တပ်မတော်ပိုင်ယာဉ်အယောင်ဆောင်၍ တရားမ၀င်သစ်များတင်ဆောင် လာသော မော်တော်ယာဉ်နှစ်စီးအား ဖမ်းဆီးရမိ


နေပြည်တော် ဇန်န၀ါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့၊ အောင်မင်္ဂလာ ရပ်ကွက် လှည်းကူး-ဖောင်ကြီး ကားလမ်း၊ မိုင်တိုင်အမှတ်(၀/၅)နေရာ၌ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သစ်တောရဲဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ စစ်ဆေးရှာဖွေလျက်ရှိစဉ် ဇန်န၀ါရီ ၁၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဟီးနိုးအမျိုးအစားမော်တော်ယာဉ်(စစ်စိမ်းရောင်) နှစ်စီးယာဉ်အမှတ်၊ ကြယ် ၆၀၂၅(န)နှင့် ကြယ် ၇၁၀၅(န)တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ယာဉ်မောင်းများမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဆိုပါယာဉ်များပေါ်မှ ပိတောက်သစ်ခွဲသား ၃၆ ချောင်း(ခန့်မှန်း ၃ တန်ခွဲခန့်)တို့အား သိမ်းဆည်းရမိခဲ့သည်။

သက်ဆိုင်ရာနယ်မြေခံတပ်နှင့်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ သိမ်းဆည်းရမိယာဉ်များ၏ ယာဉ်အမှတ်၊ အင်ဂျင်အမှတ်နှင့် ကိုယ်ထည်အမှတ်များကို မှတ်သား၍ စနစ်တကျစစ်ဆေးခဲ့ရာ ယာဉ်အမှတ်၊ကြယ် ၆၀၂၅(န)၏ ကိုယ်ထည်အမှတ်မှာ FE6-043748B ဖြစ်ပြီး ယာဉ်အမှတ်၊ ကြယ် ၇၁၀၅(န)၏ ကိုယ်ထည်အမှတ်မှာ FE6-027883B တို့ဖြစ်ကြောင်း တွေ့ရှိရသည်။


သိမ်းဆည်းရမိယာဉ်အမှတ်များနှင့်တပ်မတော်ပိုင်ယာဉ်များအား တိုက်ဆိုင်စစ်ဆေးခဲ့ရာ တပ်မတော်ပိုင် ယာဉ်အမှတ်၊ ကြယ် ၆၀၂၅(န)၏ ကိုယ်ထည်အမှတ်မှာ FA-100-100035 ဖြစ်ကြောင်း၊ ယာဉ်အမှတ်၊ ကြယ် ၇၁၀၅(န)၏ ကိုယ်ထည်အမှတ်မှာ 6WA211-100669 ဖြစ်ကြောင်း၊ ၎င်းတပ်မတော်ပိုင်ယာဉ်နှစ်စီး မှာလည်း ၂၀၁၄ ခုနှစ်တွင် သံရည်ကျိုစက်ရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါသိမ်းဆည်းရမိယာဉ်များမှာ တပ်မတော်ပိုင်ယာဉ်များမဟုတ်ကြောင်း၊ တပ်မတော်ပိုင်ယာဉ် အယောင်ဆောင်၍ တရားမ၀င်သစ်များသယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်။

သိမ်းဆည်းရမိသစ်များနှင့်ယာဉ်များအား သက်ဆိုင်ရာသစ်တောဦးစီးဌာနသို့ စနစ်တကျ အပ်နှံပြီးဖြစ် ကြောင်းနှင့် တပ်မတော်ပိုင်ယာဉ်အယောင်ဆောင်၍ တရားမ၀င်သစ်များသယ်ဆောင်လာသူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.