ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လအန်ဆန် ရှုံးနိမ့်


မြန်မာ MMA ကစားသမား အောင်လအန်ဆန် ယှဉ်ပြိုင်ထိုးသတ်သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ယနေ့ ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပရာ ရုရှားနိုင်ငံသား လက်ရှိချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ပွဲတိုင်းအနိုင်ရပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေသည့် ဗစ်တာလီဘစ်ဒက်ရှ်သည် အောင်လအန်ဆန်ကို လက်ရည်အသာဖြင့် ထိုးသတ်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပထမအချီတွင် နှစ်ဦးစလုံး အကဲစမ်းနေသောကြောင့် ထိရောက်သည့်ထိုးသတ်မှုများမရှိခဲ့သော်လည်း ဒုတိယအချီမှစ၍ ဗစ်တာလီဘစ်ဒက်ရှ်က အသာစီးမှ ထိုးသတ်နိုင်ခဲ့သည်။ ဗစ်တာလီဘစ်ဒက်ရှ်သည် ၄င်းအားသာသည့် ဘယ်လက်သီးနှင့် တံတောင်ကို အဓိကအသုံးပြုသွားခဲ့ပြီး အောင်လအန်ဆန် ညာနဖူး ဖူးရောင်သွားသလို တတိယအချီတွင်လည်း ဗစ်တာလီဘစ်ဒက်ရှ်၏ တံတောင်ရိုက်ချက်ကြောင့် ၀ဲဘက်မျက်လုံးအောက် ကွဲသွားခဲ့သည်။

အောင်လအန်ဆန်သည် အထိနာခဲ့သော်လည်း အချီပြည့်သည်အထိ တောင့်ခံနိုင်ခဲ့ပြီး ဗစ်တာလီဘစ်ဒက်ရှ်မှာ လက်ရည်အသာဖြင့် တောက်လျှောက်ထိုးသတ်နိုင်ခဲ့သောကြောင့် ဒိုင်လူကြီးများဆုံးဖြတ်ရာတွင် ပြတ်ပြတ်သားသားအနိုင်ရခဲ့ခြင်းဖြစ်သည်။ ဗစ်တာလီဘစ်ဒက်ရှ်သည် ကစားသမားဘ၀ ကိုးပွဲထိုးသတ်ရာတွင် ကိုးပွဲစလုံးအနိုင်ရပြီး လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ခဲ့သည်။ အောင်လအန်ဆန်သည် ကစားသမားဘ၀ ၁၀ မြောက် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

Eleven Sports
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.