ဂျာမဏီမှာ ဥရောပ အမျိုးသားရေး ခေါင်းဆောင်တွေစု



 ဗြိတိန်နိုင်ငံက အီးယူက နုတ်ထွက်ဖို့ လုပ်နေပြီး ပြည်တွင်းရေး ဦးစားပေးတဲ့ အမေရိကန်သမ္မတသစ်လည်း တက်လာခဲ့တဲ့အတွက် ဥရောပက ဘက်က အမျိုးသားရေးဝါဒီ ပါတီတွေ ရွေးကောက်ပွဲနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိလာ
ပြင်သစ်နိုင်ငံရဲ့ အမျိုးသားတပ်ဦး ပါတီ ခေါင်းဆောင် မရင်း လပန်းက အမျိုးသားရေးဝါဒ ခေါင်းထောင်လာတာကို ကြိုဆိုတယ်လို့ ဂျာမနီက အစည်းအဝေးတခုမှာ ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲဝင်ကြဖို့ရှိနေတဲ့ ဥရောပက အမျိုးသားရေး ဦးစားပေး လက်ယာစွန်းဝါဒီ နိုင်ငံရေးခေါင်းဆောင်တွေ စုလုပ်ကြတဲ့ အစည်းအဝေးမှာ မစ္စ လပန်းက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြောဆိုချက်ကို အစည်းအဝေး တက်ရောက်လာတဲ့ နယ်သာလန် နိုင်ငံရေးသမား ဂတ် ဝီလဒါကလည်း ထောက်ခံ ပြောဆိုခဲ့ပါတယ်။

ကိုဘလန့်ဇ်မြို့က ဒီအစည်းအဝေးကို ထောင်နဲ့ချီပြီး ဆန္ဒပြသူတွေရှိတဲ့အတွက် ရဲတထောင်ကျော်လောက် လုံခြုံရေးချထားရပါတယ်။

ဒီအစည်းအဝေးကို ဆန္ဒပြသူတဦးက

'ကျနော်တို့ ဖက်ဆစ်ဝါဒကို ကြိုဆိုတဲ့ ခေါင်းဆောင်တွေနဲ့ ကြုံနေရပါတယ်။ ဒီလို ဖက်ဆစ်ဝါဒ ပြန်ပြီး ခေါင်းထောင်လာတာကို တကမ္ဘာလုံးက ဆန့်ကျင်တယ်ဆိုတာ ပြတဲ့ အနေနဲ့ အခုလို ဆန္ဒလာပြတာပါ' လို့ ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက အီးယူက နုတ်ထွက်ဖို့ လုပ်နေပြီး ပြည်တွင်းရေး ဦးစားပေးတဲ့ အမေရိကန်သမ္မတသစ်လည်း တက်လာခဲ့တဲ့အတွက် ဥရောပက ဘက်က အမျိုးသားရေးဝါဒီ ပါတီတွေ ရွေးကောက်ပွဲနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိလာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.