မလေးရှားအာဏာပိုင်များက ကန်ဒေါ်လာ ၁.၆သန်း တန်ဖိုးရှိ ဆင်စွယ်များ ဖမ်းဆီးရမိ



  မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိသည့် ဆင်စွယ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ အကောက်ခွန်အာဏာပိုင်များသည် ဇန်နဝါရီ၁ရက်က မလေးရှား ရင်းဂစ် ၇.၂သန်း (အမေရိကန်ဒေါ်လာ ၁.၆သန်း) တန် တရားမဝင်ဆင်စွယ်များအား ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ခုနှစ်အစတွင် အကြီးမားဆုံးဖမ်းဆီးရမိသည့် မှောင်ခိုပစ္စည်းများဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ရက်တွင်ပြောကြားခဲ့သည်။
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အကောက်ခွန်အရာရှိများ ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် ၈၄၀ကီလိုဂရမ်အလေးချိန်ရှိသည့် ဆင်စွယ် ၂၅၄ချောင်းပါဝင်ကြောင်း ဆီလန်ဂေါ အကောက်ခွန်ညွှန်ကြားရေးမှူး Hamzah Sundang က ဇန်နဝါရီ ၄ရက် သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

၎င်းက ဆင်စွယ်များသည် တူရကီနိုင်ငံ အစ္စတန်ဘူလ် အက်တာတက်ခ် လေဆိပ်တွင် တစ်ထောက်နားပြီး ကင်ရှာဆာအပြည်ပြည်ဆိုင်ရာလေဆိပ် တူရကီလေကြောင်းလိုင်းမှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအချိန်အထိ မည်သည့် သံသယရှိသူများကိုမျှ ဖမ်းဆီးထားခြင်းမရှိဘဲ ကုန်သေတ္တာများပေါ်တွင် လိပ်မူထားသည့် ကွာလာလမ်ပူမြို့၊ Cherasခရိုင် ဆိုသည့်လိပ်စာမှာလည်း မှန်ကန်မှုမရှိကြောင်း သိရသည်။

တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှု လေ့လာစောင့်ကြည့်ရေးကွန်ရက် TRAFFIC ၏ စာရင်းဇယားများအရ ၂၀၀၃ခုနှစ် ဇန်နဝါရီ မှ ၂၀၁၄ခုနှစ် မေလအထိ မလေးရှားနိုင်ငံ နှင့် ပတ်သက်နေသည့် ကမ္ဘာအနှံ့မှ တရားမဝင်ဆင်စွယ်များ ဖမ်းဆီးရမိမှု ၆၆ခုတွင် စုစုပေါင်းဆင်စွယ်အလေးချိန် ၆၃,၄၁၉ ကီလိုဂရမ် ရှိကြောင်း၊ ၎င်းတို့အနက် ၁၉ခုမှာ မလေးရှားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ကျန် ၄၇ခုမှာ မလေးရှားဆိပ်ကမ်းများ၏ စစ်ဆေးမှုမှ လွတ်မြောက်သွားသော သင်္ဘောဖြင့် တင်ပို့သည့်ဆင်စွယ်များအား နိုင်ငံပြင်ပ၌ ဖမ်းဆီးရမိမှုများဖြစ်ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.