ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၆ ဦးအား ပြည်နှင်ဒဏ်ပေး



 ငါးခိုးဖမ်းသည့်အတွက် အကျဉ်းကျခံနေရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၆ ဦးအား ပြည်နှင်ဒဏ်ပေး
မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား ပြစ်ဒဏ်ကျခံနေရာမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန် နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဘင်္ဂလားပင်လယ်အော် မြန်မာ့ရေပိုင်နက်အတွင်းတွင် ငါးဖမ်းစက်လှေဖြင့် ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့နယ် အုန်းကျွန်းကျေးရွာနေ ရော်ရှီးအူလ္လာနှင့် ငါးဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။


အထက်ပါဖြစ်စဉ်ကြောင့် အဆိုပါ ၆ ဦးအား ဘူးသီးတောင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိရာမှ ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန် ထုတ်ပြန်ခဲ့သည့် အမိန့်အရ ၎င်းတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုံးမစကားပြောကြား၍ ကတိဝန်ခံ လက်မှတ်များရေးထိုးစေခဲ့ပြီး ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ ကြောင်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.