အန်အယ်လ်ဒီ အစိုးရအား နိုင်ငံရေး မကျေနပ်မှု ဖြစ်အောင် ဘာသာရေးအရ လှုံ့ဆော်နေကြခြင်း ဖြစ် ဟု ဆို


တနင်္ဂနွေနေ့က ရန်ကုန်၊ ပုစွန်တောင်ရှိ မွတ်ဆလင်ဘာသာဝင်တို့၏ ၀တ်ပြုဆုတောင်း အခမ်းအနားတစ်ခုကို ဘာသာရေးအစွန်းရောက် လူတစ်စုက ဟန့်တားခဲ့ကြောင်း စီစဉ်သူများနှင့် မျက်မြင်သက်သေများထံက သိရသည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။

အဆိုပါ တမန်တော်မွေးနေ့ ၀တ်ပြု ပွဲတော် အခမ်းအနားကို ပိတ်ပင်ရန် ရဟန်းအချို့ ဦးဆောင်းပြီး လူဒါဇင်ချီ တို့က ရန်ကုန်မြို့ရှိ ဝိုင်အမ်စီအေ အဆေက်အအုံသို့ ချီတက်လာခဲ့သည်။

"ကျွန်တော်တို့ ဒီပွဲတော်ကို ကျင်းပလာတာ ကျွန်တော့်တစ်သက်ပါ။ အခုတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို တိုက်ခိုက်လိုက်တာပဲ" ဟု အူလမာ အစ္စလာမ်အဖွဲ့၏
အတွင်းရေးမှူး ဦးကျော်ငြိမ်းက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။

"ကျွန်တော်တို့ ဘာအမှားလုပ်တာလဲ မပြောဘဲနဲ့ ဘုန်းကြီးတွေက အခမ်းအနားကို ရပ်ခိုင်းခဲ့ကြပါတယ်''

အခမ်းအနားကို ပိတ်သိမ်းရန် တောင်းဆိုခဲ့ပြီးနောက် ဘုန်းကြီးအချို့နှင့် လူများက ခန်းမ အတွင်း အတင်းဝင်ရောက် လာသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ပွဲတော်ကျင်းပရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက အဆိုပါ အမျိုးသားရေးအဖွဲ့များသည် ယခင်အာဏာရပါတီ ပြည်ခိုင်ဖြိုး၏ ထောက်ခံမှုကို ရထားပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အန်အယ်လ်ဒီ အစိုးရအား နိုင်ငံရေး မကျေနပ်မှု ဖြစ်အောင် လှုံ့ဆော်နေကြခြင်း ဖြစ်သည် ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

မျက်မြင်များ၏ အဆိုအရ ထိုလူစုက ဝတ်ပြုနေသူများကို အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ ပွဲတော် အခမ်းအနား ကျင်းပသည်ဟုဆိုကာ ဟန့်တားကြခြင်း ဖြစ်သည်။ ပွဲတော်ကို ရပ်တန့်သူအချို့တွင် ဘုန်းကြီးများ လည်း ပါဝင်သည်။ သို့သော် အခမ်းအနား ကျင်းပရန် ခွင့်ပြုချက် ရယူ ထားပြီး ဖြစ်ကြောင်း ပုဇွန်တောင်ရဲဌာနမှ တာဝန်ရှိ အရာရှိတစ်ဦး က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

“ဘာသာရေး အခမ်းအနား ကျင်းပဖို့ အာဏာပိုင်တွေက ခွင့်ပြု ချက်ပြီး ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ရှင်းပြခဲ့ပါတယ်။ သူတို့ က အခမ်းအနားကို စောင့်ကြည့်ပါရစေလို့ တောင်းဆိုတယ်။ ပွဲစီစဉ်တဲ့ မွတ်ဆလင် လူကြီးတွေနဲ့ ညှိနှိုင်းအပြီးမှာ သူတို့ထဲက ငါးယောက်ကို ခန်းမအတွင်း လေ့လာစောင့်ကြည်ဖို့ ခွင့်ပေးခဲ့တာပါ” ဟု ရဲအရာရှိ ဦးထွန်းတင်က အေအက်ဖ်ပီသတင်းဌာနကို ဖုန်းဖြင့် ဖြေကြားသည်။

အခမ်းအနားကို စောင့်ကြည့်ခွင့် ပေးခဲ့သော်လည်း ဘုန်းကြီးများက ဝတ်ပြုစုဝေးသူများကို အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ရန် စီစဉ်နေသည်ဟု ထပ်မံ စွပ်စွဲခဲ့ကြောင်း ဗိုလ်တထောင်မြို့နယ်မှ အစ္စလာမ်ဘာသာဝင် ဦးသိန်းညွန့်က ပြောသည်။

“ကျွန်တော်တို့ ဘာသာရေး အခမ်းအနား ကျင်းပနေတာပါဗျာ။ ကျွန်တော်တို့ အတော် စိတ်မချမ်းမသာ ဖြစ်ရတယ်။ ကျွန်တော်တို့ နိုင်ငံကို ကျွန်တော်တို့ ချစ်ပါတယ်။ ဒီလို မိုက်မဲတာတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး၊ အခုကတော့ လွန်လွန်းတယ်ဗျာ” ဟု ၄င်းက ပြောကြားခဲ့သည်။

လင်းလင်း
The Ladies News

COMMENTS

Name

art,1,article,1287,cartoon variety,22,crime,54,culture,1,documentary,7,Entertainment,5,health,27,history,2,international,6691,interview,208,knowledge,4,Live,8,LocalNews,14565,news,2842,opinion,752,photos,202,poem,115,satires,38,song,12,speech,12,sports,130,statement,59,technic,49,translate,33,video,1061,voice,76,
ltr
item
dawnmanhon: အန်အယ်လ်ဒီ အစိုးရအား နိုင်ငံရေး မကျေနပ်မှု ဖြစ်အောင် ဘာသာရေးအရ လှုံ့ဆော်နေကြခြင်း ဖြစ် ဟု ဆို
အန်အယ်လ်ဒီ အစိုးရအား နိုင်ငံရေး မကျေနပ်မှု ဖြစ်အောင် ဘာသာရေးအရ လှုံ့ဆော်နေကြခြင်း ဖြစ် ဟု ဆို
https://4.bp.blogspot.com/-CpGMiCHsMhY/WHZQHzZvMFI/AAAAAAAAauQ/ONkxa_WFcJ4Ms8Ttk31hSY-oBY9AhniNQCLcB/s400/q1.jpg
https://4.bp.blogspot.com/-CpGMiCHsMhY/WHZQHzZvMFI/AAAAAAAAauQ/ONkxa_WFcJ4Ms8Ttk31hSY-oBY9AhniNQCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/01/blog-post_178.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/01/blog-post_178.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy