ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဝါဒဖြန့်အင်တာနက် စာမျက်နှာအချို့တွင် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်


ဇန်နဝါရီ ၁၀၊ ၂၀၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂေါ်ဒူသာရ(တောင်ရွာ) အတွင်းသို့ တပ်မတော်သားများ ၀င်ရောက် ၍ ရွာသားများအား ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ယမန်နေ့က ဝါဒဖြန့်အင်တာနက်စာမျက်နှာအချို့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၇ ရက် ညနေ ၄ နာရီခန့်က ဂေါ်ဒူသာရ (တောင်ရွာ) အတွင်းသို့ တပ်မတော်သားများ ၀င်ရောက်လာပြီး ရွာသားများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ လိင်အကြမ်းဖက်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဇန်န၀ါရ်ီ ၈ ရက် နေ့ တွင် ရဲတပ်ဖွဲ့ဝင်များ ရွာထဲသို့ ရောက်ရှိလာပြီး ရိုက်နှက်ခံရသူများ စာရင်းကို ရယူသွားကြောင်း၊ ညနေပိုင်းတွင် တပ်မတော်မှ တပ်မှူးတစ်ဦးရောက်ရှိလာပြီး ရိုက်နှက်ခံ ရသူများအား ခေါ်ဆောင်၍ ဆေးကုသပေးခဲ့ကြောင်း ဝါဒဖြန့်အင်တာနက်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။

တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီ ၉ ရက် နံနက် ၁၀ နာရီတွင် ဂေါ်ဒူသာရကျေးရွာ သို့သွားရောက်ပြီး ရွာသူ၊ ရွာသားများနှင့်တွေ့ဆုံ၍ အဆိုပါသတင်း မှန်ကန်မှု ရှိ၊ မရှိ စုံစမ်း စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း၊ ဂေါ်ဒူသာရကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်အောင်၊ ကျေးရွာတာဝန်ခံ ဆွေယောတူဆောင်၊ ရပ်မိရပ်ဖ အဏ္ဏဝါ၊ ရာအိမ်မှူး လာလူ၊ ဆယ်အိမ်မှူး အဒူဇော်တိန်း၊ မော်လဝီ ရော်ဘီအာမက် တို့ကလည်း မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.