သရုပ်ဆောင် ကာဒက်ရှီယန် ဓားပြတိုက်ခံရမှုနဲ့ ဆက်စပ်ပြီး လူ ၁၆ ဦးကို ဖမ်းထား

မနှစ် အောက်တိုဘာလတုန်းက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန် မော်ဒယ်လ်နဲ့ တီဗီ သရုပ်ဆောင် ကင်မ်ကာဒက်ရှီယန်ဝက်စ်ကို သေနတ်ထောက် လုယက်ခဲ့မှုနဲ့ ပတ်သက်ပြီး အနည်းဆုံး လူ ၁၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြင်သစ် စာနယ်ဇင်းမှာ ဖော်ပြထားပါတယ်။

ကာဒက်ရှီယန်ဝက်စ်ကို ရဲအရာရှိ ဝတ်စုံ ဝတ်ဆင်ထားသူ အမျိုးသား ၂ ယောက်က သေနတ်ထောက် လုယက်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ကျူးလွန်သူ အမျိုးသားတွေဟာ ကာဒက်ရှီယန်ရဲ့ ဇိမ်ခံ တိုက်ခန်းကို ချိုးဖောက်ဝင်ခဲ့ပြီး သူ့ကို ရေချိုးခန်းထဲမှာ ကြိုးနဲ့ ချည်တုပ် ထားခဲ့ကာ ခန့်မှန်းခြေ ယူရို ၁၀ သန်း (ပေါင် ၈.၇ သန်း / ဒေါ်လာ ၁၀.၅ သန်း) တန် လက်ဝတ်လက်စားတွေနဲ့ အတူ ထွက်ပြေးလွတ်မြောက် သွားခဲ့တယ် ဆိုပါတယ်။

အမေရိကန် ရက်ပ် အဆိုတော် ကဲန်ရေဝက်စ်နဲ့ လက်ထပ်ထားသူ အသက် ၃၆ နှစ် အရွယ် ကလေး ၂ ယောက် မိခင် ကာဒက်ရှီယန်ဝက်စ်ဟာ အဲဒီအချိန်တုန်းက ဓားပြတွေက သူမကို သတ်မှာ ကြောက်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီတုန်းက ကာဒက်ရှီယန်ဝက်စ်ဟာ ပြင်သစ်နိုင်ငံမြို့တော်ကို ပါရီဖက်ရှင် ရက်သီတင်းပတ်ပွဲတော် အတွက် သူမ မိခင်နဲ့ ညီမ ဖြစ်သူတို့နဲ့ အတူ ရောက်ရှိနေခဲ့တာပါ။

BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.