ထရန့်အား ယမ်းပုံမီးကျ ဖြစ်စေခဲ့သော ဓါတ်ပုံတပုံ


ကျမ်းသစ္စာ ကျိမ်ဆိုပွဲ ပြီး နောက်နေ့တွင် ထရန့်တယောက် ၎င်းနှင့် အကြီးအကျယ် သဘောကွဲလွဲခဲ့သော စီအိုင်အေ ဌာနချုပ်သို့ ပြန်ပေါင်းထုတ်နိုင်ရန် နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးဘို့ အရောက်သွားခဲ့ပါတယ်။

သို့်သော် စီအိုင်အေ ဌာနချုပ် ရောက်လာသည့် အခါတွင်မတော့ ထရန့်တယောက် လာရင်းကိစ္စကို သတိမထားနိုင်တော့၊ သူ၏ ကျမ်းသစ္စာ ကျိမ်ဆိုပွဲသို့ တက်ရောက်လာသော လူအင်အား နှင့် ၂၀၀၉ အိုဘာမား ပွဲသို့ တက်ရောက်လာသည့် လူအင်အားကို ကောင်းကင်မှ ရိုက်ယူ၍ နှိုင်းယှဉ်ပြထားသော ရိုက်တာ သတင်းဌာန၏ ဓါတ်ပုံ ကို သတင်းစာ နှင့် တီဗီ များတွင် ဖေါ်ပြထားကြသည်ကို မြင် တွေ့လိုက်ရသောကြောင့် ယမ်းပုံမီးကျ ဖြစ်ခဲ့ရပါတယ်။

နောက်နေ့ထုတ် သတင်းစာ များ နဲ့ အခြား မီဒီယာ အားလုံးက ၂၀၀၉ အိုဘာမား ကျမ်းသစ္စာ ကျိမ်ဆိုပွဲသို့ လူဦးရေ ၁.၈ သန်း တက်ရောက်ခဲ့ပေမယ့် ထရန့်ပွဲကို တက်ရောက်လာသူ အများကြီး နည်းတယ်ဆိုတာ တညီတညွတ် တည်း ကောက်ချက်ချခဲ့ကြပြီး ဖြစ်ပါတယ်။

၎င်း၏ ပွဲကိုသာ သမိုင်းတွင် အကြီးကျယ်ဆုံး လူအင်အား ဖြင့် တသန်းခွဲမျှ တက်ရောက်ခဲ့သည်ဟု ယုံကြည် ပီတီဖြစ်ကာ အိပ်ယာ ၀င်ခဲ့ရှာသည် ထရန့်တယောက် ချက်ခြင်းဆိုသလို ပင် မီဒီယာ တခုသည် လူမရှိသော ကွက်လပ်ကြီးကို တမင်တကာ ရိုက်ပြခဲ့၍ တန်ဖိုးကြီးကြီး ပေးရတော့မည်ဟု အမေရိကန်၏ အစဉ်အလာအရ လွတ်လပ်သော သတင်းဌာနများကို ခြိမ်းခြောက်လိုက်ပါတော့တယ်။

ပို၍ ဆိုးသည်က ထိုနေ့မှာပင် ထရန့်ဆန့်ကျင်ရေး Women's March သို့ တက်ရောက်လာသော လူအင်အား က ၎င်း၏ ပွဲသို့ လာသူများထက်ပင် များပြားနေသည်ဆိုသော အဖြစ်ကို တွေ့လိုက်ရပြန်ပါတယ်။

ချက်ခြင်းဆိုသလို အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန်က သတင်းစာရှင်းလင်းပွဲ ခေါ်ယူပြီး လူ ၇၂၀,၀၀၀ ခန့်ဆန့်သော နေရာအားလုံး ပြည့်သွားတယ်လို့ ဆိုပါတယ်။

ထရန့်တယောက် အခုလို သူ၏ ပြန်ကြားရေး အတွင်းဝန် ရဲ့ ပြောကြားချက်ကြောင့် ဒေါသအိုး ပေါက်ကခဲ့ရပြန်ပြီး နောက် ၂ ရက်အကြာ ဂျန်န၀ါရီ ၂၃ မှာ သတင်းစာ ရှင်းလင်းပွဲ ထပ်ခေါ်ပြီး အခုလို ပြောခိုင်းပြန်ပါတယ်။

"ထရန်ရဲ့ ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို Facebook, Youtube နဲ့ အခြား Live streaming တွေက ကြည့်နေတဲ့ တကမ္ဘာလုံးက လူတွေ ပေါင်းရင် အကြီးကျယ်ဆုံး ဖြစ်တယ်ဆိုတာ မိမိတို သိရှိထားပြီး ဖြစ်ပါတယ်။" လို့ ပြောခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် အပြီးထဲက စီးပွားရေး စစ်ရေးမှာ အင်အားတောင့်တင်းလာလို့ အင်အားလွန် နိုင်ငံကြီး ဖြစ်လာခဲ့တဲ့ အတွက် မောက်မာလာနေတဲ့ အမေရိကန် လူမျိုးတွေက ၎င်းတို့ကို အုပ်ချုပ်ရန် ယခုအခါ အိမ်ဖြူတော်ထဲသို့ ကလေးဆိုးကြီး တဦး ထည့်ပေးလိုက်ပြီ ဖြစ်ပါတော့တယ်။

HSW
BrainWave ဉာဏ်လှိုင်း
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.