ဒုက္ခသည်များကို လက်ခံမည်ဟု ကနေဒါဝန်ကြီးချုပ် ပြော


အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုထဲ ဒုက္ခသည်တွေကိုဝင်ခွင့် ပိတ်ပင်လိုက်တဲ့အချိန်မှာ ကနေဒါဝန်ကြီးချုပ်ကတော့ သူ့နိုင်ငံက ဒုက္ခသည် တွေကို လက်ခံမယ်လို့ စနေနေ့က သူ့ရဲ့ Twitter မှာ ရေးသားလိုက်ပါတယ်။

“ဒေါ်နယ်ထရမ့်က အခုလို နိုင်ငံထဲ ဒုက္ခသည်တွေဝင်ရောက်ခွင့်ကို ရပ်ဆိုင်းလိုက်တဲ့အတွက် နိုင်ငံတချို့မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးသည်တွေ လေယာဉ်တွေပေါ်တက်ခွင့်မရခဲ့ကြပါဘူး။ ကမ္ဘာတ၀န်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ရက်စက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်လာသူ ဘယ်သူ့ကိုမဆို၊ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ကနေဒါနိုင်ငံက လက်ခံမယ်။ မတူကွဲပြားမှုစုစည်းမှုဟာ ကနေဒါနိုင်ငံရဲ့ အားသာချက်ဖြစ်တယ်” လို့ ကနေဒါဝန်ကြီးချုပ်ကပြောပါတယ်။

ကနေဒါလေဆိပ်တခုမှာ ဒုက္ခသည်တဦးကို ၀န်ကြီးချုပ်ကြိုဆိုနေတဲ့ ပုံတပုံကိုလည်း ၀န်ကြီးချုပ်က တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကနေဒါနိုင်ငံက ဒုက္ခသည် ၃၅၀၀၀ လောက်လက်ခံခဲ့ပါတယ်။

DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.