ကဘူးလ်မြို့၌ အသေခံဗုံးခွဲမှုနှစ်ခုဖြစ်ပွား၊ အစိုးရ အဖွဲ့ဝင် တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ



ကဘူးလ်မြို့၌ အသေခံ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသည့် နေရာအနီးတွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ် (ဆင်ဟွာ)
 ကဘူးလ်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
 အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မြို့၏ အနောက်ဘက်ပိုင်း လူစည်ကားရာ လမ်းတစ်လျှောက်အစိုးရရုံး တစ်ရုံးအနီးတွင် ဇန်န၀ါရီလ ၁၀ ရက်နေ့ က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၅ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရဲသတင်းအရင်းအမြစ်တစ်ခုက “ထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ အမျိုးသား လုံခြုံရေး ညွှန်ကြားရေးမှူး (NDS) ရုံးခွဲအနီးမှာ အသေခံဗုံးခွဲမှု နှစ်ခု ဒေသစံတော်ချိန် ညနေ ၃း၄၅ နာရီမှာ ဖြစ်ခဲ့တယ်။ ကနဦး သတင်းတွေအရ အနည်းဆုံး လူ  ၂၅ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရတယ်”ဟု ဆင်ဟွာသို့ ပြောခဲ့သည်။ပေါက်ကွဲမှု ဖြစ်ပွားရာအနီးတွင် လွှတ်တော်ရုံး အများအပြား တည်ရှိကြောင်း သိရသည်။

ကဘူးလ်မြို့၌ အသေခံ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသည့် နေရာအနီးတွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ် (ဆင်ဟွာ)
သေဆုံးသူများထဲတွင် NDS အဆင့်မြင့် အဖွဲ့ဝင် တစ်ဦး ပါဝင်ပြီး ဥပဒေပြု အမတ် တစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီ ဖြစ်ပြီး အသေးစိတ် အချက်အလက်များအား မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။Dar-uk-Aman နယ်မြေရှိ အစိုးရရုံး ဝန်ထမ်းများ ရုံးဆင်းချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း တာလီဘန်အဖွဲ့က ပြောကြားထားသည်။ ထို့ပြင် တာလီဘန်တို့က ၎င်းတို့ စစ်သွေးကြွများ၏ ပစ်မှတ် ဖြစ်နိုင်သော နေရာများသို့ အရပ်သားများ လာရောက် စုဝေးခြင်း မပြုရန် ပြု နှိုးဆော်ထားသည်။

 Xinhua
http://xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.