ဖခင်က ၁၅ နှစ်အရွယ်သမီးအရင်းကို သားမယားပြုကျင့်မှု ကိုယ်ဝန်သုံးလရှိမှ ပေါ်ပေါက်


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဖခင်ဖြစ်သူ ဦးပိုက သမီးအရင်းဖြစ်သူ အသက် (၁၅) နှစ်အရွယ် မ----အား လွန်ခဲ့သော (၇) လလောက်မှစ၍ သားမယားပြုကျင့်မှုဖြစ်ခဲ့သည့်ဖြစ်စဉ်ကို သမီး၌ကိုယ်ဝန်သုံးလရှိသောအချိန်မှ အဖွားဖြစ်သူကသိရှိရပြီး စလင်းမြို့နယ်ရဲစခန်းတွင် ဇန်နဝါရီလ (၂) ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်ပွားပုံမှာ မ---၏မိခင်မှာ နောက်အိမ်ထောင်ပြုသွားသောကြောင့် မ---အား ဖခင် ဦးပိုထံ လွန်ခဲ့သော ၄နှစ် မ---- အသက် (၁၁) နှစ်ခန့်အရွယ်တွင် ပြန်ပို့ခဲ့သည်။ သို့သော် လွန်ခဲ့သော (၇) လလောက်မှစတင်၍ ဦးပိုသည် သမီးအရင်းကို အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့ကြောင်း၊ မ---မှာ ဖခင်ကိုကြောက်ရွံ့သောကြောင့် မည်သူ့ကိုမှမပြောပြရဲဘဲ နှုတ်ဆိတ်နေခဲ့ရာမှ ယခုကိုယ်ဝန် (၃) လရှိချိန်မှ အဖွားဖြစ်သူကသိရှိပြီး အထက်ပါအတိုင်း စလင်းမြို့နယ်စခန်း၌ တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက် မ---အား ဆေးစစ်ရန် စလင်းဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးစစ်ရန်ပစ္စည်းကိရိယာ စုံလင်မှုမရှိသည့်အတွက် မကွေးဆေးရုံသို့ ထပ်ဆင့်ပို့ဆောင်းပေးခဲ့ရကြောင်းလည်း သိရသည်။

တိုင်းကြားမှုနှင့်ပတ်သက်၍ တရားခံဦပို (၃၇နှစ်) ကို ယင်းနေ့ ညနေ ၅ နာရီအချိန်တွင် ဖမ်းဆီခဲ့ပြီး အမှုကို စလင်းမြို့မရဲစခန်းက (ပ) ၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဇန်နဝါရီ ၂ရက်နေ့တွင် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ယင်းသို့သောဖြစ်စဉ်အများစုမှာ ဆင်းရဲနွမ်းပါသော မိသားစုများတွင်အဖြစ်များကြောင်း၊ မြို့နယ် အမျိုးသမီးရေးရာရံပုံငွေအားနည်းနေခြင်းကြောင့် ကလေးသူငယ်အရေးဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနေကြောင်း စေတနာလူမှုဝန်ထမ်းအရာရှိတဦးက ပြောသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.