သတို့သမီး က မင်္ဂလာပွဲတွင် သူမအသက်ကို ကယ်ခဲ့သူနဲ့ တွဲကခဲ့



သတို့သမီး လေးက သူမကို ရိုးတွင်းခြင်ဆီလှူဒါန်းပြီး အသက်ကယ်ခဲ့တဲ့ အမျိုးသားကြီးနဲ့ အတူတွဲကကြတဲ့အခါ မင်္ဂလာပွဲကို တက်ရောက်ခဲ့သူတိုင်း မျက်ရည်ဝဲခဲ့ရပါတယ်။

အသက် ၂၄ နှစ်အရွယ် ဟိုကန်ဆန်ဟာ သူမမှာ သွေးကင်ဆာရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့တဲ့၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဆရာဝန်များစွာဆီက အကြံဥာဏ်တွေရယူပြီးနောက် သူမအသက်ရှင်ဖို့ အကောင်းဆုံး မျှော်လင့်ချက်က ရိုးတွင်းခြင်ဆီအစားထိုးကုခြင်းပဲလို့ သူမနဲ့ သူမရဲ့မိဘတွေက လက်ခံလိုက်ကြပါတယ်။
သူမရဲ့ အစ်မနှစ်ယောက်နဲ့ မိဘနှစ်ပါးကို ချက်ချင်းစမ်းသပ်ခဲ့ကြပေမယ့်လည်း သူတို့ရဲ့ ရိုးတွင်းခြင်ဆီက သူမနဲ့ မကိုက်ညီခဲ့ပေမယ့် မှတ်ပုံတင်ရုံးက ရှာဖွေပေးတဲ့အခါမှာ သူမနဲ့ ရိုးတွင်းခြင်ဆီတူတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။

ဒန်နီ ဒန်နီရယ်လို့အမည်ရတဲ့ အဲဒီအမျိုးသားက ဟိုကန်ဆန်ကို သူ့ရဲ့ရိုးတွင်းခြင်ဆီလှူဖို့ သဘောတူခဲ့တဲ့အတွက် ၂၀၀၇ ခုနှစ် မတ်လ ၁၄ ရက်မှာ အောင်မြင်စွာ အစားထိုးကုသနိုင်ခဲ့တယ်။ အဲဒီလို အစားထိုးကုသပြီးနောက် တစ်နှစ်အကြာ ဒန်နီရယ်အလုပ်လုပ်တဲ့ စစ်အခြေစိုက်စခန်းမှာ သူတို့နှစ်ဦးတွေ့ဆုံဖြစ်ခဲ့ကြတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ ဖေ့စ်ဘွတ်မှာ အဆက်အသွယ်မပျက်ရှိခဲ့ကြပါတယ်။

ကင်ဆာရောဂါဖြစ်ပွားပြီး တစ်နှစ်အတွင်းမှာ ဒန်နီရယ်ရဲ့ လှူဒါန်းမှုကြောင့် ရိုးတွင်းခြင်ဆီအစားထိုးကုသနိုင်ခဲ့တဲ့အတွက် ဂရီတာ ဟိုကန်ဆန်ဟာ သူမရဲ့ခင်ပွန်း တိုနီ ဟိုကန်ဆန်နဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ရွှေလက်တွဲနိုင်ခဲ့ပါပြီ။

ဟိုကန်ဆန်က ဒန်နီရယ်နဲ့ သူ့ဇနီးကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ အထူးဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲမှာ သူတို့နှစ်ဦးဟာ ဧည့်သည် ၂၆၀ ကြားမှာ Angles Among Us ဆိုတဲ့ သီချင်းနဲ့ အတူတွဲကခဲ့တာပါ။

Sources and photos: http://abcnews.go.com
Credit:Duwun
Link: http://www.duwun.com.mm/lifestyle/-id4351541.html?
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.