ရှေ့နေဦးကိုနီအား ညနေ ၅ နာရီခန့်တွင် ရန်ကုန်လေဆိပ်၌ သေနတ်နဲ့ လုပ်ကြံခံရ


ယနေ့ နေ့လည် ၃နာရီ ၁၅ နာရီ စင်္ကာပူလေကြောင်းလိုင်းနဲ့ ရန်ကုန် ပြန်သွားတဲ့ ဦးကိုနီအား ညနေ ၅ နာရီခန့်တွင် ရန်ကုန်လေဆိပ်၌ သေနတ်နဲ့ လုပ်ကြံခံရကြောင်း ဦးရောဘတ်စန်းအောင်က မဇ္ဈိမသို့ အတည်ပြုသည်။ ပစ်ခတ်သူအားလည်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးထားသည်ဟု သိရသည်။

ဖြစ်စဉ်မှာ လေဆိပ်အပေါ်ထပ်တွင် အသက် ၅၀ ခန့်ရှိ သေနတ်သမားမှ ဦးကိုနီအား ပစ်ခတ်ခဲ့ပြီး ပစ်ခတ်သူမှ အောက်ထပ်သို့ထွက်ပြေးစဉ် လေဆိပ်တက်စီသမားများမှ ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ရာတွင် ၎င်းမှ ထပ်မံပစ်ခတ်ခဲ့သဖြင့် တက်စီသမားတစ်ဦး သေဆုံးခဲ့သည်။ ပစ်ခတ်သူမှာ အသက် ၅၀ ကျော်ဝန်းကျင်ရှိပြီး ၎င်းကို ပစ်ခတ်ဖမ်းဆီးခဲ့ရာတွင် သေဆုံးမှုမရှိကြောင်း သိရသည်။ ဦးကိုနီမှာ နေရာတွင် သေဆုံးကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံမှ ပြန်ရောက်လာသော ဦးကိုနီနှင့် ကိုမြအေးတို့ လေဆိပ် ဆိုက်ရောက်လာပြီး ကိုမြအေးမှ အိမ်ပြန်သွားခဲ့ကာ ဦးကိုနီမှ မိသားစုလာကြိုမည်ဖြစ်၍ စောင့်ဆိုင်းနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ ကိုမြအေး အိမ်ရောက်ရှိပြီး ၎င်း ထံဖုန်းဆက်ခဲ့ကာ ၎င်းနောက်မှ ဦးကိုနီသတင်းကြားသိခြင်းဖြစ်ကြောင်း ကိုဂျင်မီက ယနေ့ညနေ ၆ နာရီခွဲခန့်က မဇ္ဈိမ သို့ အတည်ပြုခဲ့သည်။

ဦးကိုနီမှ သူ့မြေးကို ချီထားစဉ် သေနတ်နှင့်နှစ်ချက် တေ့ပစ်ခံရခြင်းဖြစ်ကြောင်း သိရသည်။


ရှေ့နေဦးကိုနီ
Mizzima - News in Burmese

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.