တရားမ၀င်ရွှေတူးဖော်သူတွေ အရေးမယူတဲ့ သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆို



တရားမ၀င် ရွှေတူးသူတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူပေးဖို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်။ Photo: ဦးမောင်ကြီး
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေမှာ တရားမ၀င်ရွှေတူးဖော်မှုတွေကို အရေးယူဖို့ ပျက်ကွက်တဲ့ မြို့နယ် သတ္တုဦးစီးဌာန တာဝန်ရှိ သူတွေကို အရေးယူပေးဖို့ ဒေသခံ ၂၀၀ ကျော်က မနေ့ကစပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။

တရားမ၀င် ရွှေတူးသူတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးမယူမချင်း ဆန္ဒပြသွားမယ်လို့ သပိတ်ကျင်းမြို့နယ် ၀က်သေကျေးရွာက ဒေသခံ ဦးမောင်ကြီး က ပြောပါတယ်။

"သတ္တုဥပဒေကို ချိုးဖောက်ထားတဲ့ ၀န်ထမ်းတွေနဲ့ တရားမ၀င်ခိုးတူးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အရေးမယူမချင်း နေ့ရော ညပါပြမှာပါ"

ဆန္ဒပြသူတွေဟာ သပိတ်ကျင်းမြို့နယ် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းရုံးရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဝက်သေ၊ ချောင်းကြီး၊ ရေထွက်၊ လိပ်ကျကျေးရွာတွေက ကျေးရွာပိုင်မြေတွေမှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေတာတွေကို ရပ်တန့်ပေးဖို့ ၊ တရားမ၀င်ရွှေတူးနေသူတွေကို အရေးယူပေးဖို့နဲ့ တရားမ၀င်ရွှေတူးနေသူတွေကို အရေးမယူတဲ့ မြို့နယ် သတ္တုဦးစီးဌာန တာဝန်ရှိ သူတွေကို အရေးယူဖို့ တောင်း ဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.