ဝန်ကြီးများရုံးမှာ ပထမဆုံးကျင်းပတဲ့ အနုပညာပြပွဲ

ရန်ကုန်မြို့သိမ်ဖြူလမ်းက ၀န်ကြီးများရုံးမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ပြသထားတဲ့ အနုပညာပြပွဲကို တွေ့ရစဉ်
  • ရန်ကုန်မြို့သိမ်ဖြူလမ်းက ၀န်ကြီးများရုံးမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ပြသထားတဲ့ အနုပညာပြပွဲကို တွေ့ရစဉ်
  • Photo: Kaung Htet Kyaw/ RFA

ရန်ကုန်မြို့သိမ်ဖြူလမ်းက ၀န်ကြီးများရုံးမှာ ခေတ်သစ်အနုပညာရှင် Wolfgang Laib ရဲ့ "ရေမြေအဆုံးနေရာထိ တိုင်အောင်" လို့ အမည်ပေးထားတဲ့ အနုပညာပြပွဲကို မနေ့ကစပြီး ပြသနေပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ Goethe -Institute မြန်မာနဲ့ ဂျာမနီမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး အနုပညာရှင် Wolfgang Laib ရဲ့ထင်ရှားတဲ့ လက်ရာတွေကို ပြသနေပါတယ်။

အဲဒီပြပွဲကို လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့ အထိ ပြသသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေဖြစ်တဲ့ ၀န်ကြီးများရုံးမှာအနုပညာလုပ် ငန်းတွေ ပြသခွင့်ရဖို့အတွက် အခက်အခဲတွေ များစွာ ရင်ဆိုင်ခဲ့ရပေမယ့် ဂုဏ်ယူမိတယ်လို့ Goethe -Institut ရဲ့ ဒါရိုက်တာ Franz Xaver Augustin က ပြောပါတယ်။

အနုပညာရှင် Wolfgang Laib ဟာ အရေးပါဆုံးသော ခေတ်ပေါ်အနုပညာရှင် တစ်ရာထဲမှာ ပါဝင်သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အနုပညာနိုဘယ်လ်ဆု ရရှိထားသူဖြစ် ပါတယ်။

သူ့ရဲ့လက်ရာတွေဟာ ကမ္ဘာ့အကောင်းဆုံးအနုပညာလက်ရာတွေထဲမှာ စာရင်းသွင်း ခံထားရတာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.