ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တချို့ကို တွေ့ရစဉ်။ Photo: RFA |
မန်ကောင် ၊ လွယ်ခမ်းစတဲ့ ရွာတွေတဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မိုင်းခေါင်ရွာ ကချင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးနော်မိုင် က ပြောပါတယ်။
အစိုးရ တပ်မတော် တပ်မ ၈၈ လက်အောက်ခံ တပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂၊ တပ်ရင်း ၂၇ တို့အကြား တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။
လောလောဆယ်မှာ စစ်ဘေးဒုက္ခသည်တွေကို အရပ်ဖက်လူမှုအဖွဲ့တချို့က ထောက်ပံ့ကူညီနေတယ် လို့ မိုင်းခေါင်ရွာ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
အလားတူ ကေအိုင်အေ ဋ္ဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင်တဝိုက်မှာလည်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တို့ ရက်ရှည်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိနေပါတယ်။
RFA Burmese
http://www.rfa.org/burmese
COMMENTS