ဒေါ်နယ်ထရမ့် ဝန်ကြီးစာရင်းတင်သွင်းမှု ကြားနာ



ဂျက်ဖ် ဆက်ရှင်းကို ဆန္ဒပြတဲ့ အမျိုးသမီးတွေ
အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝန်ကြီးအဖွဲ့ အမည်စာရင်း တင်သွင်းမှုတွေကို ဒီနေ့ ကြားနာနေပါပြီ။

ရှေ့နေချုပ်အဖြစ် အထက် လွှတ်တော်အမတ် ဂျက်ဖ် ဆက်ရှင်းကို ရွေးချယ်ထားပါတယ်။

တောင်ပိုင်းက ရှေးရိုးစွဲ သမား ဂျက်ဖ် ဆက်ရှင်းဟာ လူမျိုးရေးနဲ့ ပတ်သက်ပြီး အကဲဆတ်တယ်လို့ ဝေဖန်မှုတွေ ရှိသလို ရွှေ့ပြောင်း ဝင်ရောက်လာသူတွေအပေါ်မှာ ဆန့်ကျင်တဲ့ အမြင်ရှိတယ်လို့လည်း ဆိုပါတယ်။

လူမည်း အခွင့်အရေး ကာကွယ်သူတွေနဲ့ နိုင်ငံရေး သမားတွေ၊ အမေရိကန် ပြည်သူ့ အခွင့်အရေး သမဂ္ဂ တို့က သူ့ရဲ့ နောက်ကြောင်းပြန်စစ်ဖို့ တောင်းဆိုနေပါတယ်။

အိမ်ဖြူတော်ရဲ့ ထိပ်တန်း အကြံပေးအရာရှိ အဖြစ် ဒေါ်နယ်ထရမ့်ရဲ့ သားမက် ဂျရက်ဒ် ကူရှ်နာကို ခန့်အပ်တာဟာ ဥပဒေနဲ့ညီညွတ်မှုရှိမရှိ ကိုလည်း ပြန်လည် စစ်ဆေးပေးဖို့ ဒီမိုကရက်တွေက ကွန်ဂရက် လွှတ်တော်ကို တောင်းဆို ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.