ဒုက္ခသည်ကြောင့် စီးပွားရေးထိခိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော



နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဗ္ဗူလ်ဟာဆန် မာမွတ်အလီ တို့ ဒါကာမြို့ရှိ Padma နိုင်ငံတော်ဧည့်ဂေဟာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ဆုံကြစဉ်။ Photo: MOFA
ရခိုင်ပြည်နယ် ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာကို တိုက်တွန်းလိုက်ပြီး၊ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ထိခိုက်ရတယ်လို့လည်း ပြောဆိုပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လာရောက်ဆွေးနွေးခဲ့တဲ့ မြန်မာအစိုးရ အထူးကိုယ်စားလှယ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ ကပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နယ်စပ်ကိုကျော်ဖြတ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ထွက်ပြေးဝင်ရောက်လာခဲ့ကြတဲ့ မူစလင်ဒုက္ခသည် အနည်းဆုံး ၆ သောင်းခွဲရှိကြောင်း၊ နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေမှာ လက်ရှိမှတ်ပုံတင်ထားတဲ့ ဒုက္ခသည် သုံးသောင်း သုံးထောင်၊ မှတ်ပုံမတင်ရသေးတဲ့ ဒုက္ခသည် သုံးသိန်း ၀န်းကျင်ရှိနေတဲ့အတွက်၊ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး တိုးတက်မှု ထိခိုက်နေရကြောင်း လည်းပြောဆိုပါတယ်။

တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အထူးကိုယ်စားလှယ်ဘက်က သတင်းမီဒီယာတွေကို တစ်စုံတရာ မပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.