ဒေါ်နယ်ထရန့်ကြောင့် နျူကလီးယားလက်နက်ပြိုင်ပွဲ ပြန်လည်ဖြစ်ပေါ်လာမလား


ခရစ္စမတ်မတိုင်မီ ရက်အနည်းငယ်အလို ဒီဇင် ဘာ ၂၂ တွင် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဒေါ်နယ်ထရန့်က အမေရိကန်ပြည်ထောင်စု၏ နျူကလီးယားလက်နက်များ မူဝါဒနှင့်ပတ်သက်ပြီး ကြေညာချက်တရပ်ကို တွစ်တာပေါ်မှ ဖော်ပြခဲ့ သည်။ လက်နက်ပြိုင်ပွဲတရပ်စတင်ကြပါစို့ ဟူသော ဒေါ်နယ်ထရန့်၏ ကြွေးကြော်သံကြောင့် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်ပြိုင်ပွဲကြီးတရပ် ပြန်လည်ပေါ် ပေါက်လာမည်ကို ကမ္ဘာ့နိုင်ငံများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

''ကမ္ဘာကြီးက နျူကလီးယားလက်နက်များနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်လာချိန်အထိ အမေရိကန်ပြည်ထောင်စုဟာ မိမိရဲ့ နျူကလီးယားစွမ်းရည်ကို အကြီးအကျယ်အားကောင်းအောင် လုပ်ရမယ်။ တိုးချဲ့ရမယ်''ဟု ဒေါ်နယ်ထရန့်က ပြောကြားသည်။ ထရန့်သည် အဆိုပါ ကြေညာချက်မထုတ်ပြန်မီ တရက်က နယူးယောက်မြို့ရှိ ၎င်း၏ ဟိုတယ်တွင် ပင်တဂွန်စစ်ဌာနချုပ်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ အမေရိကန်နျူကလီးယားလက်နက်များကို ထိန်းသိမ်းကိုင်တွယ်ရန် တာဝန်ရှိကြသော လေတပ်နှင့် ရေတပ်များမှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။

အထက်ပါ ကြေညာချက်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့်ပတ်သက်ပြီး MSNBC မှ မီကီဘာဇီဇင်းစကီး၏ မေးမြန်းမှုကို ဒေါ်နယ်ထရန့်က ''လက်နက်ပြိုင်ပွဲတရပ်စတင်ကြပါစို့၊ ဒီပြိုင်ပွဲမှာ ကျွန် တော်တို့ဟာ အားလုံးကိုကျော်ဖြတ်ပြီး အနိုင်ရမှာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ အားလုံးထက်ပိုပြီး သက်ဆိုး ရှည်မှာဖြစ်တယ်''ဟု ဖြေကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ ရီပတ်ဗလစ်ကင်နှင့် ဒီမိုကရက်ပါတီကြီးနှစ်ရပ်လုံးမှ ခေါင်းဆောင်များသည် နျူကလီးယားလက်နက်များ အရေအတွက် လျှော့ချရေးကြိုးပမ်းခဲ့ကြသည်။ ထရန့်သည် ဆယ်စုနှစ်များစွာ ကြာ ကျင့်သုံးခဲ့သည့် အမေရိကန် နျူကလီးယား မူဝါဒကို ပြောင်းပြန်လှန်လိုက်ပြီဟု သရုပ်ခွဲလေ့လာသူများစွာတို့က တုံ့ပြန်ခဲ့ကြသည်။

သို့ရာတွင် ကာကွယ်ရေးအတိုင်ပင်ခံကုမ္ပဏီ Geostrategic Analysis ၏ ဥက္ကဋ္ဌ Peter Huessy က သရုပ်ခွဲလေ့လာသူများသည် ဒေါ်နယ်ထရန့်၏ ပြောစကားအပေါ် အလျင်စလိုကောက်ချက်ချခဲ့ကြကြောင်း၊ ထရန့်၏ သဘောထားမှတ်ချက်များသည် လက်ရှိအမေရိကန် နျူကလီးယားမူဝါဒနှင့် မကိုက်ညီမှု တစုံတရာမတွေ့မြင်ရကြောင်း ပြောကြား သည်။ ဆက်လက်ပြီး ၎င်းက နျူကလီးယားစွမ်းရည် တိုးချဲ့ရမည်ဆိုသော ထရန့်၏ ကြေညာချက်သည် သမ္မတအိုဘားမားလက်ထက်၌ စတင်လုပ်ဆောင်နေသည့် အမေရိကန်၏ သက်တမ်းလွန် နျူကလီးယား လက်နက်များ အခြေခံအဆောက်အအုံခေတ်မီရေးအစီအစဉ်နှင့် ကိုက်ညီကြောင်း ပြောကြားသည်။ သမ္မတ အိုဘားမားအစိုးရသည် ကြည်း၊ ရေ၊ လေ နျူကလီးယား အစိတ်အပိုင်းများ ပိုမိုခေတ်မီ၊ ပိုမိုလုံခြုံမှုရှိပြီး ပိုမိုစွမ်းရည်ရှိရန် အစီအစဉ်တရပ်ကို အ ကောင်အထည်ဖော်လျက်ရှိသည်။

ဆက်လက်ပြီး Huessy က ထရန့်၏ အကြံပြုချက်သည် နျူကလီးယားလက်နက်များ ဖြန့်ချမှု ကန့်သတ်ရန် အမေရိကန်-ရုရှား နောက်ဆုံးပိတ် ‘START’ သဘောတူညီချက်ကို ချိုးဖောက်ရာ မရောက်ကြောင်း ပြောကြားသည်။ သို့သော် အခြားအကဲခတ်သမားများက ဒေါ်နယ်ထရန့်၏ မှတ်ချက်စကားများသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာတည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း ပြော ကြားသည်။ MIT လုံခြုံရေးလေ့လာမှုများ အစီအစဉ်မှ ပါမောက္ခ Jim Walsh က ''တွစ်တာပေါ်ကနေပြီး နျူကလီးယားမူဝါဒ ဒါမှမဟုတ် နျူကလီးယားဝါဒနဲ့ပတ်သက်ပြီး ကြေညာချက်တွေလုပ်ရင် ဒါဟာ မဟာမိတ်တွေ အထူးသဖြင့် ဥရောပ မဟာမိတ်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေမှာ ဖြစ်တယ်။ သင့်ရဲ့ ရန်သူတော်များကိုလည်း တခုခု တုံ့ပြန်ဖို့ တွေးစရာ ဖြစ်စေပါတယ်။ ထရန့်ရဲ့ ပြောစကားဟာ နျူကလီးယားမပြန့်ပွားရေးစနစ်ကို ထိခိုက်စေနိုင်ပါတယ်''ဟု ပြောကြားသည်။

၁၉၇၀ ပြည့်နှစ်တွင် နိုင်ငံတကာအသိုင်းအ၀န်းက နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံများ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့အနေနှင့် နျူကလီးယားဖျက်သိမ်းရေး သို့ ဦးတည်လုပ်ဆောင်ကြဖို့ နျူကလီးယားလက်နက်မပိုင်သည့်နိုင်ငံများအနေနှင့်လည်း နျူကလီးယားလက် နက်များရရှိရေး မကြိုးပမ်းကြဖို့ အခြေခံဝါဒရေးရာ ရေသောက်မြစ်ကို သဘောတူခဲ့ကြသည်။ တချိန်တည်းတွင် နျူကလီးယားမပြန့်ပွားရေးစာချုပ်၏ ပျော့ကွက်ဟာကွက်များကြောင့် အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားနိုင်ငံများသည် နျူကလီးယားလက် နက်များ ပိုင်ဆိုင်လာကြသည်။ နျူကလီးယားလက်နက်ပြိုင်ပွဲ အထွတ်အထိပ် ရောက်ချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီ ယက်ပြည်ထောင်စုတို့တွင် နျူကလီးယားထိပ်ဖူး ၃၀,၀၀၀ ကျော် ပိုင်ဆိုင်ခဲ့ကြသည်။ ယနေ့တွင် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့သည် ၎င်းတို့၏ နျူကလီးယားလက်နက်အရေအတွက်ကို ၉၀ ရာခိုင် နှုန်းခန့် လျှော့ချခဲ့ကြသည်။ သို့ရာတွင် ယင်းနှစ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ နျူကလီးယားလက်နက် စုစုပေါင်း အရေအတွက်၏ ၉၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်နေကြတုန်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် လက်နက်ပြိုင်ပွဲတခုတွင် အနိုင်ရရန်ပြင်ဆင်ထားကြောင်း ဒေါ်နယ် ထရန့်၏ကြေညာချက်ပေါ်ထွက်လာပြီးနောက် နျူကလီးယား အင်အားကြီးနိုင်ငံများထံမှ တုံ့ပြန်မှု အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက တရုတ်အစိုးရ သည် မကြာမီအာဏာရလာတော့မည့် ဒေါ်နယ်ထရန့်အစိုးရ၏ နျူကလီးယားမူဝါဒများကို အနီးကပ်စောင့် ကြည့်နေကြောင်း၊ ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက် အများဆုံးရှိသည့် အမေရိကန်နိုင်ငံအနေနှင့် နျူကလီးယားအား ဖျက်သိမ်းရေးအပေါ် အထူးတလည် တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတဗလာဒီမာပူတင်ကမူ ဒေါ်နယ်ထရန့်၏ ကြေညာချက်များနှင့်ပတ်သက်ပြီး စိုးရိမ်ပူ ပန်မှုဖြစ်ပေါ်ပုံမပေါ်ပေ။ ပူတင်က အမေရိကန်ပြည် ထောင်စု၏ နျူကလီးယားမူဝါဒတွင် အပြောင်းအလဲရှိမည် မဟုတ်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ လွန်ခဲ့သောအပတ်က ပြုလုပ်သည့် နှစ်ပတ်လည် စာနယ်ဇင်းရှင်းလင်းပွဲတွင် သမ္မတပူတင်က ရုရှားသည် လက်နက်ပြိုင်ပွဲအသစ်တရပ်စတင်ရန် ကြိုးပမ်းမည် မဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ပူတင်က ၎င်းသည် ဒေါ်နယ်ထရန့် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများအတွင်း ထရန့်သည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး အပေါ်ယံသဘောမျှသာ ပြောကြားခဲ့သည်။ နျူကလီးယားဖျက်သိမ်းရေးကို ဆက်လက်လုပ်ဆောင်ပါမည်ဟုလည်း အာမခံချက်များ မပေးခဲ့ပေ။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနျူကလီး ယားလက်နက်များကို မည်သို့မည်ပုံ စီမံဆောင်ရွက်မည်နည်းဆိုသော မေးမြန်းမှုများအား ဒေါ်နယ်ထရန့်သည် ရှောင်လွှဲဖြေကြားခဲ့သည်။ ထို့ကြောင့် ၎င်း၏ ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီကလင်တန်က ''တွစ်တာပေါ်မှ ရန်စလှုံ့ဆော်မှုလုပ်နိုင်တဲ့ အမျိုးသားတဦးအနေနဲ့ နျူကလီးယားကုတ်ဝှက်စာ (codes) များအနီးမှာ သူ့ရဲ့လက်ချောင်းတွေ မထားရှိသင့်ဘူး'' ဟု ပြောကြားခဲ့သည်။

စစ်အေးတိုက်ပွဲပြီးဆုံးကာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်မှစပြီး အမေရိကန်နိုင်ငံသားအများစုတို့သည် နျူကလီးယားလက်နက်များ၏ အန္တရာယ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုလျော့နည်းလာကြသည်။ သို့သော် အမေရိကန်အများစုက သက်တမ်းလွန် နျူကလီးယားလက်နက်များကို ခေတ်မီအောင် လုပ်ဆောင်ရမည်ဟု ယုံကြည်နေကြသည်။ နျူကလီးယားလက်နက်များကင်းမဲ့သော ကမ္ဘာကြီးတခု မျှော်မှန်းချက်အတွက် ၂၀၀၉ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိချိန်ကပင် သမ္မတအိုဘားမားက အမေရိကန်ပြည်ထောင်စုသည် ရန်သူဟူသမျှကိုတားဆီးရန် ဘေးကင်း၊ လုံခြုံပြီး ထိရောက်မှုရှိသော နျူကလီးယားလက်နက်များပိုင်ဆိုင်ရန် ဆက်လက်ကြိုးပမ်းရမည်။ နျူကလီးယားလက်နက်များ ခေတ်မီအောင် ကြိုးပမ်းခြင်းဖြင့် မဟာမိတ်နိုင်ငံများကို ကာကွယ်ရေးအရ အာမခံချက်ပေးရမည်ဟု အလေးအနက်ပြောကြားခဲ့သည်။

လက်ရှိအစီအစဉ်အရ Ohio Class နျူကလီးယားရေငုပ်သင်္ဘောများ၊ Minuteman ICBMs အပါအ၀င်သက်တမ်းလွန် စနစ်ဟောင်းနျူကလီးယားလက်နက်များကို လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အနားပေးရမည်ဖြစ်သည်။ Minuteman တိုက်ချင်းဒုံးပျံများ အစားထိုးမှုသည် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ အသင့်အနေအထားမဖြစ်သေးပေ။ Ohio Class နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောအသစ်များကို ၂၀၃၁ ခုနှစ်တွင်မှ စတင်အသုံးပြုနိုင် မည်ဖြစ်သလို လေတပ်အနေဖြင့်လည်း ၎င်း၏မဟာ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်အသစ်ကို ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှသာ ဖြန့်ချထားနိုင်မည်ဖြစ်သည်။

ကျွမ်းကျင်သူများက ဒေါ်နယ်ထရန့်သည် ကမ္ဘာကြီးကို နျူကလီးယားစစ်အတွင်း ဆွဲသွင်းလုနီးပါးဖြစ်ခဲ့ရသော စစ်အေးတိုက်ပွဲမှ သင်ခန်းစာများအား ရယူသင့်သည်ဟု ပြောကြားခဲ့သည်။ ဥပမာအားဖြင့် ၁၉၆၁ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုသည် အမေရိကန် ပြည်ထောင်စု၏ နောက်ဖေးတံခါးပေါက် ကျူးဘားနိုင်ငံတွင် ဒုံးပျံများဖြန့်ချခဲ့သည်။ ယင်းလုပ်ရပ်အား ထိုစဉ်က အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက ကျူးဘားကို ရေတပ်ဖြင့် ပိတ်ဆို့ပြီး ဆိုဗီယက်ဒုံးပျံများအား အဓမ္မဖယ်ရှားခိုင်းခဲ့သဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်က ကြားဝင်ဖျန်ဖြေပေးခဲ့ရသည်။ ကမ္ဘာတ၀န်းလုံးက အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုအကြား စစ်ဖြစ်ပြီး နျူကလီးယားလက်နက်များ အသုံးပြုလေမလားဟု စိုးရိမ်ပူပန်ခဲ့ကြသည်။ ကျူးဘားဒုံးပျံအရေးအခင်းပြီးဆုံးချိန်မှစပြီး အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် နျူကလီးယားလက်နက်များကို အပြိုင်အဆိုင်တပ်ဆင်ခဲ့ကြသည်။

၁၉၈၆ ခုနှစ်တွင် အမေရိကန်သမ္မတ ရိုနယ်ရီဂင်နှင့် ဆိုဗီယက်ခေါင်းဆောင် မီခေးဂိုဘာချော့ဗ်တို့ သည် အလုံးစုံလက်နက်ဖျက်သိမ်းရေး သဘောတူညီချက်တရပ်ရရှိရေး ကြိုးပမ်းခဲ့ကြသည်။ ပြီးပြည့်စုံသော သဘောတူညီချက်တရပ်မရရှိခဲ့သော်လည်း နှစ်နိုင်ငံ နျူကလီးယားလက်နက်ထိပ်ဖူး အရေအတွက်လျှော့ချရန် သဘောတူခဲ့ကြသည်။

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဒေါ်နယ်ထရန့်က တိုင်းပြည်၏ နျူကလီးယားစွမ်းရည် ကို တိုးချဲ့မည်ဟု ဆိုသည်။ အကယ်၍ ပြောသည့် အတိုင်းလုပ်ပါက ရုရှားနှင့် တရုတ်ပြည်တို့ကလည်း အလားတူ လုပ်ဆောင်လာကြမည်ဖြစ်ရာ ကမ္ဘာကြီးသည် နျူကလီးယားလက်နက်ပြိုင်ပွဲအသစ်တခုနှင့် ကြုံတွေ့ရနိုင်သည်။ တရုတ်ပြည်က အမေရိကန် ပြည်ထောင်စုမှ နျူကလီးယားလက်နက်ဖြင့် ပထမဆုံး တိုက်ခိုက်မည်ကို စိုးရိမ်သည်။ ထိုသို့ တိုက်ခိုက်ပါက တရုတ်ပြည်သည် အကြီးအကျယ်အထိနာမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်ပြည်သည် နျူကလီးယားအပါအ၀င် စစ်လက်နက်တပ်ဆင်မှုများကို အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။

စစ်အေးတိုက်ပွဲကာလက ပင်တဂွန်စစ်ဌာနချုပ်၌ အမှုထမ်းခဲ့သူ Paul C. Warnke က ''လက်နက်ပြိုင်ပွဲဆိုတာ ဘယ်တော့မှ အဆုံးသတ်မရှိဘူး။ နျူကလီးယားစစ်ပွဲမှာ အောင်ပွဲခံသူလည်း မရှိနိုင်ဘူး'' ဟု ပြောကြားခဲ့သည်။

Ref; (New York Times)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1287,cartoon variety,22,crime,54,culture,1,documentary,7,Entertainment,5,health,27,history,2,international,6687,interview,208,knowledge,4,Live,8,LocalNews,14553,news,2842,opinion,752,photos,202,poem,115,satires,38,song,12,speech,12,sports,130,statement,59,technic,49,translate,33,video,1061,voice,76,
ltr
item
dawnmanhon: ဒေါ်နယ်ထရန့်ကြောင့် နျူကလီးယားလက်နက်ပြိုင်ပွဲ ပြန်လည်ဖြစ်ပေါ်လာမလား
ဒေါ်နယ်ထရန့်ကြောင့် နျူကလီးယားလက်နက်ပြိုင်ပွဲ ပြန်လည်ဖြစ်ပေါ်လာမလား
https://4.bp.blogspot.com/-n9cA-boYQ4k/WGs0RMmasZI/AAAAAAAAalE/rRf2E0aqq_8wUponoazA3kgUCt6i2sKAgCLcB/s640/q1.jpg
https://4.bp.blogspot.com/-n9cA-boYQ4k/WGs0RMmasZI/AAAAAAAAalE/rRf2E0aqq_8wUponoazA3kgUCt6i2sKAgCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/01/blog-post_23.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/01/blog-post_23.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy