၂၀၁၇ အတွင်း ထိုင်းရွေးကောက်ပွဲ ကျင်းပဖြစ်မည်မဟုတ်

ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ရွေးကောက်ပွဲ ကျင်းပမှုဆိုင်ရာ ဥပဒေတွေ လိုအပ်နေသေးတဲ့ အတွက် ၂၀၁၇ ခုနစ်အတွင်း ထိုင်းရွေးကောက်ပွဲ ကျင်းပဖြစ်ဦးမှာ မဟုတ်ဘူးလို့ ထိုင်းစစ်အစိုးရက ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေသူ တစ်ဦးက ပြောပါတယ်။

ထိုင်းစစ်အစိုးရရဲ့ လမ်းပြမြေပုံအရတော့ ဒီနှစ်ပိုင်းထဲ မှာ ရွေးကောက်ပွဲကျင်းပပြီး အရပ်သား အုပ်ချုပ်မှုကို ပြန်လွှဲပြောင်းပေးဖို့ ဆိုတဲ့ ကိစ္စက ရှိနေဆဲဖြစ်တယ်လို့ အစိုးရအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ မူလကတော့ ၂၀၁၇ ခုနစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထိုင်းစစ်အစိုးရက ကြေညာထားခဲ့တာပါ။

လူ့အဖွဲ့အစည်းအတွင်း သွေးကွဲမှုတွေကို ကုစားဖို့ဆိုတဲ့ ကြွေးကြော်မှုနဲ့ အတူ ထိုင်းစစ်အစိုးရက ၂၀၁၄ ခုနစ်မှာ အရပ်သား ရွေးကောက်ခံ အစိုးရဆီက အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ထိုင်းဖွဲ့စည်းပုံ ရေး ဆွဲရေးအတွက် အရေးပါတဲ့ နိုင်ငံတော် ဥပဒေပြုရေး အဖွဲ့မှာ စစ်တပ်က ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်ဖြစ်သူ ဆွန်ဂျက်ဘွန်သန်နွမ် ကတော့ ရွေးကောက်ပွဲဟာ ၂၀၁၈ မတ်လတိုင်အောင် တုံ့ဆိုင်းနေဖို့ အလားအလာ ရှိနေတယ်လို့ ရိုက်တာကို ပြောခဲ့ပါတယ်။

ဒါဟာ ရွှေ့ဆိုင်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရှုပ်ထွေးလှ တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေမူကြမ်းကြောင့် ဒီနှစ်မှာ မကျင်းပနိုင်တော့တာ ဖြစ်ပါတယ်လို့ ဆွမ်ဂျက်က ပြောပါတယ်။

ဥပဒေရေးဆွဲမှုဆိုင်ရာ အဖွဲ့က တာဝန်ရှိသူတွေက အခုလို ရွေးကောက်ပွဲ အချိန်အနည်းငယ်ရွှေ့ဖို့ ပြောနေပေမယ့် အစိုးရအဖွဲ့ကတော့ အခုအချိန် အထိ ထိုင်းလမ်းပြမြေပုံအတိုင်း ၂၀၁၇ နှစ်ကုန် ပိုင်း လောက် မှာ ရွေးကောက်ပွဲ ကျင်းပဖို့ မူဝါဒရှိနေဆဲပဲလို့ ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြောင်း ရိုက်တာက ဖော်ပြထားပါတယ်။

Photo - Thai Parliament
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.