ဦးသန့်နေအိမ်ပြတိုက်သို့ ကြည့်ရှုလေ့လာ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ၀န်ကြီးများ နှင့် အတူ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပန်းဝါလမ်း အမှတ် ၃၁ ရှိ ဦးသန့် နေအိမ်ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဦးသန့်နေအိမ်ပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ဦးသန့်၏ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၊ ပြည်သူ့ ၀န်ထမ်း၊ ကျောင်းဆရာနှင့် စာရေးဆရာ ဘ၀အတွေ့ အကြုံမှတ်တမ်းများ၊ လွတ်လပ်ရေး ရပြီးအစောပိုင်း ကာလများက မြန်မာနိုင်ငံ အကြောင်းမှစကာ ကျူးဘားနှင့် ဗီယက်နမ် စစ်ပွဲအကြောင်းတို့ကို စုံလင်စွာ ထင်ဟပ်သည့် ဓာတ်ပုံမှတ်တမ်းများ၊ စစ်အေး တိုက်ပွဲ အကြောင်းကို ခင်းကျင်းပြသထားသော ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာအုပ်များ၊ ဦးသန့် ကိုယ်ပိုင် စာတမ်းများ၊ ရှားပါးဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့် သမိုင်းဝင် မိန့်ခွန်းမှတ်တမ်းများကို ကြည့်ရှုလေ့ လာရာ ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦး က လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတ က ဒေါက်တာသန့်မြင့်ဦးအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတအား ဒေါက်တာသန့်မြင့်ဦးက ၎င်းရေး သားထား သည့် စာအုပ်များကို အမှတ်တရ လက်ဆောင် အဖြစ် ပြန်လည်ပေးအပ်သည်။

၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်ကာလအတွင်း တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဦးသန့်သည် ယခုနေအိမ်ကို လွတ်လပ်ရေးရပြီးစကာလတွင် အစိုးရ အဆင့်မြင့် အရာရှိအဖြစ် ၁၉၅၁ ခုနှစ်မှ ၁၉၅၇ ခုနှစ်ထိ ဇနီးသည် ဒေါ်သိန်းတင် ၊ သမီး အေးအေးသန့်နှင့် သား တင်မောင်သန့်တို့နှင့် အတူ နေထိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တွင် ဦးသန့်၏မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက အဆိုပါနေအိမ် အား အသုံးမပြုဘဲ စွန့်ပစ် ထားသည်ကိုတွေ့ရှိ၍ သက်ဆိုင်ရာသို့ ခွင့်တောင်းပြီး ပြန်လည်မွမ်းမံကာ ပြတိုက်နှင့် အများပြည်သူ အတွက် ပွဲလမ်းများကျင်းပသည့်နေရာ အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ပြုပြင်မွမ်းမံထားသော ဦးသန့်၏နေအိမ်တွင် ဦးသန့်၏ ဘ၀နှင့် လုပ်ဆောင်ချက်များကို အများ ပြည်သူ များလေ့လာနိုင်ရန် ပြခန်း ကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

(သတင်းစဉ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.