မြွေပွေးများကို ခါးပိုက် ပိုက်နေရပြီလော


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ရှိ လူ့အခွင့်အရေး ဌာန အကြီးအကဲ ဖြစ်သူ Tom Malinowski မကြာမီ က အွန်လိုင်းတွင် ပျံနှံ့သွားခဲ့ရသော မြန်မာရဲ အဖွဲ့မှ ဘင်္ဂါလီများကို ထိုးကြိတ် ကန်ကျောက်နေသည့် ဗီဒီယို ဖိုင် နဲ့ ပါတ်သက်ပြီး ပြောဆိုရာမှာ ဗီဒီယို ပါ ရဲအဖွဲ့ဝင်များရဲ့ မျက်နှာပေး အမူအယာ များက လုပ်ရိုးလုပ်စဉ် သဘောဆောင်ပြီး ၎င်းတို့အနေနဲ့ လူ့အခွင့်အရေး ကို ချိုးဖေါက်နေပါ့လားးဆိုသည့် ရှိုး တိုးရှန့်တန် အမူအယာမျိုး အတွေးအခေါ်မျိုး ရှိပုံပင် မရသည်ကို တွေ့ရတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

အဆိုပါ စကားသည် သေချာစွာ တွေးကြည့်ပါက ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်နေသော ၁၃ ဦးပါ စုံစမ်းရေး ကော်မရှင်ကို နိုင်ငံတကာက အယုံအကြည်မဲ့စေသည့်အထိ အဓိပ္ပါယ် ကျယ်ဝန်း နက်ရှိုင်းစေပါတယ်။

မနေ့က ရန်ကုန် မြို့လည်တွင် ဖြစ်ပွားခဲ့မှုကလည်း အဆိုပါ စကားကို ထပ်မံ ထောက်ခံနေသလို ဖြစ်ရပြန်ပါတယ်။

ဝိုင်အမ်စီအေ ခန်းမ တွင် ပြုလုပ်တဲ့ တမန်တော် မိုဟာမက် မွေးနေ့ အခမ်းအနားကို ကျင်းပရာသို့ (The Straits Times သတင်းမူရင်းအရ Dozens of people, led by a handful of maroon-robed monks သင်္ကန်းဝတ် လက်တဆုပ်စာနဲ့ လူ ဒါဇင်ပေါင်း များစွာ ပါသည့် လူအုပ်ကြီး) ရောက်ရှိလာပြီး အခမ်းအနားကို ရပ်ဆိုင်းဖို့ တောင်းဆို တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ရဲတွေကို ခေါ်၍ ရောက်လာကြသော်လည်း မည်သို့မျှ ၀င်ရောက် စွက်ဖက်ခြင်း မရှိပဲ ရပ်ကြည့်နေကြတယ်လို့ သတင်းစာက ဆိုပါတယ်။

ပွဲ စီစဉ် ကျင်းပသူက အဆိုပါ အခမ်းအနား ကို ၀ိုင်အမ်စီအေ တွင် ကျင်းပလာခဲ့သည်မှာ ၇ နှစ် ရှိပြီ ဖြစ်သော်လည်း အခုလို နှောက်ယှက် ခံရခြင်းသည် ပထမဆုံး ဖြစ်တယ်လို့ နားမလည် နိုင်စွာ ငြည်းတွားခဲ့ရှာပါတယ်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအရ မိမိ ယုံကြည်စွာ ကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်ဟူသော ပြဌာန်းချက်ကို အခုလို လူအုပ်ကြီးက မထေမဲ့မြင် ပြုလာသည် အရေးအား ဖွဲ့စည်းပုံကို ကာကွယ်မည်ဆိုသော လူများက အဘယ်ကြောင့် မတားဆီး အရေးမယူ နိုင်ရပေသနည်း။

မကြာမီက ဒပ်ခ်ျ လူမျိုးတဦး ဓမ္မာရုံက စပီကာ ကြိုးကို ဆွဲ ဖြတ်ခဲ့မှုဖြင့် အမှုကို မကြီးကြီးအောင် ဖန်တီးပြီး ထောင်တလ နှင့် ဒဏ်ငွေ ချကာ တလပြည့်သည်နှင့် ယိုးဒယားသွား လေယာဉ်ပေါ်သို့ တင်ပေးကာ တိုင်းပြည်မှ အပြီး နှင့်ထုတ်ခဲ့သည်မှာ လောလောလတ်လတ် ကြီးပင် ရှိပေသေး၏၊

သို့အတွက် မြန်မာနိုင်ငံတွင် ဥပဒေသည် စာအုပ်ကြီးထဲတွင်သာ ရှိပြီး တကယ်တမ်း မူ လူတဦးတယောက်၏ နှုတ်မိန့်သည်သာ အတည် ဖြစ်နေရပါတယ်။

သို့အတွက်လည်း ၆၆ (ဃ) ဖြင့် စွဲဆိုထားသော အမှုများအားလည်း ဒီလူကို အာမခံပေး၊ ဟိုလူ ကျ မပေး အမျိုးမျိုး အဖုံဖုံ တရွာ တပုဒ် ဆန်း ဖြစ်နေရသည်မှာလည်း အဆန်းတော့ မဟုတ်၊

ဤ ဖြစ်ရပ်များက နိုင်ငံ၏ ဂုဏ်သိက္ခာ သာ ကျဆင်းစေပြီး ပြည်တွင်းရှိ မူဆလင်များကတော့ မည်သို့မျှပင် ထိခိုက် လိမ့်မည် မဟုတ်ဆိုသည်ကို သိသင့်လှပါတယ်။

မနေ့က ဖြစ်ရပ်အားလည်း တာဝန် ရှိသူများကလည်း အမှိုက်ကအစ ပြသာဒ် မီးလောင် ဆိုသည့် စကားကို မေ့လျောကာ ကြည့်နေကြသလော၊ စဉ်းစားရ ခက်လှ၏၊

ရခိုင် ပြည်နယ် အရေးအခင်းသည်လည်း အပ်နဲ့ ထွင်းရမည့်အရေး ပုဆိန် ဖြင့် ပေါက်ခဲ့ကြသဖြင့် တကယ်တမ်း အနည်း နဲ့ အများ ဆုံးရှုံးသွားခဲ့ရသည်က တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ပင် ဖြစ်ပါတယ်ဆိုတာ မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ပေ။

ထိုကဲ့သို့ ဆက် ဖြစ်နေဦးမည်ဆိုက ပြည်သူများသာ ကျီးလန့်စားစား ဖြင့် ရှေ့ဆုံးက အတိဒုက္ခ ရောက်ကြ ရပေတော့မည်။ ထို့အပြင် တိုင်းပြည်တွင် ၀င်ရောက်လာရန် ရှိသော ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများ ရပ်တန့်နိုင်ရကာ စီးပွား ဖွံ့ဖြိုးလာနိုင်မည်မဟုတ်၊ အသို့ဆိုက နိုင်ငံရဲ့ စစ်အင်အား ကို ဘယ်က ငွေ ဖြင့် တိုးမြှင့် နိုင်ပေမည်နည်း။ မလေးရှား ကဲ့သို့ နိုင်ငံက ပင် မထေမဲ့မြင် ရန်စလာနေပြီ မဟုတ်ပါလား၊

မိမိနိုင်ငံ၏ အမျိုးဘာသာ သာသနာ ကို စော်ကားနေခြင်းလည်း မဟုတ်သည့် ဘာမဟုတ်သော ကိစ္စမျိုးကို နောက်ကွယ်က မည်မျှပင် သွေးထိုးလှုံ့ဆော်ခဲ့စေကာမူ ပြည်သူတရပ်လုံးက အကျိုးရှိရှိ မရှိရှိ ဆိုသည်ကို ရေရှည် အတွက် စဉ်းစားသင့်လှပါတယ်။ အခု လုပ်ရပ်ကား နိုင်ငံတကာ စံနှုန်းဖြင့် မည်သူမျှ လက်မခံနိုင်သော ရှက်ဖွယ်လိလိ လုပ်ရပ်ကြီးပင် ဖြစ်ပါတယ်။

HSW
BrainWave ဉာဏ်လှိုင်း
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.