လှိုင်မြို့နယ်၊ ဗဟိုလမ်းပေါ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသူအမျိုးသားနှင့် ပတ်သက်၍ လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိ


၁၀.၁၁.၂၀၁၆ ရက်နေ့ ၀၆၀၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်း နှင့် သရက်မြိုင်လမ်းကြားတွင် အမည်မသိ အသက်(၂၈) နှစ်အရွယ်ခန့် အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ
နှင့် လှိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ် နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အရပ်(၅)ပေ၊ (၅)လက်မခန့်ရှိ အမျိုးသားမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံး
နေပြီး ၎င်း၏ဦးခေါင်းအောက်တွင် သွေးများ စွန်းပေနေသော သဘက်စောင်တစ်ထည်အား တွေ့ရှိသိမ်းဆည်းခဲ့ကာ လှိုင်မြို့မရဲစခန်း(ပ)၁၁၁၈/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးနှင့် သေဆုံးသူ ၏ အမည်နှင့်နေရပ်လိပ်စာတို့အား စုံစမ်းဆောင်ရွက် ခဲ့ပါသည်။

စုံစမ်းဆောင်ရွက်ချက်အရ သေဆုံးသူမှာ မရမ်းကုန်း မြို့နယ်နေ သီဟဇော်၊ (၃၀)နှစ်၊ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်ကြောင်းနှင့် ၎င်း၏ဖခင် ဦးသိန်းဝင်း၏
အတည်ပြုချက်အရသိရှိရပြီး သေဆုံးသူတွင် အလေးချိန်(၁)ကျပ်သားခန့်ရှိရွှေဆွဲကြိုး ၁ ကုံး၊ အလေး ချိန်(၁)မတ်သားခန့်ရှိ ရွှေဆွဲပြား ၁ ခု၊ အလေးချိန် (၅)မူးသားခန့်ရှိ ရွှေလက်စွပ် ၁ ကွင်းတို့အား ၀တ်ဆင်ထားကြောင်းနှင့်
09-----နှင့် 09------ဆင်းကတ် ၂ ခုသုံး လက်ကိုင်ဖုန်း ၁ လုံးတို့ပါဆုံးသွားကြောင်း သိရှိ ရပါသည်။

ရဲတပ်ဖွဲ့ဝင်များသည် သေဆုံးသူနှင့် ဆက်သွယ်မှု ရှိသူ ရင်းနှီးသူများ၏နောက်ကြောင်းများ အား လိုက်လံစုံစမ်းရာ ၉.၁၁.၂၀၁၆ ရက်နေ့ ၁၉၀၀
အချိန်ခန့်တွင် အငှားယာဉ်တစ်စီး FILDER အမျိုးအစား ယာဉ်နံပါတ်မမှတ်မိမှ လာရောက် ခေါ်သွားကြောင်းကို သတင်းရရှိခဲ့ပါသည်။ FILDER အငှားယာဉ်မောင်းသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အမျိုးသမီး အငှားယာဉ်မောင်းသူများအား လိုက်လံစုံစမ်း ထောက်လှမ်းခဲ့ပါသည်။ သေဆုံးသူ သီဟဇော် အသုံးပြုသော လူမှုကွန်ရက် Facebook
တွင် သူငယ်ချင်းဖြစ်သူ ဇင်လေးဆိုသူအား မှတ်တမ်းဓာတ်ပုံရယူ၍ အုပ်ချုပ်ရေးအဖွဲ့ များ၊ အမာခံသတင်းပေးများထံ ဇင်လေး၏ဓာတ်ပုံများ
လိုက်လံပြသစုံစမ်းခဲ့ရာ တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

၎င်းအားဖမ်းဆီးရမိရေးအတွက် အဆိုပါရပ်ကွက် အတွင်း စုံစမ်းထောက်လှမ်းဆောင်ရွက်ခဲ့ ရာ ၎င်းမောင်း နှင်သည့် ယာဉ်အမှတ်မှာ YGN FF---FILDER အမျိုးအစား ယာဉ်ဖြင့် အငှားယာဉ် မောင်းနှင်နေသူဖြစ်ကြောင်း စုံစမ်းသိရှိရ၍
၂၆.၁၂.၂၀၁၆ ရက်နေ့ ၀၁၅၀ အချိန်တွင် နေအိမ်သို့ ပြန်လာသူ မသဇင်ခိုင် (ခ)ဇင်လေး(ခ) သဇင် (ခ)သဇင်ဖြိုး၊ (၃၂)နှစ်အား မော်တော်ယာဉ် နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ၎င်း၏လက်ကိုင်ဖုန်း၌ ၈.၁၁.၂၀၁၆ ရက်နေ့မှ ၁၂.၁၁.၂၀၁၆ ရက်နေ့ အထိ အသုံးပြုခဲ့သည့် ဆက်သွယ်မှုအားလုံးအား ဖျက်ထား သည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အမှုနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။

ဖမ်းဆီးရမိသူ သဇင်(ခ)သဇင်ခိုင်(ခ)သဇင်ဖြိုး(ခ) ဇင်လေးအားစစ်ဆေးရာ သားဖြစ်သူ ကျန်းမာရေး မကောင်းသဖြင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေ(၇)ဦး
ထံမှယူဆောင်ထားသော အကြွေးငွေ(၂၃)သိန်းကျော် ခန့်အား ပေးဆပ်ရန်ရှိကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ တွင် Thiha အကောင့်ပိုင်ရှင်ဖြစ်သူ သီဟဇော် နှင့် သူငယ်ချင်းဖြစ်ခဲ့ပြီး သီဟဇော်နှင့် ဖုန်းဆက်သွယ် ပြောဆိုဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သော ၃ လခန့် က သီဟဇော်မှ ၎င်းအား ရည်စားစကားပြောဆိုခဲ့ ကြောင်း၊ ထိုနောက် ၎င်းနှင့်သီဟဇော်တို့ ကော်ဖီဆိုင်
များ၌ မကြာခဏတွေ့ဆုံကာ စကားပြောဆိုဖြစ် ခဲ့ကြောင်း၊ ၃၀.၉.၂၀၁၆ရက်နေ့ ၂၃၀၀ အချိန်ခန့် တွင် သီဟဇော်နှင့် ကားပတ်မောင်းခဲ့ပြီး ၀၃၀၀
အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ တည်းခိုခန်းတစ်ခု၌ ညအိပ်တည်းခိုခဲ့ ကြောင်း၊ ၉.၁၁.၂၀၁၆ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် ၎င်းသည် တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ ရပ်ကွက်သို့ ရောက်ရှိနေစဉ် သီဟဇော်၏ဖုန်းဝင်လာပြီး ၎င်း၏ ကုမ္ပဏီရှိရာသို့ လာရောက်ရန်ပြောဆိုသဖြင့် နောက်ထပ်ခရီးသည်တစ်ဦး ပို့ပေးရန်ကျန်သေး ကြောင်းပြောဆိုကာ ဖုန်းပိတ်ထားခဲ့ကြောင်း၊ ၁၉၄၀ အချိန်ခန့်တွင် ချိန်းဆိုရာနေရာသို့သွားရောက်ခဲ့ပြီး သီဟဇော်မှ ၎င်းနှင့်အတူလိုက်ပါလာခဲ့ကြောင်း၊
၎င်းနောက်ဗိုလ်တထောင်ကမ်းနားသို့ သွားရောက်ကာ စကားပြောဆိုခဲ့ကြကြောင်း၊ ယင်းနေ့ ၂၄၀၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်ရှိ KTV ဆိုင်သို့သွားရောက်၍၂နာရီခန့်သီချင်းဆိုခဲ့ကြကြောင်း၊ ၁၀.၁၁.၂၀၁၆ ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် ၎င်း KTV ဆိုင်မှ ထွက်လာပြီး ကားလျှောက်မောင်း
နေခဲ့ရာ ၀၃၀၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ ဗဟိုလမ်းသို့ရောက်ရှိစဉ် ၎င်းမှာ အိပ်ငိုက်လာ သဖြင့် ကားအားလမ်းဘေးသို့ရပ်ကာ သီဟဇော်အား ကား
မောင်းတတ်ပါက မောင်းနိုင်ကြောင်းပြောဆိုပြီး ကားနောက်ခန်းအတွင်းသို့ဝင်ထိုင်စဉ် သီဟဇော်မှ အောက်သို့အပေါ့ဆင်းသွားပြီး ကားပေါ်သို့ ပြန်တက် စဉ် ၎င်းမှ ယာဉ်ပေါ်တွင် အသင့်ဆောင်ထားသော ဓားမြှောင်ဖြင့် လည်ပင်းအားထိုးခဲ့ကြောင်း နှင့် သီဟဇော်ဝတ်ဆင်ထားသော ဆွဲပြားပါ
ရွှေဆွဲကြိုး၊ ရွှေလက်စွပ်တို့အားယူဆောင်ကာ သီဟဇော်အား အခင်းဖြစ်နေရာ၌ထား ခဲ့ကြောင်း၊ ယင်းနောက် ယာဉ်ပေါ်တွင်ကျန်ရှိသည့် သီဟဇော်
၏ လက်ကိုင်ဖုန်း၊ လက်ပတ်နာရီ၊ ဖိနပ် ၁ ရံနှင့် ပြစ်မှုကျူးလွန်စဉ် အသုံး ပြုခဲ့သော ဓားမြောင် တို့အား ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ကာ သင်္ဃန်းကျွန်း
မြို့နယ်၊ သုဝဏ္ဏ၊ ကမာကြည်တံတားပေါ်မှ ပုဇွန်တောင်ချောင်းအတွင်း
လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ အမှုမှသက်သေခံ မော်တော် ယာဉ်၊ လက်ကိုင်ဖုန်းနှင့်ရွှေထည်ပစ္စည်းများ အား ပြန်လည်သိမ်းဆည်းခဲ့ပြီး အမှုဖြင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit - Yangon Police
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.