စစ်ပွဲတွေ ရပ်တန့်ဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့တွေ ဆွေးနွေး

စစ်ပွဲတွေ ရပ်တန့်ဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့တွေ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်ထဲက ထွန်းတောက်စားသောက်ဆိုင်မှာ တွေ့ဆုံဆွေးစဉ်စစ်ပွဲတွေ ရပ်တန့်ဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့တွေ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်ထဲက ထွန်းတောက်စားသောက်ဆိုင်မှာ တွေ့ဆုံဆွေးစဉ်
Photo: Kyaw Zaw Win/ RFA

ပြည်တွင်းစစ် ရပ်တန့်ဖို့အတွက် ထိရောက်တဲ့ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကိုလိုလားတဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့တွေပူးပေါင်းပြီး ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာကို ဒီကနေ့ ရန်ကုန်တက္ကသိုလ်ထဲက ထွန်းတောက်စားသောက်ဆိုင် မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

အခုလိုတွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေးအမြန်ရရှိဖို့အတွက် ဘယ်လိုကူညီသွားကြမလဲဆို အဖြေရှာပြီး ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ် လို့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ မအက်စတာ က ပြောပါတယ်။

လာမယ့် ပြည်ထောင်စုနေ့မတိုင်ခင် ပြည်တွင်းစစ်ရပ်စဲရေးအတွက် တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု ပေါ်ပေါက်လာအောင် ကြိုးစားဖို့ တက်ရောက်လာသူတွေ က ဆွေးနွေးကြပါတယ်။

လူစည်ကားတဲ့နေရာတွေ အများပြည်သူအသုံးပြုနေတဲ့ ကားမှတ်တိုင်တွေ၊ ရထားတွေ၊ ဈေးတွေမှာ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေပြီး လှုံ့ဆော်ဖို့လည်း ဆောင်ရွက် သွားမယ်လို့ ပြောကြပါတယ်။

ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ လူမှုရေး အသင်းအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေနဲ့တွေ့ဆုံစဉ်မှာ လူငယ်တွေ ငြိမ်းချမ်းရေးအတွက် ပါဝင်ကြဖို့ပြောခဲ့တာရှိတဲ့အတွက် လူငယ်အဖွဲ့အစည်းတွေ ပိုမိုပါဝင်ဆွေးနွေးကြ တာလို့ တက်ရောက်လာတဲ့ လူငယ်တွေက ပြောကြပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.