ကိုမင်းကိုနိုင်နှင့် ဒေါက်တာသီရိလွင်တို့ နှစ်သစ်တွင် မင်္ဂလာလက်မှတ်ရေးထိုး



၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့်ဒေါက်တာသီရိလွင်တို့သည် ၂၀၁၇ ဇန်န၀ါရီ ၁ ရက်က မင်္ဂလာလက်မှတ်ရေးထိုးသည်။

နှစ်ဖက်မိဘနှင့် မိသားစုရှေ့ မှောက်တွင် မင်္ဂလာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲပြုလုပ်မည်မဟုတ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ စမ်းချောင်းကိုကိုကြီးက ပြောသည်။

‘‘မိဘတွေရှေ့မှာပဲ လက်မှတ်ထိုးခဲ့တာပါ။ သူအရင်ကတည်းကလည်း ပြောထားတာပဲလေ။ မင်္ဂလာဧည့်ခံပွဲ မလုပ်ပါဘူး’’ဟု စမ်းချောင်းကိုကိုကြီးက ပြောသည်။ ကိုမင်းကိုနိုင်နှင့် ဒေါက်တာသီရိလွင်တို့သည် ၂၀၁၆ ဒီဇင်ဘာ၂၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ထပ်လက်စွပ်ဆင်မြန်းပေးခဲ့သည်။

‘‘ခရစ္စမတ်နေ့က လက်ထပ် လက်စွပ်လဲလှယ်တာလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးတာပေါ့။ အဲဒီပွဲမှာ သူ (ဒေါ်အောင်ဆန်းစုကြည်)က ဘာပြောသွားလဲဆိုတော့ ဒီဇန်န၀ါရီ ၁ ရက်က သူအိမ်ထောင်ပြုတဲ့နေ့ပဲလို့ပြောသွားတယ်’’ဟု၎င်းက ဆက်လက်ပြောကြားသည်။

အသက် (၅၄)နှစ်အရွယ် ကိုမင်းကိုနိုင်သည် သြစတြေးလျနိုင်ငံ၌ပြုလုပ်သော စာပေဟောပြောပွဲတစ်ခုသို့ သွားရောက်စဉ် သြစတြေးလျနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသော ဒေါက်တာသီရိလွင်နှင့် စတင်တွေ့ဆုံဖူးစာဆုံခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က သတို့သားနှင့်သတို့သမီးကို လက်ထပ်လက်စွပ်ဆင်မြန်းပေးနေစဉ်(ဓာတ်ပုံ−မောင်သိန်း(ဒဿနိက))

=============

7Day News Journal

http://www.7daydaily.com/story/85164
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.