ဟောင်ကောင်ကုမ္ပဏီက ရခိုင်ကနေ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူမည်


စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဆန်စပါးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံဆွေးနွေးစဉ်
စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဆန်စပါးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံဆွေးနွေးစဉ်
Photo: Min Thein Aung/ RFA
 ဟောင်ကောင်အခြေပြု Golden Phoenix Investments Limited ကုမ္ပဏီက ဒီနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ ဆန်တန်ချိန် ၃ သိန်းအထိ ဝယ်ယူလိုကြောင်း ဒီနေ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဆန်စပါးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံဆွေးနွေးစဉ်မှာ ကမ်းလှမ်း ခဲ့တာဖြစ်ပြီး ဆိပ်ကမ်းအခက်အခဲကြောင့် ပထမဆုံး ဆန်တန်ချိန် ၁ သောင်းကို တင်ပို့ဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ တွေ့ဆုံရာမှပါဝင်ခဲ့တဲ့ ကျောက်တော်မြို့နယ် တောင်သူလယ်သမား အကျိုးဆောင် အသင်း အတွင်းရေးမှူး ဦးမောင်ထွီးက ပြောပါတယ်။

ဟောင်ကောင်အခြေစိုက် Golden Phoenix Investment Limited က တာဝန်ရှိသူတွေဟာ ကျောက်တော်မြို့က ဆန်စပါးထွက်ရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပြီး ဆန်တွေကို ဝယ်ယူနိုင်ရေး ဒီနေ့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆန်စပါးအရည်အသွေးပေါ်မူတည်ပြီး ဟောင်ကောင်ကုမ္ပဏီနဲ့ ရခိုင်ဆန်စပါးလုပ်ငန်းရှင်တွေအကြား ဆန်ဝယ်ယူတင်ပို့နိုင်ရေးကို ဆက်လက်ဆောင်ရွက် မှာဖြစ်တယ်လို့လည်း ဆွေးနွေးပွဲ တက်ရောက် ခဲ့သူတွေက ပြောပါတယ်။

ဟောင်ကောင်အခြေပြု Golden Phoenix Investments Limited ကုမ္ပဏီတာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ်က ဆန်တွေဝယ်ယူနိုင်ရေးကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ ဆန်စပါးတွေကို အရင်က တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တရုတ်နယ်စပ် ကို တင်ပို့မှုတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်း ပြည်ပဆန် တင်ပို့မှုတွေ ရပ်ဆိုင်းနေတာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.