ဒီမိုကရေစီ အပြောင်းအလဲကို ဖြတ်သန်းခဲ့ရသည့် နိုင်ငံမှ သံတမန်များ က မြန်မာ၏တိုးတက်မှုကို အားရဂုဏ်ပြုဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဒီမိုကရေစီ အပြောင်းအလဲကို ဖြတ်သန်းခဲ့ရသည့် နိုင်ငံမှ သံတမန်များ အခြားနိုင်ငံများမှ သံတမန်များနှင့် ဆွေးနွေးသည့်အခါတွင် မြန်မာနိုင်ငံ၏ တိုးတက်မှုကို အားရဂုဏ်ပြုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် လူငယ်များ စကားဝိုင်း (ငြိမ်းချမ်းရေး စကားဝိုင်း) မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“သူတို့ရဲ့ အတွေ့အကြုံ အရ ဆိုလို့ရှိရင် အပြောင်းအလဲတစ်ခုဟာ စပြီးတော့ တကယ် အရှိန်အဟုန်ရဖို့ ဆိုတာ နှစ်နဲ့ ချီပြီးတော့ ကြာတယ်။ ကျွန်မတို့ရဲ့ ၉ လအတွင်း လုပ်ဆောင်ချက်တွေ ကို သူတို့ရဲ့ အမြင်မှာတော့ အားရတယ်လို့ ဆိုပါတယ်။ သူတို့ပြောတာတွေက ကျွန်မတို့ အတွက်လည်း အားတက်စရာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သံတမန်များက ထိုသို့ပြောဆိုနေသော်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်၍ မဖြစ်ကြောင်း ၊ အမြဲတမ်း ဆက်သွားနေပြီး၊ ထပ်လုပ်နိုင်သည်၊ ထပ်ကြိုး စားနိုင်သည် ဆိုသည့် စိတ်အပြည့်အ၀ဖြင့် ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း၊ ဘာပဲလုပ်လုပ် ကောင်းသော အစိုးရများ၏ အခြေခံဖြစ်သည့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုဆိုသည့် မူနှစ်ခုကို ဆက်လက် ဆုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ထို့အတူ သန်းငါးဆယ်ကျော် နိုင်ငံသူ နိုင်ငံသားများကြား တွင် မြောက်မြားစွာသော ဆန္ဒများရှိသည်။ ယင်းဆန္ဒများထဲတွင် မည်သည့်ဆန္ဒက အဓိကအကျဆုံး ဖြစ်သည် မည်သည်ကို ဦးစားပေး အကောင်အထည် ဖော်ရမည် ဆိုသည်မှာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့် အစိုးရတစ်ခုအတွက် အကြီးဆုံး တာဝန်တစ်ခု စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ မည်သည့်ဆန္ဒကို ဦးစားပေးရမည် ဆိုသည်ကို ရွေးချယ်ရန်လည်း အရေးကြီးသကဲ့သို့ မည်သည့် ပုံစံဖြင့် ဖြည်းဆည်းပေးရမည်ကို ဆုံးဖြတ်ရန်လည်း အရေးကြီးသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လိုရာပန်းတိုင်ရောက်ရန် အတွက် မည်သည့်လမ်းက သွားရ သွားရဟု ယူဆသည့် ပုဂ္ဂိုလ်များလည်းရှိ ပြီး လမ်းမှားပါက ပန်းတိုင်ရောက်သည့်အခါ ထင်သလိုဖြစ်မလာ တတ်ကြောင်း၊ လမ်းမှန်က သွားမှသာလျှင် လိုချင်သည့် ပန်းတိုင်ကို မှန်မှန်တည့်တည့်မတ်မတ် မဟုတ်လျှင်တောင် မှန်မှန်ကန် ကန် ရောက်နိုင်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့် သွင်း ပြောကြားခဲ့သည်။

ယင်းအပြင် ၄င်းတို့အစိုးရ ၉ လတာ ကာလအတွင်းတွင် မိမိတို့မျှော်မှန်း သလောက် ဖြစ်ခဲ့သလားဆိုလျှင် တချို့အရာများတွင် မဖြစ်သော်လည်း ၊ တချို့အရာများတွင်လည်း မမျှော်မှန်းသော်လည်း တိုးတက်မှုများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Photo - Myanmar State Counsellor office FB
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.