ကိုယ်စားလှယ်လောင်း ၉၅ ဦးအမည်စာရင်း ရွေးကောက် ပွဲကော်မရှင် ထုတ်ပြန်



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံနေစဉ်။ Photo: Union Election Commission/ Facebook
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလောင်း စုစုပေါင်း ၉၅ ဦးရဲ့ အမည်စာရင်းတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ အတည်ပြုထုတ်လိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၉၆ ဦးရှိခဲ့ရာမှာ တစ်ဦးဟာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် ပယ်ချခံခဲ့ရတာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။

"ဝလစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ သူက မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးအေးနွယ်ပေါ့။ သူက ကျနော်တို့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ နဲ့ သွားပြီး ငြိသွားလို့ပေါ့။ ဝန်ထမ်းဖြစ်ခြင်းဆိုတာပါတယ်လေ။ သူက အဲ့မှာ ဝန်ထမ်းဖြစ်နေတဲ့အတွက် ရွေးကောက်တင်မြှောက်ပိုင်ခွင့်မရှိဘူးလို့ ဥပဒေမှာ ပြဌာန်းထားလို့"

လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ၉ ခုအတွက် ကိုယ်စားလှယ် ၄၉ ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေ ၃ ခု အတွက် ၁၅ ဦးနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော် မဲန္ဒနယ်မြေ ၇ ခုအတွက် ၃၀ ဦး တို့က ဝင်ရောက်အရွေးခံကြမှာ ဖြစ်ပါတယ်။

ပြည်သူ၊ အမျိုးသားနဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့အတွင်း ပါတီအသီးသီးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အမည်စာရင်းတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အသီးသီးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကစတင်ပြီး ဥပဒေနဲ့ညီညွတ်မှုရှိ၊ မရှိစိစစ်ပြီး အတည်ပြု ထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာ အခုလ ၃၀ ရက်နေ့က စတင်ပြီး လာမယ့် မတ်လ ၃၀ ရက်နေ့အထိ မဲဆွယ် စည်းရုံးခွင့်ရမှာ ဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တွေက လစ်လပ် မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေဟာ မနက်ဖြန်နေပြည်တော်မှာ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.