ထိုင်ခုံခါးပတ် မပတ်တဲ့ ယာဉ်မောင်း ၆၃၀ ကျော်ကို အရေးယူ



ထိုင်ခုံခါးပတ် ပတ်ဖို့ ကားမောင်းသမားတစ်ဦးကို ယာဉ်ထိန်းရဲက ပညာပေးပြောကြားနေစဉ်။ Photo: Aung Thain Kha/RFA
မော်တော်ယာဉ်မောင်းနှင်စဉ် ထိုင်ခုံခါးပတ်ပတ်ဖို့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ယာဉ်မောင်း ၆၃၀ ကျော် ကို မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ၈ ရက်နေ့အထိ အရေးယူဆောင်ရွက်ထားတဲ့ အခြေအနေဖြစ်ပြီး တစ်ချို့ကားတွေမှာ ထိုင်ခုံခါးပတ်မပါတာမျိုးရှိနေတယ်လို့ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးဝင်းမြင့် က ပြောပါတယ်။

"လူတိုင်းလည်း ကျယ်ကျယ်ပြန့်ပြန့်သိပ်မသိသေးဘူး၊ ပညာပေးကာလ လုပ်တော့လုပ်ထားတာပဲ၊ တချို့ကားတွေဆို ခါးပါတ်မပါတာမျိုးတွေရှိတယ်၊ ဒိုင်နာတွေဆိုတာ ကုန်တင်တဲ့ကားတွေကို လူစီးကားတွေ လုပ်ထားတာလေ"

ရန်ကုန်တိုင်းဒေသကြီးမှာ ၄၆၂ မှု၊ မန္တလေးတိုင်းဒေသကြီးမှာ ၆၁ မှု၊ ဧရာဝတီတိုင်းဒေသကြီးမှာ အမှု ၅ဝ နဲ့ မွန်ပြည်နယ်မှာ အမှုပေါင်း ၄၀ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခါးပတ် ပတ်ခြင်းမရှိတဲ့ ယာဉ်မောင်းတွေကို ဇန်န၀ါရီ ၁ ရက်နေ့ကစတင်ပြီး ငွေကျပ် ၃ သောင်းထက်မပိုတဲ့ ဒဏ်ငွေချမှတ်ကာ အရေးယူဆောင်ရွက်နေတာဖြစ်ပြီး အိမ်စီးကားတွေအပြင် မြို့တွင်းဘတ်စ်ကား၊ အဝေးပြေးကားတွေနဲ့ ကုန်တင်ကားတွေကိုပါ ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.