ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံထားရသော ဦးမျိုးရန်နောင်သိန်းအား ရုံးထုတ်ပြီး ဖမ်းဆီးရာတွင် ပါဝင်သည့် ဒုရဲမှူးတစ်ဦးနှင့် ရှာဖွေသက်သေတစ်ဦးကို စစ်ဆေး


ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးအရေးယူ ခံထားရသူ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား ဇန်န၀ါရီ ၆ ရက်က ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် ဦးမျိုးရန်နောင်သိန်းအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် လှိုင်မြို့မရဲစခန်းမှူး နှင့် သက်သေခံများအား သိမ်းဆည်းရာတွင် ပါဝင်ခဲ့သည့် သက်သေတစ်ဦးတို့ကို စစ်ဆေးခဲ့သည်။

ယင်းအပြင် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာန၏ တရားစွဲဆိုခွင့် အကြောင်းကြားစာအား စွပ်စွဲခံထားရသူ ဦးမျိုးရန်နောင်သိန်းဘက်မှ ကန့်ကွက်တင်ပြခဲ့မှုအပေါ် ကြားဖြတ်အမိန့် ချမှတ်ခဲ့သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဦးမျိုးရန်နောင်သိန်းဘက်မှ လျှောက်ထားခဲ့သည့် အာမခံအား ကမာရွတ်မြို့နယ်တရားရုံးက ပယ်ချခဲ့သည့်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးသို့ ထပ်မံလျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသဖြင့် အမှုအား အချုပ်နှင့်ပင် ဆက်လက်ရင်ဆိုင်နေခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါရုံးချိန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကိုယ်တိုင် လာရောက်ကြည့်ရှု နားထောင်အားပေးခဲ့သည်ကို တွေ့ရသည်။

ယင်းအမှုဖြစ်စဉ်မှာ Myo Yan Naung Thein Facebook အကောင့်မှ အောက်တိုဘာ ၁၄ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်သည့် စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို ကမာရွတ်မြို့မရဲစခန်းက (ပ) ၆၂၄/၂၀၁၆ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး ဦးမျိုးရန်နောင်သိန်းအား နိုဝင်ဘာ ၃ ရက်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ နှစ်လကျော်ကြာ အချုပ်နှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။


Writer:
ဉာဏ်ဝင်းရှိန်
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.