ABSDF ခေါင်းဆောင်တွေ အဖမ်းဆီးခံ ဦးမင်းဌေးနဲ့ တွေ့


(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းဌေး ကို တွေ့ရစဉ်) Photo:Ko Moe (facebook)
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုခေါင်းဆောင်တွေဟာ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဗဟိုကော်မတီဝင် ဦးမင်းဌေး လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ရောက်ရှိနေပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ABSDF အနေနဲ့ အကောင်းဘက်ကို မျှော်လင့်တယ်လို့ ဦးမင်းဌေးနဲ့တွေ့ခဲ့တဲ့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဆလိုင်းယောအောင်က ပြောပါတယ်။

"နံပါတ် ၁ ကတော့ ကိုမင်းဌေးကတော့ ကျန်းမာရေးကောင်းတယ်၊ အားလုံးမာကြောင်းသာကြောင်းလေး ပြောလိုက်ပါတဲ့၊ ကျနော်တို့ ကိုမင်းဌေးကို မေးရတာတော့ အဲဒီနေ့ကဖြစ်တဲ့ အခြေအနေလေးပေါ့လေ၊ တပ်က ဘယ်လိုမေးတယ်၊သူက ဘယ်လိုပြောတယ်၊ နောက်တခုက သူက ဘာတွေ ကျနော်တို့ကို မှာချင်သလဲ၊ အဲဒါလေးတွေ ကျနော်တို့ ပြောဖြစ်တယ်၊ ကျနော်တို့ ဒီဘက်က အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်လေးတွေ ကြိုးစားရမှာပေါ့၊ ကျနော်တို့ အကောင်းဖက်ကို မျှော်လင့်ပါတယ်"

ABSDF အတွင်းရေးမှူး ၊ အပစ်ခတ်ရပ်စဲရေးစောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ဆလိုင်းယောအောင်၊ အတွင်းရေးမှုး ၁ ဦးမြင့်ဦးနဲ့ စစ်ဦးစီးချုပ် ဦးမောင်ဦးတို့ သုံးယောက်ဟာ ဦးမင်းဌေးကို ထိမ်းသိမ်းထားတဲ့ ဗန်းမော်အကျဉ်းထောင်ကို သွားတွေ့ခဲ့တာဖြစ်ပါတယ်။

ဦးမင်းဌေးကိစ္စနဲ့ပတ်သက်လို့ မြို့နယ်မှူး၊ ရဲမှူးနဲ့ စစ်ဖက်ရေးရာလုံခြုံရေးက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဦးမင်းဌေးကို မနက်ဖြန် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ရုံးထုတ်မယ်လို့သိရပြီး မနက်ဖြန် ရုံးထုတ်တဲ့အချိန်အထိ သူတို့သုံးယောက် ဗန်းမော်မှာ ရှိနေမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က ဦးမင်းဌေးဟာ ဗန်းမော်မြို့ကနေ လွယ်ကျယ်ကိုအသွားလမ်းရှိတဲ့ မိုးမောက်မြို့နယ် စိန်လုံ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရပြီး အဲဒီကနေတဆင့် ဗန်းမော် အကျဉ်းထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.