ဆီးရီးယားနိုင်ငံ လာတာကီရာမြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၁ ဦးသေဆုံး



ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)
    ဒမက်စကက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သည့် လာတာကီရာမြို့တွင် ဇန်နဝါရီ ၅ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

လာတာကီရာမြို့၏ ကျေးလက်ဒေသရှိ Jableh မြို့ရှိ အားကစားကွင်းအနီးတွင် အသေခံဗုံးခွဲသမားက ၎င်း၏ မော်တော်ယာဉ်အား ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

ယင်းပေါက်ကွဲမှုသည် Jableh မြို့၏ ပထမဆုံးပေါက်ကွဲမှုမဟုတ်ဘဲ လွန်ခဲ့သည့်နှစ် မေလကလည်း ဆေးရုံတစ်ခု နှင့် ဘတ်စ်ကားမှတ်တိုင်တစ်ခု တွင် ဗုံးပေါက်ကွဲမှု ၅ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ၏ ခြောက်နှစ်ကြာပဋိပက္ခများအတွင်း အတည်ငြိမ်ဆုံးဖြစ်သည့် Tartus မြို့ နှင့် Jablehမြို့တို့ကို ဗုံးပေါက်ကွဲမှုများ ပထမဆုံးဦးတည်လာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာ ၃၀ရက် တွင် တူရကီနိုင်ငံ နှင့် ရုရှားနိုင်ငံတို့က အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်မှုများပြုလုပ်ခဲ့သည့်ကြားက ယခုနှစ် ဇန်နဝါရီ ၅ရက်တွင် ယင်းအသေခံဗုံးပေါက်ကွဲမှု ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပယ်သွားခြင်းအတွက် ဆီးရီးယားအစိုးရ နှင့် သူပုန်များက တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် ပြစ်တင်စွပ်စွဲခဲ့ကြကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.