ကျောက်တော် မဟာမြတ်မုနိဘုရားမှ ရွှေများ ခွာချတော့မည်ဟုဆို



(ဓာတ်ပုံ - မဟာမြတ်မုနိဘုရားအား ရွှေကပ်နေသူတစ်ဦးအားတွေ့ရစဉ်)
စစ်တွေ၊ ဇန်နဝါရီ ၂

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင် မဟာမြတ်မုနိဘုရား၌ ကပ်ထားသည့် ရွှေများအား ခွာချရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုလိုက်ပြီဟု ကျောက်တော်မြို့ခံများက ပြောသည်။

“မန္တလေးမဟာမြတ်မုနိဘုရားက ရွှေခွာတဲ့ ပညာရှင် ၄ ယောက်ကို ခေါ်ထားတယ်။ နောက်အပတ်မှာ ဒီကို ရောက်လာကြပါမယ်။ သူတို့တွေအတွက် ခရီးစရိတ်တွေကိုတော့ ရခိုင်ပြည်နယ်အစိုးရက ကျခံမယ်။ တည်းခိုဖို့နဲ့ စားသောက်ဖို့ကျတော့ ကျွန်တော်တို့ ဒေသခံတွေက ကျခံရမယ်လို့ သဘောတူလိုက်ကြတယ်”ဟု ကျောက်တော်မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်ထွန်းခင်က နိရဉ္စရာသို့ ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကိုယ်တိုင် ကျောက်တော်မြို့သို့လာရောက်ပြီး မဟာမြတ်မုနိဂေါပကအဖွဲ့အပါအဝင် မြို့မိမြို့ဖများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
“ဘုရားကို ရွှေခွာဖို့ကိစ္စက ညည့်အချိန်မှာ လုပ်ရင်လည်း အပြောအဆိုခံရမယ်။ လူတွေ ပြောကြမှာစိုးတယ်။ တံခါးပိတ်ပြီးလုပ်ရင်လည်း မကောင်းဖြစ်တဲ့အတွက်၊ နောက်ပြီး ဘုရားကို နေရာရွှေ့ပြီးလုပ်မှာကလည်း အဆင်မပြေတဲ့အပိုင်းတွေရှိတဲ့အတွက် အဲဒီနေရာမှာပဲ လုပ်မယ်။ ဘုရားဦးခေါင်းတော်မှာရှိတဲ့ နားကပ်တို့၊ လက်ကောက်တို့စတဲ့ လက်ဝတ်ရတနာတွေကိုတော့ ကျည်ကာမှန်ထဲ အသေအချာ ထိန်းသိမ်းပေးသွားမယ်လို့လည်း ရှေး/သုညွှန်မှူးက ပြောသွားပါတယ်”ဟု ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သူ ကျောက်တော်မြို့မိမြို့ဖ ဦးမောင်ထွန်းခင်က ဆိုသည်။

ရွှေခွာချမည့်ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်ကို လာမည့် ကြာသပတေးနေ့တွင် ဒေသခံများတွေ့ဆုံဆွေးနွေးကြရန်စီစဉ်ထားသည်ဟုလည်း သိရသည်။

“အခုလိုဖြစ်လာဖို့ အကြိမ်ကြိမ်တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့သူတွေအနေနဲ့ အခု တအား ပျော်နေကြပါတယ်။ ရွှေခွာချဖို့နဲ့ ရွှေဆက်လက်မကပ်ကြဖို့အတွက်ကို ကျွန်တော်တို့မြို့ခံတွေအနေနဲ့ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ကိုလည်း ဆုံးဖြတ်ထားကြပါတယ်။”ဟု ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောသည်။
မဟာမြတ်မုနိဘုရားဆင်းတုတော်ကို ရွှေကပ်နေကြသည့်အတွက် လက်ရှိတွင် ဆင်းတုတော်မှာ ရုပ်ဆင်းသဏ္ဍာန်ပျက်စီးလာနေပြီဖြစ်သည့်အတွက် ရွှေကပ်ခြင်းကို လုံးဝမပြုလုပ်ကြရန် ဒေသခံများက တောင်းဆိုနေကြသည်။

Photo by - မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.