစိုက် လူမှုအဖွဲ့အစည်း (၉)ဖွဲ့ စုစည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ ( Joint Strategy Team) ရဲ့ အတွင်းရေးမှူး U Gum Sha Awng ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

 မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


၁၈-၁၂-၂၀၁၆

ထိုင်းနိုင်ငံ Ratchaburi ပြည်နယ်က သင်္ချိုင်းတစ်ခု အတွင်းမှာ "ရက် ၁၀၀ အလောင်းကောင် " ရုပ်ရှင်ဇတ်ဝင်ခန်း လာရောက်ရိုက်ကူးနေကြတဲ့ သရဲသရုပ်ဆောင် မင်းသမီး ဟိုက်ဆို နဲ့  အဖွဲ့ ဝင်တွေရဲ့ ကား ငါးစီးဟာ ရုတ်တ ရက် သတိပေးသံတွေ ဆက်တိုက်မြည်လာတာကြောင့် ရူတင်ရိုက်နေတာ ကိုရပ်ပြီးအချိန်အတန်ကြာ ဖြစ်တဲ့နေရာ ကို သွားမကြည့်ရဲခဲ့ကြဘူးလို့  New TV 18အနုပညာ သတင်းစာမျက်နှာမှာဖေါ်ပြထားပါတယ်။

ည၁၂ နာရီ လူခြေတိတ်နေတဲ့ အချိန်ဖြစ်ပြီး အမှောင်ထဲမှာ ကားတွေရပ်ထားခဲ့တာပါ၊ အဆိုပါနေရာဟာ လူတွေဖြတ်သွားရင် သရဲတွေ လိုက်နှောက် ရှက်တာ၊ ၀င်ပူးကပ်တာ မျိုးတွေ ဖြစ်ပွားနေတဲ့ နာ မည်ကြီး သင်္ချိုင်းဖြစ်ပါတယ်။

နောက်ပိုင်း သွားရောက်ကြည့်ကြတဲ့အခါမှာ ကားတံခါးတွေကို ထုရိုက်ဖွင့်ထား တာတွေ့ ရ ပါတယ်။

သူခိုးအချက်ပေးသံတွေမြည်လာပေမယ့် ပိုင်ရှင်တွေရောက်မလာ တော့ ဖေါက်ထွင်းသူခိုး တွေဟာ ကားငါးစီးကိုဆက် တိုက်ဖေါက်ထွင်းသွားပုံ ရပါတယ်။

Social Action for Women - SAW

 တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ဆန္ဒပြနေသည်ကို တွေ့ရစဉ် တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ဆန္ဒပြနေသည်ကို တွေ့ရစဉ်
Photo: ထီးချိုင့် ဒေါ်အာကျယ်/ Facebook
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အ၀ ရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

လုပ်ခလစာတွေ တိုးပေးခြင်းမရှိတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတဲ့ အတွက် ဆန္ဒပြတာ ဖြစ်တယ်လို့ တကောင်းနီကယ် စက်ရုံမှာ လုပ်သက် ၃ နှစ်ရှိပြီး ဒီနေ့ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကိုတင်မျိုးထွန်း က ပြောပါတယ်။

" ကျွန်တော်တို့ဒီမှာ လုပ်ခလစာနည်းပါးတယ်၊ အဲအတွက် လုပ်ခလစာတိုးမြှင့်ရရှိလိုမှုရယ်၊ အလုပ် သမားအခွင့်အရေး ဆုံးရှုံးနေတယ် အဲ့အတွက် အလုပ်သမား အခွင့်အရေး အပြည့်အ၀ရရှိလိုမှုရယ်၊ အဲတာကို ဆန္ဒပြတာ၊ လုပ်ငန်းခွင်ကျွမ်းကျင်လို့ ကျွန်တော်တို့ ခေါင်းဆောင်တွေဖြစ်သွားတယ် သူက လစာကို မတိုးပေး ဘူးဗျ၊ ၂ သောင်း ၃ သောင်းခေါင်းဆောင်ကြေးဆိုပြီး အဲလိုထည့်ပေးလိုက်တယ်ဗျ"


တကောင်းနီကယ်စက်ရုံမှာ တရုတ်နိုင်ငံသား ၀န်ထမ်းတွေ နဲ့ မြန်မာ ၀န်ထမ်းတွေရှိပြီး ရရှိတဲ့ အခွင့်အရေးတွေ မတူညီဘူးလို့လည်း ပြောပါတယ်။

အဲဒီစက်ရုံမှာ အများဆုံးလုပ်သက် ၅ နှစ်ကနေ အနည်းဆုံးလုပ်သက် ၁ လအထိ ရှိတဲ့ မြန်မာ အလုပ်သမား ၁၆၀၀ လောက်ရှိပြီး ပညာအရည်အချင်းအလိုက် လစာပေးတာ မဟုတ်ဘဲ အန္တရာယ်ပို များတဲ့နေရာတွေမှာ လုပ်ကိုင်သူတွေကို လစာပိုပေးတာ ဖြစ်တယ်လို့လည်း ဆန္ဒပြအလုပ်သမားတွေ က ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲ ဦးဆောင်ဖို့ ခွင့်ပြုမိန့်တင်ခဲ့တဲ့ အလုပ်သမား ဦးထွန်းထွန်းဝင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က အလုပ်ကနေ ထုတ်ပယ်လိုက်တယ် လို့လည်း ကိုတင်မျိုးထွန်း က ပြောပါတယ်။

တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စတစ်ကာတွေ လက်ပတ်စိမ်းတွေ ပတ်ပြီး လုပ်ငန်းခွင်ဝင်ကြမှာ ဖြစ်သလို တောင်းဆိုမှုတွေမရမချင်း လက်ပတ်စိမ်းပတ်တဲ့လှုပ်ရှားမှုကို ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
RFA

တပ်မတော်ကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာကျင်းပနေစဉ် တပ်မတော်ကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာကျင်းပနေစဉ်
Photo: Kyaw Zaw Win/ RFA

တပ်မတော်ရဲ့ တိုက်ပွဲတွေ အောင်မြင်ဖို့နဲ့ တပ်မတော်ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားဝတ်စုံ ၀တ်ဆင်ထားသူတွေ စုစုပေါင်း တစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

လမ်းလျှောက်ချီတက်သူတွေဟာ ဗဟန်း ၃ လမ်းရှေ့ကနေ ဆူးလေ ဘုရားထိ လမ်းလျောက်ပြီး မြို့တော်ခန်းမရှေ့မှာ ဟောပြောပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဟောပြောပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က လက်ရှိအစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်အစိုးရတက်တက် ညှိနှိုင်းလို့ ရမယ့်အဖွဲ့တွေ မဟုတ်ကြောင်းနဲ့ လက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ တပ်မတော်ကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

ချီတက်သူတွေဟာ မြန်မာနိုင်ငံအလံ တပ်မတော် ကြည်း၊ ရေ၊ လေ အလံတွေ ကိုင်ဆောင်ပြီး ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ အမျိုးဘာသာ သာသနာကာကွယ်ရေး စတာတွေ ကြွေးကြော်ပြီး လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တပ်မတော်ကို ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြချီတက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဟောင်းတွေဖြစ်တဲ့ ဦးလှဆွေ နဲ့ ဒေါ်ခင်ဝိုင်းကြည်တို့ ပါဝင်ပြီး အမျိုးသားရေး လှုပ်ရှားဆောင်ရွက် နေတဲ့ ရဟန်းသံဃာတော်တွေ ပါဝင်ခဲ့ပါတယ်။

လမ်းလျှောက်ချီတက်သူတွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ဓာတ်ပုံ၊ မြန်မာနိုင်ငံတော်အလံ နဲ့ တပ်မတော် ကြည်း၊ ရေ၊ လေ အလံတွေ ကိုင်ဆောင်ပြီး ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ အမျိုးဘာသာ သာသနာကာကွယ်ရေး စတာတွေ ကြွေးကြော်ပြီး လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။
RFA


ဘန်ကောက်၊ ဒီဇင်ဘာ ၁၈ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ် အနီး လေဆိပ်ပြေးလမ်း ကမ်းခြေတစ်လျှောက် တွင် မြေပြင်ဆင်းသက် လေယာဉ်များ နှင့် အနီးကပ် selfie ရိုက်သူများသည် သေဒဏ်ချမှတ်ခြင်းအပါအဝင် ကြီးလေးသည့် ပြစ်ဒဏ်များ နှင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ထိုင်းပြည်တွင်းသတင်းဋ္ဌာနတစ်ခုက ဒီဇင်ဘာ ၁၆ရက်တွင်ဖော်ပြခဲ့သည်။

Thairath သတင်းစာ၏ဖော်ပြချက်အရ လူများသည် ဘေးကင်းလုံခြုံမှုအတွက် တားမြစ်နယ်မြေ မှအဝေးနေထိုင်ရန် လိုအပ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေအား ချိုးဖောက်ခဲ့ပါက ၁၉၇၈ခုနှစ် လေကြောင်းပျံသန်းရေးဥပဒေအရ ထောင်ဒဏ် ၅နှစ်မှ ၂၀နှစ် (သို့) တစ်သက်တစ်ကျွန်း (သို့) သေဒဏ်အထိပင်ချမှတ်နိုင်ကြောင်း သိရသည်။

ယင်းသတိပေးစနစ်အား ထိုင်း၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာဖြင့် ဖော်ပြပေးထားသည့်အပြင် တာဝန်ရှိသူများ နှင့် လုံခြုံရေး လုပ်အားပေးဝန်ထမ်းများကလည်း တားမြစ်ဧရိယာ မှ လူများအား အကြံပေးခြင်း နှင့် သတိပေးခြင်းတို့ကိုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

China Xinhua News



( ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် )Photo: Kan Thar/ RFA
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ လိုင်ဖောင်စခန်းမှာ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စခန်းအနီးတ၀ိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။

ဒုက္ခသည်စခန်းတွေအနားကို လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲနေတဲ့အတွက် ဒုက္ခသည်တွေက စိုးရိမ်နေကြပြီး တရုတ်နိုင်ငံဘက်ကိုလည်း ထွက်ပြေးခိုလှုံလို့ မရဘူးလို့ ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။

"စခန်းအနားမှာတင် လက်နက်ကြီးတွေ ကျနေတော့ IDP တွေက စိုးရွံ့နေကြတယ်။ တကယ်လို့ အဲဒီဘက်မှာ ထိုးစစ်က အပြင်းအထန် ပြန်လာမယ်ဆိုရင် ပြေးစရာတော့ မရှိဘူးပေါ့တခြား။ တရုတ်ပြည်ဘက်ကိုလည်း ပြေးလို့ မရတော့ဘူး။ တရုတ်က မုံးကိုးဘက်ကလိုတော့ ဖြစ်မယ်လို့ မထင်ဘူး။ မုံးကိုဘက်ကတော့ တရုတ်က လက်ခံတယ်။ အခုတော့ လက်မခံတော့ဘူး။ အဲဒီလိုမျိုးအခြေအနေမှာရှိတော့ မုံးကိုးဘက်ကနဲ့တော့ ကွာမယ်ထင်တယ်။"

ကေအိုင်အေ တပ်ရင်း ၃ နယ်မြေ စခန်းဖြစ်တဲ့ လိုင်ဖောင် စခန်းအနီးက ဒုက္ခသည်စခန်း ၄ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည် သုံးသောင်းလောက် ရှိတယ်လို့ သိရပါတယ်။

မနေ့ကလည်း KIA အခြေစိုက် ဂီဒွန်စခန်းကို အစိုးရ တပ်မတော်က လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးမျိုးစုံတို့နဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လည်း တပ်မတော်ပိုင် မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာပြည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်သလို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

မြ၀တီရဲ့ သတင်းထုတ်ပြန်ချက်အရ ကေအိုင်အေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ တပ်မတော် နဲ့ အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀နေ့ကစပြီး တပ်မတော်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပါရှိပါတယ်။

KIA ဟာပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူခဲ့ပေမယ့် ၂၀၁၁ခုနှစ် မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese


မစ္စ လိုင်လာ ဒလီမာက အခုလို ဆက်ပြီး ပြောနေဖို့ ဝန်မလေးပေမယ့် သူ့လုံခြုံရေးကို တိုးယူထားတယ်လို့ ပြော
ဖိလစ်ပိုင်သမ္မတ ဒူတားတေးကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချဖို့ ပြောဆိုခဲ့တဲ့ ဖိလစ်ပိုင် အမတ်တယောက်က သူ့အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလို ပြောဆိုခဲ့တဲ့ ယခင် တရားရေးဝန်ကြီးဟောင်း မစ္စ လိုင်လာ ဒလီမာက အခုလို ဆက်ပြီး ပြောနေဖို့ ဝန်မလေးပေမယ့် သမ္မတရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး မူဝါဒတွေကို စပြီး ဝေဖန်ကတည်းက သူ့လုံခြုံရေးကို တိုးယူထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်သမ္မတ ဒူတားတေးက ဒုစရိုက်သမား သုံးယောက်ကို ကိုယ်တိုင်သတ်ခဲ့ဖူးကြောင်း ပြောခဲ့အပြီးမှာ မစ္စ ဒလီမာက သမ္မတကို ဖြုတ်ချရေး စပြောခဲ့တာ ဖြစ်ပါတယ်။

မစ္စ ဒလီမာဟာ မစ္စတာ ဒူတားတေးရဲ့ မူးယစ်ဆေးမူဝါဒတွေကို ဆန့်ကျင်ပြောဆိုတဲ့ အမတ်အနည်းငယ်ထဲက တယောက်လည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


၁၆.၁၂.၂၀၁၆ နေ့ ည၈:၃၀ အချိန်ခန့် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု ငိုးပင်မှော်ရှိ ဝေအောင်ကမ္ဘာ မိသားစု လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူများအား အမည်မသိလက်နက်ကို (၂၀) ဦးခန့်မှ ရေမဆေးကျောက်ရှာဖွေသူများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆန်ခါကျေးရွာတွင်နေထိုင်သူ မောင်မြင့်မြတ်မိုး (၂၄) ရဲ့ပေါင်နှစ်ဘက်ထုတ်ချင်းပေါက် သေနတ်ဒဏ်ရာ ရရှိခဲ့ပါသည် ။ ဝေအောင်ကမ္ဘာလုပ်ထွက်ထဲမှာ ရေမဆေးဝင်ရောက်ရှာဖွေစဉ် အမည်မသိသူ (၁၀) ဦးခန့်က စိန်တူခဏ ပေးစမ်းကွာဟု ပြောပြီး စိန်တူတွေ လာပေးတဲ့အချိန်မှာ လက်တွေကို ရိုက်တယ်လို့သိရပါသည် ။ အဲဒီလိုရိုက်နက်မှုကြောင့်ရေမဆေးသမားတွေနဲ့ အမည်မသိလက်နက်ကိုင်သူတွေ စတင်ပဋိပက္ခဖြစ်ပွာစဉ် လက်ပစ်ဗုံးဖြင့် စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါသည် ။ ရေမဆေးကျောက်ရှာဖွေသူ(၃၀၀) ခန့် က အဆိုပါ အမည်မသိလက်နက်ကိုင်သူတွေကို ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးစားစဉ် သေနတ်ဖြင့်ပြန်လည် ပစ်ခတ်မှုကြောင့် မောင်အောင်မြင့်မြတ်မိုးရဲ့ ပေါင်နှစ်ဘက်လုံးကို ထိမှန်ခဲ့တယ်လို့ သိရပါသည် ။

သေနတ်ဖြင့် ပစ်ခတ်သူတွေကို ရေမဆေးသမားတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ကိုလနူး (၂၂)နှစ် မော်မောင်းကုန်း နေသူကို လက်လုပ်မိုင်းနှစ်ခုနဲ့အတူ ဖမ်းဆီးမီးခဲ့ပါသည် ။

ဖမ်းဆီးရမိသူ ကိုလနူးကို ရေမဆေးတွေက ယခုလိုမျိုး ဘယ်ကုမ္မဏီက ခိုင်းစေသလဲလို့ မေမြန်းရာ ရတနာရောင်ခြည် ကုမ္မဏီမှ ခိုင်းစေတယ်လို့ ဖြေခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၃၀၀) ခန့်က ရတနာရောင်ခြည် လုပ်ကွက်အတွင်းရှိ လုပ်ငန်းခွင်သုံးနေဆဲ မြင်းကောင်ရေ (၂၀၀၀)အား ရှိ KOMAT'SU အမျိုးစား ဘက်ဟိုး(၂) စီးအပါအဝင် ဘက်ဟိုး (၉) စီး နဲ့ မြေတူးစက် တစ်စီး ဖျက်ဆီးပစ်တာ ခံခဲ့ရတယ်လို့ ဆိုပါသည် ။

ရေမဆေးကျောက်ရှာဖွေသူ (၃၀၀) ခန့်က ဖမ်းဆီရမိသော ကိုလနူးအား ညဥ့် ၁း ၀၀ လောက်မှာ ရတနာရောင်ခြည် ကုမ္မဏီအဆောင်ရှိရာ သို့ ခေါ်ဆောင်သွားခဲ့ရာ အဆောင်မရောက်ခင် အမည်မသိ လက်နက်ကိုင်များက လမ်းခုလပ်မှာ နှစ်ဘက်ညှပ်ပြီး လက်ပစ်ဗုံးများ ၊သေနတ်များဖြင့် ခြုံခို တိုက်ခိုက်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ အောင်မိုးထွန်း လက်ဖျံထိမှန် ၊ သိန်းမင်း လက်ခေါက်ထိ ၊ခန့်ဝင်းကျော် ပေါင်တွင်ထိမှန် တို့ (၃) ဦး ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါသည် ။

အမည်မသိ လက်နက်ကိုင်များရဲ့ တိုက်ခိုက်မှုကြောင့် ဗုံစ မှန်ပြီး ဒဏ်ရာ ရရှိသူ သုံးဦးအနက် မောင်သိန်းမင်းနှင့် မောင်အောင်မြင့်မြတ်မိုးတို့ဟာ ဒဏ်ရာပြင်းထန်တာကြောင့် ၁၇.၁၂.၂၀၁၆ မှာ မြစ်ကြီးနား ဆေးရုံသို့ ဆေးကုသမှုခံယူရန် ဆင်းသွားတယ်လို့သိရပြီး ၊မောင်ခန့်ဝင်ကျော်နဲ့ မောင်အောင်မိုးထွန်းတို့ကတော့ လုံးခင်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါသည် ။

ဖမ်းဆီးရမိသူ ကိုလနူးကိုတော့ လုံးခင်းစခန်းမှူး ဦးစောထွန်းက ဖောက်ခွဲရေးပုဒ်မ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါသည် ။

သတင်း + ဓါတ်ပုံ - ဇော်မိုးထက် ( ဖားကန့် )

The Ladies News


လွန်ခဲ့သောလက ဘရာဇီးဘောလုံးကလပ်တစ်သင်းလုံးနီးပါး သေဆုံးခဲ့ရသော ကိုလံဘီယာနိုင်ငံရှိလေယာဉ် ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ဘရာဇီးဘောလုံးသမားက သူဟာလေယာဉ်ပျက်မကျခင်လေးတွင် သူ၏ အသင်းဖော်ကသူ့ဘေးနားတွင် လာထိုင်ရန်တိုက်တွန်းခဲ့သောကြောင့် နေရာပြောင်းထိုင်ဖြစ်ခဲ့သည်ဟု ပြောခဲ့ပါသည်။

ရှာပါကွင်းစ်ကစားသမား အလန်ရူစကယ်လ် က သူဟာလေယာဉ်ရဲ့နောက်ဘက်ခြမ်း မှာ ထိုင်နေခဲ့ပေမယ့် အရှေ့ဘက်သို့ပြောင်းထိုင်ခဲ့ကြောင်း သတင်းထောက်များအား ပြောခဲ့ပါသည်။ မစ္စတာရူစကယ်လ်ဟာ သူ့ရဲ့ ကျောကုန်းဒဏ်ရာမှ သက်သာလာပြီး ဘောလုံးထပ်မံကစားနိုင်ဖို့ မျှော်လင့်နေပါသည်။ မတော်တဆဖြစ်ရပ်ကို တော့ သူမမှတ်မိတော့ဘူးလို့ ပြောခဲ့ပါသည်။

သူဟာ သေဆုံးခဲ့သောကစားသမားများ၏ မိသားစုဝင်များထံသို့ သွားရောက်လည်ပတ်မည့်အကြောင်း ကတိပေး ခဲ့ပါသည်။ Medellin မြို့အနီးရှိ တောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုတွင် လူ၆ဦးသာ အသက်ရှင်ကျန်ရစ်ပြီး လေယာဉ်ပေါ်ရှိအခြား ၇၁ဦးမှာ သေဆုံးခဲ့ပါသည်။

မစ္စတာရူစကယ်လ်အား သူ၏ ဘေးနားသို့လာထိုင်ရန် တိုက်တွန်းခဲ့သော ဂိုးသမား ဂျက်ဆန်ဖော်လ်မန်းဟာလည်း အသက်ရှင်ကျန်ရစ်ခဲ့ပါသည်။ စင်းလုံးငှားလေယာဉ်ကို လောင်စာဆီထပ်မံဖြည့်သွင်းခြင်း မရှိဘဲ ခရီးအဝေးကြီး သို့ပျံသန်းခဲ့သည့် လေယာဉ်မှူးကတော့ တရားစွဲဆိုခံထားရပါသည်။

Ref: BBC
Mizzima - News in Burmese


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ် တောင်ကြားလမ်း ညောင်ဂျိုး စစ်ဆေးရေးဂိတ်အနီး ဆီပေပါခွံများဖြင့် ထည့်သို သယ်ဆောင်လာသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၆ နာရီခန့်တွင် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ ဥသျှစ်ပင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိမှုမှာ သက်ဆိုင်ရာ ကြိုတင်သတင်းပေးချက်၊ သတင်းရရှိချက်ကြောင့် ရှာဖွေဖမ်းဆီးမိခြင်းမဟုတ်ဘဲ မူးယစ်ဆေးဝါးများတင်ဆောင်သည့် ဆီဘောက်ဆာကားကို မသင်္ကာသဖြင့် စောင့်ကြည့်ခဲ့သူမှာ သာမန်အရပ်သားတဦးဖြစ်သည်။ တနည်းအားဖြင့် ၎င်းဖြစ်စဉ်ကို ပထမဆုံးခြေရာခံမိသူမှာ ဥသျှစ်ပင်မြို့နေ ကိုရာဇာ ဆိုသူဖြစ်သည်။

ဖြစ်စဉ်မှာ ကိုရာဇာသည် ဒီဇင်ဘာ ၂ ရက် ညနေတွင် စမ်းပက်လက်နားနေစခန်းအနီး ဘုန်းကြီး ကျောင်းတွင် ခြံသန့်ရှင်းရေးလုပ်နေစဉ် ဆီဘောက်ဆာ ကားတစီးက တောထဲရှိ ခင်ဇော်ဦးအိမ်ရှိရာသို့ မောင်းဝင်သွားပြီး လမ်းပေါ်မှ မမြင်နိုင်သော ချိုင့်ဝှမ်းအကွယ်တွင် ရပ်လိုက်သည်ကိုတွေ့ရှိရာမှ သင်္ကာမကင်းဖြစ်ပြီး လိုက်လံချောင်းမြောင်းကြည့်ရှုရာ ဘောက်ဆာကိုဖွင့်၍ စက္ကူဖြင့်ထုပ် ထားသောအထုပ်များ ချနေသည်ကို တွေ့ရှိရသောကြောင့် ဥသျှစ်ပင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယောက်ဖဖြစ်သူ ရဲအုပ်ကျော်စိုးဦးကို တိတ်တဆိတ် အကြောင်းကြားခဲ့သည်။

''အစ်ကိုက မယုံတ၀က် ယုံတ၀က်နဲ့ပေါ့။ ဒါပေမဲ့ အဲဒီနေ့ကစပြီး ကျွန်တော့်ကို အိမ်ပြန်မလွှတ်တော့ဘူး။ အစ်ကိုက ထမင်းထုပ်၊ ရေ၊ ကွမ်းအစုံအလင်နဲ့ တောထဲပြန်လွှတ်ပြီး အချိန်နဲ့ဖုန်းဖွင့်ဖုန်းပိတ်နဲ့ စောင့်ကြည့်ခိုင်းလို့ ၈ ရက်လုံးလုံး တောထဲမှာ နေခဲ့ရတယ်။ ကျောက်ကွင်းလုပ်သား ယောင်ဆောင်လိုက် လူမမြင်ရင် တောထဲမှာ ပုန်းနေလိုက်နေရတာ''ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ စောင့်ကြည့်နေပြီး ဒီဇင် ဘာ ၄ ရက် ည ၈ နာရီခန့်တွင် ရဲအုပ် ကျော်စိုးဦး ယာဉ်ထိန်းရဲတပ်ကြပ် ဇာနည်အေးကျော်၊ ကိုရာဇာတို့ သုံးဦး တောတွင်းမှပတ်၍ ခင်ဇော်ဦးခြံအနောက်ဘက်သို့ တိတ်တဆိတ်ချဉ်းကပ်ခဲ့ရာ ည ၁၁ နာရီခန့်တွင် တိုင်ကီများထားရာအနားသို့ ချဉ်းကပ်မိသော်လည်း ညစောင့်၏ ဓာတ်မီးရောင်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြသည်။

''အစ်ကိုက သူ့ရဲ့အတွေ့အကြုံအရဘာလဲဆိုတာ သိလိုက်ပြီ။ ဒါနဲ့ ပြည်ခရိုင် ဒ/န ကို လျှို့ဝှက်ဆက်သွယ်လိုက်တယ်။ ဟိုက အဓိကလူတွေမိမှဖြစ်မယ်၊ နယ်မြေစခန်းကိုမပြောပါနဲ့ဆိုလို့ ကျွန်တော်ပဲ ဆက်စောင့်ရတယ်''ဟု ကိုရာဇာက ဆက်လက်ပြောကြားသည်။

မည်သို့ပင် သတင်းပိတ်ဆို့ထားစေကာမူ သတင်းပေါက်ကြားခဲ့ဟန်ရှိပြီး ခင်ဇော်ဦးတယောက် ဂနာမငြိမ်ဖြစ်လာတော့သည်။ ''ဒီဇင်ဘာ ၈ ရက်မှာ ပေပါတွေကို ဖင်ဖွင့်အထုပ်ထည့်၊ ၀ရိန်ပိတ်နေတာမြင်ရတယ်။ ဒီကြားထဲ ညောင်ခြေထောက်ရွာက ယာဉ်မောင်းကျော်ကျော်ရဲ့ အိမ်ကို ကားနဲ့လူ ရှိ၊ မရှိ ဧည့်သည်အ၀င်အထွက်ကို သွားကြည့်ရသေးတယ်။ စမ်းပက်လက်နဲ့ ညောင်ခြေထောက်ရွာက မိုင်အားဖြင့်မဝေးပေမဲ့ တောင်ဆင်း တောင်တက်နဲ့ 'ဂ'ငယ်ကွေ့တွေဆိုတော့ အရမ်းပင်ပန်းတယ်ဗျာ''ဟု ကိုရာဇာက နွမ်းလျစွာ ပြောဆိုသည်။

ဒီဇင်ဘာ ၁၀ ရက် နံနက် ၄ နာရီ ခန့်တွင် မူးယစ်ဆေးများသယ်ဆောင်ထားသော 9H/7427 ခြောက်ဘီးတပ်အပြာရောင် FAW-SKAT ယာဉ်သည် ဥသျှစ်ပင်ဘက်သို့ စတင်ထွက်ခွာပြီး တောင်နှစ်လုံးအကျော်လောက်တွင် နောက်ကြောင်းပြန်လှည့်ပြီး ရခိုင်ပြည်နယ် တောင်ကုတ်သို့ ဦးတည်မောင်းနှင်နေစဉ် ကိုရာဇာက သတင်းပေးပို့ရာ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင် ဒ/န၊ ပန်းတောင်း ဥသျှစ်ပင်ရဲတပ်ဖွဲ့နှင့် အသိသက်သေများက ညောင်ဂျိုးလ၀ကဂိတ်တွင် လိုက်လံပိတ်ဆို့ဖမ်းဆီးရာ ယာဉ်မောင်းကျော်ကျော်(ခ) ၀င်းကျော် ဦး (၃၆)နှစ်၊ ပန်းတောင်းမြို့နယ် ညောင် ခြေထောက်ရွာ၊ ၎င်းနှင့်ယောက်ဖတော်စပ်သူ ချစ်ဖွယ် (၄၆)နှစ် ရတနာပုံရပ်ကွက်၊ ဥသျှစ်ပင်၊ သက်ဝင်းအောင် တောင်လည်ရွာ၊ ပေါက်ခေါင်းနေသူတို့ကို WY စာတန်း ပါ လိမ္မော်ရောင် စိတ်ြွကရူးသွပ်ဆေးပြား ထည့်ထားသော တပေပါလျှင် ဆေးပြား တသောင်းဝင်အထုပ်တရာစီနှင့် ပေပါ ၁၄ လုံး ဒီဇယ်ပေပါ ၃ လုံး စုစုပေါင်း ပေပါ ၁၇ လုံးနှင့်အတူ ဖမ်းဆီးရမိပြီး ပစ္စည်း စုဆောင်းထားသူ ခင်ဇော်ဦး (၅၁)နှစ် စမ်းပက်လက်စခန်း တဲအိမ်စုနေသူအား နံနက် ၈ နာရီ ၄၅ တွင် ထပ်မံဖော်ထုတ်ဖမ်းဆီးရမိသည်။ စုစုပေါင်းတရားခံလေးဦးဖမ်းမိသည်ဟု ရဲမှတ်တမ်းများအရသိရပြီး ကွင်းဆက်တရားခံဖြစ်သူ ခင်ဇော်ဦး၏သားမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း၊ အမှုကို ဥသျှစ်ပင်နယ်မြေရဲစခန်းနှင့် အထူးအဖွဲ့တို့မှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ထန်းထန်း(မဲဇလီ)
News Watch
https://www.facebook.com/NewsWatchJournal


ဝါရှင်တန် ဒီဇင်ဘာ ၁၇

အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (အိုင်အက်စ်) ခေါင်းဆောင် အဘူဘာကာအယ်လ် ဘာဒါဒီ၏သတင်းပေးနိုင်သူကို ယခင်ထုတ်ပြန်ထားသည့် ဆုကြေးငွေ၏ နှစ်ဆကျော်ပေးအပ်မည်ဟု အမေရိကန်အစိုးရက ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ဂျီဟတ်ဝါဒီစစ်သွေးကြွအုပ်စု၏ ထိပ်တန်းခေါင်းဆောင် ဘာဒါဒီအား ဖမ်းဆီးရမိရေး သို့မဟုတ် ပြစ်ဒဏ်စီရင်နိုင်ရေးအတွက် ၎င်းရှိရာနေရာကို သတင်းပေးပို့နိုင်သူအား ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂၅ သန်း ပေးအပ်မည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုသည် အိုင်အက်စ်ခေါင်းဆောင်ကိုဖမ်းဆီး ရမိရေးအတွက် သတင်းပေးသူအား အမေရိကန်ဒေါ်လာ ၁ဝ သန်း ချီးမြှင့် မည်ဟု ၂ဝ၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ကြေညာခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် သတင်းပေးနိုင်သူအား ဆုကြေးငွေ တိုးမြှင့်ပေးအပ်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်ခေါင်းဆောင် ဘာဒါဒီသည် အီရတ်လူမျိုးတစ်ဦးဖြစ်ပြီး ၎င်း၏ အမည်ရင်းမှာ အီဘရာဟင် အယ်လ် ဆာမာရိုင်း ဖြစ်သည်။

အိုင်အက်စ်ခေါင်းဆောင် နေထိုင်ရာအရပ်ကို တိကျရှင်းလင်းစွာ မသိရသော်လည်း ထွက်ပေါ်နေသောသတင်းများအရ ၎င်းသည် အီရတ် နိုင်ငံအတွင်း အိုင်အက်စ်တို့ သိမ်းယူထားသည့် မိုဆူးမြို့ သို့မဟုတ် အီရတ်နှင့် ဆီးရီးယားနိုင်ငံ နယ်စပ်မျဉ်းနှင့်နီးကပ်စွာရှိနေသည့် အိုင်အက်စ်တို့ လက်ဝယ်ရှိ မိုဆူးမြို့ အနောက်ဘက်နယ်မြေဒေသတွင် ရှိနိုင်သည်ဟု ဆိုသည်။

မိုဆူးမြို့ကို ပြန်လည်သိမ်းယူရန် မဟာမိတ်တပ်ဖွဲ့များက စစ်ရေးအရ ဖိအားပေးတိုက်ခိုက်မှုများပြုမှု၏ အကျိုးဆက်အဖြစ် အိုင်အက်စ် ခေါင်းဆောင် ဘာဒါဒီနှင့် ၎င်း၏ ထိပ်တန်းလက်ထောက်များသည် ယင်းဒေသ ဝန်းကျင်သို့ ရွှေ့ပြောင်းပြီး ၎င်းတို့ကိုယ်ကို ပုန်းကွယ်ရန် ကြိုးပမ်းကြသည်ဟု ကာဒစ်တပ်ဖွဲ့တာဝန်ရှိသူများက ယုံကြည်ထားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/


တူရကီနိုင်ငံအလယ်ပိုင်း Kayseri မြို့က ဘတ်စ်ကားတစင်းဘေးမှာ ကားဗုံးပေါက်ကွဲမှု တခုဖြစ်ပွါးခဲ့တာကြောင့် စစ်သား ၁၃ ဦးထက် မနည်း သေဆုံးပြီး ၅၅ ဦးဒဏ်ရာရသွားပြီး အများစုက တူရကီစစ်တပ်ကဖြစ်တယ်လို့ စစ်ဘက်ရင်းမြစ်တွေကပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၆ ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် အရပ်သား သေဆုံးမှုလည်း ရှိနိုင်တယ်လို့ အဲ့ဒီရင်းမြစ်က ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် တာဝန်ချိန်ပြီးသွားတဲ့ စစ်သားတွေကို တင်လာတဲ့ ဘတ်စ်ကားလည်း ပျက်စီးသွားပါတယ်။ တက္ကသိုလ်ဝင်းတခုအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာပါ။ ပေါက်ကွဲရေးပစ္စည်းတွေ အပြည့်တင်ဆောင်ထားတဲ့ကားဘေးကို စစ်သားတွေတင်လာတဲ့ဘတ်စ် ကားဖြတ်သွားတဲ့အချိန်မှာပဲ ဗုံးပါက်ကွဲသွားတာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီပေါက်ကွဲမှုရဲ့ လက်သည်အဖြစ် ဘယ်သူကမှ ချက်ချင်းထုတ်မပြောသေးပါဘူး။ ဒါပေမယ့်လည်း ဒီပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းတရားမ၀င် ကာဒစ္စတန် အလုပ်သမားပါတီ(PKK) တို့ရဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ သိပ်တူတယ်လို့ ဒုတိယ၀န်ကြီးချုပ် Veysi Kaynak ကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြို့တော် Istanbul က ဘောလုံးကွင်းတခုမှာ PKK တို့က ဗုံးနှစ်လုံးဆင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၄၄ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရသွားခဲ့ပါသေးတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



တိုင်းပြည် စီးပွားရေးရဲ့ မဟာဗျုဟာကို ချမှတ် တာမျိုး မလုပ်ဘဲ၊ ရေရှည် အတွက် ကြည့်ပြီး တကယ့်ကို မဏ္ဍိုင် အသီးသီးမှာ ပြုပြင် ပြောင်းလဲ မှု တွေ လုပ်ဆောင် သင့်
ဖွံ့ဖြိုးမှု အနည်းဆုံး LDC နိုင်ငံ တွေ နဲ့ ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ် အတွက် ကုလသမဂ္ဂ ကုန်သွယ်ရေး နဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကနေ အစီရင်ခံစာ တစ်စောင် ထုတ်ပြန် လာခဲ့တာမှာ လာမယ့် ၆ နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံဟာ LDC စာရင်း ထဲက နေ လွတ်သွား နိုင်ဖွယ် ရှိတယ်လို့ ဖော်ပြ ထားပါတယ်။

ကုလသမဂ္ဂ က အသိအမှတ် ပြုထားတဲ့ ဖွံ့ဖြိုးမှု အနောက်ကျ ဆုံး LDC စာရင်း ထဲ မှာ လက်ရှိ ၄၈ နိုင်ငံ ရှိနေတဲ့ အထဲ ၂ဝ၂၁ အမှီ စာရင်း ထဲက နေ လွတ် နိုင်ဖွယ် ရှိတဲ့ နိုင်ငံ ၁၆ နိုင်ငံ ပဲ ရှိတယ်လို့ ကုလသမဂ္ဂ ကုန်သွယ်ရေး နဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကနေ ထုတ်ပြန်ပါတယ်။

အဲဒီ ၁၆ နိုင်ငံထဲ မြန်မာ နိုင်ငံလည်း အပါအဝင် ဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂ သုံးသပ် ထားပါတယ်။

တိုင်းပြည် တစ်ပြည်ရဲ့ ပျမ်းမျှ လူ တစ်ဦးချင်းစီ ဝင်ငွေ ၊ တခါ လူ့ စွမ်း အင် အရင်းအမြစ် နဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ခိုင်မာ လုံခြုံ မှု ရှိသလား ဆိုတဲ့ အချက် ၃ ချက် အပေါ် အဓိက စမ်းစစ် ပြီး LDC စာရင်း ထဲ ထည့်သွင်း ရမလား ဒါမှ မဟုတ် LDC စာရင်း ထဲကနေ ဖယ်ရှား ပေး ရမလား ဆိုတာကို နိုင်ငံတကာက ဆုံးဖြတ် ကြတာ ဖြစ်ပါတယ်။

ဒီလို နယ်ပယ် ၃ ရပ် အပေါ် အဓိက ထား စမ်းစစ် ရမယ် ဆိုတာဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒ ကနေ ဖွင့်ဆို ထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

LDC စာရင်း ထဲ ကနေ လွတ်မြောက် ပြီလား ဆိုတာကို စာရင်းဝင် နိုင်ငံတွေ အပေါ် ၃ နှစ် တခါ စမ်းစစ် ကြပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ် ၊ ၁၉၈၇ ခုနှစ် မှာ နိုင်ငံတကာ ကြွေးမြီ သက်သာ ခွင့် ရ နိုင်ဖို့ LDC နိုင်ငံ အဖြစ် လျှောက်ထား ခဲ့တဲ့ မြန်မာ နိုင်ငံဟာ အနှစ် ၂ဝ ကျော် အကြာ မှာတော့ သမ္မတ ဦးသိန်းစိန် လက်ထက် က စပြီး LDC နိုင်ငံစာရင်း ထဲက နေ လွတ် နိုင်အောင် စီမံကိန်း ချ ကြိုးပမ်း လာခဲ့တယ် လို့ ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

၂ဝဝ၆ နဲ့ ၂ဝဝ၉ စမ်းစစ် မှု တွေ အရ၊ မြန်မာ နိုင်ငံ အနေနဲ့ အဓိက နယ်ပယ် ၃ ချက်မှာ တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ တစ်ထောင် ကျော် မရှိ သေးလို့ ဆိုတဲ့ တစ်ချက် ကြောင့်သာ LDC ထဲ ဆက် ပါနေရတာ ဖြစ်တယ် ဆိုပြီး ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုပါတယ်။

LDC စာရင်း ထဲ က လွတ်ဖို့ ဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေး ဆိုင်ရာ ရည်မှန်း ချက် တစိတ် တပိုင်းပဲ ဖြစ်ပြီး၊ လက်ရှိ တကယ်တမ်း ဦးတည် ရမှာ ကတော့ အများနဲ့ ပတ်သက်ပြီး အားလုံးနဲ့ အကြုံးဝင် တဲ့ စီးပွားရေး စဉ်ဆက် မပြတ် တိုးတက် မှု ရအောင် ကြိုးစား ရမှာ ဖြစ်တယ်လို့လည်း ဦး ခင်မောင်ညို (ဘောဂဗေဒ) ပြောပါတယ်။

LDC ထဲက လွတ်နိုင်ဖို့ သတ်မှတ် ချက်တွေ ပြည့်မှီ ရေး လောက်သာ ရည်ရွယ်ပြီး တိုင်းပြည် စီးပွားရေးရဲ့ မဟာဗျုဟာကို ချမှတ် တာမျိုး မလုပ်ဘဲ၊ ရေရှည် အတွက် ကြည့်ပြီး တကယ့်ကို မဏ္ဍိုင် အသီးသီးမှာ ပြုပြင် ပြောင်းလဲ မှု တွေ လုပ်ဆောင် သင့်တယ် လို့ ကုလသမဂ္ဂရဲ့ အစီရင် ခံစာ ထဲမှာလည်း LDC စာရင်း ဝင် နိုင်ငံ တွေကို အကြံ ပြု ထားတာ တွေ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဆီးရီးယား အနောက်တောင်ဘက် အစ်ဒလစ်ပြည်နယ်က မြို့၂မြို့ဖြစ်တဲ့ ဖူဝါနဲ့ ကက်ဖ်ယာရာမြို့က ထွက်ခွာမယ့်သူ အရေအတွက် လေးထောင်လောက် ရှိ
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က ဘေးလွတ်ရာ ထွက်ခွာဖို့ ထောင်နဲ့ချီပြီး ကျန်သေးတဲ့ သူပုန်နဲ့ အရပ်သားတွေဟာ ထွက်ခွာရေး အစီအစဉ်ပြန်စတာကို စောင့်ဆိုင်းနေခဲ့ရပေမယ့် နောက်ဆုံး အစိုးရနဲ့ သူပုန်တွေ သဘောတူချက်တခုအရ ဒီအစီအစဉ်ကို ပြန်စတော့မှာ ဖြစ်ပါတယ်။

သူပုန်နဲ့ အစိုးရ နှစ်ဖက်စလုံးက သဘောတူချက် ချိုးဖောက်မှုတွေကြောင့် ဒီအစီအစဉ်ကို သောကြာနေ့က ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ဒီထွက်ခွာရေး အစီအစဉ်ကို ကြီးကြပ်နေတဲ့ ရုရှားဗိုလ်ချုပ် ဆာဂေး ရပ်စကွိုင်းက

'အမှန်တကယ်က ကျနော်တို့လုပ်ထားတဲ့ သူပုန်နဲ့ အရပ်သား ထွက်ခွာရေး အစီအစဉ်ပြီးသွားပါပြီ၊

အစွန်းရောက် သူပုန်တချို့ပဲ ဆီးရီးယားတပ်ဘက်က နှိမ်နင်းဖို့ ကျန်နေတာ' လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သူပုန်တွေက အစိုးရထောက်ခံတဲ့ ရှီအာမြို့နှစ်မြို့က စစ်သွေးကြွတွေရဲ့ လမ်းဖွင့်ပေးထားဖို့ တောင်းဆိုချက်ကို သဘောတူလိုက်ပါတယ်။

ဒီ သဘောတူချက်သာ အကောင်အထည် ဖော်ဖြစ်ခဲ့ရင် ဆီးရီးယား အနောက်တောင်ဘက် အစ်ဒလစ်ပြည်နယ်က မြို့၂မြို့ဖြစ်တဲ့ ဖူဝါနဲ့ ကက်ဖ်ယာရာမြို့က ထွက်ခွာမယ့်သူ အရေအတွက် လေးထောင်လောက် ရှိပါတယ်။

အခုလို တိုက်ပွဲဖြစ်တဲ့ နေရာတွေက လူတွေ ဘေးလွတ်ရာ ထွက်ခွာရေး အတွက် အလက်ပိုမြို့တွင်း နိုင်ငံတကာက စောင့်ကြည့်သူတွေ ဝင်ရောက်နိုင်ရေးနဲ့ အကူအညီပေးရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီရက်ပိုင်းအတွင်း မဲခွဲဆုံဖြတ်ဖို့ အလားအလာ ရှိနေပါတယ်။

BBC Burmese
www.bbc.com/burmese


အစိုးရ ရဲ့ အစီအစဉ် ကို ကန့်ကွက် တဲ့ အနေနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီ က ကိုယ်စားလှယ် တွေ ဟာ ပါလီမန် ကနေ ထွက်ခွာ ဖို့ ငြင်းဆန်
ပိုလန် လွှတ်တော် အတွင်း မှာ သတင်းရယူတဲ့ သတင်းသမား တွေကို ကန့်သတ်ဖို့ အစိုးရက စီစဉ် နေတဲ့ အတွက် မြို့ တော် ဝါဆော မှာ ဆန့်ကျင် ဆန္ဒပြမှု တွေ ဖြစ်ပွား နေပါတယ်။

အစိုးရ ရဲ့ သတင်းသမား အကန့်အသတ် နဲ့သာ ခွင့်ပြုရေး အစီအစဉ် ကို ဆန့်ကျင် ဆန္ဒပြသူတွေ ဟာ စနေ မနက်က အလွှတ်တော် အပြင်ဘက်မှာ စုရုံး ခဲ့ကြပြီး အစိုးရ ရဲ့ အစီအစဉ်တွေကို ဝေဖန် ခဲ့ကြပါတယ်။

လွှတ်တော် အတွင်းမှာလည်း အစိုးရ ရဲ့ အစီအစဉ် ကို ကန့်ကွက် တဲ့ အနေနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီ က ကိုယ်စားလှယ် တွေ ဟာ ပါလီမန် ကနေ ထွက်ခွာ ဖို့ ငြင်းဆန် ခဲ့ကြပြီး ဆန့်ကျင် ဆန္ဒပြမှု တွေကို လုပ်ဆောင် နေကြပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ လုပ်ရပ်ဟာ ကျော်မကောင်း ကြားမကောင်း တဲ့ လုပ်ရပ် ဖြစ်ကြောင်းဆန္ဒ ပြမှု တွေ နဲ့ ပတ်သက်ပြီး ပိုလန် ဝန်ကြီးချုပ် ဘေယက်တာ ရှီဝို က ဝေဖန် ခဲ့ပါတယ်။

လက်ရှိ ဥရောပ ကောင်စီ ဥက္ကဋ္ဌ လည်း ဖြစ် ပိုလန် ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူ ဒေါ်နယ် တုစ် က သတင်းဌာန တွေကို ပိတ်ပင်ဖို့ ကြိုးစားတာဟာ အာဏာရှင် တွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန် ခဲ့ပြီး ပိုလန် အစိုးရ အနေနဲ့ အခြေခံ ဥပဒေ ကို လေးစား လိုက်နာ ဖို့ တိုက်တွန်း ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA လက်နက်ကိုင်များ အခိုင်အမာ တပ်စွဲထားသည့် ပွိုင့်-၁၁၀၃၊ ဂီဒုန်စခန်း (KIA အမည်) နှင့် ဆက်စပ် တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက ရှင်းလင်းသိမ်းပိုက်
နေပြည်တော် ဒီဇင်ဘာ ၁၇

ဒီဇင်ဘာ ၁၆ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်မှ စတင်၍ တပ်မတော် စစ်ကြောင်းများ က လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူရယူ၍ KIA လက်နက်ကိုင်များ အခိုင်အမာတပ်စွဲ ထားသည့် ဂီဒုန်စခန်းကို ချဉ်းကပ် တိုက်ခိုက်ချေမှုန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း KIA အဖွဲ့အနေဖြင့် မြေ အနေအထား အသာ စီးရှိမှုကို ရယူ၍ အပြင်းအထန် ခုခံခဲ့သော် လည်း ရှေ့ကာကင်းကို မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် လည်းကောင်း၊ ပင်မကုန်း ပွိုင့်-၁၁၀၃ ဂီဒုန်စခန်းနေရာကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသည့် KIA လက်နက်ကိုင်များ နောက်သို့ လက်နက်ကြီး ပစ်ကူရယူ၍ ထက်ကြပ် လိုက်လံ ချေမှုန်းခဲ့ရာ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် လိပ်ပြာကုန်း စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။


ဖြစ်စဉ်တွင် မိမိတပ်မတော်ဘက်မှ အရာရှိနှင့် စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာ တပ်မတော် စစ်ဆေးရုံကြီးများသို့ နေ့ချင်းပြီး ပို့ဆောင် ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။


KIA လက်နက်ကိုင် အဖွဲ့ဘက်၌ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီ အထိ သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိမှု များပြားကြောင်း သိရှိရပြီး ၁၂၀ မီလီမီတာ စိန်ပြောင်းကြီး ၂ လက် အပါအ၀င် လက်နက် မျိုးစုံ ၄၁ လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး ပတ်ဝန်းကျင် နေရာများကို အသေးစိတ် ရှင်းလင်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/



အပြန်အလှန် စွပ်စွဲ ပြောကြားမှုတွေ နဲ့ ဆက်ဆံရေး တင်းမာ မှုတွေလည်း ဖြစ်ပေါ် ခဲ့
ဒီဇင်ဘာလ ၁၅ ရက် နေ့ က တောင်တရုတ် ပင်လယ်ပြင် ဘက်မှာ အမေရိကန် ရဲ့ ရေအောက် ခုတ်မောင်းလို့ရတဲ့ ဒရုန်း ကို တရုတ် က သိမ်းယူခဲ့ အပြီး မှာ ပြန်အပ် ဖို့ သဘောတူညီချက် တရုတ် ဘက် က ရ တဲ့ အကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် က ပြောခွင့်ရ ပီတာကွတ် ပြောပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက် လို့ နှစ်နိုင်ငံ အကြား တင်းမာမှု တော့ ဖြစ်ခဲ့ပါတယ်။

ပင်တဂွန်က ဆက် ရှင်းပြရာမှာ အဆိုပါ ရေအောက်ဒရုန်းကို သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေး အတွက် အသုံးပြုတာဖြစ်ပြီး တရုတ် ဖက် က သိမ်းယူတဲ့ နေရာ ဟာလည်း ဖိလစ်ပိုင် ကျွန်းအနီး ဆူးဗစ် ပင်လယ်အော် ရဲ့ အနောက်မြောက် ၅၇ မိုင် အကွာမှာ ဖြစ် လို့ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက် လို့ ဆိုပါတယ်။

ဒီဒရုန်း ကို အရပ်သား ကုမ္ပဏီ ကနေ ရေအောက်ကြမ်းပြင် စူးစမ်း လေ့လာရေး အတွက် တာဝန်ယူ ဆောင်ရွက်တယ် လို့ ရှင်းပြပါတယ်။

အမေရိကန် ဟာ တရုတ်ပိုင် သင်္ဘောတွေ ရဲ့ လုံခြုံမှု ရေးနဲ့ တရုတ် ရဲ့ စစ်ဘက်ဆိုင်ရာ ကို ထောက်လှမ်းရေး လုပ်တယ် လို့ တရုတ် ဖက်က စွပ်စွဲထားကြောင်း ဘီဘီစီ သတင်းထောက် ဂျိမ်း အိုဘရိုင်ရန် က ပြော ပါတယ်။

လေ့လာ အကဲခတ်တွေ ကတော့၂၀၀၁ ခုနှစ် က အမေရိကန် ရေတပ်က ထောက်လှမ်းရေး လေယာဉ် နဲ့ တရုတ် တိုက် လေယာဉ် တို့ ဝေဟင် မှာ တိုက်မိရာ က တရုတ် လေယာဉ်မှူး သေဆုံးခဲ့ ရတဲ့ အမှု အပြီးမှာ အခုဖြစ်ရပ် ကနေ တင်းမာမှု ပေါ်ပေါက်ကြောင်း ပြောပါတယ်။

နောက်တချက် ကလည်း တရုတ် ဘက် က တောင်တရုတ် ပင်လယ်ဘက်မှာ စစ်ဘက်ဆိုင်ရာ တိုးမြှင့်မှု ဆောင်ရွက်မှု တွေ ရှိနေတာ ကိုလည်း အမေရိကန် က စိုးရိမ်မှု ရှိတဲ့ အကြောင်း တရုတ် အမေရိကန် ဆက်ဆံရေး လေ့လာ သုံးသပ်သူတွေ က ပြောပါတယ်။

အမေရိကန်ပိုင် ရေအောက် လေ့လာရေး ဒရုန်း တစ်စင်း ကို တောင်တရုတ် ပင်လယ် ထဲမှာ တရုတ်နိုင်ငံ က သိမ်းယူ ခဲ့ပြီးနောက် မှာ အဲဒီ ဒရုန်း ကို ပြန်လည် ပေးအပ်ဖို့ တရုတ် နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန် ဘက်က ပြောပါတယ်။

အမေရိကန် ရေအောက် လေ့လာရေး ဒရုန်း ကို ဖမ်းဆီး ရမိ ပြီးနောက်မှာ နှစ်နိုင်ငံ အကြား အပြန်အလှန် စွပ်စွဲ ပြောကြားမှုတွေ နဲ့ ဆက်ဆံရေး တင်းမာ မှုတွေလည်း ဖြစ်ပေါ် ခဲ့ပါတယ်။

တောင်တရုတ် ပင်လယ် ဒေသမှာ ဝင်ရောက် စွက်ဖွက်မှုတွေကို အမေရိကန် အနေနဲ့ ရပ်တန့် ဖို့ လိုအပ်ကြောင်း တရုတ် နိုင်ငံ ဘက်က ပြောကြား ခဲ့သလို နိုင်ငံ တကာ ရေပိုင်နက် ထဲမှာ အမေရိကန် ရဲ့ ဒရုန်းယာဉ် ကို တရုတ် က ခိုးယူ ခဲ့တာ လို့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



KIA စစ်သည်များ
KIA ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ကြား လေးလကြာ တိုက်ပွဲဖြစ် ပွားပြီးနောက် KIA ရဲ့အရေးပါတဲ့ Gidon ဂီးဒေါန် ရှေ့တန်းစခန်း ကျသွားပြီ ဖြစ်ပါတယ်။ မြန်မာတပ်မတော်ဘက်က ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တပ်အင်အား အလုံးအရင်း တိုက်ခိုက်လာတဲ့ အတွက် ဆုတ်ခွာပေး လိုက်တာဖြစ်တယ်လို့ KIA ကပြောပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေးရဖို့ ကျိုးစားနေချိန်မှာ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။ မအင်ကြင်းနိုင်က ဆက်လက် တင်ပြမှာပါ။

ဂီးဒေါန် ရှေ့တန်းစခန်း ကျသွားတဲ့အတွက် ကချင်ပြည်သူတွေ ၀မ်းမနည်းကြဖို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော်က မနေ့က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Naushwng ကချင် ပညာရေးကွန်ယက်က Seng Hkum က ပြောပါတယ်။

“ဗိုလ်ချုပ်ဂွမ်မော်ရဲ့ လက်ရေးနဲ့ ဖေ့စ်ဘွတ်မှာ ထုတ်ပြန်ချက်အရ ဆိုရင်တော့ မနေ့က ဂီးဒေါန်စခန်း ကျသွားပြီး ဆိုတာတော့ သေချာတယ်”

သောကြာနေ့က ဂီးဒေါန်စခန်း သိမ်းပိုက်နိုင် ခဲ့တဲ့အတွက် ကချင်ပြည်နယ် ၀ိုင်းမော် နယ်မြေ ကတဆင့် မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေး လမ်းကြောင်း၊ မြစ်ကြီးနား-၀ိုင်းမော်-ဆဒုံး ဆက်သွယ်ရေး ကားလမ်းအပါအ၀င် နယ်စပ် တလျောက်မှာရှိတဲ့ KIA စခန်းတွေကြား အမာခံ ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်နိုင် ခဲ့ တယ်လို့ မြန်မာတပ်မတော်ရဲ့ မနေ့က သတင်းထုတ်ပြန် ချက်မှာ ဖေါ်ပြထား ပါတယ်။

KIO ဌာနချုပ် လိုင်ဇာအနီးမှာ ရှိနေတဲ့ ဂီးဒေါန်စခန်းကို မြန်မာစစ်တပ်က ဗုံးကြဲ တိုက်ခိုက် ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ပြေးနေရပြီး အခြေအနေတွေ စိုးရိမ်စရာ ကောင်းကြောင်း ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang က ပြောပါတယ်။

“ လိုင်ဇာကျောင်းတွေက အကန့်အသတ်မရှိ ပိတ်လိုက်ပါပြီ၊ ဘာလို့လဲဆိုတော့ ဗုံးသီးတချို့က လိုင်ဇာနားကျတာ ရှိတယ်။ တချို့ဟာကျတော့ မြို့နား မြောက်ပိုင်းကို ကျတဲ့ဗုံးသီးတွေ ရှိတယ်။ လိုင်ဇာဌာနချုပ် အနီးမှာရှိတဲ့ ဂီးဒေါန် တောင်ကုန်းကို ၄ လတိုက်ခဲ့တာ၊ အခု အစိုးရကနေ ထိန်းချုပ်သွားနိုင်ပြီပေါ့ .. အဲလိုဆိုတော့ အင်မတန် စိုးရိမ်စရာ ကောင်းပါတယ်”

ဒါ့အပြင် ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ ကချင်လူမျိုးတွေအတွက် သူတို့ အထွတ် အမြတ်ထားတဲ့ ခရစ်စမတ် ကာလနဲ့ တိုက်ဆိုင်ပြီး မြန်မာ စစ်တပ်ဘက်က အပြင်း အထန် ထိုးစစ် ဆင်နွှဲနေတာကို ကန့်ကွက် ရှုတ်ချကြောင်း Gum Sang က ဆိုပါတယ်။

မြန်မာတပ်မတော်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ KIA စခန်းတွေကို စနေနေ့ကထိေ လကြောင်း အကူအညီအပါအ၀င် လက်နက်ကြီးပစ်ကူပြီး သိမ်းပိုက်နိုင် ခဲ့ကြောင်းနဲ့ ဆုတ်ခွာသွားတဲ့ KIA တပ်သားတွေကို လက်နက်ကြီးတွေနဲ့ပစ်ပြီး လိုက်လံချေမှုန်း ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ မြန်မာ စစ်သားတချို့ ကျဆုံးဒဏ်ရာ ရခဲ့ပြီး KIA ဘက်က သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရသူတွေ အများအပြား ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို မြန်မာစစ်တပ်က အပြင်းအထန်ထိုးစစ် ဆင်နေတာဟာ NCA အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေး မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ေ တွမှာ အင်အား အကြီးဆုံးဖြစ်နေတဲ့ KIA ကို အားနည်းသွားအောင် ဖိအားပေး တယ်လို့ မြင်ကြောင်း ကချင်ပညာရေး အဖွဲ့က Seng Hkum ဆိုင်းခွန် ကပြော ပါတယ်။

“အဓိကကတော့ KIOကို NCA မှာလက်မှတ် ထိုးအောင် ဖိအားပေးတဲ့ အနေအထား လို့ ကျနော်မြင်ပါတယ်။ မြောက်ပိုင်းမဟာမိတ် အနေနဲ့ ဒီရှမ်းပြည်မြောက်ပိုင်း မုံးကိုး မှာ KIA ကပါဝင် တိုက်ခိုက်တယ်ဆိုတဲ့ အနေအထားကြောင့် စစ်တပ်က KIA ပေါ် မှာ ပိုမဲပြီးတော့မှ ဖိအားပေး တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ မြောက် ပိုင်းက နိုင်ငံရေး စစ်ရေးဖြစ်စဉ်တွေထဲမှာ KIA ကဦးဆောင်မှု ရှိနေတယ်ဆိုတဲ့ အနေအထားမှာ ဒီစစ်တပ်က ပိုပြီးဖိအားပေးနေတယ်လို့ ကျနော်မြင်ပါတယ် ”

ဒါအပြင် မြန်မာ စစ်တပ်ရဲ့ ထိုးစစ်တွေအပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ေ ဒ်ါအောင်ဆန်းစုကြည်ဘက် နှုတ်ဆိတ်နေတဲ့အပေါ်မှာ ကချင် တိုင်းရင်းသားတွေ ဘက်က သူ့အပေါ်ယုံကြည်မှု ထိခိုက်စေတယ်လို့ ဆိုင်းခွန်က ဆိုပါတယ်။

“ ကျနော် တယောက်ထဲ အမြင်အရရော ကချင်လူထု ကြားမှာရော ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်တဲ့အမြင်တွေက တော်တော်လေးကို ကျသွားပြီလို့ မြင် တယ်။ ဒီ မုံးကိုးတိုက်ပွဲတွေ ကြည့်တဲ့အချိန်မှာ အချိန်နဲ့တပြေးညီကို နိုင်ငံတော် အတိုင်ပင်ခံရုံးက ဒီ ဖေ့စ်ဘွတ် ပေါ်မှာရော၊ သူတို့ရဲ့ ဆိုရှယ်မီဒီယာနဲ့ အခြား မီဒီယာတွေမှာ ထုတ်ပြန်မှုတွေ အမြဲတမ်း ရှိနေတယ်။ သူ့ရဲ့ရုံးကနေ ထုတ်ပြန်တယ် ဆိုတော့ သူ့ရဲ့အမြင်တွေ ထင်ဟပ်တယ် ဆိုတာတော့ ကျနော်တို့ သိရတယ်။ ဒါပေမယ့် အခုလိုမျိုး စစ်တပ်ဘက်က ထိုးစစ်လုပ်တဲ့ ဟာမျိုးကျတော့ ထုတ်ပြန်တာမျိုး ဘာမှမတွေ့ရဘူး ”

မနေ့ စနေနေ့ည အချိန်ထိ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာနဲ့ တရုတ်နယ်စပ် မှာရှိနေတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာတော့ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေေ ကြာင့် ထောင်ချီတဲ့ ဒုက္ခသည်တွေ စိုးရိမ်နေကြပြီး တရုတ်နိုင်ငံထဲ ထွက်ပြေးဖို့ ပြင် ဆင်နေကြောင်း ဒုက္ခသည် စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



Suzuki Cup 2016 ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သောင်းချီးမြှင့်ခံရသည်ဟု သိရသည်။

အာဆီယံဘောလုံးအဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဒီဇင်ဘာ ၁၇ ရက်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် Suzuki Cup 2016 ဗိုလ်လုပွဲသို့  တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ယနေ့ပွဲတွင် ထိုင်းအသင်းမှ အင်ဒိုနီးရှားအသင်းကို နှစ်ဂိုး ဂိုးမရှိနှင့် အနိုင်ရပြီး ၂၉၁၆ ဆူဇူကီးဖလား ရရှိခဲ့သည်။
ဓာတ်ပုံ-MFF
Mizzima - News in Burmese

ရခိုင်ပြည်နယ် အတွင်းက ပြည်တွင်း ပဋိပက္ခများကြောင့် မောင်းတော က ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှု နောက်တွင် ကောင်းစွာလေ့ကျင့် သင်တန်းပေးထားသော (HaY) ဟု ခေါ်သည့် ဟာရာကာရ် အယ်ရာကင် မွတ်ဆလင် သူပုန်အုပ်စု ပေါ်ပေါက်လာပြီဟု ဘရက်ဆယ်အခြေစိုက် ICG အဖွဲ့က စုံစမ်းဖော်ထုတ် ပြောကြားခဲ့သည်။

အဆိုပါ HaY အုပ်စု၏ တိုက်ခိုက်မှုများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ခဲ့သည်များနှင့် အလွန်ကွာခြားကြောင်း၊ ယခု HaY သူပုန်များသည် ငွေကြေးလုံလောက်စွာ ပံ့ပိုးထားပြီး သေချာ လေ့ကျင့်ပေးထားသော အတွေ့ အကြုံရှိသည့် အုပ်စုများ ဖြစ်သည်ဟုဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့က မောင်းတောဒေသ ရဲစခန်းများ တိုက်ခိုက်ခံရမှုကို ၁၉၈၂ ခုနှစ်က တည်ထောင်ခဲ့သော RSO ခေါ် ရိုဟင်ဂျာ မွတ်ဆလင်များ သူပုန်အုပ်စုဟု ထင်ခဲ့ကြသည်။

သို့သော် အောက်တိုဘာလ ၁၁ ရက်နေ့ က You Tube တွင် တင်ထားသော ဗီဒီယိုနှစ်ခုတွင် စစ်သွေးကြွများက အကြမ်းဖက်တိုက်ခိုက်မှုများကို သူတို့ လုပ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ မကြာခင် သူတို့ က HaY သူပုန်များအဖြစ် ကိုယ်တိုင်ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ICG အုပ်စုက ထိုသူများထဲက ခြောက်ဦးနှင့် အင်တာဗျူး လုပ်ခဲ့ပြီး You Tube ဗီဒီယို၌ ပြောသွားသူသည့် တိုက်ခိုက်မှုကို ဦးဆောင်သည့် အဓိက ခေါင်းဆောင်မှာ ပါကစ္စတန်ကရာချိမြို့ဖွား အတာအူလာ ဆိုသူ ဖြစ်သည်။ ၄င်း၏ ဖခင်မှာ ရခိုင်ဒေသမှ ရွှေ့ပြောင်းလာသည့် ဘင်္ဂါလီ (ရိုဟင်ဂျာ) တစ်ဦးဖြစ်သည်။

အတာအူလာသည် ဆော်ဒီအာရေဗျတွင် နေထိုင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတို နှင့် အဆက်အသွယ်များ ရှိခဲ့သည်။ အူလာသည် ဆော်ဒီအာရေဗျတွင် နောက်ထပ် မွတ်ဆလင် အယောက်နှစ်ဆယ်နှင့် ပူးပေါင်းပြီး မက္ကာရှိ ရိုဟင်ဂျာကော်မတီနှင့် အဆက်အသွယ် ရှိခဲ့သည်။

အူလာသည် ၂၀၁၂ ခုနှစ်၌ ရခိုင်တွင် အုံကြွမှုများ ဖြစ်ပြီးနောက် ဆော်ဒီအာရေဗျမှ ပျောက်သွားသည်။ သူသည် ၂၀၁၃ ခုနှစ်တွင် ရခိုင်သို့ ပြန်လာပြီး တက်ကြွသူများ၊ ဒေသခံခေါင်းဆောင်များကို လာရောက် စုဆောင်းကာ၊ ပါကစ္စတန်နိုင်ငံ၌ သူပုန်တိုက်ခိုက်မှု လက်တွေ့ သင်တန်းများကို တက်ရောက်ခဲ့သည်။

ဘင်္ဂလာဒေ့ရှ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ အိန္ဒိယတို့ နှင့် အဆက်အသွယ်များ ရှိလင့်ကစား တိုက်ခိုက်သူ အများစုမှာ အခြေခံသင်တန်းများနှင့် ကျေးရွာအုပ်စု အဆင့် စုစည်းထားသော ဒေသခံမွတ်ဆလင် ရွာသားများ ဖြစ်ပြီး လူငယ် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ဦးဆောင်သည်ဟု ICG က ဆိုသည်။

HaY သည် နိုင်ငံတကာနှင့် ချိတ်ဆက်မှုများ ရှိသော်လည်း ပါဝင်မှုများမှာ ရိုဟင်ဂျာ မဟုတ်သူ အနည်းငယ်သာရှိပြီး ရိုဟင်ဂျာ မွတ်ဆလင် အများစုဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာဆိုင်ရာ ပဋိပက္ခအုပ်စုက မြန်မာအစိုးရက အင်အားသုံး ချေမှုန်းခြင်းများ မလုပ်ရန် သတိပေးပြီး ထိုသို့ လုပ်ပါက HaY သူပုန်များကို ကရုဏာသက် ထောက်ခံမှုများ ပိုလာမည်ဟု ဆိုသည်။ မြန်မာစစ်တပ်က အင်အားသုံး နှိမ်နင်းမှုများကြောင့် ရခိုင်ဒေသမှ ဘင်္ဂါလီများကို အာလ်ကာရီးဒါးနှင့် အိုင်အက်စ်ကဲ့ သို့  နိုင်ငံတကာ အကြမ်းဖက် ဂျီဟက်ဒ်အုပ်စုများ လက်ထဲသို့ တွန်းပို့ သလို ဖြစ်လာနိုင်ကြောင်း ICG အဖွဲ့ ၏ အစီရင်ခံစာက သတိပေးထားသည်။

လင်းလင်း
The Ladies News


မန္တလေး ပုသိမ်ကြီးမြို့နယ်နန်းဦးလွင်ရပ် လက်ဘက်ရည်ဆိုင်တစ်ခုတွင် နိုင်ငံခြား သားတစ်ဦး ကို ရိုက်နက်ခံထားရသည့် ဒဏ်ရာဖြင့်ဒီဇင်ဘာ ၁၇ ရက် နံနက် ၂ နာရီခွဲက ညလှည့်ကင်းအဖွဲ့မှတွေ့ရှိခဲ့သည်။

အဆိုပါ နိုင်ငံခြားသားသည်အမေရိကန်သား Mr.Jerry Chamber (၅၅)နစ်ဖြစ်၍ E-Visa သက်တမ်း ဒိဇင်ဘာ ၁၁ မှ၂၀၁၇ ဇန်နဝါရီ ၈ ရက်ထိဖြစ်ပြီး ၁၆ ရက် နေ့က နန်းဦးလွင်ရပ် ကွက်ရှိ White House Hotel တွင်ရောက် ရှိလာခဲ့သည်။

ဖြစ်စဉ်မှာ ၁၇ ရက်နေ့ နံနက် ၁-နာရီက နိုင်ငံခြားသားနင့်နေလင်းထွန်းဆိုသူတို့ 9-Bar စားသောက်ဆိုင်၌အရက်သောက်စား စဉ် အနီးနားစားပွဲဝိုင်းသို့ ဆေးလိပ်တောင်း သောက်ပြီး ပြောဆိုလိုက်သည့်စကားကို တဖက်သူမှ ဆဲသည်ဟုထင်မှတ်ကာပုလင်း ဖြင့်ရိုက်ခံရသည်ဟုဆိုသည်။

နိုငံခြားသားမှာနဖူးပေါက်ပြဲဒဏ်ရာ(မစိုးရိမ် ရ)ရှိခဲ့၍ ရိုက်လိုက်သူက တောင်းပန်သဖြင့် ပြေလည်မှုရရှိ၍ ကိုနေလင်းထွန်း ကဟို တယ်သို့ပို့ဆောင်ခဲ့ပြီးနံနက်တွင်လာခေါ်၍ ဆေးခန်းပို့ပေးမည်ဟု ဟိုတယ်သို့ မှာကြားခဲ့ ကြောင်းသိရသည်။

နိုင်ငံခြားသားက ဆေးလိပ်သောက်လိုသဖြင့် အနီးနားရှိ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိခဲ့ပြီး ၄င်းသည်အောင်ပင်လယ်ရဲစခန်း နယ်မြေတွင် အရက်သေစာသောက်စားပြီး ဟိုတယ်သို့ မပြန်နိုင်သဖြင့် လိုက်ပို့ဖူးသည် ဟုဆိုသည်။

ဒဏ်ရာရှိသော နိုင်ငံခြားသားအား မန္တလေး ဆေးရုံကြီး ဦးနောက်နင့်အာရုံကြော ကုသ ဆောင်၌ စိုးရိမ်စရာမရှိဘဲ ကုသမှုခံယူနေ ကြောင်း ရဲမှတ်တမ်း များအရ သိရသည်။

ခိုင်ဆက်ဝေ/စိုင်းထူးခန့်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးစာချုပ် နှစ် ၅၀ ပြည့်အခမ်းအနားမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကို တွေ့ရစဉ်ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးစာချုပ် နှစ် ၅၀ ပြည့်အခမ်းအနားမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကို တွေ့ရစဉ်
Photo: Htet Arkar/RFA
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အစိုးရကို အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး စာချုပ် နှစ် ၅၀ ပြည့်အခမ်းအနားမှာ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြည်သူ့ အစိုးရအနေနဲ့ နိုင်ငံသားတိုင်းကို မခွဲခြားဘဲ ကာကွယ်ပေးတဲ့ ပင်မစာချုပ်ကို လက်မှတ်ထိုးဖို့ လိုအပ်တဲ့အတွက် တိုက်တွန်းတာဖြစ်တယ်လို့ ပြောပါတယ်။

"နိုင်ငံသားတိုင်း၊ လူတိုင်းကို ကာကွယ်ပေးဖို့လိုအပ်တဲ့ ပင်မစာချုပ်ကြီးကတော့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေး စာချုပ်ဖြစ်ပါတယ်၊ အဲ့တော့ နိုင်ငံသားတိုင်းဘာမှခွဲခြားခြင်းမရှိပဲနဲ့ ကျနော်တို့ ကာကွယ်မှုတွေရရှိဖို့ အသွင်ကူးပြောင်းနေတဲ့ဒီကာလတွေ မှာ ပြည်သူတွေကနေရွေးချယ်တင်မြှောက် ထားတဲ့ ပြည်သူ့အစိုးရ၊ ပြည်သူတွေကိုအမှန်တကယ်ကာကွယ်ပေးတဲ့ နိုင်ငံတကာ စာချုပ်ကိုလက်မှတ် ထိုးပြီး ကမ္ဘာအလည်မှာ တကယ်ကိုလူ့အခွင့်အရေး ကိစ္စတွေလုပ်ဆောင်နေပါတယ်ဆိုတာ သက်သေပြဖို့အတွက်လိုအပ်တာဖြစ်တဲ့အတွက် အခုလိုမျိုးထိုးဖို့ လိုအပ်တယ်လို့ပြောပါတယ်၊ ထိုးဖို့လည်း ကျနော် တိုက်တွန်းနေပါတယ်ခင်ဗျ"

မြန်မာနိုင်ငံဟာ နိုင်ငံတကာစာချုပ်ကြီး ၉ ခုမှာ ကလေးအခွင့်အရေးဆိုင်ရာ စာချုပ်၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ စာချုပ်နဲ့ မသန်စွမ်းအခွင့်အရေးဆိုင်ရာစာချုပ် တို့ကိုသာ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာစာချုပ်တွေကို ဘယ်လောက်ပါဝင်လက်မှတ်ရေးထိုးတယ်ဆိုတာဟာ လူ့အခွင့်အရေးစံချိန်စံနှုန်း ဘယ်လောက်ရှိတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီနေ့ အခမ်းအနားကို နိုင်ငံတကာအဖွဲ့အစည်းတချို့နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ၅၀ ခန့် တက်ရောက်ခဲ့ပါတယ်။
RFA



ကချင်ပြည်နယ်၊လိုင်ဇာရှေ့တန်းမှ ကချင်လွတ်မြောက်ရေးတပ်(KIA)တပ်သားများ။
မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ တပ်စခန်းတွေကို မြန်မာစစ်တပ်က ဒုတိယနေ့အဖြစ် ထိုးစစ်ဆင်နေပါတယ်။ KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးတ၀ိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် က ဆက်ပြောပြပါမယ်။

ကချင်လွတ်မြောက်ရေးဌာနချုပ်၊ လိုင်ဇာနဲ့ အနီးတဝိုက်က ကချင်တပ်စခန်းတွေကို အဓိကပစ်မှတ်ထားပြီး မြန်မာစစ်တပ်ဘက်ကမနေ့သောကြာနေ့မနက်ကစလို့လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တဲ့အတွက် ကချင်တပ်စခန်းတချို့ ဆုတ်ခွာပေးခဲ့ရပြီး အကျဆုံးတွေရှိခဲ့တယ်လို့ ကချင်စစ်ရေးကို လေ့လာသုံးသပ်နေတဲ့ ကချင်သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက ပြောပါတယ်။

“မနေ့ကဆိုလို့ရှိရင်လည်း ဒီ လက်နက်ကြီးက လက်နက်ကြီးကျည်ကတော့ အလုံးပေါင်းထောင်ကျော်ကျော်ပစ်ခတ်တယ်။ အဲ့ဒီနောက်ပိုင်း ဂျက်တိုက်လေယာဉ်တွေနဲ့လည်းအကြီးအကျယ် ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးမှသူတို့ကတော့ ဒါ မနေ့ကဆိုလို့ရှိရင် KIA ဘက်က အကျအဆုံးတွေကလည်း ရှိခဲ့တယ်ဆိုတော့ သူတို့ညနေပိုင်း ၃ နာရီကျော်ကျော်မှာ ဒီ ဂီဒေါင်စခန်းကနေပြီးမှာ ကေအိုင်အေနောက်ဆုတ်လိုက်တာဖြစ်တယ်”

ဒီကနေ့ စနေနေ့မနက်မှာလည်း ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်ဘက်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲအနေအထား သူက အခုလိုပြောပြပါတယ်။

“အခုဒီနေ့မှာဆိုလို့ရှိရင်လည်းပဲ တကယ်ပြင်းပြင်းထန်ထန် ထိုးစစ်ကို ဒီ..ဗမာစစ်တပ်ဘက်က ဂီဒေါင်နဲ့ တဘောက်ချောင်း ရဲ့တဘက်မှာရှိတဲ့ လွိုင်ဖောင်ရယ်၊ KIA တပ်ရင်း ၃ စခန်းဘက်ကိုအပြင်းအထန် တိုက်ခိုက်နေတယ် ဆိုတဲ့ ဟာကို ကျွန်တော်တို့သိရပါတယ်။ တဘက်မှာလည်းပဲ ဒီလိုင်ဇာ ကေအိုင်အေ ဗဟိုဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင်မှာလည်းပဲ သူတို့လက်နက်ကြီးတွေနဲ့ ဒီလိုင်ဇာပတ်ဝန်းကျင်ကို ပစ်ခတ်မှုတွေကတော့ လုပ်နေတုန်းပါပဲ “

ကချင်လွတ်မြောက်ရေးတပ်စခန်းရဲ့ စခန်းတခုဖြစ်တဲ့ ဂီဒေါင်တပ်စခန်းအပြင် KIA တပ်မဟာတပ်တွေ စခန်းချရာ တောင်ကုန်းတွေကို ထိုးစစ်ဆင်နေဆဲမှာပဲ မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ ထပ်တိုးချဲ့ချလာနေတဲ့အတွက် ရှ့ဆက်ပြီးလည်း ကချင် လွတ်မြောက်ရေးတပ်စခန်းတွေကို ပြင်းပြင်းထန်ထန် ဆက် ထိုးစစ်ဆင်နိုင်တဲ့အလားအလာရှိတယ်လို့လည်း ကိုနော်ဒင်းက အခုလိုရှင်းပြပါတယ်။

“ဒီလိုင်ဇာပတ်ဝန်းကျင်မှာကျတော့ ကေအိုင်အိုဘက်က ပြည်သူလူထုတွေ၊ ဒုက္ခသည်တွေလည်း အများကြီးရှိပါတယ်။ ဒုက္ခသည်တွေကလည်း ထောင်ပေါင်းများစွာ ရှိတဲ့နေရာဖြစ်တယ်။ အဲ့ဒီတရုတ်နယ်စပ်၊ လိုင်ဇာပတ်ဝန်းကျင်တောက်လျှောက်ပေါ့။ လူထုတွေပဲ အဲ့ဒီလိုမျိုးအစိုးရတပ်ဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့နေရာကနေပြီးမှ ရှောင်ဖို့အတွက်ရော၊ သတိထားဖို့အတွက်ရော အခုအဲ့ဒီလိုမျိုး သတိပေးတဲ့ကြေငြာချက်တွေကိုလည်းကချင်ဘာသာနဲ့ရောထုတ်ပြန်နေတာကို ကျနော်တို့တွေ့ရပါတယ်။ အခုဒီမှာ မန်ဝိန်းကြီး ဘက်မှာဆိုရင်လည်း ဒုက္ခသည်တွေကို တကယ်တော့ အစိုးရထိန်းချုပ်ဒေသမှာရှိတဲ့ ဒုက္ခသည် ၅ ထောင်ကျော်လောက်ရှိတယ်။ သူတို့ အတွက် ရိက္ခာတွေကိုလည်း အစိုးရစစ်တပ်တွေက လမ်းကြောင်းအားလုံးမှာ ပိတ်ဆို့ပြီးမှ ရိက္ခာအားလုံး သက်ဆိုင်ရာအကူအညီတွေကိုလည်း မ၀င်လာနိုင်အောင် သူတို့ဘက်က အဲ့လိုပိတ်ဆို့တာလည်း အရမ်းကြာပါပြီ။ စိုးရိမ်မှုတွေကတော့ ပိုပြီးတော့ရှိလာနေတာပေါ့ “

အခုလို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အနီး KIO ထိန်းချုပ်နယ်မြေထဲမှာ မြန်မာစစ်တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လာနေတဲ့အတွက်လိုင်ဇာအနီးတဝိုက်ကကချင်လွတ်မြောက်ရေးတပ်ထိန်းချုပ်နယ်မြေထဲက IDP ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေနဲ့ လိုင်ဇာအနီးတဝိုက်က ဒေသခံကချင်ပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေကို မြင်တွေ့နေရတဲ့အပြင် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေမှုကြောင့် သုတို့ရဲ့အသက်အန္တရာယ်ကို စိုးရိမ်နေကြတယ်လို့ ကချင်ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)အထွေထွေအတွင်းရေးမှူးဒေါက်တာဆမ်ဆွမ်ကဆိုပါတယ်။

“အခြေအနေကတော့ အဲ့ဒီဘက်မှာလည်း အပြင်းအထန်ပဲ ထိုးစစ်ဆင်နေတယ်။ အဲ့တာနဲ့ ဂီးဒေါင် Post ကုန်းနဲ့အတူတူပဲ။ အဲ့ဒီထက်မှာ။ လိုင်ဖွန်ဆိုတဲ့အဲ့ဒီစခန်းနဲ့ မဝေးတဲ့နေရာမှာ မဂါ့ရန်ဆိုတဲ့ IDP စခန်းရှိတယ်။ အဲ့ဒီအတွက်တော့ စိုးရိမ်စရာတော့ရှိတယ်။ မဂါ့ရန် IDP စခန်းက အဲ့ဒီလွိုင်ဖောင်နဲ့ သိပ်မဝေးတဲ့ တောင်တတောင်ကျော်လောက်မှာပဲရှိတဲ့နေရာမှာ ရှိတဲ့နေရာဖြစ်တယ်။ ဒါကြောင်းမို့လို့ အဲ့ဒီအတွက်တော့ စိုးရိမ်ရတယ်။ သူတို့ကတော့ အဲ့ဒီကေအိုင်အို စခန်းကိုတော့ ပစ်မှတ်ထားပြီးတိုက်တာပဲ။ ဒါပေမယ့် အဲ့ဒီ IDP စခန်းနဲ့လည်း နီးတာဆိုတော့ ဟို..ဗုံးသံ၊ သေနတ်သံ၊ လေယာဉ်နဲ့ ပစ်သံတွေ ကတော့ အဲ့ဒီ IDP စခန်းနားမှာလည်း ကျတယ်ဆိုတော့ သူတို့အားလုံးက စိုးရိမ်စရာဖြစ်လာတာပေါ့။ ဒီ IDP အဲ့ဒီမှာရှိတဲ့ ကျနော်တို့လူထုတွေအတွက်တော့ တခြားပြေးဖို့တော့ မရှိတော့ ဘူး။ ဘာကြောင့်လည်းဆိုတော့ တရုတ်ပြည်ဘက်ကလည်း လက်ခံမှာ မဟုတ်ဘူး “

အခုလို ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ ကချင်ပြည်သူတွေကို စစ်ဘေးကို သတိထားရှောင်ရှားကြဖို့ကိုလည်း ကချင်ဘာသာတွေနဲ့ပါ သတိပေးကြေညာချက်တွေ ထုတ်ပြန်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေကစလို့ ရှမ်းမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဘက်က မြန်မာစစ်တပ်စခန်းတွေကို စတင်တိုက်ခိုက်လိုက်ချိန်ကစလို့ တိုက်ပွဲတွေ တင်းမာလာချိန်မှာပဲ ကချင်ပြည်နယ်ဘက်က ကချင်လွတ်မြောက်ရေးဌာနချုပ် KIO ရဲ့ လိုင်ဇာဌာနချုပ်နဲ့ အနီးတဝိုက်က ကချင်တပ်စခန်းတွေကို ပစ်မှတ်ထားပြီး မြန်မာ အစိုးရတပ်တွေဘက်က လေကြောင်းနဲ့ပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။ အခုလိုမျိုး ကချင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရစစ်တပ်ဘက်ကတော့ တရားဝင်သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

 မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၊ အမှတ် ၇ ရပ်ကွက် ကျောက်မဲ - မိုင်းငေါ့ကားလမ်းမဘေးရှိ ကျောက်မဲခရိုင်ရဲရုံးအား ကားလမ်းမပေါ်မှနေ၍ ပစ်ခတ်သွားရာမှ ခရိုင်ရဲရုံးအနီး လယ်ကွင်းအတွင်း လက်နက်ကျည်ကျရောက်၍ ပေါက်ကွဲမှု ဒီဇင်ဘာလ ၁၇ ရက် ည ၆ နာရီ မိနစ် ၄၀ ခန့်တွင် ဖြစ်ပွားသည်။

“ခရိုင်ရုံးအနီး လယ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာပါ။ အထိအခိုက်အပျက်အစီးမရှိဘူး။ 40 M နဲ့လှမ်းပစ်တာ”ဟု ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်မင်းမင်းက အခင်းဖြစ်နေရာမှ တာချီလိတ်သတင်းအေဂျင်စီသို့ ဖြေသည်။

ခရိုင်ရဲရုံးအား လမ်းမပေါ်မှ ဆိုင်ကယ်စီးသွားရင်း လှမ်းပစ်သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“အသံနှစ်ချက်ကြားလိုက်တယ်။ ရဲစခန်းဘက်ကပဲ။ အဲဒီနားမှာ လယ်ကွင်းတွေလည်းရှိတယ်။ ခုနှစ် နာရီလောက်မှာ ရဲတွေရှာဖွေနေတာမြင်ရတယ်။ အထိအခိုက်မရှိပါဘူး”ဟု အဆိုပါ ရဲရုံးအနီးမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါနေရာဝန်းကျင်အား လုံခြုံရေးတင်းကျပ်ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
Tachileik News Agency
http://www.tachileik.net


ကျောက်မဲ၊ ဒီဇင်ဘာ ၁၇။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ည နေ ၆း၃၀ ခန့်က ပြင်းထန်သည့် အသံတစ်ခုထွက်ပေါ်လာခဲ့ကြောင်း ၊ယင်း အသံမှာ ကျောက်မဲမြို့မြောက်ဘက်ရှိ ခရိုင် ရဲတပ်ဖွဲ့စခန်း အနီးသို့ အမည်မသိသူများကလက်နက်ဖြင့်ပစ်ခတ်ရာမှထွက်ပေါ်လာသည့် အသံဖြစ်ကြောင်း
ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကယနေ့ ( ဒီဇင်ဘာ ၁၇ ရက်) ည ၈း၃၀နာရီတွင် AHN သို့အတည်ပြုပြောသည်။

"ကျောက်မဲမြို့မြောက်ဘက် မှာရှိတဲ့ ခရိုင်ရဲစခန်းကို အမည်မသိတဲ့သူတွေက အမ်-40 လက်နဲ့ပစ်တာပါ။ ပစ်ပြီးပြေးသွားတာပါ။ ကျည်ကရဲစခန်းဘေးမြေကွက်လပ်ကိုကျပါတယ်။ အနားမှာရှိတဲ့ သစ်ပင် အချို့ထိပါတယ်။ စခန်းကိုလည်း အနည်းငယ်ထိပါတယ်။စခန်းလည်းမပျက်စီးပါဘူး၊ထိခိုက်၊သေဆုံးဒဏ်ရာရတာမရှိပါဘူး “ဟု ၄င်းကပြောသည်။


"ပေါက်ကွဲသံလိုမျိုး အသံထွက်လာတာတော့ ကြားပါတယ် ။ မြို့ကလည်း အေးအေးဆေးဆေးပါ။ အခုချိန်မှာ မြို့ထဲက လူတွေက ဆူဇူကီးဖလားအားပေးနေတယ်။ ထိုင်းနိုင်လို့ အားမလိုအားမရနဲ့အော်ဟစ်နေကြတယ်။ မြို့ထဲမှာပုံလည်းမှန်လှုပ်ရှားသွားလာနေကြပါတယ် ၊ တကယ့်ကို အေးဆေးပါပဲ“ ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

မင်္ဂလာထွန်း (AHN- KME)
PHOTO- AHN
The Asia Heart News



အစိုးရတပ်မတော်သား တချို့ကိုတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကေအိုင်အေ အမာခံစခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်တောင်ကုန်းကို လက်လွှတ် ဆုတ်ခွာလိုက်ရပြီလို့ ကေအိုင်အိုအဖွဲ့က ဗိုလ်မှူးကြီး နော်လီက ဒီကနေ့ အတည်ပြုပြောပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်လီက အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်ကလည်း မနေ့က ညပိုင်းမှာ ဂီဒွန်စခန်းကနေ ကေအိုင်အေ တပ်တွေ ဆုတ်ခွာပေးလိုက်ရတာလို့ ဆိုပါတယ်။

ဒီကနေ့ ကေအိုင်အေ တပ်ရင်း ၃ နယ်မြေ လိုင်ဖောင်း စခန်းတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအိုင်အိုဗဟိုက တစ်စုံတရာ ညွှန်ကြားတာမရှိသေးကြောင်းနဲ့ ဗဟိုက တာဝန်ရှိသူတွေအနေနဲ့ ငြိမ်းချမ်းရေးကို ရတဲ့နည်းနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်လီက ဆိုပါတယ်။

လောလောဆယ်မှာ ဂီဒွန်စခန်းကို ထိန်းချုပ်လိုက်ပေမယ့် လိုင်ဇာမြို့ကို စစ်ဆင်မှုတွေလုပ်မှာ မဟုတ်သေးဘူး လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော် အရာရှိတစ်ဦးက ပြောပါတယ်။

ကေအိုင်အေရဲ့ အမာခံ ဂီဒွန်စခန်းတဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား ရက်ရှည် တိုက်ပွဲတွေဖြစ်ပွားနေပြီး တပ်မတော်က ဂီဒွန်တောင်ကုန်းကို မနေ့က လေကြောင်းစစ်ဆင်ရေးတွေနဲ့ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ နှစ်ဖက်တပ်တွေထိခိုက်သေဆုံးခဲ့ပေမယ့် အသေးစိတ်ကိုတော့ နှစ်ဖက်တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်းမရှိပါဘူး။

ဂီဒွန်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့အတွက် ၀မ်းမနည်းကြဖို့နဲ့ ခုခံတိုက်ခိုက်ခဲ့ကြတဲ့ ရဲဘော်တွေ ကို လေးစားကြောင်း ကေအိုင်အေ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော် ရေးသားထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

RFA Burmese
http://www.rfa.org/burmese



 လှုပ်ရှားစစ်ဌာနချုပ် ဘက်ကို ကေအိုင်အေ တပ်ဆုတ်
ဂိဒေါင်က ကေအိုင်အေ တပ်စခန်းကို ၄ လ ကြာ အစိုးရစစ်တပ်က ဝန်းရံ တိုက်ခိုက်နေ ရာမှာ သောကြာနေ့က ကေအိုင်အေ က တပ်ဆုတ်ပေးလိုက် ရတယ်လို့ ကေအိုင်အေဘက်က ဘီဘီစီကို ပြောပါတယ်။

အစိုး ဘက်က တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေ သုံးပြီး တိုက်လို့ တပ်ဆုတ်ပေးလိုက်ရတာလို့ ဆိုပါတယ်။

ကေအိုင်အေ ဘက်က ၉ ယောက် ကျဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၅ ယောက်လောက် ရှိတယ် လို့လည်း ဆိုပါတယ်။

အစိုးရ ဘက်က အကျအဆုံးကို မသိရသေးပါဘူး။

စနေနေ့မှာ ဆက်ပြီး တိုက်ပွဲဖြစ်တာ မရှိဘဲ လှုပ်ရှားစစ်ဌာနချုပ် ဘက်ကို ကေအိုင်အေက တပ်ဆုတ် ထားတယ်လို့ သိရပါတယ်။

လိုင်ဇာဘက်ကိုလည်း သောကြာနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိပေမယ့် စိုးရိမ်စရာ မရှိဘူး လို့ ကေအိုင်အေ အရာရှိ တယောက်က ပြောပါတယ်။

တရုတ်ပြည် သွားတဲ့ လမ်းကြောင်းကို ဖြတ်တောက်ချင်လို့ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်သိမ်းယူတာ လို့လည်း ဆိုပါတယ်။

ကချင်နဲ့ ရှမ်းမြောက် ဒေသတွေမှာ အစိုးရနဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားတာတွေလည်း မကြာခဏ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အရွယ်မရောက်သေးသည့် အိမ်အကူ မိန်းကလေးကို အိမ်ရှင်က ခြိမ်းခြောက်သွေးဆောင်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် မုဒိမ်းကျင့်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁၇ ရက်တွင် ရန်ကုန်မြို့ နာနတ်တောလမ်းရှိ Myanmar NGO Network ရုံးခန်း၌ အဆိုပါမိန်းကလေး၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။


ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့သည့် အဆိုပါအမှုမှာ ကြန့်ကြာမှု ရှိနေခြင်းကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

ဗဟန်းမြို့နယ်တွင် အိမ်အကူအဖြစ် တစ်လလျှင် ကျပ် ၄၀၀၀၀ ဖြင့် အလုပ်လုပ်ကိုင်နေစဉ် အိမ်ရှင်၏ မောင်ဖြစ် သူက အကြိမ်ကြိမ်စော်ကားခံရသဖြင့် အဆိုပါအိမ်မှ ထွက်ပြေးရာမှတစ်ဆင့် မိခင်ဖြစ်သူက သိရှိပြီး ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရဲစခန်းသို့ တိုင်ကြားရာတွင်လည်း ရဲစခန်းက ချက်ချင်း လက်ခံခဲ့ခြင်း မဟုတ်ကြောင်း အဆိုပါအမှုကို လိုက်လံကူညီနေသူ ဒေါ်စန်းက ပြောသည်။

“စဖွင့်တဲ့နေ့ အဲဒီနေ့တာဝန်ကျတဲ့ရဲအုပ်က အမှုမဖွင့်နဲ့ဦးတဲ့ ဒီဘက်မှာ တိုင်ထားတယ်။ ဒေါ်သီတာငြိမ်းက ဆွဲကြိုးတွေ ယူသွားတယ်။ ပိုက်ဆံတွေ ယူသွားတယ်။ ကောင်လေးတစ်ယောက်နဲ့ လိုက်သွားတယ်ဆိုပြီး အမှုဖွင့်ထားတယ်ဆိုပြီးပြောတယ်။ အဲဒီတော့ ကျွန်မကလည်း ရဲအုပ်ကို ပြောတယ်။ မှန်တယ် ရဲအုပ် ကျွန်မ အဲဒီကိစ္စကို စိတ်မ၀င်စားဘူး။ ကျွန်မကို ဒီမုဒိမ်းမှုကိုပဲ အမှုဖွင့်ပေးဆိုမှ ဖွင့်ပေးတယ်”ဟု ၎င်းက ဆိုသည်။


မိခင်ဖြစ်သူ၏ အကြွေးကြောင့် အိမ်အကူအဖြစ် လုပ်ကိုင်နေစဉ် ယင်းသို့စော်ကားခံရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

“ပြန်မယ်ချည်းပဲ ပြောနေတာ။ မနေချင်ဘူး။ ဒီအိမ်မှာ မနေချင်ဘူးလို့ ပြောနေတာ။ မကြီးက မနေချင်လည်း နေပါ သမီးလေးရယ်။ အမေ့မှာ အကြွေးလေးတွေရှိတယ်။ အကြွေးကျေရင် အမေလာခေါ်မယ်လို့ ပြောခဲ့တာ”ဟု မိခင်ဖြစ်သူက ဆိုသည်။

အဆိုပါအမှုတွင် တရားခံကို ဖမ်းဆီးရမိထားပြီးဖြစ်ကာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ ပြစ်မှုနံပါတ် ၃၂၅၊ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ လက်ရှိတွင် အမှုအား စစ်ဆေးဆဲဖြစ်ပြီး ဒီဇင်ဘာ ၂၁ရက်တွင် စတုတ္ထအကြိမ်မြောက် ရုံးချိန်း ချိန်းဆိုထားကြောင်း သိရသည်။

သဇင်လှိုင်
SKY Land News & Entertainment Media
https://www.facebook.com/skyland.news



ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာအား တွေ့ရစဉ် (ဆင်ဟွာ)
    ဘန်ကောက်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) က ၎င်း၏ အစိုးရ အဖွဲ့အတွင်း ၂၀၁၄ ခုနှစ်မှစ၍ လေးကြိမ်မြောက် အဖြစ် ပြောင်းလဲလိုက်သည့် အစိုးရအဖွဲ့သစ်အား ဒီဇင်ဘာလ ၁၆ ရက်က ကြေညာလိုက်သည်။

စစ်တပ် အကြီးအကဲဟောင်း ပရာယွတ်သည် ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် အာဏာ ရရှိလာခဲ့ခြင်း ဖြစ်သည်။တော်ဝင် ပြန်တမ်းဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက်အရ ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီး ၁၂ ဦးအား ပရာယွတ်က ခန့်အပ်လိုက်ကြောင်း၊ အမြင့်ဆုံး ပြောင်းလဲမှု အနေဖြင့် တရားစီရင်ရေး၊ ပညာရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီး နေရာများ ပါဝင်ကြောင်း သိရသည်။ပညာရေး ဝန်ကြီးဟောင်း ဒပ်ပုန် ရတ်တာနာစူဝန် (Dapong Ratanasuwan) နှင့် တရားရေး ဝန်ကြီး ပိုင်ဘွန်ကွန်းမ် (Paiboon Koom ) တို့အား တော်ဝင် အကြံပေးများ အဖြစ် ဘုရင် မဟာ ဗာဂျီရယ် လောင်ကွန်း (Maha Vajiralongkorn ) က အစောပိုင်းကတည်းက အမည်စာရင်း တင်သွင်းခဲ့သည်။

ပညာရေး ဒုတိယဝန်ကြီး Teerakiat Jareonsettasin အား ပညာရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး စူဝါဖန် တန်ယုဗတ်ဟာနာ (Suwaphan Tanyuvardhana)  အား တရာစီရင်ရေး ဝန်ကြီးအဖြစ် လည်းကောင်း အသီးသီး ပြောင်းလဲ တာဝန်ပေး ခန့်အပ်ခဲ့သည်။ထို့ပြင် အစိုးရ အဖွဲ့အတွင်းသို့ အသစ် ငါးဦးကိုလည်း ခန့်အပ်လိုက်ကြောင်း၊ ၎င်းတို့မှာ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဖြစ်လာသည့် ဗီးရာဆတ် ဖူထရာကူလ် (Veerasak Futrakul) ၊ လယ်ယာစိုက်ပျိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ချူတီမာ ဘွန်းယာပရာပတ်စ် (Chutima Boonyaprapas)၊ သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး ဖြစ်လာသည့် ပီချစ် အက်ခရာသစ် (Pichit Akarathit)၊ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဆွန်သီရတ် ဆွန်သီဂျီရာဝန် (Sonthirat Sonthijirawong)နှင့် စက်မှုလုပ်ငန်း ဝန်ကြီးအသစ်အဖြစ် အွတ်တာမာ ဆန်ဗန်နေယာနာ (Uttama Savanayana) တို့ဖြစ်သည်။အစိုးရအဖွဲ့ အပြောင်းအလဲအား ဒီဇင်ဘာလ ၁၅ ရက်က အတည်ပြုခဲ့ကာ ဒီဇင်ဘာလ ၁၆ ရက်ည၌ ကြေညာခဲ့ပြီးနောက် ထိုပြောင်းလဲမှုအား ချက်ချင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပါပူအာ နယူးဂါနီနိုင်ငံ နယူးအိုင်ယာလန်ကျွန်း အနီး ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) ပေကျင်း စံတော်ချိန် ည ၆း၅၁ နာရီအချိန်၌ ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ငလျင်သည် တောင်လတ္တီကျု့ ၄.၅၃ ဒီဂရီ၊ အရှေ့လောင်ဂျီကျု့ ၁၅၃.၄၇ ဒီဂရီ နှင့် အနက် ၁၁၀ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ငလျင် ကွန်ရက် စင်တာ (CENC) က ထုတ်ပြန်လိုက်သည်။

(Xinhua)
China Xinhua News


ကရင်ပြည်နယ် ဘားအံမြို့ရှိ ဆံတော်ရှင်ဇွဲကပင်စေတီတော်ရင်ပြင်တွင် သရုပ်ပျက်ကခုန်သူများကို စိစစ် အတည်ပြုပြီး အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

''ဒီကိစ္စကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ ကျွန်တော်တို့ ဒီအဖြစ်အပျက်ကို ပြန်လည်စိစစ်ပါ့မယ်။ စိစစ် အတည်ပြုပြီးရင်တော့ ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတာ ကျွန်တော်တို့ ထုတ်ပြန်သွားမှာပါ''ဟု ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ကရင်ပြည်နယ်ရှိ ဆံတော်ရှင်ဇွဲကပင်စေတီတော်ရင်ပြင်ပေါ်၌ နိုင်ငံခြားသားများနှင့် ကရင်အမျိုးသားအချို့တို့ သောက်စားပျော်ပါးကခုန်နေသည့် ဗီဒီယိုဖိုင်တခုကို ကရင်ပြည်နယ် ဘားအံမြို့တော်သတင်း ဖေ့စ်ဘုတ်စာမျက်နှာ၌ ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

''ဒီလိုဘုရားရင်ပြင်ပေါ်မှာ သရုပ်ပျက်တဲ့ အပြုအမူတွေလုပ်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။ ကျွန် တော်တို့ ကရင်လူမျိုးပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် အရေးယူဆောင်ရွက်သင့်ပါတယ်''ဟု ကရင်အမျိုးသားတဦးဖြစ်သူ ကိုစောစိုးမိုးက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် ကရင်ပြည်နယ်သည် နိုင်ငံခြားခရီးသွားများ အများဆုံး လာရောက်လေ့လာလည်ပတ်သည့် ပြည်နယ်တခုဖြစ်ပြီး အထက်ပါကိစ္စများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

''လောလောဆယ် ဒီကိစ္စကို စုံစမ်းရဦးမယ်။ ဘာမှမသိသေးဘူး။ ဒီကိစ္စမှန်တယ်ဆိုရင် ဆရာတော်ကြီးတွေဆီ လျှောက်ရဦးမှာပေါ့။ ဆံတော်ရှင် စေတီတော်ဆိုတာ ကျွန်တော်တို့ ကရင်ပြည်နယ်ရဲ့ ကျက်သရေဆောင် စေတီတဆူပါ။ ဒီလို စေတီတော် ရင်ပြင်မှာ အဲလိုကိစ္စတွေလုပ်တယ်ဆိုရင် စုံစမ်းအတည်ပြုပြီးသွားမယ်။ ပြီးရင် ပါဝင်ပတ်သက်တဲ့သူများကို ထိထိရောက်ရောက်အရေးယူသွားမှာပါ''ဟု ကရင်ပြည်နယ် သာသနာရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။ အဆိုပါဗီဒီယိုဖိုင်သည် ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး ဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်ပြောဆိုလျက်ရှိ သည်။

လင်းယုန်(ဟံသာဝတီ)
News Watch
https://www.facebook.com/NewsWatchJournal/