ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းကို မစ္စ ယန်ဟီးလီ သွားရောက်လေ့လာ



ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကို သွားရောက်ဖို့အတွက် ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်တွေမြို့ကို ရောရှိလာစဉ်။ Photo: Min Thein Aung/RFA
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့နှစ် အောက်တို ဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့် ရဲစခန်းကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အခြေအနေတွေကို တာဝန်ကျရဲအရာရှိတွေကို မေးမြန်းခဲ့သလို ချိန်ခါလီကျေးရွာက လူငယ်တချို့နဲ့တွေ့ဆုံပြီး ရခိုင်နဲ့ မွတ်ဆလင်တွေရဲ့ ဆက်ဆံရေးအခြေအနေကို မေးမြန်းခဲ့တယ်လို့ ကိုးတန်ကောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုး က ပြောပါတယ်။

ချိန်ခါလီမွတ်ဆလင်ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရသေ့တောင် မြို့နယ်တ၀ိုက်က ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေ ခိုလှုံနေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ မစ္စ ယန်ဟီးလီဟာ ချိန်ခါလီဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို ဘူးသီးတောင် အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ ပါတယ်။

မနက်ဖြန်မှာတော့ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်၊ ဝါးပိတ်၊ ကြက်ရိုးပြင်၊ ငခူရ၊ ဦးချဥ့်ကျ ၊ ရေခပ်ချောင်းခွဆုံ၊ ဒါးကြီးဇား စတဲ့ကျေးရွာတွေကို သွားရောက်မှာဖြစ်သလို တိုင်းရင်းသားကျေးရွာတချို့ကိုလည်း သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မစ္စ ယန်ဟီးလီဟာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့အတွက် မနေ့က စစ်တွေမြို့ ကို ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.