ပိုလန်နိုင်ငံမှ ချေးငွေယူရို သန်းငါးဆယ်ဖြင့် မီးသတ်စက်ရုပ်အပါအ၀င် ကမ္ဘာ့အဆင့်မီ မီးငြှိမ်းသတ်ရေးယာဉ် ၆၅ စီး ၀ယ်ယူမည်


ပိုလန်နိုင်ငံမှ ချေးငွေယူရိုသန်း ၅၀ ဖြင့် ကမ္ဘာ့အဆင့်မီ မီးငြှိမ်းသတ်ရေးယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးယာဉ် ၆၅ စီး ၀ယ်ယူအားဖြည့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။ ယင်းသို့ ၀ယ်ယူရာတွင် မီးသတ်သမားများ ချဉ်းကပ်၍ မရသည့် မီးလောင်မှုများ၊ မီးသတ်ကားဝင်ရန် ခက်သောလမ်းများတွင် အသုံးပြုနိုင်မည့် မီးသတ်စက်ရုပ် Fire Fighting Robot (LUF 60) တစီးကို လက်ဆောင်အဖြစ်ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

''Fire Fighting Robot (LUF 60) မီးငြှိမ်းသတ်ရေးလုပ်ငန်းသုံးစက်ရုပ်က အဝေးထိန်းနဲ့ မောင်းနှင်ရတာ။ တကယ် စက်ရုပ်အမျိုးအစားတော့ မဟုတ်ဘူး။ သံချပ်ကာ ဘီးအမျိုးအစားနဲ့ အလွန်အသုံးဝင်နိုင်မယ့် ယာဉ်အမျိုးအစားတခု ဖြစ်ပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက News Watch သို့ ပြောသည်။

မီးသတ်လုပ်ငန်းသုံး (LUF 60) သည် မီတာ ၃၀၀ ခန့်အကွာမှ ထိန်းချုပ်နိုင်ကြောင်း၊ အဓိကအားဖြင့် မီးငြှိမ်းသတ်ရေးတွင် အသုံးပြုနိုင်သည့်အပြင် လူဝင်ရန်ခက်ခဲသည့်နေရာများ အဆိပ်ရှိသည့် ဓာတ်ငွေ့၊ လေပူ၊ မီးခိုးများအား ပြင်ပသို့ စုပ်ထုတ်နိုင်သည့် စွမ်းဆောင်ရည်ပါရှိကြောင်း သိရသည်။

ပိုလန်နိုင်ငံ WISS ကုမ္ပဏီနှင့် မီးသတ်ဦးစီးဌာန ဆွေးနွေးညှိနှိုင်းမှုအရ မီးသတ်ယာဉ် ၆၅ စီး ၀ယ်ယူရာတွင် စက်ရုပ်အပြင် မေတ္တာလက်ဆောင် ထပ်မံရရှိမည့်ယာဉ် ၁၀ စီးမှာ Medium Rescue & Fire Fighting Vehicle ၅ စီးနှင့် ကမ္ဘာ့အဆင့်မီပုံစံသစ်ထုတ်ဖြင့် ထုတ်လုပ်ထားသော နောက်ဆုံးပေါ်လူနာတင်ယာဉ် ၅ စီး (ပစ္စည်း ကိရိယာ အပြည့်အစုံ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူသွားမည့် မီးသတ်လုပ်ငန်း သုံးယာဉ်များမှာ ဓာတု၊ ဇီဝ၊ ရေဒီယိုသတ္တိကြွ၊ နျူကလီးယားနှင့် အခြားအန္တရာယ်ဖြစ်စေတတ်သောပစ္စည်းများ ဖယ်ရှားရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် Hazmat Vehicle (CBRN) ၂ စီး၊ ယာဉ်တိမ်းမှောက်မှု၊ ငလျင်ဘေးသင့်သည့်အခါနှင့် အရေးပေါ်အခြေအနေများတွင် အသုံးပြုရန် Heavy Rescue & Lifting Vehicle ၁၀ စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်အကြီးစား Heavy Rescue & Towing Vehicle ၉ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် Heavy Rescue Towing (6x6) ၅ စီး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးယာဉ် Medium Rescue & Towing (4x4) ၄ စီး၊ မီးငြှိမ်းသတ်ရေးအဆင့်မြင့်ယာဉ် Medium Rescue ၂၀ စီး၊အထပ်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး Hydra- ulic Platform Vehicle (25) meter ၁၀ စီး၊ (48) meter ၅ စီးတို့ ဖြစ်ကြပြီး အဆိုပါ ယာဉ် ၆၅ စီးအား မြန်မာနိုင်ငံအနှံ့တွင် အသုံးပြုရန် ၀ယ်ယူသွားမည်ဟု သိရသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.