လန်ဒန်အရောက် တိုက်ရိုက် ကုန်ရထား တရုတ် ပြေးဆွဲ


တရုတ်နိုင်ငံဟာ ဥရောပတိုက်နဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု တိုးမြင့်စေဖို့ရာ လန်ဒန်မြို့တော် အထိ တိုက်ရိုက် ကုန်ရထားလိုင်းအသစ် တစ်ခုကို စတင် ပြေးဆွဲလိုက်ပါတယ်။

မက်ဒရစ်နဲ့ ဟမ်းဘတ် အပါအဝင် အခြား ဥရောပ မြို့ကြီးများဆီကို တရုတ်ရထားလိုင်းဟာ ပြေးဆွဲပြီး ဖြစ်ပါတယ်။ လန်ဒန်မြို့တော်ဟာ တရုတ်အစိုးရရဲ့ ပိုးလမ်းမအသစ် စီမံကိန်းမှာ ပါဝင်လာတဲ့ ၁၅ ခု မြောက် ဥရောပမြို့ ဖြစ်ပါတယ်။

မိုင် ၁၂,၀၀၀ ခရီးရှည်ကို ၂ ပတ်ကြာပြေးဆွဲမယ့် ရထားမှာ အဝတ်အစား၊ အိတ်နဲ့ အခြား အိမ်သုံးပစ္စည်းတွေ သယ်ဆောင်မယ်လို့ သိရပါတယ်။ ရထားနဲ့ ကုန်ပစ္စည်း ပို့ဆောင်မှုဟာ ကုန်တင်လေယာဉ်ထက် စရိတ်စက သက်သာပြီး သင်္ဘောနဲ့သယ်ခြင်းထက် ပို မြန်ပါတယ်။

တရုတ်နိုင်ငံနဲ့ ဥရောပတိုက် ဆက်သွယ်တဲ့ လမ်းကြောင်းတွေ တိုးချဲ့ လာမှုဟာ ၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ တရုတ်အစိုးရရဲ့ နည်းဗျူဟာ အသစ် ဖြစ်တဲ့ ဟိုးအရင် တုန်းက ရှိခဲ့တဲ့ ပိုးလမ်းမ ကုန်သွယ်မှု လမ်းကြောင်းမှာ လမ်းပန်းဆက်သွယ်မှု အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာရေး စီမံချက်မှာပါဝင်တဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

အခု ပြေးဆွဲမယ့် ရထားလိုင်း အသစ်ဟာ ကာဇက်စ္စတန်၊ ရုရှ၊ ဘီလာရုစ်၊ ပိုလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယန်နဲ့ ပြင်သစ် နိုင်ငံတွေကို ဖြတ်သန်းပြီး လန်ဒန်မြို့ အရှေ့ပိုင်းရှိ ဘာကင်း ကုန်ရထား ဘူတာ အထိ ရောက်မှာ ဖြစ်ပါတယ်။ ဘာကင်းဘူတာဟာ ဥရောပတိုက် ပင်မဆီကို အမြန်နှုန် သံလမ်း ၁ နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။

တရုတ်အစိုးရဟာ ပို့ကုန်ကျဆင်းမှု၊ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးမှုတွေ ရင်ဆိုင်လာရချိန်မှာ သူ့ရဲ့ စီးပွားရေး မြှင့်တင်ဖို့ စိတ်အားထက်သန် နေပါတယ်။

#ဘီဘီစီမြန်မာပိုင်း
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.