အင်းတော်ကြီးက ဆင်တွေအတွက် ကေအိုင်အေ အခွန်တောင်း



ဓါတ်ပုံ - (လုံခြုံရေးယူထားသည့် KIA စစ်သားတချို့ကို တွေ့မြင်ရစဉ်။)
ကချင်ပြည်နယ် အင်းတော်ကြီးဒေသက လောဆွန့်၊ အိုင်လေးသူ၊ မပြင်၊ ပန်းလား၊ နားလတန်း စတဲ့ ကျေးရွာတွေက ဆင်သမားတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ဆင်တစ်ကောင်ကို ၇ သောင်းနှုန်းနဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားပေးဆောင်ဖို့ ကေအိုင်အေတပ်ရင်း ၂၆ က အကြောင်းကြားထားတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ ဆင်သမားတွေအပြင် တောင်သူတွေနဲ့ မိုးကောင်း-ဖားကန့် လမ်းပေါ်က ကားသမားတွေထံကနေ ကေအိုင်အေ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၆ နဲ့ တပ်ရင်း ၂၆ တို့က ကြေးကောက်ခံနေတာဖြစ်ပါတယ်။

ဒီနှစ် စပါးတွေပျက်စီးပြီး ဈေးနှုန်းတွေကျနေချိန်မှာ ဆက်ကြေးကောက်ခံနေတဲ့အတွက် အခက်အခဲတွေဖြစ်နေရတယ်လို့ အင်းတော်ကြီးဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

"ပေးရမယ်ဆိုတော့ ဘယ်လိုလုပ်ပေးရမလဲ၊ တချို့က စပါးလည်း မရောင်းရဆိုတော့၊ တကယ်လို့များ မပေးလို့ရှိရင် သူတို့ဘယ်လိုလာပြန်လုပ်မလဲ၊ လာဖမ်းသွားမလား၊ အဲလိုမျိုးဖြစ်နေကြတယ်၊ အခက်အခဲရှိနေကြတာပေါ့၊ ဒီနှစ်က စပါးလည်း မကောင်းဘူးဆိုတော့၊ စပါးဈေးကလည်း မကောင်းဆိုတော့ အခက်အခဲရှိနေကြတာပေါ့ ပေးရမှာကိုတော့၊ ကျနော်တို့ကတော့ ပေးချင်တဲ့စိတ် လုံးဝမရှိပါဘူး"

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေတပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတန်ဆန့်က သူတို့အနေနဲ့ အဓမ္မတောင်းယူတာ မရှိဘူးလို့ ပြောပါတယ်။

"အဲဒီဘက်မှာတော့ တပ်ရင်း ၂၆ ရဲ့ဧရိယာဖြစ်ပါတယ်ခင်ဗျ၊ ဆက်ကြေးကောက်တဲ့ဟာ မရှိဘူးထင်တယ်၊ ၂ဝ၁၁ ခုနှစ်ကနေစပြီးမှ ကျနော်တို့က အခွန်အနေနဲ့ကောက်တဲ့ဟာ ရှိပါတယ်၊ ဆက်ကြေးကောက်တဲ့ဟာ မရှိပါဘူး၊ အတင်းဓမ္မကြီးကို ဇွတ်ကြီးလုပ်တဲ့အပိုင်းကတော့ လုံးဝမရှိပါဘူးခင်ဗျ၊ ဒီကားတွေကတော့ ကျနော်တို့ ၁ နှစ်ကို ဘယ်လောက်ဆိုပြီးမှ သက်မှတ်ထားတဲ့ဟာ ရှိပါတယ်၊ ကျနော်တို့ဧရိယာထဲမှာ ဖြတ်သန်းသွားလာ လုပ်ကိုင်စားသောက်နေတဲ့ဟာကျတော့ တစ်နှစ် တစ်ကြိမ်ကောက်တဲ့အပိုင်းပဲရှိပါတယ်ခင်ဗျ"

ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေစတင် ဖြစ်ပွားလာတဲ့ ၁၉၆၀ ကျော်ကစပြီး ဒေသခံပြည်သူတွေဟာ အခွန်ပေးဆောင်ရတာ တပ်သားသစ်စုဆောင်းခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပေါ်တာဆွဲခံရတာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ခံနေကြရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.