အင်းမမြို့အောင်မင်္ဂလာဈေးက ဆိုင်ခန်း ၈၀ ကျော် မီးလောင်ပျက်စီး



မီးလောင်ပျက်ဆီးသွားတဲ့ အင်းမမြို့အောင်မင်္ဂလာဈေးက ဆိုင်ခန်းတွေကို ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: Yan Way Aung/ Facebook
ပဲခူးတိုင်းဒေသကြီး အင်းမမြို့ သီရိရတနာရပ်ကွက်က ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိတဲ့ အောင်မင်္ဂလာဈေးမှာ မနေ့ညက မီးလောင်မှုကြောင့် ဆိုင်ခန်း ၈၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။

ပဲခူးတိုင်း မီးသတ်ဦးစီးဌာနက မီးလောင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ကျပ်သိန်း ၂၀ ကျော်လို့ တွက်ချက် ထားပေမယ့် ပျက်စီးခဲ့တဲ့ ဆိုင်ခန်းတစ်ခန်းရဲ့ တန်ဖိုးက အနည်းဆုံး ကျပ် ၁၅ သိန်းဝန်းကျင် ရှိတယ်လို့ အဲဒီဈေးမှာ ဖုန်းဟန်းဆက်အရောင်းဆိုင်နဲ့ မိတ္တူဆိုင်တွဲဖွင့်ထားတဲ့ ကိုရန်ဝေးအောင်က ပြောပါတယ်။

"ဆိုင်ခန်းတစ်ခန်းဆိုရင် အနည်းဆုံးပါတဲ့ ဆိုင်ခန်းက ၁၀ သိန်း ၁၅ သိန်းအဲ့လောက်ပါသွားမယ်၊ တစ်ချို့ဆိုင်ခန်းတွေဆို သိန်းရာချီရင်းထားတာလည်းရှိတယ်၊ နယ်မြို့ဆိုတော့ မီးသတ်ကား အားနည်းချက်ရှိတာရယ် ရုတ်တရက်ဖြစ်သွားတော့ စိတ်ထဲမကောင်းဘူး၊ပျက်စီးဆုံးရှုံးမှုက ဈေးသူဈေးသားတွေ အတွက် တော်တော်ကြီးမားတယ်၊လောလောဆယ် ပြန်ပြီးနလန်ထဖို့လည်း သူတို့အတွက်မလွယ်ကူဘူး အဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်"

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီခွဲမှာ ဈေးအရှေ့ဘက်တန်း အထည်ဆိုင်တစ်ဆိုင်ကနေ မီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး သဲကုန်း၊ အင်းမ၊ နတ်တလင်း၊ ပြည် စတဲ့ မြို့နယ်တွေက မီးသတ်ယာဉ် ၁၄ စီးနဲ့ တစ်နာရီနီးပါးအကြာမှာ မီးငြိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အထည်ဆိုင် ၁၆ ဆိုင်၊ ကုန်စိမ်းဆိုင် ၅၃ ဆိုင်၊ အခြားဆိုင်ခန်း ၁၇ ခန်း မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ အောင်မင်္ဂလာဈေးကို ပိတ်ထားပြီး အသားငါး ရောင်းချတဲ့ ဈေးသည်တွေက ဈေး အပြင်ဘက်လမ်းတွေမှာ ရောင်းချနေကြတယ်လို့သိရပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကို အခုချိန်ထိ စစ်ဆေးနေဆဲဖြစ်တယ်လို့ ပဲခူးတိုင်းမီးသတ်ဦးစီးဌာနက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.