အထင်အမြင်လွဲမှားစေမယ့် အပြုအမူအပြောအဆိုတွေ ရှောင် ရှားကြဖို့ ဦးဝင်းမြင့် သတိပေး



ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကို ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်။ Photo: Hluttaw Channel/ Facebook
ငြိမ်းချမ်းရေးရရှိဖို့ စုပေါင်းဆွေးနွေးအဖြေရှာနေကြတဲ့ ကာလမှာ အချင်းချင်းစိတ်ဝမ်းကွဲပြီး အထင်အမြင်လွဲမှားစေမယ့် အပြုအမှု၊ အပြောအဆိုတွေ ကို သတိပြုရှောင်ရှားကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေကို သတိပေးလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နှုတ်ခွန်းဆက်စကားပြောကြားစဉ် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။

လွှတ်တော်မှာ တင်သွင်းတဲ့ မေးခွန်းတွေ အဆိုတွေ ဥပဒေကြမ်းတွေဟာ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ မြှင့်တင်နိုင်ဖို့ နဲ့ လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်ဖို့ကို အမြဲဦးထိပ်ပန်ဆင် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း ၊ ၂၀၁၇ ခုနှစ်ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းတွေကို ကန့်သတ်ကာလအတွင်းမှာ အချိန်မီ ပြီးစီးအောင် ဆွေးနွေးကြဖို့နဲ့ ဆွေးနွေးတဲ့အခါမှာ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးစီးပွားဖြစ်ထွန်းစေမယ့် စီမံကိန်းတွေကို စိစစ်လေ့လာကြဖို့ လိုအပ်ကြောင်းလည်း ဦးဝင်းမြင့် က ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ဒုတိယအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးတွေကို လေးကြိမ်မြောက်အဖြစ် ဒီနေ့ ပြန်လည်စတင်ကျင်းပတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.