ဗင်နီဇွဲလား၌ ပျက်ကျသွားသော ရဟတ်ယာဉ်ပေါ်က လူ ၁၃ ဦးပျောက်ဆုံးနေ



 ဗင်နီဇွဲလားနိုင်ငံရှိ စစ်ဖက်သုံး ရဟတ်ယာဉ်တစ်စင်းအားတွေ့ ရစဉ် (ဆင်ဟွာ)
ကာရာကက်စ် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ Amazonas ပြည်နယ်၌ Puerto Ayacucho မြို့ မှ La Esmeralda မြို့ သို့ ဦးတည်ပျံသန်လာသော ရဟတ်ယာဉ်တစ်စင်းသည် ဒီဇင်ဘာလ ၃ဝ ရက်က ပျက်ကျသွားခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအဖွဲ့ က ဇန်နဝါရီလ ၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ပြည်ထောင်စုရေဒီယိုအသံလွှင့်ဌာန နှင့် အမေးအဖြေပြုလုပ်စဉ် အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သည့် Liborio Guarulla က “ ရဟတ်ယာဉ်က La Esmeralda မြို့ မှာ ရှိနေတယ်။ လမ်းခရီးမှာ ပျံသန်းနေရင်း ပျက်ကျသွားတာပါ” ဟု ပြောကြားခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် စစ်သား ၈ ဦး နှင့် အရပ်သား ၅ ဦးအပါအဝင် စုစုပေါင်း ခရီးသည် ၁၃ ဦးလိုက်ပါသွားကြောင်း နှင့် ရဟတ်ယာဉ်ပျက်ကျသွားသော နေရာရှိ ဒေသခံများပါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်  စတင်ပါဝင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

“ အဲဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတဲ့ သတင်းအမှန်ကို ကျွန်တော်တို့ ဘာမှ မသိရပါဘူး။ဒါပေမယ့် ပျံသန်းနေရင်း ခရီးစဉ်တစ်လျှောက်မှာ ဖြစ်သွားတာတော့ သိပါတယ် ” ဟု ၄င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ ပြင် Liborio Guarulla က “ တရားဝင် သတင်းအချက်တွေကို စောင့်ဆိုင်းနေပါတယ်။ အဲဒီ စစ်ဖက်သုံး ရဟတ်ယာဉ်ပေါ်လိုက်ပါသွားတဲ့ လူအားလုံးကို ပြန်လည် ရှာတွေ့ ရှိနိုင်ပါတယ်” ဟု  အဆုံးသတ် အနေဖြင့် ဖြည့်စွက်ပြောကြားခဲ့သည်။

(Xinhua)
http://xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.