ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြမှု အမေရိကန် မှာ ဖြစ်ပွား

ဥရောပ တလွှား နဲ့ အာရှ နိုင်ငံ အချို့မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကို ဆန့်ကျင် တဲ့ ဆန္ဒ ပြပွဲတွေကို ကျင်းပ ခဲ့

အမေရိကန် သမ္မတ သစ် ဒေါ်နယ် ထရမ့် ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတ အဖြစ် ကျမ်း သစ္စာ ကျိန် ဆိုခဲ့ပြီးနောက် ၂၁ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံ တစ်ဝှန်းမှာ သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒ ပြပွဲတွေ ဖြစ်ပွား နေပါတယ်။

ဒါ့အပြင် အမျိုးသမီး အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ တွေ ကလည်း ဥရောပ တလွှား နဲ့ အာရှ နိုင်ငံ အချို့မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကို ဆန့်ကျင် တဲ့ ဆန္ဒ ပြပွဲတွေကို ကျင်းပ ခဲ့ပါတယ်။

အမေရိကန် နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီ မှာ ကျင်းပ တဲ့ ဆန္ဒပြပွဲ မှာ ပူးပေါင်း ပါဝင်တဲ့ ဆန္ဒပြသူ အင်အား အလွန် များပြားတဲ့ အတွက် အိမ်ဖြူ တော် ကို သွားတဲ့ လမ်း အတိုင်း ချီတက် ဆန္ဒပြခြင်း မလုပ် နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒေါ်နယ် ထရမ့် သမ္မတ အဖြစ် ကျမ်းကျိန် တုန်း က လည်း သူ့ကို ဆန့်ကျင် ဆန္ဒပြခဲ့သူတွေ ရှိခဲ့ပေမယ့် အခု ဆန္ဒပြပွဲ ဟာ လူပိုများ ပြီး ဟောလီးဝုဒ် အကျော်အမော် တွေ ဖြစ်တဲ့ မက်ဒေါနား၊ စကားလက် ဂျိုဟန်ဆန် တို့လည်း ဆန္ဒပြပွဲမှာ ပါဝင် ခဲ့ကြပါတယ်။

BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.