မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်၍ ယိုးတရုပ်ရွာမှ ဖမ်းဆီးစစ်ဆေးခံရသူ ၁၅ ဦးထဲမှ ၁၁ ဦးပြန်လွတ်


နိရဉ္စရာ၊ ဇန်န၀ါရီ ၆

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှ မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံရသူ ၁၅ ဦးထဲမှ ၁၁ ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

“ မနေ့က ၁၁ ဦး ပြန်လည် လွတ်မြောက်လာပါတယ်။ ၄ ဦးကျန်နေဆဲ ဖြစ်ပါတယ်။ လွတ်လာတဲ့သူတွေရဲ့ နာမည်တွေတော့ မသိပါဘူး။ အားလုံး ယိုးတရုပ်ရွာက ဖြစ်ပါတယ်” ဟု ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

ဆက်လက် ဖမ်းဆီးခံနေရသူ ၄ ဦးမှာ ဦးယဉ်မောင်၊ ညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် ကိုနိုင်နိုင် (၃၅)နှစ်နှင့် ကိုအောင်အောင် (၃၃) နှစ်၊ အုတ်ဖို အစောင့် အဖိုးကြီး တစ်ဦးတို့ ဖြစ်ကြသည်။

“ ဦးယဉ်မောင်ကို ဖမ်းတာကတော့ မိုင်းပေါက်ကွဲတဲ့ နေရာက ဆာလာအိတ်တစ်လုံးမှာ ဦးယဉ်မောင် နာမည်ပါတယ်ဆိုပြီး ဖမ်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ခြား အကြောင်းအရာတော့ မရှိဘူးလို့ သိရပါတယ်” ဟု ဦးယဉ်မောင်၏ ယောက်ဖ ဖြစ်သူက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

လက်ရှိ အချိန်တွင် ကျေးရွာ အခြေအနေမှာ အေးအေးဆေးဆေး ရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာနှင့် သဲတော် ကျေးရွာကြား ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီး၌ ဇန်န၀ါရီ ၁ ရက် ညနေ ၄ နာရီတွင် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယိုးတရုပ်ကျေးရွာသား ၁၅ ဦးခန့် ဖမ်းဆီး စစ်ဆေး ခံခဲ့ကြရသည်။

Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.