တည်ငြိမ်စပြုတာနဲ့ နောက်ထပ်ပြသနာဖန်တီးတာ သတိရှိကြဖို့ လူထုခေါင်းဆောင် သတိပေး


ရခိုင်ပြည်နယ်အရေးဟာ များစွာသိမ်မွေ့နက်နဲကျယ်ပြန့်ပြီး အရေးကြီးလှတာကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်တဲ့အကြောင်း၊ အခြေအနေကို လေ့လာကြည့်ရင် တည်ငြိမ်အေးချမ်းစပြုလာရင် နောက်ထပ်ပြသနာအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လေ့ရှိတာကို သတိရှိရှိဆောင်ရွက်ဖို့လိုတယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၃ရက်မှာကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ပြသနာတွေဖြစ်လာရင် မှန်ကန်တဲ့လမ်းကြောင်းပေါ်က ရပ်တည်ဖြေရှင်းသွားရမှာဖြစ်ပြီး စွပ်စွဲပြောဆိုမှုတွေကို လက်တွေ့လုပ်ဆောင်ချက်တွေကို အခြေခံတဲ့ အမှန်တရားနဲ့ တုံ့ပြန်သွားရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကို မွန်းလွဲ ၂နာရီမှာ ကျင်းပခဲံပြီး နယ်စပ်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ လဝကဝန်ကြီး ဦးသိန်းဆွေ၊ လူ-ကယ်-ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင့်ဆွေတို့ တက်ရောက်ခဲ့ပါတယ်။
(ဓာတ်ပုံ - မြန်မာအစိုးရ)
Kamayut Media
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.